ကြည့်စမ်းပါဦးကွာ

ဒေါသတွေနဲ့ ရှင်ပြိုင်နေလိုက်ကြတာ

အေးခြမ်းနေတဲ့ လောကကြီးတောင်  တုန်ဟီးလို့နေပြီနော်

အာဏာတွေနဲ့ မင်းမသိမ်းပိုက်ချင်စမ်းပါနဲ့ သူငယ်ချင်း

အစိုးမရတဲ့လောကကြီးရဲ့ အလယ်မှာ မင်းလေးတစ်ယောက်

သောကတွေဝေမယ့်တစ်နေ့ကို ငါမကြည့်ရက်လို့ပါ

အကျိုးမဲ့ အငြိုးဖွဲ့နေမယ့်အစား စာနာစိတ်ကလေးနဲ့

ညှာတာပေးလိုက်မယ်ဆိုရင် သိပ်သေချာတာပေါ့

မဖိတ်ခေါ်ဘဲရောက်လာမယ့် ပျော်ရွှင်ခြင်းတွေက

မင်းလေးအောက် အစဉ်ဒူးထောက်နေမယ်ဆိုတာ

ပြေးကြည့်မနေစမ်းပါနဲ့ကွာ အတွေးနဲ့တင် မင်းရယ်တက်လာမယ်တစ်နေ့

ကြိုတွေးရင် စိမ်းလမ်းနေတဲ့ ကမ္ဘာလေး သာယာစေဖို့ တို့တစ်တွေ

အတူကြိုးစားကြပါစို့လား သူငယ်ချင်းရေ……………

ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..