အပြစ်မဲ့ကလေးငယ်တွေ ဘာကြောင့်များ

လောကအလယ်မှာ သူတို့လေးတွေ

ပူဆွေးနေရတာလဲကွယ်…………..

ရင်ခွင်မဲ့တစ်နေရာမှာ သူတို့လေးတွေ

ငြိုးငယ်သောစိတ်ထားတွေနဲ့

ဘယ်တော့ခါများ ငြိမ်းချမ်းနိုင်မလဲလေ……………

စာနာပေးကြပါ စာနာပေးလိုက်စမ်းပါကွာ

အချစ်မဲ့နေတဲ့ လောကအလယ်မှာ

ငါတို့ရဲ့ နူးညံ့တဲ့ နှလုံးသားတစ်စုံနဲ့ ကြင်နာမှုလေးတွေကို

ဘာကြောင့် မပေးစွမ်းနိုင်ရမလဲလေ…………….

ကြိုးစားလိုက်စမ်းပါ ကြိုးစားကြည့်စမ်းပါကွာ

တိုတောင်းလှတဲ့ လောကကြီးမှာ

ရင်ခွင်မဲ့နေတဲ့ ရင်သွေးငယ်လေးတွေကို

ငါတို့တစ်တွေ နွေးထွေးတဲ့ အပြုံးများနဲ့

လောကကို အလှစင်နိုင်မယ်ဆိုရင်

သူတို့လေးတွေ ပြုံးတက်လာတဲ့တစ်နေ့

နိုင်ငံရဲ့ ခေါင်းဆောင်ကောင်းလေးများ ဖြစ်စေဖို့

ကြိုးစားကြပါစို့နော်…………………..

ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..