တင်မိတဲ့အကြောင်းလေး

 တခါတလေ ကြုံဖူးပါတယ် Gmail ဖြစ်စေ Facebook ဖြစ်စေ ဘယ် web page ကိုမဆို user name password ဖြည့်ပီးသွားရင် Firefox ဆိုမေးပါတယ် password တွေကို မှတ်ထားမလားလို့ …

မှတ်ထားမိတဲ့အခါ browser ဖွင့်တိုင်း ဖွင့်တိုင်း Password နဲ့  User Name လေးတွေ အရန်သင့်ဖြစ်နေတာ တွေ့ မိမှာပါ…. Enter ခေါက်ဖို့ ပဲလိုတယ်… Gmail ဆို ၀င်နေကျ user name နဲ့ ပါ အသင့်….

Chrome တို့  Opera တို့ ဆိုမေးလေ့မေးထသိပ်မရှိပါဖူး…. Safariအကြောင်းတော့မပြောတော့ဖူး ကျွန်တော်ကပန်းသီးကိုသိပ်ကြည့်မရလို့ …. :D

ဟုတ်ကဲ့… အဲ့လို Password ကို အလုံးအလုံးလေးတွေနဲ့ ဖြစ်စေ စတားလေးတွေနဲ့ ဖြစ်စေ…. မြင်ရမှာပါ…

Gmail သာ မက facebook, gazette, ကျန်တဲ့ username password loginလိုတဲ့ဆိုက်အားလုံးမှာမည်သည့် javascript enabled browserမဆိုဒီနည်းလေးကိုသုံးရင် password ကို သိနိုင်ပါတယ်….

တော်တော်များများဘလော့ ရေးတာ မတွေ့ မိတာကတကြောင်း… ပြီးတော့….

ကိုယ်ပိုင်စက်အမြဲသုံးတဲ့လူတွေက Password ခနခန မရိုက်ချင်လို့ မှတ်ထားတက်ပါတယ်…..

အဲ့ဒါနဲ့  ခန၀င်သုံးတဲ့သူတွေဖြစ်စေ လက်တော့ပျောက်သွားတဲ့အခါဖြစ်စေ Password တွေကို အဲ့လိုဖော်လိုရကြောင်းသိစေချင်လို့ ပါ… မပေါ့စေချင်တာကတကြောင်း..

ရေးထားပီးသားရှိတဲ့ကိုကိုမမများရှိရင်အားလုံးကို creditပေးပါတယ်…ဆောဒီးပါနော်…

 

လုပ်ပုံလုပ်နည်းကတော့…

ပထမဆုံးလိုတာကတော့ အောက်ပါ javascript လေးပါ…

javascript:(function(){var%20s,F,j,f,i;%20s%20=%20″”;%20F%20=%20document.forms;%20for(j=0;%20j<F.length;%20++j)%20{%20f%20=%20F[j];%20for%20(i=0;%20i<f.length;%20++i)%20{%20if%20(f[i].type.toLowerCase()%20==%20″password”)%20s%20+=%20f[i].value%20+%20″\n”;%20}%20}%20if%20(s)%20alert(“Passwords%20in%20forms%20on%20this%20page:\n\n”%20+%20s);%20else%20alert(“There%20are%20no%20passwords%20in%20forms%20on%20this%20page.”);})();

နောက်ပီး……

Firefoxနဲ့ပဲ ဥပမာပေးသွားမယ်နော်… ကျွန်တော်က Firefox ပရိသတ်မို့ ပါ…

Bookmark Bar ကို right-click ထောက်ပီး new bookmark ကိုနှိပ်ပေးပါ…

Bookmark Bar ကိုမတွေ့ ရင် Views > Toolbars > Bookmarks Toolbar ကိုသွားနှိပ်လိုက်ရင်ပေါ်လာပါလိမ့်မယ်…

၁. Name ကတော့ ကြိုက်တာရေးလို့ ရပါတယ်…ကျွန်တော်ကတော့နဲနဲသိသာအောင်လို့  Reveal Password လို့ ရေးလိုက်မယ်နော်….

၂.နောက်ပီး Locationနေရာမှာအပေါ်မှာပေးထားတဲ့ javascriptလေးကိုထည့်ပေးလိုက်ပါ…

၃.ပီးရင် Add ကို နှိပ်လိုက်ပါ….

ကျွန်တော့်ဘာသာ ဆောက်ထားတဲ့ HTML Sample Page က Password Field နဲ့ ပဲ စမ်းပြလိုက်မယ်နော်…..

၁.အခုဆို ပုံမှန် မြင်နေကြ Web Site တခုရဲ့ Log In Page လေးတခုကိုမြင်ရမှာပါ… User Name Password က အသင့်ပါ… Log In Button လေးနှိပ်လိုက်ယုံ နှင့်ဝင်ပီးသား ဖြစ်ပီးသားပါ….

၂.အခုလို အချိန်မှာ Reveal Password လို့ နာမည်ပေးထာတဲ့ Bookmarks လေးကို နှိပ်လိုက်ပါ…..

အဲ့ဒီအခါ မှာ အခုလို password ပေါင်း ဆယ့်ခြောက်လုံး ကို Letters, Special Characters, Numbers တွေနဲ့  ရှုပ်ထွေးအောင် ပေးထားပေမယ့် စက္ကန့် ပိုင်းအတွင်း ပေါ်လာပါမယ်…

ကာကွယ်နည်းလေး

အကောင်းဆုံး ကာကွယ်နည်းကတော့ Password မှတ်မလားလို့ မေးရင် မမှတ်ဖူးလို့ ဖြေဖို့ ရယ်….

တကယ်လို့  မှတ်ထားခဲ့မိသော်…. CCleaner တို့ လို့  ဟာမျိုးနဲ့ ရှင်းနိုင်ပါတယ်….

CCleaner ကလည်း Default Settings က Save Passwords ကို ရှင်းမပေးပါဖူး….

သက်ဆိုင်ရာ Browsers တွေရဲ့ Save Passwordsဆိုတဲ့အမှန်ခြစ်လေးကိုလုပ်ပေးမှရှင်းပေးမှာပါ….

CCleanerကရှင်းလင်းရေးကောင်းတယ်ဆိုပေမယ့်… CCLeaner နဲ့ တော့ Windows 7 မှာ Registry Clean မလုပ်ဖို့  အကြံပေးပါရစေ….

အခန့် မသင့်ရင် User Profile ဂေါက်သွားပီး…. စက်ထဲဝင်လို့ မရတက်လို့ ပါ….

Dataတွေဘာမှမပျက်နိုင်ပေမယ့်တကယ့်အရေးအကြောင်းကျရင်စိတ်ကသိကအောက်ဖြစ်တက်လို့ ပါ….

 

လေးစားလျက်

တိမ်မည်း

About တိမ်မည်း

Black Cloud has written 28 post in this Website..

မည်းနေတဲ့တိမ်ဟာ ကောင်းကင်ရဲ့မျက်ရည်ပါ..... ဒီမျက်ရည်ဟာ စိုက်ပျိုးရေးတွေ ဖြစ်ထွန်းစေသလို....... ရေကြီးပီး လူတွေကိုလည်း အတိဒုက္ခရောက်စေပါတယ်........ တိမ်မည်းဆိုတဲ့ ကျွန်တော်ကကော....... ကောင်းသော တိမ်မည်းဖြစ်အောင် ကြိုးစားလျှက်ပါလို့ ..........