အိန္ဒြေရရ သလ္လာမြေ အလှ………………………………

1 မုံရွာဆိပ်ကမ်းအလှ
2 ဗောဓိတစ်ထောင်ဘုရားကနေမြင်ရတဲ့ တောင်ဘက်ခြမ်းအလှ
3 အနောက်ဖက်ခြမ်းအလှ
4 တံတားအထက်ကတိမ်

 

5 ချင်းတွင်းတံတားကို ရွေတောင်ဦးစေတီပေါ်ကမြင်ရတာပါ

 

7 အဝေးကမြင်ရတဲ့တောင်တန်း

 

8 ဒီသောင်လေးမြင်တော့ ခင်ဝမ်းကြီးရဲ့ သောင်ကမ်းခြေဆိုတဲ့သီချင်းသံလေး နားထဲကြားလာမိပါတယ်
9 မြစ်အရှေ့ဘက်ကမ်းကစေတီ

10အနောက်ဖက်က မြင်ကွင်းစိမ်းစိမ်း 

11 တောင်ဘက်ယွန်းယွန်း အလှ

 

12 အနောက်ဖက်ခြမ်းကလှပတဲ့မြင်ကွင်း ရင်ထဲကိုအေးကြည်သွားပါတယ်

 

13 တံတားဖက်မြင်ကွင်း

 

14 အနောက်တောင်ဘက်က သဲတောင်ကုန်း

 

 

15 စိမ်းမြမြ မိူုင်းတောင်
16 ဒါကလဲ အနောက်ဘက်မြင်ကွင်းလေးပါဘဲ

 

 

17 အဝေးကမြင်ရတဲ့ ကြိူးတံတားလေး

 

18 သဲသောင်ပြင်ကျယ်ကျယ် အဝေးမှာ စေတီငယ်

 

19 အဝေးက ရပ်တော်မူ
20 မြစ်ပြင်ရဲ့လှပသောမြင်ကွင်း

 

“အိန္ဒြေရရ သလ္လာမြေအလှ”

 

 

 

မုံရွာကိုအရင်တစ်ခေါက်ရောက်တော့ ညနေစောင်း။

မိုးကလဲ    တစိမ့်စိမ့်။

တကယ်ရောက်တော့ကလဲ ကမ်းနားလမ်းမှာတင် အချိန်ကုန်။

အဲတော့ ဘာမှ ဓါတ်ပုံသိပ်မရိုက်ဖြစ်။

 

ဒီတစ်ခေါက်ကတော့အလည်သက်သက်ဆိုတော့ ပိုလက်ဆော့ဖြစ်ပါတယ်။

ဗောဓိတစ်ထောင်ကနေ ရွှေတောင်ဦးအသွားလမ်းရယ်

ချင်းတွင်းမြစ်အနောက်ဘက်ကမ်း က ရွှေတောင်ဦးစေတီပေါ်ကတော့ ပိုရိုက်ဖြစ်ပါတယ်။

တောင်ရဲ့အနောက်ဖက်ခြမ်းကတော့ စိမ်းစိမ်းစိုစို သာသာယာယာ

ခံစားလိုက်စမ်းပါအုံးဗျာ။

 

ကိုပေါက်လမ်းသလားနေသည်

15-11-2012

 

19 comments

  • ခိုင်ဇာ

    November 19, 2012 at 1:17 pm

    အင်း။ ကိုကြီးပေါက်ကို အားပေးချင်တော့လည်းလာကြည့်မိပြန်ပေါ့။
    ချင်းတွင်း အနောက်ဘက်ကမ်းကူးတဲ့ ဇက် စီးခဲ့သေးလားဗျ။
    ဆိုင်ကယ်တို့ ကားတို့ပါရင် ဇက်နဲ့ ကူးရတာ။
    လူချည်းပဲဆိုရင်တော့ မော်တော်နဲ့သွားလို့ရတယ်။ ကျနော် ချင်းတွင်း အနောက်ဘက်ကမ်း ပုလဲ၊ ဂန့်ဂေါ ဘက်လည်း နေဘူးတယ်။ :mrgreen:

    • မကူးခဲ့ရဘူးဗျ ကျနော်တို့ တံတားကြီးပေါ်ကဖြတ်ပြီး ခဏနေတော့ ရွှေတောင်ဦးဘုရားအဝင်ဝကို
      ရောက်သွားသေးတာ။
      ယာကြီးလမ်းဆုံရောက်တော့ တည့်တည့်ဆက်မသွားဘဲ
      မြောက်ဘက်ပြန်ချိုးတော့ ဒီဘုရားရောက်သွားတာပါ။
      ချင်းတွင်း အနောက်ဘက်ကမ်း ပုလဲ၊ ဂန့်ဂေါ
      အဲဒီဘက်ရောက်ဘူးသေးဘူး သွားချင်တယ် လက်ဆော့ဘို့

      • ခိုင်ဇာ

        November 19, 2012 at 1:43 pm

        ရာသီကခြောက်ကပ်ကပ်နဲ့ဗျ။ ဓာတ်ပုံရိုက်တတ်တဲ့သူတွေ မြင်ကွင်းတော့ ဘယ်နှယ်နေမယ်မသိဘူး။
        သွားနိုင်ရင် ဆောတို့ ယောတို့ဘက် ဆက်သွား။ စိုစိုပြေပြေ ကလေးမလေးတွေကလည်းချောသဗျာ။ :mrgreen:

        • အလုပ်လုပ်စားစရာမလိုတော့တဲ့အခါ လျောက်သွားမယ်ဗျာ။
          တကယ်လို့ သိန်းထောင့်ငါးရာပေါက်ရင်တော့ စောစောပိုသွားဖြစ်မယ်ထင်တာဘဲ

        • တောတွင်းပျော်

          November 19, 2012 at 11:01 pm

          ၄တန်းကျောင်းသားဘဝ နွေရာသီ ကျောင်းပိတ်ရက်မှာ ယောက အကိုကြီးတွေနဲ ့လိုက်ရင်း
          ယောဘုရားပွဲကိုရောက်ဖူးတယ်။
          တကယ်သာယာတဲ ့နေရာပဲ။ ချင်းရိုးမတောင်ခြေရင်းမှာ တည်တဲ ့ယောမြို ့ကလေးက
          ညနေစောင်းရင် နေကြာခင်းတွေအပေါ် ဖြတ်တိုက်လာတဲ ့လေချိုအေးတွေ ရှုရှိုက်ရတာ
          ကိုကကြည်နူးစရာ…
          ကျနော်တို ့ကတော ့ ညနေစောင်းရင် ထန်းတောမှာ…
          အကိုကြီးတစ်ခွက် ကျနော်တစ်ခွက်ပေါ ့..
          အပြန်ကျရင် ကျနော်ဘယ်တော ့မှခြေကျင်လျှောက်မပြန်ရဘူး။
          ယောအကိုကြီးတွေက ထမ်းပိုးသွားကြတာ.. မူးနေပြီလေ…
          နောက်ပြီး ယောဓလေ ့ ဘုရားကန်တော ့မီးကမ်းပန်းကမ်းကလည်း အတီးအမှ ုတ်တွေနဲ ့
          ကြည်နူးဖို ့အရမ်းကောင်းပါတယ်။

  • Novy

    November 19, 2012 at 2:12 pm

    လေးပေါက်ရေ.
    12/ 18 ကို ရင်ထဲထိအောင်ခံစားလိုက်ပါတယ်

  • နှင်းဆီ ငုံ

    November 19, 2012 at 5:22 pm

    လွမ်းပါတယ်ဆိုမှ လေးပေါက်ရယ် ..
    လာလာဆွပေးနေတယ်
    ဟင့် …. ချစ်တော့ဝူးးးးး

  • အလင်းဆက်

    November 19, 2012 at 8:34 pm

    ကိုင်း….

    အခုတော့.. လေးလေးပေါက်…. ပြတဲ ့ပု့ရိပ်တွေက တဆင့်..
    ခရီးတစ်ခု ထွက်ပြီး..ပေါ့ ..

    🙂

  • candle .

    November 19, 2012 at 8:42 pm

    19 အဝေးကရပ်တော်မူ….
    အမြင်နဲ ့တင် ကြည်ညိုစရာ….

  • တောတွင်းပျော်

    November 19, 2012 at 11:18 pm

    တမျှော်တခေါ် ပြန် ့ပြူးတဲ ့ ဒီရှ ုခင်းတွေမမြင်တွေ ့ရတာကြာလှပေါ ့။
    ပုံ၂၊၁၀၊၁၂ တို ့ကိုခွင် ့မတောင်းပဲ ကျနော်ကူးယူသွားပါတယ်။
    ကျနော် ့ဆီက လူတွေကိုပြဖို ့ပါ။
    ဒီမှာက ဒီလိုရှ ုခင်းတွေမရှိဘူး။

  • blackchaw

    November 20, 2012 at 10:46 am

    မုံရွာပတ်ဝန်းကျင် ရှုခင်းတွေကို ခံစားသွားပါတယ် ကိုပေါက်ရေ…။
    :mrgreen:

  • Hnin Hnin

    November 20, 2012 at 11:01 am

    ပုံတွေက လှလိုက်တာ လေးပေါက်ရေ…
    သိန်း ၁၅၀ဝလည်း အမြန်ဆုံး ပေါက်ပါစေ…
    အဲ့ဆုကြီး ပေါက်လို့ကတော့ ကောင်းပေ့နောက်ဆုံးပေါ်ကင်မရာ ဝယ်ကိုင်ပြီးတော့
    ပုံထွက်တွေ ဒီ့ထက်ကောင်းအုံးမှာ 🙂

  • မယ်နှင်းရေ ကင်မရာကောင်းလဲ ဒီလောက်ဘဲ ဖြစ်မယ်ထင်ပါတယ်။
    လူကောင်းတာမဟုတ်ဘူး သဘာဝမြင်ကွင်းကောင်းကောင်းနဲ့ ကင်မရာလိုက်ဖက်သွားလို့နေမှာပါကွဲ့။.
    ကျနော်က ကင်မရာသီအိုရီတွေ မတတ်ဘူးကွဲ့

  • မိုချို

    November 20, 2012 at 2:01 pm

    လေးပေါက်
    ကိုယ် သာ သွား ဖြစ် ခဲ့ ရင် အပြန် ခရီး မှာ ”အဝေးက ရပ်တော်မူ” ဆိုတဲ့ ပုံ ထဲ က အတိုင်း လှမ်း မြင် နေ ရင်း တဖြည်းဖြည်း ဝေးသွား ရင် မျက် ရည်တောင် ကျ မိ မလား ပဲ။

  • နံပါတ် ၁၈ ပုံလေးကို ကြိုက်မိသဗျာ ..
    အပြာရောင် မိုးကောင်ကင်ကြီးကို မြင်မိတိုင်းလည်း
    “အပြာရောင် ကောင်းကင်ကြီးကို ချစ်တတ်တယ်” လို့ဆိုခဲ့တဲ့ ..
    ကောင်မလေး တစ်ယောက်ကို လွမ်းမိသဗျာ …… 🙁

  • အူးပေါက်ကင်မရာကောင်းချက်ကတော့ပုံထွက်ကိုသာကြည့် ကောင်းကင်အရသာပြည့်ဝပါပေ့။
    မုံရွာကိုတော့ငယ်ငယ်ကတစ်ခေါက်ရောက်ဖူးသား။
    သိပ်တော့မမှတ်မိတော့ဝူး။
    သံဗုဒ္ဓေနဲ့ဗောဓိတစ်ထောင်တော့ကောင်းကောင်းမှတ်မိပါတယ်။
    ဗောဓိတစ်ထောင်ကဆရာတော်ကပုတီးနဲ့ညောင်ရွက်ပုံဆွဲပြားလေးတွေစွန့်တယ်လေ။
    ရပ်တော်မူကြီးတည်ပြီးမှတစ်ခါမှမရောက်ဖူးသေးဝူး။
    သိန်း ၁၅၀ဝပေါက်ရင်တော့မြန်မြန်ပိုရောက်မယ်။
    ထီတော့မထိုးဖြစ်သေးဝူး။

Leave a Reply