1 ပထမဆုံးထွက်လာတဲ့မီးခိုးငွေ့ အစ

 

2 မီးခိုးတွေ တစ်စထက်တစ်စများလာပါတယ်

3 ကြာလေလေ မီးခိုးများလေလေ

 

4 ကြာလေလေ မီးခိုးများလာလေလေပါဘဲ ပိုလဲမဲလာတယ်

 

6 မီးခိုးတွေတစ်ခါထပ်ပြီးလုံးတက်လာပြန်ပါတယ်။

7 ပြီးဆုံးခါနီးအချိန်

 

8 အေးဆေးနားနေတဲ့ငှက်ကလေးနှစ်ကောင်

“လူသားတစ်ယောက်ရဲ့ အဆုံးသတ်နိဂုံး”

ဒီနေ့ ဦးလေးတစ်ယောက်ကွယ်လွန်သွားလို့ ပြင်ဦးလွင်ကိုသွားပြီး နာရေးလိုက်ပို့ပါတယ်။
အခုခေတ်ထုံးစံအတိုင်း မီးသဂြိုဟ်တာပေါ့။
မီးရှိုပြီး ခဏနေတော့ ခေါင်းတိုင်ကနေမီးခိုးလေးတက်လာပါတယ်။
အဲဒီမှာတွေးမိတာက ဘယ်သူဘယ်လောက်ဘာကြီးဘဲဖြစ်ဖြစ် နောက်ဆုံးတော့ မီးခိုးလေးအဖြစ်နဲ့ဘဲ လောကကြီးကို ကျောခိုင်းသွားရတယ်ဆိုတာကိုပါဘဲ။

ကျနော်တို့အားလုံးဘယ်လောက်ဘဲမျှော်လင့်ချက်တွေကြီးခဲ့ ကြီးခဲ့

ယုံကြည်မူ့တွေဘယ်လိုဘဲရှိခဲ့ရှိခဲ့ နောက်ဆုံးတော့ အဆုံးသတ်က

ဒီမီးခိုးတန်းလေးနဲ့ဘဲအဆုံးသတ်သွားရတာပါဘဲ။

ကျနော့်ရဲ့အတွေးပါးပါးလေးက မှန်ချင်မှတော့မှန်မယ် ။

ကျနော်တွေးမိသလောက်လေးပေါ့။

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

13-11-2012

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1610 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။