အိမ်လည်းဝယ်ပေးရသေးတယ် house

ဘယ်သူမှန်လို့ ဘယ်သူမှားလည်း မသိတော့ဘူးဗျာ။ ကျနော်ကတော့ ဘက်မလိုက် စာနယ်ဇင်းသမားပီပီ ဟိုလူ့ကိုသာစေ ဒီလူ့ကိုနာစေ စိတ်ထားလုံးဝ (လုံးဝ) မရှိရကြောင်းပါ။ စာဖတ်သူ ဂုံသားရေရှိ လူဂျီးမင်းများ ကိုယ်တိုင် ဝေဖန်ဆုံးဖြတ်ကြဖို့ အယ်ဒီတာကိုယ်စား တင်ဆက်လိုက်ခြင်း ဖြစ်ပါတယ်။ ကျေးဇူးတင်အထူး တင်ရှိပါသည်။

    ဒေါ်ကြေးမုံဂျီး တရုတ်ကူမြူနစ်ပါတီ ကေဒါအမှတ် ၇၈၆၄၂ဝ နှင့် အများသိစေရန် ကြေငြာခြင်း

ကျွန်ုပ်၏မိတ်ဆွေ ဦးကြောင်ကြီး ကျားဆရာ ၁၂ / ကဆရ (နိုင်) ဝ၀ရ ယခု ခေတ္တ စင်ကာပူကျောင်းတိုက်၊ ပုဇွန်တောင်တွင် နေထိုင်သူ၏ လွှဲအပ်ချက်အရ အောက်ပါအတိုင်း ကြေငြာအပ်ပါသည်။ကျွန်ုပ်မိတ်ဆွေ ဦးကြောင်ကြီးနှင့် ဒေါ်ကြေးမုံဂျီးတို့သည် ၂၉-၂-၂၀၁၁တွင် တရုတ် ကူမြူနစ်ပါတီ ဌာနချုပ်၌ တရားဝင် ထိမ်းမြားခဲ့ပါသည်။ လက်ထပ်ပြီးနောက် အင်တာနက်ရွာ ဗလီဆရာ မာမွတ်ရှာပွတ် ရှေ့မှောက်တွင် ကျွန်ုပ်မိတ်ဆွေ ဦးကြောင်ကြီးသည် အင်တာနက်ရွာ မြေတိုင်းရပ်ကွက်အမှတ် ဝေါ်အိုက်လီ၊ ဧရိယာ ၁ဝဧကရှိ မြေနှင့် ၎င်းပေါ်ရှိ အွန်လိုင်းမြို့ ဂဇက်ရပ်ကွက် အင်လမ်း အမှတ်၉၊ “အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား ကူမြူနစ်တရုတ်ကြီး” ဟုခေါ်တွင်သော အိမ်တို့အား ဒေါ်ကြေးမုံဂျီး အမည်ဖြင့် ဝယ်ယူပေးခဲ့သည်။

ယခုအခါ ထိုနေရာတွင် ဒေါ်ကြေးမုံဂျီးနှင့် တရုတ်ကူမြူနစ်ကေဒါအချို့ နေထိုင်လျက်ရှိပြီး ကျွန်ုပ်မိတ်ဆွေမှာ အိမ်ပေါ်မှ ခွေးနှင့်ရှုးတိုက် မောင်းထုတ်ခံရသဖြင့် ပုဇွန်တောင်၊ စင်ကာပူကျောင်းတိုက်တွင် ခေတ္တဗော်လံတီယာ ကပ္ပိယ လုပ်နေရချိန် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ကျွန်ုပ်၏မိတ်ဆွေ ဦးကြောင်ကြီး နေအိမ်၌ မရှိခိုက် အထက်ပါမြေနှင့် အဆောက်အအုံ အပါအဝင် ခံစားခွင့်အရပ်ရပ်နှင့် ပတ်သက်၍ တဦးတည်းသဘော မပြုလုပ်ပါရန်နှင့် ပြုလုပ်ပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ရလိမ့်မည်ဖြစ်ကြောင်း အများသိစေရန် အသိပေးကြေညာ အပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ
မမလေး (ခ) ဂေါင်ဇူး (ကြောင်ချစ်သူ)
L.L.B, L.L.M, ABSU, ABSDF, NCGUB, NUB, KNU, KIO, UNFC
တရားလွှတ်တော်ရှေ့နေ(စဉ်-အဲလီးဖန့်)

ဒါကတော့ ကြေးမုံဂျီးက ပြန်ရှင်းတာဗျာ..။ သူတို့တွေပဲ ခြစ်တုံးကခြစ်ကြပြီး ခုမှဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ တတ်ပဲတတ်နိုင်လွန်းတယ်။

၃၀-၂-၂၀၁၂ ရက်ထုတ် မန်းဒလေးဂေဇက် သတင်းစာ၌ ပါရှိသည့် ဦးကြောင်ကြီး၏ရှေ့နေ မမလေး၏ ကြေငြာချက်သည် မှန်ကန်ခြင်း မရှိ၍ ပြန်လည်ရုပ်သိမ်းပေးရန် သတိပေးကြေငြာခြင်းအင်တာနက်ရွာ ဂဇက်ရပ်ကွက် အင်လမ်း အမှတ် ၆၉၌ နေထိုင်ပိုင်ဆိုင်သူ ဒေါ်ကြေးမုံဂျီး တရုတ်ကမန(ကေဒါ) ၇၈၆၄၂ဝ၏ လွှဲအပ်ညွှန်ကြားချက်အရ ဤသတိပေးကြေငြာချက်အား ထည့်သွင်းကြေငြာခြင်းဖြစ်သည်။

ကျွန်ုပ်၏အမှုသည် ဒေါ်ကြေးမုံဂျီးအား ဦးကြောင်ကြီး ကျားဆရာ ၁၂/ကဆရ (နိုင်) ဝ၀ရ က ၎င်းသည် ရှားပါး ကြောင်ကတိုးဟု လိမ်လည်လှည့်ဖြား မင်္ဂလာဆောင်ခဲ့သည်။ သို့သော် လက်ထပ်ပြီးမနက် အီအီးပါချိန်တွင် လွန်စွာနံစော်နေသည့်အတွက် စကားများကြပြီးနောက် ဆက်လက်မပေါင်းသင်းနိုင်ကြောင်း ပြောဆိုမှုအပေါ် ဦးကြောင်ကြီးကိုယ်တိုင် သဘောတူပြီး စင်ကာပူကျောင်းတိုက် ပုဇွန်တောင်မြို့နယ်သို့ ထွက်ခွာသွားခဲ့သည်။ ထို့ကြောင့် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ ၎င်းတို့သည် အိမ်ထောင်ရေး ပြတ်စဲခဲ့ပြီး ဖြစ်ပါသည်။

ထို့နောက်တွင် ကျွန်ုပ်အမှုသည် ဒေါ်ကြေးမုံဂျီးမှ ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းအတွက် မန်းဂဇက်တွင် ရေကာတာများအကြောင်း ဓာတ်ပုံများဖြင့် ဝေဝေဆာဆာ ရေးသားဝါဒဖြန့်ချီခ ငွေကြေးဖြင့် အင်တာနက်ရွာ မြေတိုင်းရပ်ကွက်အမှတ် ဝေါ်အိုက်လီ၊ ဧရိယာ ၁ဝဧကရှိ မြေပိုင်နှင့် ယင်းပေါ်ရှိ အွန်လိုင်းမြို့ ဂဇက်ရပ်ကွက် အင်္ဂုလိလမ်း အမှတ် ၆၉၊ “အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား ကူမြူနစ်တရုတ်ကြီး” ဟုခေါ်တွင်သော အိမ်တို့အား အမည်ပေါက်ပိုင်ရှင် ဦးစိန်ဗိုက်(ခ) အရက်တအိုးလုသောက်ထံမှ အရောင်းအဝယ် စာချုပ်အမှတ် backdate today ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ကျွန်ုပ်အမှုသည် ဒေါ်ကြေးမုံဂျီးအနေဖြင့် သူများမျက်ရည်ပေါက် ကြီးငယ်ကျအောင်လုပ်၍ တရားဝင် ဝယ်ယူပိုင်ဆိုင်သည့် အိမ်မြေအပေါ် နှစ်သက်သလို စီမံခန့်ခွဲ ခွင့်ရှိပါသည်။

ကြောင်ကြီးချစ်သူ ရှေ့နေ မမလေး (ခ) ဂေါင်ဇူး ကြေငြာချက်တွင် ၎င်းအမှုသည် ဦးကြောင်ကြီး ဝယ်ပေးသည် ဆိုသောအိမ်မှာ အဟုတ်ဘုရားစူး ခိုအိမ် ဖြစ်ပါသည်။

ကြေးမုံဂျီးအတွက် ဦးကြောင်ဝယ်ပေးထားသော အိမ်ဂျီး

ဓာတ်ပုံအထောက်အထားနှင့်တကွ တင်ပြထားပါသည်။ သို့ပါ၍ အိမ်မြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ မမှန်မကန် ကြေငြာခဲ့သည့် ၃၀-၁၁-၂၀၁၂ နေ့စွဲ ကြေငြာချက်အား ယနေ့မှစ၍ ဒေါ်အောင်ဆန်းစုကြည် သမတဖြစ်လာမည့် အချိန်အတွင်း ပြန်ရုပ်သိမ်းပေးရန်နှင့် နောက်နောင် ထိုသို့ ကျွန်ုပ်အမှုသည် ဒေါ်ကြေးမုံဂျီး ဂုဏ်သိက္ခာ ထိခိုက်ရန် ရည်ရွယ်ကြေငြာခြင်း မလုပ်ရန် သတိပေးသည်။ လိုက်နာခြင်း မရှိပါက တရုတ်ဝန်ကျီးချုပ် ဘီလျံနာသဌေးဂျီး ဝမ်ဘိုးဘိုးထံ တိုင်ကြား၍ တရုတ်ကူမြူနစ်ပါတီ ဦးဆောင်မှုဖြင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် တပ်နီရဲဘော်များမှ ထိရောက်စွာ ဆုံးမသွားမည် ဖြစ်ကြောင်း ထပ်လောင်းသိစေအပ်ပါသည်။ ဝယ်…ဟယ်…ဟယ်….

လွှဲအပ်ညွှန်ကြားချက်အရ –
ဦးပေါက်စီ မန်းမြို့တော် ( L.L.B, D.H.L အမြန်ချောပို့)
တရားလွှတ်တော်ရှေ့နေ(စဉ်-ဗုဒ္ဓဟူး)

15 comments

  • Wow

    November 14, 2012 at 10:44 am

    အူးကြောင်နဲ့ကြေးမှုံဂျီးလဲ မိုးဟေကိုလိုဇတ်လမ်းမျိုးဖြစ်ဖူးတာဂိုး….. :kwi:
    ဘာမှမရမဲ့အတူတူ ခိုအိမ်ပြန်ရလဲ မဆိုးဘူး.. ခိုအိမ်ရအောင်ပြန်တောင်း ကကြောင် :mrgreen:

  • စိန်ဗိုက်ဗိုက်

    November 14, 2012 at 10:52 am

    ဦးကြောင် ရေလည်မျက်ခွက်ပြောင်သဗျာ…
    ဟာသပဲ….
    ဦးပေါက်စီ မန်းမြို့တော် က သက်သေအထောက်အထားနဲ ့ ဝင်ကယ်ပေလို ့သာပေါ့…နို ့မို ့ဆို ကြေးမုံကြီးတို ့မချောင်ဘူး

  • P chogyi

    November 14, 2012 at 11:01 am

    အင်း……………………

  • ရွာသူ jujuma .

    November 14, 2012 at 11:59 am

    :kwi: :harr: :hee:
    ဟီးးးး

  • လုံမလေးမွန်မွန်

    November 14, 2012 at 12:27 pm

    ဦးကြောင်ရေ..
    ဦးကြောင်ရဲ့စာတွေကို ဖတ်မိတိုင်း သဘောကျမိပါတယ်… (စာလုံးများကို ချန်မဖတ်ရ..) :kwi:

    မေးချင်တာကလေ… အမည်ပေါက်နဲ့ဝယ်ပေးပြီးသားဆိုရင် အဲ့အမည်ပိုင်ရှင်က အိမ်ပိုင်ရှင်ဖြစ်ပြီမို့လား…
    သူ့သဘောအတိုင်း လုပ်ခွင့်ရှိတယ်မို့လား…အဲ့လို ကြေညာလို့ ရလို့လား…
    တိဒေါ့ဝူး.. 🙄

  • Mon Kit

    November 14, 2012 at 12:45 pm

    ဦးကြောင်တို့ကတော့ ဖြစ်ပီ ဆိုရင် တိုင်းကျော်.. ပြည်ကျော်……. :hee:

  • jullies cezer

    November 14, 2012 at 1:54 pm

    ဦးကြောင်ကြီးက ကြောင်ကတိုးမဟုတ်ရင် ဘာကြောင်လဲဟင် …..

  • MaMa

    November 14, 2012 at 3:18 pm

    ယောင်တောင်ပေါင်တောင် အမောင်ကြောင်…
    ရွာသူားတွေကို လူလည်
    အဲ-
    ကြောင်လည်ကျထားသမျှ
    ကြေးမုံကြီးနဲ့ကျတော့ ခံရပါပြီကောလား။
    ဘာမှ စိတ်မကောင်းမရှိပါနဲ့။
    တရားသဘောနဲ့ရှု့
    သဘောပေါက်ရင် နိဗ္ဗာန်တောင် ရောက်နိုင်တယ်။
    (စီအာ တူ ဘပု) :kwi:

  • Crystalline

    November 14, 2012 at 3:38 pm

    ဦးကြောင်ရဲ့ မိုးဟေကိုက သူ့အနုပညာလုပ်ငန်းတကျော့ပြန် တနှစ်၊နှစ်နှစ်အတွင်းမှာတင် သိန်းလေးထောင်ကျော်တန်တဲ့အိမ်ဝယ်နိုင်တာနော့..သူ့အနုပညာဝင်ငွေနဲ့ဝယ်တာပါတဲ့.. သူရို့ကိုလည်း ဝင်ငွေခွန်ကောက်ကိုကောက်သင့်တယ်။

  • nozomi

    November 14, 2012 at 5:19 pm

    စိတ်ထင်လို့လား တော့ မသိ
    ဖတ်မိသမျှ သရော်ချက်တွေထဲ ဒီ စာ အကောင်းဆုံး အရီရယ်ဆုံး ဗျို့

  • padauk moe

    November 14, 2012 at 8:14 pm

    မိုက်တယ်ကွာ အာပေးခဲ့တယ်ဗျာ
    ဝယ်ပေးမိပါရဲ့
    ရေ မီး မစုံလို့
    ပြည့်စုံအောင် ကြံစောင်ကာမှ
    အော် အဲယားကွန်းလဲ မပါတော့ အင်း………..
    ခုခေတ် ခုခေတ် ဖြည့်တိုင်းလဲ ပြည့်မယ် မထင်ပ
    ဆင်သမျှလည်း ဟူ…………..

  • မောင်ပေ

    November 14, 2012 at 9:44 pm

    အပြင်လက်ရှိ တစ်ယောက်ကတော့ တစ်ကမ္ဘာလုံးကို လိုးရှင်း လူးပြခဲ့တာနော
    ဦးကြောင့် မဒီကရော…..

Leave a Reply