စိတ်အိုင်ပက်ခြင်း

ムラカミNovember 14, 20123min31320

 

Mind map အကြောင်းရေးမလို့ပါဗျာ။ သွားလေသူ ဟိုဆြာလေးရဲ့ ဝတ္ထုခေါင်းစဉ် ယူသုံးလိုက်ပါရဲ့။

ကျနော်တို့ ..idea ကောင်းတယ် smart ဖြစ်တယ် တွေ ပြောကြ ဆိုကြ တယ်။ အဲ .. တကယ်တမ်း

Smart ဖြစ်ဖို့ idea ကောင်းတခုရဖို့ ဘယ်ကစမလဲ လို့ မေးလာ ပြောလာရင်တော့ ဖြေရခက်သွားတတ်လေ့

ရှိပါရဲ့။

 

အလွယ်ဖြေလေ့ရှိတဲ့ စကားကတော့ Brainstorming လုပ်ယူပေါ့ ဆိုတဲ့အဖြေပါပဲ။ ဒါဟာ policy

ဆန်လွန်းနေသေးသဗျ။ ကောင်းပြီ Brainstorming ။ ဒါကို ကျနော်တို့ ဘယ်လိုအနှစ်ချုပ်ယူမလဲ။

တခါတလေမှာ ဦးဆောင်သူကောင်း မပါတဲ့ Brainstorming တွေဟာ ပုံပြင်ပြောသလို case-study

တွေချည်း ချပြောဖြစ်တာ။ရန်ပွဲဆန်တဲ့ ငြင်းခုန်မှုသက်သက် ဖြစ်သွားတာ ။ အဆိုးဆုံးကတော့

မဖြစ်ပါဘူးကွာ ။မရပါဘူးကွာ။ မထူးပါဘူးကွာဆိုတဲ့ အဆိုးမြင် ဝါဒနဲ့ လက်လျှော့အဆုံးသတ်လိုက်တဲ့

ဆွေးနွေးပွဲ ဖြစ်သွားတာ တို့ပါပဲ။

How to? ဆိုတဲ့ မေးခွန်းကို ဖြေဖို့အတွက် ကျနော် Mind Map ကို မိတ်ဆက်ချင်ပါတယ်။

Brainstorming ဆွေးနွေးပွဲတွေအတွက် tool အနေနဲ့ mind map ကို သုံးနိုင်ကြောင်းပါခင်ဗျား။

 


၁. Mind Map ဆိုတာ

အနှစ်ချုပ် စကားလုံးတလုံး တလေလောက်ကို အလည်ခေါင်မှာထားပြီး ဘေးကနေ ပတ်ချာလည်

အစတွေ ထုတ်လို့ သစ်ပင်တွေ အကိုင်းခွဲသလို အဆင့်ဆင့် ခွဲထုတ်သွားတဲ့ စဉ်းစားပုံ စဉ်းစားနည်း

ကို ချရေးထားတဲ့ ပုံရိပ်လို့ အကြမ်းဖျင်း ပြောနိုင်ရဲ့ဗျို့။ တခါတခါမှာ mind map တွေကို

spider diagrams လို့လည်း ခေါ်တတ်သေးရဲ့ ။ ပင့်ကူတစ်ကောင်ရဲ့ ခြေထောက်တွေနဲ့ တူလို့ ပါတဲ့။

 

 

၂. Mind Map သမိုင်း

ဝီကီရဲ့ အလိုတော် အတိုင်းကတော့  ၃ရာစုနှစ် က အတွေးခေါ်ပညာရှင် ဂရိ တွေးခေါ်ပညာရှင် Aristotle

စသုံးခဲ့တာပါတဲ့။အဲ Philosopher Ramon Llull (1235–1315)လည်း သုံးခဲ့သေးဆိုပဲ။ mind map ဆိုတဲ့

နာမည်နဲ့တော့ မဟုတ်ခဲ့ဘူး ။ အဲ.. အဲ့သည့် အသုံးအနှုံး mind map ဆိုတာ စတင်ကျော်ကြား လာတာကတော့

Tony Buzan ဆိုတဲ့ တီဗီစတား တယောက်က BBC ရဲ့ Use Your Head ဆိုတဲ့ ရှိုးမှာ သုံးခဲ့တဲ့အတွက်လို့တော့

အဆိုရှိသဗျ။

 

၃.အသုံးပြုမှု

အထက်မှာပြောခဲ့တဲ့အတိုင်း idea အသစ်တွေ ထုတ်ဖော်ဖို့ မြင်အောင် ပြဖို့ ပုံစံချဖို့ သရုပ်ခွဲဖို့ နဲ့ ပညာရေးဘက်

တွေမှာ သုံးနိုင်တယ်ဗျ။ စီးပွားရေး၊ လူမှုရေးနဲ့ ပညာရေး ဘက်စုံ အသုံးဝင်တယ် လို့ ဆိုချင်ပါတယ်။

သူ့ရဲ့ အသုံးတွေကို ကူးပြီး ချရေးကြည့်လိုက်တော့..

  • problem solving
  • outline/framework design
  • structure/relationship representations
  • anonymous collaboration
  • marriage of words and visuals
  • individual expression of creativity
  • condensing material into a concise and memorable format
  • team building or synergy creating activity
  • enhancing work morale

စတာတွေ ဖြစ်ပါသတဲ့ဗျာ…။

 

၄. အသုံးပြုပုံ(အကြံဉာဏ်)

mind map နဲ့ ပါတ်သတ်လို့ ဗြိတိသျှ တီဗီစတား Buzan က ပေးတဲ့အကြံဉာဏ်တွေကတော့

  • ၁). အလည်ခေါင်မှာ အကြောင်းအရာရဲ့ အရေးအကြီးဆုံးသော ခေါင်းစဉ်(ရုပ်ပုံ) ကိုသုံးပြီးmind map တခုလုံးမှာ အနည်းဆုံးအရောင် ၃ရောင်သုံးပါ။
  • ၂). ရုပ်ပုံတွေ သင်္ကေတတွေ လိုအပ်သလို ထည့်သုံးပါ။
  • ၃).upper case ဒါမှမဟုတ် lower case စာလုံးတွေချည်း တမျိုးဆိုတမျိုး ရွေးသုံးပါ။
  • ၄). စာလုံး တစ်လုံးဆိုတလုံး ကျစ်လစ်မှု ဂုဏ်မြောက်ပါစေ ။
  • ၅). လိုင်းတွေဟာ ထိစပ်နေရမှာဖြစ်ပြီး အလယ်ဗဟိုက ပုံရိပ်နဲ့ ထိဆက်နေရပါမယ်။ အတွင်းပိုင်းလိုင်းတွေကပိုမိုထူထဲရမှာဖြစ်ပြီး သစ်ကိုင်းတွေကို မြင်ယောင်ကြည့်ပါ။
  • ၆). လိုင်းတွေရဲ့ အတိုအရှည်က တူညီပါစေ။
  • ၇). အမျိုးအမယ် တူရာ စုဖွဲ့မှုရှိပါစေ။ အသွေးအရောင် ကွဲပြားပါစေ။
  • ၈). ကိုယ်ပိုင်မူ ရှိပါစေ။
  • ၉). တခုနှင့် တခု ဆက်စပ်မှု ရှိပုံများကို အသားပေးဖော်ပြနိုင်ပါစေ။
  • ၁0). အဆင့်များ (hierarchy) ကွဲပြားမှု ပေါ်လွင်ထင်ရှားပါစေ။ branch များကို နံပတ်စဉ်ရေးထိုးပြီးအစဉ်လိုက် သတ်မှတ်ပါ။

ဟုတ်တယ်ဗျ..။ ကျနော် mind map ကို စွဲစွဲမြဲမြဲ သုံးဖြစ်ပါတယ်။ (ခုနောက်ပိုင်းတော့ အကျင့်ပျက်နေပါသည်)

တကယ်တမ်းသုံးရင်း အသားကျလာတဲ့အခါမှာ လက်ရေးနဲ့ A4 ၄မျက်နှာလောက်ရှိတဲ့ စာတစ်ပုဒ်ဟာ

ပုံ၁ပုံထဲနဲ့ ကိစ္စပြတ်တာကိုးဗျ။ စာမေးပွဲမှာကတော့ သဒ္ဒါပိုင်းဆိုင်ရာကတော့ ဂလိုပဲ မီးကျိုးမောင်းပျက်

ကိုယ့်ဟာကိုယ် ဖတ်လို့ရယုံလောက် ရေးတယ်ပေါ့ဗျာ ။ဒီနည်းက အချက်အလက် မကျန်တာ အစီအစဉ်ကျနတာ

စတဲ့အကျိုးကျေးဇူးတွေ မှာတော့ တကယ့်ကို အားကောင်းတယ်ဗျို့..

 


၅. အဆုံးသတ်

အဆုံးသတ်အနေနဲ့ ထုံးစံအတိုင်း software link လေး ညွှန်းချင်ပါတယ်ဗျို့..

Software သုံးရမယ်မှ မဆိုလိုပါဘူး ။ whiteboard ပေါ်မှာ မာကာ ၃-၄ချောင်းသုံးပြီး

manual လည်း စိတ်အိုင်ပက်နိုင်ပါကြောင်း ဖြည့်ပြောလိုက်ပါတယ် ခင်ဗျား..။

P.C
http://sourceforge.net/projects/freemind/files/freemind-unstable/1.0.0_Beta8/

8

http://www.ghacks.net/2011/07/05/create-mindmaps-with-freeplane/

Web

http://www.mindmeister.com/

iPad
https://itunes.apple.com/jp/app/simplemind+-mind-mapping/id305727658?mt=8

 

Android

https://play.google.com/store/apps/details?id=com.takahicorp.MindMap&hl=ja

 

 

Ref:
http://en.wikipedia.org/wiki/Mindmap
http://en.wikipedia.org/wiki/Brain-storming
http://en.wikipedia.org/wiki/Tony_Buzan
http://www.mindtools.com/brainstm.html
http://www.atmarkit.co.jp/aig/04biz/brainstorming.html

တော်သေးပြီ
ခင်တဲ့
ဂီ

 

20 comments

  • ခိုင်ဇာ

    November 14, 2012 at 12:12 pm

    အင်း။ ခေါင်းစဉ်ကြည့်ပြီးပြေးလာမိပြန်ပေါ့။ ကိုရင်ပြောသလိုဆိုရင် အမျိုးမျိုး အသုံးဝင်ပေသော မိုင်းမက် ကြီးပဲ။
    အဲဒါကြောင့် နောက်ပိုင်းတော်တော်များများ Company ကြီးတွေ ရဲ့ ပရီစန်တေးရှင်းတွေက အဲဂလိုတွေကိုး။ မသိတော့ ဘာတွေတုန်းမှတ်တာ။
    စာတွေသိပ်ရေးစရာမလိုဘူးပါ့။
    ဘာပဲဖြစ်ဖြစ် ကိုတာရဲ့ ဖြန့်ကျက်တွေးခေါ်ခြင်း စာအုပ်ဖတ်ရတာထက် နားလည် သလိုလိုရှိသား။ နောက် ဒါမျိုးတွေများများရေးအေ။
    ကျုပ်တို့လို ဗဟုသုတနည်းသူတွေ အတွက်ပါ့။ :mrgreen:

    • အင်္ဂ ါZ

      November 14, 2012 at 12:28 pm

      ကျုပ်တို့ ဝိုင်းမန့်ကြမယ်..
      အဘ ပိုစ့်က ဆင်းရဲမွဲတေမှု ပြဿနာကို
      mind map ဆွဲတင်လိုက်လေကွယ်…

      (ကြပ်တာ ..ကြပ်တာ..)
      အင့် အင့်
      https://myanmargazette.net/141725/mandalay-gazette-2/editors-choice

      • ခိုင်ဇာ

        November 14, 2012 at 12:37 pm

        အင်္ဂါသား၊ ရှင်က မာကက်တာဆို။ ဒီလို အသိပညာနဲ့ ဆို တွေ့ဖူးသမျှ မာကက်တာထဲ ကြောက်စရာအကောင်းဆုံးပေါ့အေ။
        ပို့(စ) တွေက ၂ခေါက် ၃ခေါက် အတော်ဖတ်ရပါတယ်။ 🙁

        • အင်္ဂ ါZ

          November 14, 2012 at 1:40 pm

          မဇာဂျီး အုန်းစားချင်နေတယ် ကြားလို့
          Poverty mind map ထပ်ဖြည့်ထားပါသည်…
          ဟီဟိ… ၁-၂-၃ ပဲ ရေးထားသေးတယ်..ကျန်တဲ့အကြောင်းလေးတွေ
          ဆက်တွေးလိုက်ပါနော်….

          :harr:

      • ခိုင်ဇာ

        November 14, 2012 at 1:52 pm

        အမလေးတော့!!
        ဒါကို တစ်ဆင့်ပဲရှိသေးနော့။ နောက် အဆင့်တွေ ထပ်ဖြည့်လိုက်ရင်တော့………..
        တော်ပြီ။ အမြင်မှန်ရပြီ။ ဆင်းရဲသားတိုက်ဖျက်ရေး စီမံကိန်းလည်းလက်လျှော့ပေါ့။ 🙁

  • လုံမလေးမွန်မွန်

    November 14, 2012 at 12:31 pm

    မိဂီရေ…
    ညည်းစာတွေဖတ်လေ..ကိုယ့်ဦးနှောက်ကို အဆင့်မမီမှန်းသိလေ… 🙂

    အဲ့ဒါလေးပြောချင်လို့ မန့်လိုက်တာပါအေ… ဒါလေးကိုတော့နားလည်အောင် အသေအချာလေး ဖတ်လိုက်ဦးမယ်…

    • အင်္ဂ ါZ

      November 14, 2012 at 10:22 pm

      ကျနော်ခဲရခဲဆစ်တွေ ရှာရေးနေတာမဟုတ်ပါဘူးဗျာ.
      တကယ်တမ်း လက်တွေ့အသုံးရဲ့ သရုပ်သဘောရှိတဲ့
      ဖရိမ်ဝေါ့ခ် တခုကိုမိတ်ဆက်ပေးယုံပဲရေးထားတာပါ

      သေချာတယ် လုံးဝ မြင့်မားလွန်းတာတွေ
      ခက်ခဲလွန်းတာတွေ မဟုတ်ဘူးးး
      လိုနေတာ coach တယောက်. Leader တယောက်.
      ပုံစံဖော်ဆောင်ပေးနိုင်သူတယောက်

      အင်း.
      အဲ့လိုလူမျှော်ရင်းနဲ့.

      ဒီလိုပါပဲဗျာ.

      ခင်တဲ့

  • Wow

    November 14, 2012 at 1:16 pm

    BTY ကျုပ်က သီအိုရီတွေ၊ နည်းပညာဆောင်းပါးတွေဆိုလွှတ်မုန်းအေ့…
    တက်သမျှကျောင်းဒွေက ဘစ်ဇနက်တို့ မားကတ်တင်းတို့ စာအုပ်တွေက လွှတ်ကောင်း … ခေါင်းအုံးအိပ်လို့ :mrgreen:
    စာအုပ်စာပေ လူ့မိတ်ဆွေဆိုသဂိုး :harr:
    ဒါပေမဲ့ အဲလာတွေ အသုံးဝင်မှန်း၊ သိထားရင် အနည်းဆုံးတော့ လူရှိန်မှန်းသိသပေါ့အေ… အဲ့ဒေါ့လဲ မချစ်သော်လည်း အောင့်ခါနမ်းပေါ့…
    ညီးအဲ့လို ပုံလေးဒွေနဲ့ ရှင်းပြတော့လဲ စာအုပ်မုံးတဲ့ ကျုပ်တို့လို လူဗြိန်းဒွေလေ့လာရတာပေါ့ ….

    • အင်္ဂ ါZ

      November 14, 2012 at 2:27 pm

      မရှိုပါနဲ့အေ… ညည်းကလည်း ..
      ညည်းဘာဒေ စတာဒီ လုပ်ထားဒယ်ဆိုတာ ကျုပ်မှန်းလို့ရဘာဒယ်…

      စကားမစပ် Stock Keeping Unit(SKU) ဆိုတာ ဘာတုန်းဗျ..
      ဖတ်တော့ ဖတ်တာပဲ ဘယ်လိုမှ နားမလည်လို့ပါဗျာ…

      :hee:

      • Wow

        November 14, 2012 at 2:45 pm

        ရှိုပါဘူးအေ.. အဲဒါကြောင့် ညီး နည်းပညာတွေ သီအိုရီတွေပြောထားတဲ့ပို့စ်တွေဆို ဝင်မဆွေးနွေးရဲဝူး… ကိုယ်ညံ့ကြောင်းလူဒွေ သိကုန်မှာစိုးလို့ :harr:

        SKU ကတော့ ထင်တာရမ်းတုတ်ရရင် Product အပေါ်မူတည်ပြီး Different sizes/qty/packing type ကိုပြောတတ်တယ်လေ…
        packing တစ်ခုထဲမှာ 12 pcs ပါတယ်ဆိုရင် …. 12 pcs in one SKU လို့ သုံးလေ့ရှိတယ်။

        • Wow

          November 14, 2012 at 2:57 pm

          ကျုပ်က သိပ်ပြီး သိလှ တတ်လှတာ မဟုတ်ဘူးအေ့….
          ဒါပေသိ ကျုပ်မှာ မေးချင်ရာမေးလို့ရဒဲ့ ဒစ်ရှင်နရီဂျီး တစ်အုပ်ရှိသကွဲ့……
          ကြွားဒါ လုံးဝ(လုံးဝ) မဟုတ် :harr:

        • အင်္ဂ ါZ

          November 14, 2012 at 3:02 pm

          SKU = V4 + C3 + D5 + C2 (V4C3D5C2)
          လို့တော့ အဆိုရှိသဗျ… ဘားကုဒ် စတန်းဒတ် တွေနဲ့
          ဘယ်လိုညှိသလဲ မရှင်းဘူး ဖြစ်နေသေးတာရယ်..

      • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

        November 15, 2012 at 3:15 pm

        SKU အကြောင်းပြောရရင် ကျုပ်ငယ်ငယ်တုန်းက စိတ်ဝင်စားတဲ့အကြောင်းလေး…
        နှစ်အတော်ကြာမှ အမှန်ကိုသိလိုက်ရတဲ့အကြောင်းနဲ့ နဲနဲပတ်သက်မယ်လို့ထင်တယ်ဗျာ…

        မှန်ချင်လဲမှန်မယ်… မှန်ချင်မှလဲမှန်မယ်ပေါ့…
        ငယ်ငယ်တုန်းက Zippo မီးခြစ်ကိုစွဲစွဲလန်းလန်းကြိုက်ခဲ့ဖူးတယ်…
        အဲဒီမှာ မီးခြစ်ဖင်မှာ Zippo ဆိုတဲ့စာလုံးလေးရဲ့ ဘယ်မှာ “/// ” အဲလိုဘာမျိုးလေးနဲ့
        ညာဘက်မှာ “K” အလိုမျိုး အင်္ဂလိပ်စာလုံးတွေပါပါတယ်…
        အဲဒါကို သိချင်ခဲ့တာ နှစ်အတော်ကြာတယ်…
        နယ်မြို့မှာလဲဖြစ်… အင်တာနက်လဲမရှိသေးတဲ့ဘဝမို့ တချို့ပြောတဲ့ မီးခြစ်ရဲ့ကွာလတီက ဘားအနဲအများပေါ်မှာကွာတယ်ဆိုတာမျိုးပဲ အကြမ်းသိထားတာပါ…
        နောက်ပိုင်းကျမှ…

        ဘယ်ဘေးကဘား “///” တွေက ထုတ်လုပ်တဲ့ခုနှစ်ကိုပြပြီးတော့
        ညာဘက်ဘေးက အင်္ဂလိပ်စာလုံးတွေက ထုတ်လုပ်တဲ့လကို ပြပါတယ်တဲ့…

        http://www.zippo.com/about/article.aspx?id=1582
        ဒီမှာလေ့လာနိုင်ပါတယ်…

        အဲဒီတော့ ဥပမာ….

        //// Zippo K

        ဆိုပါတော့ဗျာ…

        //// ဆိုတာ ၁၉၇၄ ခုနှစ်ကို ညွှန်ပြပြီး K ကတော့ နိုဝင်ဘာလကို ရည်ညွှန်းပါတယ်တဲ့…

        A = January
        B = February
        C = March
        D = April
        E = May
        F = June
        G = July
        H = August
        I = September
        J = October
        K = November
        L = December

        အဲဒီလို ကုဒ်တွေနဲ့ရည်ညွှန်းပါတယ်…
        အဲဒီတော့ ဂီဂီပြောတဲ့ SKU = V4 + C3 + D5 + C2 (V4C3D5C2) ဆိုတာကို ကျွန်တော်ထင်သလောက်
        ဘာသာပြန်ကြည့်ရရင်
        V = Volume ဖြစ်ကောင်းဖြစ်နိုင်တယ်… အဲဒီမှာ 1, 2, 3, 4, ခွဲထားကောင်းခွဲထားမယ်…
        ( 1= 1ml, 2= 2ml) စသည်ဖြင့်…
        C = Category ဖြစ်နိုင်ကောင်းပါရဲ့ သူ့မှာလဲ 1, 2, 3, 4 စသည်ခွဲထားမယ်ပေါ့ဗျာ…
        အဲဒီတော့ သူ့ရဲ့ V4C3D5C2 ဆိုတာကို ကြည့်ခြင်းအားဖြင့် ဘယ်နေ့ဘယ်ရက်က ထုတ်လိုက်တဲ့ဟာမှန်း…
        သိရင် ဖီဖို (FIFO) တို့ ဖီလို(FILO)တို့မှာထည့်သုံးလို့ရနိုင်သကိုး… ဒါကတော့ Stock Control ဖြစ်မယ်ထင့်…
        အရင်ကော်မာရှင်မှာလုပ်တုန်းက Item ၃သောင်းကျော်ကို ကုဒ်လုပ်ခဲ့ဖူးတဲ့အတွေ့အကြုံအရတော့ ဘားကုဒ်နဲ့သုံးရင် အရင်ဆုံး ကုဒ်လုပ်ရပါတယ်… အဲဒီကုဒ်ကို POS လို့ခေါ်တဲ့ Point of Sales နဲ့ Stock Control မှာ အတိအကျသုံးကြောင်း

        အဲဒီမှာ ဘားကုဒ်စကိန်နာနဲ့တွဲပြီး Stock Control အပျော့ထည်တစ်ခုနဲ့တွဲလိုက်ပြီး Filter လုပ်ချလိုက်ရင်…
        အရင်ဆုံးထုတ်တဲ့ကုန်ပစ္စည်းက အရင်ဆုံးထွက်ရမယ့် First in First Out (FIFO) နဲ့ကိုက်မှ Stock ကပေးထွက်တာမျိုး
        သေချာစစ်ထုတ်လို့ရမယ်ထင်ပါကြောင်း…

        ဘားကုဒ်တွေမှာလဲ Standard အမျိုးမျိုးရှိပါတယ်… တချို့က ဂဏန်းချည်းသုံးလို့ရတဲ့ဘားကုဒ်နဲ့ ဂဏန်းနဲ့စာလုံးရောသုံးလို့ရတဲ့ဘားကုဒ်အမျိုးမျိုးရှိလေတော့
        ကိုယ့် Item Code တစ်နည်းအားဖြင့် ကိုယ် Create လုပ်ထားတဲ့ SKU နဲ့ အဆင်ပြေနိုင်မယ့် Standard ကိုရွေးသင့်တယ်ထင်ပါ့…
        ဘားကုဒ်အကြောင်းတော့ စာမဖတ်တာကြာတော့ မမှတ်မိတော့ဘူး လွန်ခဲ့တဲ့ (၈)နှစ်လောက်ကတော့ အသဲအသံလေ့လာဖူးပြီး မေ့သွားပြီးဖြစ်ပါကြောင်း
        ဦးနှောက်ဂျောင်လေးထဲကထွက်လာတာလေးခြစ်ကုတ်ပြီး မျှဝေလိုက်ပါကြောင်း…

        ခင်မင်လျက်-
        ကြောင်ဝတုတ်

  • Green Rose

    November 14, 2012 at 1:37 pm

    ကျေးဇူးပါ အင်္ဂါZ ရေ

    အဲဒီ့နည်းလမ်းကို ဆရာတစ်ယောက်ပြောပြဖူးလို့ သိဖူးပါတယ်။ Family Tree လို့မှတ်ယူထားခဲ့ဘူးတာပါ။ English Vocabulary လေ့လာဖို့အတွက် အကောင်းဆုံး နည်းလမ်းလို့ လက်ခံထားပါတယ်။ သူက စကားလုံး ကိုဗဟိုပြုပြီး သူနဲ့ စပ်ဆက်သမျှ စကားလုံးတွေကို အကိုင်း၊ အခက်၊ အလက်တွေအဖြစ် မြန်မာလိုစဉ်းစားချရေးပြီး ပြီးမှ English လိုပြန်လိုက်ဖြည့်ခိုင်းတာပါ။ ခု အင်္ဂါZ ပြောသလို တခြားအသုံးတွေရှိမှန်းမသိခဲ့ပါဘူး။ အင်း.. အသုံးပြုဖို့ ကြိုးစားပါဦးမယ်။

    လေးစားလျှက်

    (Green Rose)

    • အင်္ဂ ါZ

      November 14, 2012 at 2:30 pm

      1. Generate a topic.
      2. Place that topic in the center of the page.
      3. Start writing what comes to mind.
      4. Continue branching.
      5. As new ideas come forth, draw a different branch from your topic and expand as nessesary.
      6. Repeat branching until all your ideas appear on the map.
      7. When you are finished mapping, carefully study the connections that you have made between your thoughts and ideas and try to relate them.

      အလွယ် မိုင်းမက်ဆွဲနည်းပါဗျာ…

      :harr:

  • တိမ်မည်း (ခရီးသွားနေည်)

    November 14, 2012 at 3:40 pm

    ခေါင်းမူးလာပီနော်……………. 🙁

  • pooch

    November 14, 2012 at 10:57 pm

    လောလောဆယ် ဟိုဘက်ပိုစ့်က စာတွေ ကွန်းမန့်တွေပါ ဖတ်ပြီး လူက မူးလာလို့ ။
    ဦးနှောက်ကလည်း ခုတလောက brainstorming မပြောနဲ့ ရှိပြီးသား brain လေးတောင် dry ဖြစ်ဖြစ်လာလို့ မနည်းအဖတ်ဆည်နေရတယ်။

    ဆိုတော့ စိတ်လက်ကြည်သာမှ တခေါက်ထပ်ဖတ်ပါ့မယ်။

    ဒါနဲ့ ညည်းအဗေတာပုံကြီးက မပြောင်းသေးဘူးလားအေ စိတ်ကုန်လိုက်တာ @~@

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 15, 2012 at 10:09 am

    Freeplane ဆိုတဲ့ Freeware လေးသုံးတယ်…

    http://freeplane.sourceforge.net/wiki/index.php/Main_Page
    အဲဒီမှာဒေါင်းပေါ့… အသုံးတည့်တဲ့… အသုံးဝင်တဲ့ကိစ္စလေးပါဗျာ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • ဦးကြောင်ကြီး

    November 15, 2012 at 10:53 am

    ကျေးဇူးပဲ မောင်မောင်ဂီ။ လိုရင်သုံးဖို့ ကော်ပီဆွဲထားလိုက်တယ်…။
    မိုင်းမက်ပ်
    ဒိုင်းယက်
    လှိုင်းခတ်
    သိုင်းဖက်
    နိုင်းသက်
    ဝိုင်းစက်
    ဂိုဏ်းနတ်
    ဗျိုင်းတက်..။

  • blackchaw

    November 15, 2012 at 1:40 pm

    ခေတ်မီအောင် ကွန်းမန့် ဝင်ရေးသွားတာပါဗျာ…။
    အေးအေးဆေးဆေး ဖတ်မှ အဆင်ပြေမှာမို့…
    ခုတော့မအေးဆေးနိုင်တော့တဲ့ ဘဝမို့…
    ခွင့်လွှတ်ပါဗျာ…။
    ခင်တဲ့…
    ဘလက်ချော…။
    :mrgreen:

Leave a Reply