ဒူးရင်း ရွှေကြည် ဆနွင်းမကင်း easy cook

weiweiNovember 14, 20121min29919

ဆနွင်းမကင်းလို့ဆိုလိုက်တာနဲ့ သိပ်ခက်မှာပဲ .. ပင်ပန်းမှာပဲလို့ပဲ ထင်ကြပါတယ်။ မြန်မာအလှူပွဲတွေမှာ ရိုးရာမုန့်တစ်မျိုးအနေနဲ့ မပါမဖြစ်တဲ့ မုန့်တစ်မျိုးဖြစ်ပါတယ်။ အိမ်မှာ ဒီအတိုင်း မုန့်လုပ်စားတဲ့ သွားရေစာအနေနဲ့ လုပ်စားလေ့မရှိကြဘူး။ သိပ်ခက်တယ်လို့ ထင်ကြတာကြောင့်လဲ ဖြစ်ပါလိမ့်မယ်။
ကျွန်မကတော့ အလွယ်ဆုံးနည်းလမ်းသုံးပြီး အိမ်မှာ လုပ်စားလေ့ရှိပါတယ်။ ဒီတစ်ခါ လုပ်နည်းရေးရင်း အမြည်းကျွေးလိုက်ပါတယ်။

ပါဝင်သောပစ္စည်းများ
ရွှေကြည်မှုန့် …… ၂ဝ ကျပ်သား
သကြား …… ၂ဝ ကျပ်သား
အုန်းသီးရည်နှင့်ရေအရော စုစုပေါင်း ၇၅ဝ မီလီလီတာ (၃ ခွက်စာ)
ဆီ ……. ၅ ကျပ်သားခန့်
ထောပတ် ……. ထမင်းစားဇွန်း ၃ ဇွန်း
ဆား ……. လက်ဖက်ရည်ဇွန်း ၃ ဇွန်း
ဒူးရင်းသီး …… အမွှာကြီးကြီး ၄ မွှာစာလောက်ကို အသားနွာထားပါမယ်
ဘိန်းစေ့ …… အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်
မီးဖို ၂ ဖိုသုံးပြီး တစ်ပြိုင်ထဲလုပ်ပါတယ်။ တစ်အိုးထဲမှာ အုန်းနို့ (ကျွန်မကတော့ အလွယ်တကူ ရယ်ဒီမိတ် အုန်းနို့ဗူးအကြီးထဲက တစ်ဝက်ကို ထည့်ပါတယ်။ ရေ ၂ ခွက်ရောထည့်ပြီး ဆူပွက်အောင်ကျိုပါတယ်။ နောက်တစ်အိုးမှာ ရွှေကြည်ထဲမှာ အရောင်နဲနဲညိုလာအောင် လှော်ပါတယ်။ လှော်ပြီးသားရွှေကြည်၊ ဆား၊ သကြား၊ ဒူးရင်းသီး၊ ဆီ၊ ထောပတ် အားလုံးကို အုန်းနို့အိုးထဲထည့်ပြီး မွှေပါတယ်။ ဆီကိုတော့ နဲနဲချင်းထည့်ပြီး မွှေပါတယ်။ ၃ မိနစ်အောင် ခပ်စေးစေးဖြစ်သည်အထိ မွှေပြီးရင် မုန့်သားကျက်ပါပြီ။ မုန့်ဖုတ်မည့် ဗန်း (ကျွန်မကတော့ ဗန်းမရှိလို့ … ဖုတ်မယ့် oven ကလဲ သေးလို့) ထောပတ်ဆီသုတ်ထားတဲ့ စတီးဗူးပြားထဲကို မုန့်တွေကို ညီအောင်ထည့်ပြီး အပေါ်ကနေ ဘီးစေ့ဖြူးပါတယ်။ ပြီးရင် အမြင့်ဆုံးအပူချိန်မှာ ထားထားတဲ့ oven ထဲထည့်ပြီး မိနစ် ၃ဝ ဖုတ်လိုက်ရင် မွှေးကြိုင်သင်းပြန့်ပြီး စားချင်စဖွယ် ဆနွင်းမကင်းရပါပြီ။ အအေးခံပြီး ဓါးနဲ့လှီးစားလို့ရပါပြီ။ ကျွန်မတစ်ယောက်ထဲနဲ့ အစအဆုံး လုပ်နိုင်သည်အထိ လွယ်ကူအဆင်ပြေပြီး အရသာကောင်းမွန်ပါတယ်။

oven ဖြင့် ဖုတ်ပြီးပြီး အနေအထား
စားရန်အသင့်

*** ရွှေကြည် ၂ဝ သားလုပ်လျှင် ပုံထဲမှာပြထားတဲ့ ပန်းကန် ၃ ပန်းကန်စာလောက်ရပါမယ် ****

19 comments

  • ရွာစားကျော်

    November 14, 2012 at 5:47 pm

    ဦးဦးဖျားဖျား
    နှိုက်စားသွားပါတယ်ခင်ည

  • MaMa

    November 14, 2012 at 5:48 pm

    အီးဇီးကွတ် မတင်တာကြာလို့ သတိရနေတာ ဝေဝေရေ။
    ခုရက်ထဲ ပိတ်ရက်တွေများလို့ တစ်မျိုးပြီးတစ်မျိုး လုပ်စားကြည့်နေတာ။
    ခုလည်း လုပ်စားကြည့်ဖို့ ရွှေကြည်တစ်မျိုးတိုးလာပြီ။
    အဲလိုနည်းနဲ့ ဝိတ်ချနေတယ်ပြောလို့ အနီးကပ်ဆရာဝန်က မျက်လုံးပြူးကြည့်တာ ခံရသေးတယ်။ :harr:

  • ခိုင်ဇာ

    November 14, 2012 at 5:55 pm

    အို။ ဒူးရင်းသီးဆနွင်းမကင်းနဲ့ ဝိတ်တက်လို့ကတော့ ဘယ်လောက်ဝဝ။ :kwi:

  • nozomi

    November 14, 2012 at 5:57 pm

    ရွှေကြည်ကို တကယ်ကြိုက်တာ ဗျ
    ( တခြား မြန်မာ မုန့်တွေလဲ ကြိုက်တာပဲ ရေမုန့် ၊ မုန့်ပစ်သလက်…..စားချင်လိုက်တာ )

    ရွှေပုဇွန်ကြုံမှ ဆိုင်က ဝယ်ဝယ်စားရတာ
    နောက်ကြုံ မှ ဒီ နည်းနဲ့ လုပ်ခိုင်းကြည့်ရဦးမယ်

    မ ဝေ ကြီး ဘယ်လောက်ချမ်းသာလဲ ဆိုတာ ဒါ လက်တွေ့ တစ်ခုပဲ

    • weiwei

      November 14, 2012 at 6:08 pm

      ပိုက်ဆံတော့ မချမ်းသာပါဘူး ဦးနိုရယ် … အချိန်တွေ ချမ်းသာနေတာပဲ ဖြစ်ပါလိမ့်မယ် …
      အခုတလော အပြင်က အစားအစာတွေကို စားရမှာ စိတ်မသန့်ဖြစ်လွန်းလို့ စားချင်တာရှိရင် အိမ်မှာပဲ ကိုယ်တိုင်လုပ်စားတဲ့အလေ့အကျင့်ဖြစ်နေလို့ပါ …
      ဂျုံနဲ့ မုန့်အမျိုးမျိုး လုပ်ကြည့်နေပေမယ့် အခြေအနေသိပ်မကောင်းသေးလို့ ပို့စ်မတင်ဖြစ်သေးတာမို့လို့ နောက်ဆိုရင် ဂျုံနဲ့လုပ်တဲ့မုန့်တွေ များများတင်ဖြစ်ပါတော့မယ် …

      • nozomi

        November 14, 2012 at 6:43 pm

        ဒါလေးကို ညွှန်းတာပါ ခင်ဗျ

        ” ဒါပေမယ့် တကယ်တမ်းမှာ ကျွန်မက သူ့ထက် ချမ်းသာပါတယ် (အချိန်၊ စိတ်၊ ကျန်းမာရေး၊ လူမှုရေး၊ ဝါသနာ၊ မိသားစု) …”

        ဆက်တင်ပေးပါ နည်လမ်းလေးတွေ ရတာပေါ့

        • weiwei

          November 14, 2012 at 7:02 pm

          ဪ .. ဟုတ်သားပဲ ..
          ချမ်းသာကြောင်း ဝန်ခံထားမိတာပဲ ….
          တိုက်ဆိုင်တာကလဲ အဲဒီသူငယ်ချင်းလာလည်မှာမို့လို့ ဆနွင်းမကင်း ကိုယ်တိုင်လုပ်ကျွေးဖြစ်တာပါ .. မြင်မြင်ချင်း သူက ဘာပြောလဲဆိုတော့ … နင်တော်တော်အားနေတယ်ပေါ့လေ တဲ့ …

  • pooch

    November 14, 2012 at 9:30 pm

    တခါတလေကျတော့လည်း စိတ်ပြေလက်ပျောက် မုန့်လုပ်စားရတာ စာအုုပ်ဗီရိုထိုင်ရှင်းနေတတ်တာ ဓာတ်ပုံတွေ ပြန်ကြည့်ရတာကလည်း နေလို့ ထိုင်လို့ ကောင်းတယ်။ စိတ်အနားပေးခြင်းတမျိုးပါပဲ။
    မဝေ စာလေးဘာလေး ရေးပါအုန်း ။

    ကျမလည်း ရေးပါ့မယ် :mrgreen:
    လောလောဆယ်တော့ သူများခိုင်းဖတ်ဖြစ်နေလို့ ရွာတောင် နေ့တိုင်း မဝင်နိုင်ဘူး ဖြစ်နေတယ်။

  • မောင်ပေ

    November 14, 2012 at 9:47 pm

    ယခု ပြသ မုန် ့အလှကြောင့်
    အပျိုကြီးတစ်ယောက်
    ဒီအချိန်အခါသမယက စပြီး
    အလှကျက်သရေတွေတိုးကာ
    ဘဝအတွက် ကြင်ဖော်ရပါစေဗျား

  • ဦးကြောင်ကြီး

    November 15, 2012 at 8:56 am

    နေ့လည်စာ ဒူးရင်းသီး ဝက်သုံးထပ်သား အုံးနို့ဆမ်း ဟင်းချက်နည်း ရေးပါအုံး အန်တီဝေ။ တို့စရာကတော့ ကတက်ချဉ်နဲ့ ဓညင်းသီးကို ငပိရည်လေးနဲ့ပေါ့။

  • Ma Ei

    November 15, 2012 at 9:26 am

    ရွှေကြည်ဆနွင်းမကင်း ကိုအကြိုက်မို့ ဒူးရင်းသီးနဲ့ဆိုပိုကောင်း …
    အုန်းသီးကြော်လေးဖြူးစားလိုက်ရရင် အကြိုက်တွေ့ပါပေါ့…
    အာလူး ဆနွင်းမကင်း လေးလဲ ကြိုက်တာဘဲ…
    ရွှေပုဇွန်ကရွှေကြည်ဆို လေး၊ငါးတုံးလောက်လေးတစ်ဘူးကို
    နှစ်ထောင်ကျော် ပေးစားနေရတာ၊မတန်ဘူးထင်လဲ စားကောင်းတော့…
    စားချင်တော့…ဝယ်ရတာဘဲလေ…
    အိမ်မှာလုပ်စားတော့ ကောင်းကောင်း များများကို ခဏခဏ စားရတာပေါ့နော်…

  • kyeemite

    November 15, 2012 at 9:43 am

    ဒူးရင်းသီးဆနွင်းမကင်း ပုံကြည့်ရတာ
    အနံ့တောင်မွှေးလာသလိုပဲဗျာ….စားသွားတယ်ဗျို့..
    :hee:

  • မိုချို

    November 15, 2012 at 11:03 am

    ရန်ကုန် ရောက် ရင် တော့ ရွာ ထဲ သွားရေ ကျ စရာ တွေ ချည်း လုပ် ကျွေး နေကြတဲ့ မဝေ ၊မအိ ၊ မနို ၊ နောက် ပျောက် နေတဲ့ အမ တယောက် မသဲနု အေး တို့ အိမ်တွေ လိုက် လည် ပြီး စား ရရင်ကောင်း မယ်။

  • Mon Kit

    November 15, 2012 at 11:23 am

    ရွာထဲ ဒူးရင်းဆနွင်းမကင်းနံ့လေးရလို့ ဝင်လာရင် အဝတီးပါတယ်…
    ကြိုက်လို့ပါ… :hee:

  • candle .

    November 15, 2012 at 4:00 pm

    ဒီတစ်ပတ်ပိတ်ရက်တော့ လက်တည့်စမ်းရမယ်..
    မဝေ လုပ်ထားတာတော့စားချင်စရာလေး..
    ကိုယ့်အလှည့် ဘယ်လိုထွက်လာမယ်မသိ..
    အခုတော့ နည်းနည်းမြည်းသွားပါရစေနော်.. 🙂

  • ရွာသူ jujuma .

    November 15, 2012 at 4:21 pm

    ဗိုက်ဆာတာနဲ့ နဲနဲ မြည်းသွားပါတယ် အစ်မရေ .. :hee:

  • မဝေ
    ဒီမုန့်လေးနဲ့ ရေနွေးကြမ်းလေးနဲ့ ဆို အရမ်းလိုက်မှာဘဲနော်။
    စကားပြောဖော်လေးနဲ့ဆို မိုက်မှ မိုက်ဘဲ။

  • Novy

    November 15, 2012 at 4:44 pm

    မဝေရေ.
    လုပ်နည်းလေးကူးသွားနော်
    မုန့်လေးလဲမြည်းသွားတယ်

  • aye.kk

    November 15, 2012 at 4:57 pm

    မဝေရေ
    ကျေးဇူးပါနော်။ဒူးရင်းရွှေကြည်ဆနွင်းမကင်းကိုအရမ်းနှစ်သက်ပါ၏။
    မဝေဆီမှာဧည့်သည်လုပ်ပြီးစိတ်နဲ ့ပဲစားသွားလိုက်ပါ၏။။

Leave a Reply