ကျေးဇူးတင်ကြောင်း ပြောပါရစေ…..

နွေဦးNovember 14, 20121min18912

နွေဦးတယောက် ခလေးတယောက်မွေးပြီး ရွာလယ်လမ်းပေါ်မှာ ကိုယ်လုံးတီးနဲ့ လွှတ်လိုက်တယ်လို့  ဆိုပြီး သူတကာ အပြစ်မပြောခင် ကိုယ့်ဖါသာ စဉ်းစားမိလို့ ဘယ်လို ဆင်ခြေပေးရကောင်းမလဲ တွေးမိသွားတယ်..။

တော်သေးတာပေါ့..။ကိုယ်ဆွေမျိုးသားခြင်း များနေတဲ့ ဒီလို ဂေဇက်ရွာထဲလွှတ်လိုက်မိလု့ိပေါ့ ။ တခြားရွာထဲများ သွားလွှတ်မိ လို့ကတော့ ဂျို နဲ့ သားရေနဲ့ အရိုးနဲ့ အသားနဲ့ ရစရာမရှိလောက်အောင် စုတ်ပြတ်သတ်သွားမှာ  ။ တွေးမိရင်းကြက်သီးတောင် ထမိပါရဲ့ ။

ကိုယ့်ခလေး ရွာထဲ တုံးလုံးလေး ဝင်သွားပေမဲ့ ရွာထဲကလူတွေက ဖေးဖေးမမ ကြည့်ကြ ပြောကြတာတွေ နွေဦး နောက်က တိတ်တိတ် စောင့်ကြည့်နေခဲ့ပါတယ် ။

တချျို့ကတော့ “ခလေးက ဖြူဖြူချောချောလေး ” ဆိုပြီး ဝိုင်းချီမွမ်းကြတယ် ။

တချို့ကြတော့လဲ “ဒီကောင်နွေဦး ခလေးသာမွေးလိုက်တယ် အင်္ကျီ ဘောင်းဘီလေးတွေတောင် မဆင်ပေးလိုက်ရကောင်းလား”ဆိုပြီး ဂရုဏာ တွေနဲ့ ပြောကြ ဆိုကြတယ် ။ ဒါတွေကိုလဲ နွေဦးက နောက်က တိတ်တိတ်လေး ပီတိတွေနဲ့ နားထောင်နေခဲ့ပါတယ် ။

ကျေနပ်လွန်းလို့ ဝမ်းသာပီတိတွေနဲ့ ပျော်ရတာကတော့ လူကြီးပီသတဲ့ ကျွန်တော်တို့ ရွာသူကြီးကိုပါ ။ ကျွန်တော် ဖင်တုန်းလုံးနဲ့ ရွာထဲကို လွှတ်လိုက်တဲ့ ခလေးကို အမြင်မတော်လို့ ဒီအင်္ကျ ီလေး ဝတ်.. ဒီဘောင်းဘီလေးစွတ် ဆိုပြီး ပြင်ပေးလိုက်တာကိုပေါ့ ။

ဟော.. သူကြီးက ဒီလို လိုအပ်တာလေးတွေကို ဆင်ပေးလိုက်တော့ ရွာထဲက ရွာသူရွာသားတွေကလဲ ရှိတာလေးတွေနဲ့ ဝိုင်းဝန်းတန်ဆာ ဆင်ပေးလိုက်တာ ကျွန်တော့်ခလေး ကြည့်ပျော် ရှုပျော် ဖြစ်သွားပြီ..။

ဒီအတွက် အားလုံးကို ကျေးဇူးတင် ကြောင်း ပြောပါရစေ ။

အားလုံးရဲ့ ဝေဖန် အကြံပြုချက်တွေကို တဦးချင်းစီကို ပြန်ပြီး Reply မလုပ်နိုင်ခဲ့တဲ့ နွေဦးကို ရိုင်းတယ်လို့မထင်ကြပါနဲ့ဗျာ ။

ဝိုင်းဝန်းဆုံးမနေတဲ့ ကိုယ့်ရဲ့သားသမီးရဲ့ရှေ့မှာ မိဘရှိနေရင် ပြောနေဆိုနေကြသူတွေအတွက် အနှောင့်အယှက် ဖြစ်မှာစိုးလို့ပါ ။

ပြီးတော့ ခလးရှေ့ရေး ရည်ရွယ်ချက် ပြောင်းသွားနိုင်တယ်မလား ။

တကယ်ကို ကျေးဇူးတင်ပါတယ်ဗျာ။ နောင်လဲ ကျွန်တော့်ရဲ့ သားသမီးတွေကို အမြင်မတော်ရင် ဆိုဆုံးမပေးကြပါ ။ ရိုက်နှက်တန် ရိုက်နှက် လို့လည်း ဆုံးမနိုင်ပါတယ် ။ရွာလူထု လက် အပ်ပါတယ်..။

အားလုံးကိုကျေးဇူးတင်လျှက် ….

နွေဦး…။

Reference post : https://myanmargazette.net/156049/society-lifestyle/home-garden#comments

12 comments

  • နွေဦး

    November 14, 2012 at 12:51 pm

    နောက်တခါဆို ခလေးကို ဘောင်းဘီလေးတော့ ဝတ်ပေးလိုက်နိုင်ကောင်းပါရဲ့ဗျာ..။
    ကြိုးစားပါဦးမည် ။

  • ရွာသူ jujuma .

    November 14, 2012 at 1:02 pm

    ရပါတယ်ဗျာ …
    ရွာထဲရောက်ရင်တော့ ဘောင်းဘီလည်း ဝတ်ပေးမယ်..
    အင်္ကျ ီလေး လဲ ဝတ်ပေးမယ် .. ကလေးလည်းထိန်းပေးပါ့မယ် .. :hee:
    အဲ တစ်ခုပဲ နော်.. အမြင်မတော်လို့ ခွေးလိုက်ဆွဲရင်တော့ တတ်နိုင်ဘူးဗျို့ ..

  • Wow

    November 14, 2012 at 1:29 pm

    ဟယ်… လှပါဒယ်ဆိုမှ ရေမချိုးရသေးဘူးလုပ်နေပြန်ဘီ…
    ဘပုက နောမနိပ် သွားဘီနော် ပို့စ်ကို… ကဲ ဆုရရင် ဝယ်ကျွေးဖို့ပြင်ထား :hee:

  • ကျနော်က ထုံးစံအတိုင်း “နွေဦးနောက်ကလိုက်ခြင်း(ခရီးသွားရင်းတက်ရတဲ့အိမ်သာ)ဆိုရေးမလို့
    ဗျာ.
    နာမယ်သုံးခွင့်ပေးနော်
    ကိုပေါက်က သူများနောက်ကလိုက်ရတာ ဝါသနာပါလို့ပါ.

    • နွေဦး

      November 14, 2012 at 3:02 pm

      လုပ်ပါ ကိုပေါက်ရာ.. ကျွန်တော်လဲ မှီရာက အားဖြည့်ပေးရတာပေါ့…
      ကျေးဇူးပါ ။

  • kotun winlatt

    November 14, 2012 at 1:49 pm

    ကျေးဇူးးးးတင်ပါသည်….ကျေးဇူးးးတင်ပါသည်…
    ဘာရယ်မဟုတ်..ကြားဘူးတဲ့ သီးချင်းတစ်ပုဒ် အော်ဆိုသွားပါဒီ…..။

  • Ko Khin Kha ( သရီးကေ )

    November 14, 2012 at 2:28 pm

    နွေဦးရေ ကလေးက ယောင်္ကျားလေးဆို ကိစ္စမရှိ ကိုယ်လုံးတည်းနဲ့လွှတ်လိုက်လို့၊ မိန်းခလေးဖြစ်နေရင်တော့ နောက်မလုပ်နဲ့နော် ယဉ်ကျေးမှု့ထိန်းသိမ်းရေးအသင်းက ကန့်ကွက်စာရောက်လာနိုင်သဗျ။

    • နွေဦး

      November 14, 2012 at 3:08 pm

      အကိုရေ ..
      ကျွန်တော်က ခလေးကို” ဂွေးတန်းလန်းနဲ့ လွှတ်လိုက်တယ် “လို့ကွက်ကွက်ကွင်းကွင်းမြင်အောင် ရေးလိုက်ချင်တာပါ…ဒါပေမဲ့ အကိုပြောသလို ဟိုအဖွဲ့က ရှက်ပြီး ကန့်ကွက်နေမှာ စိုးလို့ မရေးလိုက်တာပါ..
      အခုလဲ ကျွန်တော် မရေးပါဘူး..သဘောပြောတာပါဗျာ.. 🙂

  • kyeemite

    November 14, 2012 at 3:51 pm

    ရွာထဲကလူတွေကို သတိပေးထားရအုံးမယ်..
    နွေဦးရောက်ပြီ ဆိုရင် မီးရေးထင်းရေး သတိပြုကြပါဗျို့.. :hee: :harr: :kwi:

  • အလင်းဆက်

    November 14, 2012 at 6:24 pm

    ဘောင်းဘီ ဝတ်မပေးဖြစ်ရင်တောင်…
    အပ်ချည်ကြိုးလေးလောက်တော့..
    ခါးတောင်းကျိုက်ပေး….ပေါ့နော် ။

    :kwi:

  • padauk moe

    November 14, 2012 at 8:10 pm

    အားပေးခဲ့တယ် နွေဦးရေ အင်းအလည်လာခဲ့ရင် နတ်တိုင်စီးပေးလိုက်မယ် ဟုတ်ပြီလား

  • မောင်ပေ

    November 15, 2012 at 12:06 pm

    ဒီရွာထဲကို ဂွေးပြလွှတ်လိုက်ရင်တော့
    အင်း…
    “ ဖြိုး ” ဆိုတဲ့တစ်ယောက်ပြေးလာပြီး မသွားမှာ သေချာလောက်တယ်
    အဲ့နေရာလေးကွက်ဖုံးပေးပြီးမှ လွှတ်ဗျာ
    :kwi:

Leave a Reply