နံရံထက်ကပန်းချီနဲ့ ရုပ်လုံးကြွ အနုပညာ(အာလိန်ငါးဆင့်အောက်က နံရံ-သမ္ဗုဒ္ဓေစေတီ-မုံရွာ)

1 ကန့်တော့ပန်းဆင်

 

2 ပျော်ရွှင်ကြည်နူး

 

3 အကြည့်……………………….

 

4 မြားအခ
5 မြားဒဏ်ရာနဲ့လဲနေသူကိုပွေ့ပွေ့ပိုက်ပိုက်
6 ဆုတောင်းသစ္စဆို
8 ရေစင်သွန်းလောင်း

 

9 အနားကပ်မလာနဲ့ နော် အော်လိုက်မယ်
9 ပျော်ရွှင်စွာ

 

10 သစ်သီးခူး
11 ပြုစုစောင့်ရှောက်

 

12နားနားနေနေ
13 နုတ်ဆက်ခွဲခွာ

 

14 အနားတိုးမလာပါနှင့်ဖယာ့
15 ဇွတ်………………………………..

 

“နံရံပေါ်မှရုပ်လုံးကြွ”

 

မြန်မာ့မူ့လက်ရာ ပန်းဆယ်မျိုး ထဲမှာအပါအဝင်ဖြစ်တဲ့ အင်္ဂတေရုပ်ကြွ သစ်သားရုပ်ကြွတွေကို

ဘုရားအတော်များများမှာမြင်ရလေ့ရှိပါတယ်။

မန်းလေးက ရွှေကျီးမြင် အိမ်တော်ရာစေတီတွေရဲ့ နံ့ရံတွေမှာတွေ့နိုင်ပါတယ်။

မိုးညှင်းသမ္ဗုဒ္ဓေရောက်တဲ့အခါ အာလိန်ငါးဆင့်ကတက်ပြီး အဆင်းအောက်ခြေနံရံမှာ

ဒီလိုရုပ်ကြွတွေ တွေ့ရတာပါဘဲ။

တစ်ခုကတော့ စန္ဒကိန္နရီဇာတ်ထုတ်က ဇာတ်ဝင်ခန်း။

ကျန်တာကတော့ ကျနော်မသိ။

မန်းလေးသကျသီဟဘုရားမှာလဲ ဒိလိုရုပ်ကြွတွေရှိပါတယ်။

တစ်ရက်တော့ လက်ဆော့တင်ပေးလိုက်ပါအုံးမယ်

 

ကိုပေါက်လမ်းသလားနေသည်

14-11-2012

 

 

14 comments

  • မြန်မာပြည်ဘုရားတန်ဆောင်းတွေနံရံတွေမှာ ဒီလိုရုပ်ကြွတွေအများကြီး တွေ့မြင်နိုင်ပါ၏။
    သို့သော် ထိန်းသိမ်းသူမဲ့သောကြောင့် ပျက်စီးသွားတာ များပါ၏

  • လုံမလေးမွန်မွန်

    November 18, 2012 at 12:32 pm

    သမီးတို့မြို့က ဘုရားတန်ဆောင်းမှာလည်းရှိတယ်… အရမ်းစိတ်ဝင်စားတာပဲ… ဘယ်လိုများထုထားလေသလဲပေါ့နော်… အောက်က ဇာတ်တွေက သမ္ဘူလ နဲ့ မဒ္ဒီဒေဝီ ဇာတ်လို့ ထင်ပါတယ်…

    လေးပေါက်ရေ..အပေါ်မှာ အမရာလို့ ရေးလိုက်တယ်..ကွန်မန့်ထပ်သွားရင် ဖျက်ပေးပါဦး…

    တူမ
    မွန်မွန်

  • Hnin Hnin

    November 18, 2012 at 2:59 pm

    လေးပေါက်ရေ….အဲ့ ရုပ်လုံးကြွတွေ မတွေ့ခဲ့ပြန်ဘူးတော့…..
    အာလိန်ငါးဆင့် ဆိုတာတောင်မှ မသိလိုက်တာဆိုတော့… 🙁
    နေရာတစ်နေရာ ရောက်လိုက်ရက်သားနဲ့ စုံစုံ မလည်၊မဖူးလိုက်ရရင် စိတ်ကိုမကောင်းတော့ဘူး။

    နံပါတ်(၅) ပုံကိုကြည့်ပြီး ထုထားတာ သရုပ်ပါလွန်းလို့ ရင်ထဲမှာတောင် မချိဖြစ်သွားတယ်….

  • ရွှေ ကြည်

    November 18, 2012 at 3:36 pm

    လေးပေါက်ရေ တော်လေးဝဝင် ရာဇဝင်ကိုပုံဖေါ်ထားတယ်ထင်တယ်။
    နေဦး နာမည်ခွဲမရဘူးဖြစ်နေတယ် အမရာ ကိန္နရီ မဒ္ဒီ သမ္ဗူလ ဆိုပြီးရှိတာ အရင်ကအကုန်ပုံဖေါ်ထားတာဖြစ်နိုင်တယ်အခုတချို့မရှိတော့တာထင်တယ်။
    တခုက နူနာရောဂါသည်မင်းသားကိုဖခမည်းတော်ကနန်းကနှင်
    တော့ မိဖုရားကလိုက်သွားပြုစု တောထဲသွားသစ်သီးရှာဘီလူးကစွဲလို့အပြန်နောက်ကျတော့
    မင်းသားကစွပ်စွဲတော့သစ္စာပြုပြီး ရောဂါပျောက်ကင်းစေတာလေ အဲဒါ လို့ ထင်တယ်..။
    ထင်တယ် ထင်တယ်………ထင်တယ်တွေများသွားပြီ 😆

    • ရွှေ ကြည်

      November 18, 2012 at 5:52 pm

      အဲ ဟုတ်ပ လေးပေါက်ရေ ရောကုန်ပြီ :mrgreen:

  • မောင်ပေ

    November 18, 2012 at 7:08 pm

    သကျသီဟ ဘုရားထဲမှာ
    ကျုပ်တို ့ငယ်ငယ်တုန်းက ၊ အကြွေစေ့ထည့်လိုက်ရင် ၊ အရုပ်လေးတွေထွက်လာပြီး ဟိုပြေး ဒီပြေး လုပ်ပြတဲ့ မှန်ဗီရို နဲ ့ဟာကြီး(စက်လားမသိ) ဆော့ခဲ့ဖူးတယ်ဗျ
    ပြီးခဲ့တဲ့နှစ်က ဘုရားထဲရောက်တော့ မတွေ ့တော့ဘူး ။

  • Mobile

    November 18, 2012 at 7:51 pm

    ကိုပေါက် ကအခုတစ်လော ကျနော် တို့မုံရွာ ဖက်ကို ခြေဦးလှည့်နေပါလား
    မုံရွာမှာရှိတဲ့ ဘော်ဒါတွေကိုတော့ သတိပေးထားရဦးမယ် အခုတစ်လော လမ်းပေါ်မှာ
    သိပ်ပြီးဘာမှ ဆန်းဆန်းပြားပြား မလုပ်ကြပါနဲ့လို့ တော်ကြာနေ ထူးခြားတာလေးတွေတွေ့ရင်
    ကိုပေါက် လက်ချက်မိသွားမှာစိုးလို့ပါ။
    ကိုပေါက် ဒီပုံတွေကိုရိုက်ခဲ့ပေမယ့် ဒီပုံတွေထဲမှာ ထူးခြားမှုရှိတဲ့ဟာလေးတစ်ခုကိုတော့
    မတွေ့ခဲ့မိဘူးထင်တယ်ဗျ။ ဒီပုံတွေထဲမှာ သူဌေးတစ်ယောက်နဲ့ သူဌေးကတော် ဘုရားရှေမှာ
    လက်အုပ်ချီထားတဲ့ပုံဗျ ။ အဲ့ဒီ သူဌေးရဲ့ အင်္ကျ ီအိပ်ထောင်ထဲမှာ စီးကရက်ဘူးတစ်ဘူး ထည့်ထားတာ
    တွေ့ရတယ်။ စီကရက်နာမည်တော့ မမှတ်မိတော့ဘူး။ ပန်ရံဆရာ လက်ဆော့ထာတာနဲ့တူပါတယ်
    နောက်များမှာ ကြုံကြိုတ်လို့ရှိရင် အဲဒီပုံလေးကို ပါအောင်တင်ပေးပါဦး။

    • ဟုတ်ပါ ကိုမိုဘိုင်းရေ
      မတွေ့ခဲ့ဘူးဗျ
      ကျနော်ဒီပုံတွေရိုက်ကောင်းနေတုန်း ရွှေတောင်ဦးဘက်ကို ဆက်ကူးမယ်ဆိုတော့
      ရိုက်ရင်းတန်းလန်းနဲ့ပြေးခဲ့ရတာ မစုံဘူး။
      နောက်မြောက်ဘက်ရေကန်နံရံမှာရှိတဲ့ရုပ်လုံးကြွတွေလဲမရိုက်ခဲ့ရဘူး။
      နောက်တစ်ခေါက်……………………
      မပူပါနဲ့မုံရွာကပြန်လာတာကြာပေါ့။
      လမ်းဘေးဈေးသည်တော့ရိုက်ခဲ့ပါသေးတယ်.

  • ဦးကြောင်ကြီး

    November 18, 2012 at 8:23 pm

    ဓာတ်ပုံဆြာဂျီးဦးပေါက်
    မှတ်ယုံရှာဖြီးဗူးဖောက်
    ရပ်စုံခွာနီးဒူးထောက်
    အပ်ထုံသာစီးဖူးမောက်…။

  • ဖူးမောက်တာ အထုးိခံထားရလို့
    ဒူးထောက်တာကတော့ချစ်ခွင့်ပန်ဘို့
    ဗူးဖောက်တာကတော့ ကော်ဖီသောက်ချင်လို့
    ဦးပေါက်ကတော့ တော်ပြီနောက်တစ်ခါ မမန်းချင်တော့ဘူးနော်

  • တောတွင်းပျော်

    November 20, 2012 at 2:16 am

    တစ်ပုံချင်းစီ ပေးထားတဲ ့နာမည်ကြည် ့လာရင်း နံပါတ်၉ပုံကိုပေးထားတာ
    ဖတ်မိတော ့ ပြုံးမိလိုက်တယ်။
    အနားကပ်မလာနဲ့ နော် အော်လိုက်မယ်

Leave a Reply