တောင်ပေါ်က တယောသံ – (သုံး)

 

++++++++++++++++++++++++++++

တောင်ပေါ်က တယောသံ – ၁

တောင်ပေါ်က တယောသံ – ၂

++++++++++++++++++++++++++++

သူတောင်းစားတစ်စု ရောက်လာခြင်း

တစ်နေ့တစ်၌ ရွက်လှရွာသို့ သွားရာ တောလမ်းကလေးအတိုင်း လူတစ်စုသည် လျောက်လှမ်းလာသည်ကို တွေ့ရလေ၏။ ၎င်းတို့သည် နွမ်းလျနေပြီဖြစ်သော အဖြူရောင် အဝတ်များကို ဝတ်ဆင်ထားပြီး ၎င်းတို့၏ ဦးခေါင်းကိုလည်း အဖြူရောင် အဝတ်များအား ခေါင်းပေါင်းသဖွယ် ပြုလုပ်ကာ ဝတ်ဆင်ထားကြသည်ကို တွေ့ရလေ၏။ ၎င်းတို့ထဲမှ အချို့သည် အိတ်ကြီးနှစ်လုံးအား တောင်းသဖွယ်ပြုကာ တံပိုးဖြင့် လျှို၍ ထမ်းထားကြသည်ကို တွေ့ရလေသည်။

၎င်းလူစုသည် ရန်အောင်တောင်နှင့် ခပ်လှမ်းလှမ်းတွင် ရှိသော လမ်းနံဘေး ဇရပ်လေးသို့ ရောက်သောအခါ ဇရပ်ပေါ်သို့ တက်ရောက်၍ အပန်းဖြေနေကြသည်ကို တွေ့ရလေ၏။ ၎င်းတို့မှာ တောအရပ်ဒေသများတွင် တစ်ရွာဝင် တစ်ရွာထွက်ဖြင့် လှည့်လှည် တောင်းရမ်းလေ့ ရှိကြသော သူတောင်းစားများပင် ဖြစ်ပေသည်။ အဆိုပါ သူတောင်းစားအုပ်စုတွင် ယောက်ျားကြီး သုံးယောက်နှင့် မိန်းမ နှစ်ယောက် တို့ ပါရှိလေ၏။

“ဖိုးကျော်ရေ …၊ ဟော .. ဟိုက မြင်နေရတာ ဒီအနီးအနား တစ်ဝိုက်မှာ နာမည်ကြီးတဲ့ ရန်အောင်တောင် ဆိုတာပေါ့၊ တောင်ပေါ်က ထုံးဖြူဖြူစေတီလေးကတော့ဖြင့် ရန်အောင်စေတီပေါ့ကွာ”

ယင်းသို့ သူတောင်းစား အုပ်စုထဲတွင် အသက်အကြီးဆုံး ဖြစ်ဟန်ရှိသော သူတောင်းစားကြီး တစ်ဦးမှ ပြောလိုက်သော အခါတွင် ဖိုးကျော် ဆိုသူ အသက် (၃၀) အရွယ် သူတောင်းစား မှာ ရန်အောင်တောင်ဆီသို့ လှမ်း၍ ကြည့်လိုက်လေ၏။

“ရန်အောင်တောင် ဆိုတာ ဒီတောင်ကိုးဗျ ….။ ကိုခင်ရေ …. ရန်အောင်စေတီလေးကတော့ဖြင့် ထုံးဖြူဖြူ စေတီလေး ဆိုပေမယ့် သပ္ပါယ်သားဗျ”

“သပ္ပါယ်တာပေါ့ ဖိုးကျော်ရယ်၊ ဒါ့ထက် ကျုပ်တို့ ဒီဇရပ်မှာပဲ စခန်းချပြီး ရွက်လှရွာကို ဝင်ကြတာပေါ့”

“ဟုတ်ပါပြီလေ၊ ကိုခင် သဘောပါပဲ”

ထိုသို့ဖြင့် အဆိုပါ သူတောင်းစား အုပ်စုသည် ရန်အောင်တောင်နှင့် မနီးမဝေး ခရီးလမ်းနံဘေးတွင် ခရီးသွားများ အနားယူ အပန်းဖြေနိုင်ရန် ဆောက်လုပ်ထားသည့် ဇရပ်ကလေးပေါ်တွင် နေထိုင်ရင်းဖြင့် နေ့ခင်း အချိန်များတွင် ရွက်လှရွာကလေး ဆီသို့ သွားရောက်ကာ တောင်းရမ်းခြင်းကို ပြုကြလေ၏။

++++++++++++++++++++++++++

အဆိုပါ သူတောင်းစားအုပ်စု ရောက်ရှိပြီး နှစ်ရက်ခန့်အကြာ ညခင်းတစ်ခုတွင် အောင်ကို ဟူသော သူတောင်းစား ဖြစ်သူမှ ဤသို့ စကားစလေ၏။

“ဒီက ကိုခင်တို့၊ ဖိုးကျော်တို့၊ ခင်မြတို့၊ တင်စိန်တို့ကို ကျုပ်တစ်ခုလောက်တော့ ပြောရဦးမယ်ဗျ”

“ပြောပါဗျာ ….၊ ပြောပါ”

“ဒီလိုဗျ ….။ ကျုပ်တို့ ဒီဇရပ်လေးမှာ နေကြတာ နှစ်ရက်ရှိသွားပြီ မဟုတ်လား၊ ဒီနေ့ရောဆို သုံးရက်ပေါ့ဗျာ။”

“အင်း ….၊ ဟုတ်ပါတယ်.. ဒါ့ထက် ဘာဖြစ်လို့လဲ အောင်ကိုရဲ့”

“ဒီလိုဗျ …..၊ ကျုပ်တို့ စရောက်တဲ့ ညကရော၊ မနေ့ညကပါ ကျုပ် တယောသံ ကြားမိသလားလို့၊ ဟို .. ကိုခင်ပြောတဲ့ ရန်အောင်တောင်ပေါ်က လာတဲ့ တယောသံလို့ ကျုပ်တော့ ထင်မိတယ်ဗျ”

ယင်းသို့ ပြောလိုက်သောအခါ ကိုခင် ဆိုသူမှ အတန်ငယ် ပြုံးလိုက်သည်ကို တွေ့ရလေ၏။ ကျန်သုံးယောက်ကမူ အောင်ကို၏ စကားအား ထောက်ခံနေကြသည်ကို တွေ့ရလေ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့လည်း ညဘက် အချိန်များတွင် တောင်ပေါ်မှ တယောသံအား ကြားမိကြခြင်းကြောင့်ပင် ဖြစ်လေ၏။

“ကိုခင်က ဘာလို့ ပြုံးတာတုံးဗျ။ ကျုပ်ပြောတာ မယုံလို့လား”

“မဟုတ်ရပါဘူး အောင်ကိုရယ်၊ ကျုပ်တွေးထားတာနဲ့ မောင်ရင် ပြောတာနဲ့ အံကိုက်ဖြစ်သွားလို့ ကျုပ်က ပြုံးမိတာပါ”

“ဒါဆို ကိုခင်လည်း တယောသံ ကြားရတယ်ပေါ့”

“ဟုတ်တယ် အောင်ကို၊ ကျုပ်လည်း ဒီတယောသံကို နှစ်ရက်ဆက် ကြားခဲ့ရပါတယ်။ ဒီနေ့ညရောပါ ထပ်ကြားရလို့ကတော့ဖြင့် ကျုပ် တွေးထားတာက ရန်အောင်တောင်ပေါ်တက်ပြီး ကိုယ်တိုင်ကိုယ်ကျ သွားရောက် စုံစမ်းကြဖို့ပဲ။ ဒီတော့ကာ အကယ်၍များ ဒီနေ့ညပါ တယောသံ ထပ်ကြားရရင် နက်ဖြန်ခါ ညဘက်မှာ ကျုပ်နဲ့ ဖိုးကျော်က တောင်ပေါ်ကို သွားပြီး တယောသံပိုင်ရှင်ကို စုံစမ်းမယ်။ အောင်ကို ကတော့ ခင်မြနဲ့ တင်စိန် အဖော်ရအောင် နေခဲ့ရမယ်”

ယင်းသို့ ကိုခင် ဆိုသူမှ ပြောလိုက်သောအခါတွင် ကျန်လူများမှာ အမိန့်ကို နာခံကြသည့် အသွင်ဖြင့် ခေါင်းညိမ့် လိုက်ကြသည်ကို တွေ့ရလေတော့၏။

++++++++++++++++++++++++

ရေးသားသူ – မဟာရာဇာ အံစာတုံး

19 comments

  • ခိုင်ဇာ

    November 13, 2012 at 8:05 pm

    ပထမဆုံးလာဖတ်သွားပါသည်။ 🙂

    • ဟုတ်ကဲ့ ခည ..
      ခုလို ပထမဆုံး လာဖတ်သွားတဲ့ …
      ခိုင်ဇာ ဆိုဒဲ့ မမ ကို ကျေးဇူး တင်ပါလယ် ခည ….
      နောက်များလည်း လာရောက် အားပေးဘာအုံးလို့ …. :mrgreen:

  • Mr. MarGa

    November 13, 2012 at 8:41 pm

    ကိုးလို့ကန့်လန့်နဲ့ ဖြတ်မထားနဲ့ဗျို့
    ဆက်တင်ပေးဦး

    • ဟုတ်ကဲ့ပါ ခင်ဗျာ …
      ဖြတ်မထားပါဘူး ..
      ဆက်ရေးနေပါတယ် ခင်ဗျ …
      ခုလို လာရောက် အားပေးသွားတဲ့ ဦးမာဃ ကိုလည်း
      ကျနော်က ကျေးဇူးတင်ကြောင်းရယ်ပါ ……။

      • Mr. MarGa

        November 13, 2012 at 9:00 pm

        ဟုတ်ပါပြီ တဲ့ဗျာ

  • မောင်ပေ

    November 13, 2012 at 9:28 pm

    သူတောင်းစားဂိုဏ်းချုပ်ကိုခင်
    မြောင်းနားဆိုင်းဘုတ်တိုချင်
    ရောင်းငါးပိုင်းခုတ်လိုလျှင်
    ကျောင်းသွားတိုင်းရှုပ်ပျိုမြင်

  • ရွာစားကျော်

    November 13, 2012 at 10:06 pm

    လာတော့မယ်..လာတော့မယ်
    ကာလသားအုပ်နဲ့ ဝတ်ဖြူဝတ်သူတောင်းစားတွေ
    တဲ့တဲ့တိုးတော့မယ်..

  • မဟာရာဇာ အံစာတုံး

    November 13, 2012 at 11:10 pm

    @ရောင်းရင်းကြီး

    လာရောက် အားပေးသွားတာ
    ကျေးဇူးပါ …
    ထို့ထက် ..
    ကျုပ်ပို့စ်တွေမှာ မလွတ်တမ်း ကွန်မန့်ပေးသွားတတ်တဲ့
    ရောင်းရင်းကြီးကို ကျေးဇူးအထူးပါလို့ ပြောပါရစေဗျာ ….

    +++++++++++++

    @ကိုရွာစား

    ကိုရွာစားက မြင်တာပဲဗျနော် .. အဟီးးးး :mrgreen:
    ကဲ …. ဗျာ ..
    ကာလသားအုပ်နဲ့ သူတောင်းစားအုပ် တွေ့ကြပြီ ဆိုပါတော့ …
    ဘယ်လိုတွေ ဆက်ဖြစ်နိုင်ကြဦးမတုံး ….
    :kwi:

  • အရီးခင်လတ်

    November 14, 2012 at 3:51 am

    ဟား
    လက်စသတ်တော့
    ကိုပေါက်ကြီး ရဲ့ မောင်ရင်လောင်း တွေ ဒီမှာလာပြီး တယောထိုး နေကြတာကိုး။ 😆

  • Shwe Ei

    November 14, 2012 at 4:46 am

    နောက်တခါရှေရှေတင်ပါမောင်လေး။ စာကအပိုင်းသုံးရောက်လာတာမြန်သလိုဘဲ။ :kwi:

  • Mon Kit

    November 14, 2012 at 9:06 am

    ဟုတ်တယ်နော်……. တဖြေးဖြေး တိုတိုလာတာ….
    စာပိုဒ်ကို ပြောပါတယ်….. :hee:
    ဖတ်ရတာ အားမရလို့ တော်ရေ့………

  • စိန်ဗိုက်ဗိုက်

    November 14, 2012 at 10:16 am

    ညေး..
    အာကိုက ဝတ်ထုဖတ်ရင် ရှေ ့တစ်မျက်နှာနဲ ့ နောက်ဆုံး စာရွက်ပဲ ဖတ်သကွဲ ့
    ညေးရဲ့ ပထမစာရွက် ဖတ်ခဲ့ပြီ…ဘယ်ချိန် ဇာတ်သိမ်းမလဲ မျှော့နေတယ်နော..

  • လုံမလေးမွန်မွန်

    November 14, 2012 at 10:27 am

    အေးလေ..တိုတိုလေး..စာကိုပြောပါတယ်…
    ကဲ..ပြောကုန်ကြပြီနော်..နောက်အပိုင်းကျရင်တော့… :kwi:

  • ဦးကြောင်ကြီး

    November 14, 2012 at 11:12 am

    တယောသံသုံး
    ပေါစံအပုန်း
    လောပန်သုံး
    ငေါကျန်ဂတုံး..။

  • ကြည်ဆောင်း

    November 14, 2012 at 12:18 pm

    ဒီတစ်ခါတော့အဆုံးသတ်နိုင်တော့မယ်ထင်ပါရဲ့ ….
    စိတ်ဝင်စားစွာဖတ်ရှုအားပေးသွားပါတယ်

  • ရွာသူ jujuma .

    November 14, 2012 at 1:27 pm

    ဟုတ်တယ်ဗျ နဲနဲ တော့ တိုသွားပီ .. (စာပို်ဒ်ပြောပါဒယ်)
    တစ်မျိုးတော့ကောင်းပါတယ်..စာဖတ်ပြင်းတဲ့ကျုပ်တို့ အတွက်တော့ အံကိုက်ပဲ ..
    ဒါပေမယ့် ဖတ်ရတာ ဆတ်တငံ့ငံ့နဲ့ ဖြစ်သေးဘူး …
    ရေးရင်လဲ မြန်မြန်ရေး… တယောသံ အီးညှောင့်အီးညှောင့်နဲ့ အိပ်ပျော်တော့မယ်ဗျ … :kwi:

  • ဟုတ်ကဲ့ ခင်ဗျ …
    ယခုကဲ့သို့ ကျနော့်ရဲ့ ပို့စ်လေးမှာ
    လာရောက်၍ အားပေးသွားကြပါကုန်သော …

    မခိုင်ဇာ၊ ဦးမာဃ၊ ရောင်းရင်းကြီး၊ ကိုရွာစား၊ အရီးလတ်၊ မရွှေအိ၊ မွန်ကစ်၊ ငဗိုက်၊ မွန်မွန်၊ ဥကြောင်၊ ကြည်ဆောင်း၊ ဂျူးဂျူးမ

    တို့အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ……။

    ပို့စ် တိုသွားတယ် ဆိုတာကလည်း .. အဟဲ ..
    ရေးပြီးသလောက် တင်လိုက်ခြင်းမို့ ဖြစ်ပါကြောင်း …
    နောက်ခါ မတိုမရှည် တင်ပေးပါ့မည် ဆိုသည့်အကြောင်း ………..။

    ချစ်တဲ့ …
    အံစာတုံး

  • MaMa

    November 14, 2012 at 5:10 pm

    ရှေရှေရေးခိုင်းတဲ့သူတွေအတွက်လည်း……
    ရှည်ရှည်လေး ရေးပေးပါ မောင်အံစာ။
    စာဖတ်ပြင်းတဲ့သူတွေအတွက်တော့ …
    အပျင်းပြေသွားအောင် တယောသံ ကျယ်ကျယ်လေး ထိုးပေးလိုက်ပါ။ :harr:
    တယောဆရာကို ဆရာလုပ်သွားလိုက်တယ်။ Kwi:

  • weiwei

    November 14, 2012 at 6:18 pm

    အားလုံးပြီးလို့ ဇာတ်သိမ်းပြီဆိုမှ အားလုံးတစ်ခါထဲ ဖတ်တော့မယ် ….
    နဲနဲချင်းဖတ်ရတာ အားမရဘူး …

Leave a Reply