Password ကို Javascript ဖြင့် ဖော်ထုတ်ခြင်း…

တိမ္မည္းNovember 15, 20122min1489

တင်မိတဲ့အကြောင်းလေး

 တခါတလေ ကြုံဖူးပါတယ် Gmail ဖြစ်စေ Facebook ဖြစ်စေ ဘယ် web page ကိုမဆို user name password ဖြည့်ပီးသွားရင် Firefox ဆိုမေးပါတယ် password တွေကို မှတ်ထားမလားလို ့…

မှတ်ထားမိတဲ့အခါ browser ဖွင့်တိုင်း ဖွင့်တိုင်း Password နဲ ့ User Name လေးတွေ အရန်သင့်ဖြစ်နေတာ တွေ ့မိမှာပါ…. Enter ခေါက်ဖို ့ပဲလိုတယ်… Gmail ဆို ဝင်နေကျ user name နဲ ့ပါ အသင့်….

Chrome တို ့ Opera တို ့ဆိုမေးလေ့မေးထသိပ်မရှိပါဖူး…. Safariအကြောင်းတော့မပြောတော့ဖူး ကျွန်တော်ကပန်းသီးကိုသိပ်ကြည့်မရလို ့…. 😀

ဟုတ်ကဲ့… အဲ့လို Password ကို အလုံးအလုံးလေးတွေနဲ ့ဖြစ်စေ စတားလေးတွေနဲ ့ဖြစ်စေ…. မြင်ရမှာပါ…

Gmail သာ မက facebook, gazette, ကျန်တဲ့ username password loginလိုတဲ့ဆိုက်အားလုံးမှာမည်သည့် javascript enabled browserမဆိုဒီနည်းလေးကိုသုံးရင် password ကို သိနိုင်ပါတယ်….

တော်တော်များများဘလော့ ရေးတာ မတွေ ့မိတာကတကြောင်း… ပြီးတော့….

ကိုယ်ပိုင်စက်အမြဲသုံးတဲ့လူတွေက Password ခနခန မရိုက်ချင်လို ့မှတ်ထားတက်ပါတယ်…..

အဲ့ဒါနဲ ့ ခနဝင်သုံးတဲ့သူတွေဖြစ်စေ လက်တော့ပျောက်သွားတဲ့အခါဖြစ်စေ Password တွေကို အဲ့လိုဖော်လိုရကြောင်းသိစေချင်လို ့ပါ… မပေါ့စေချင်တာကတကြောင်း..

ရေးထားပီးသားရှိတဲ့ကိုကိုမမများရှိရင်အားလုံးကို creditပေးပါတယ်…ဆောဒီးပါနော်…

 

လုပ်ပုံလုပ်နည်းကတော့…

ပထမဆုံးလိုတာကတော့ အောက်ပါ javascript လေးပါ…

javascript:(function(){var%20s,F,j,f,i;%20s%20=%20″”;%20F%20=%20document.forms;%20for(j=0;%20j<F.length;%20++j)%20{%20f%20=%20F[j];%20for%20(i=0;%20i<f.length;%20++i)%20{%20if%20(f[i].type.toLowerCase()%20==%20″password”)%20s%20+=%20f[i].value%20+%20″\n”;%20}%20}%20if%20(s)%20alert(“Passwords%20in%20forms%20on%20this%20page:\n\n”%20+%20s);%20else%20alert(“There%20are%20no%20passwords%20in%20forms%20on%20this%20page.”);})();

နောက်ပီး……

Firefoxနဲ့ပဲ ဥပမာပေးသွားမယ်နော်… ကျွန်တော်က Firefox ပရိသတ်မို ့ပါ…

Bookmark Bar ကို right-click ထောက်ပီး new bookmark ကိုနှိပ်ပေးပါ…

Bookmark Bar ကိုမတွေ ့ရင် Views > Toolbars > Bookmarks Toolbar ကိုသွားနှိပ်လိုက်ရင်ပေါ်လာပါလိမ့်မယ်…

၁. Name ကတော့ ကြိုက်တာရေးလို ့ရပါတယ်…ကျွန်တော်ကတော့နဲနဲသိသာအောင်လို ့ Reveal Password လို ့ရေးလိုက်မယ်နော်….

၂.နောက်ပီး Locationနေရာမှာအပေါ်မှာပေးထားတဲ့ javascriptလေးကိုထည့်ပေးလိုက်ပါ…

၃.ပီးရင် Add ကို နှိပ်လိုက်ပါ….

ကျွန်တော့်ဘာသာ ဆောက်ထားတဲ့ HTML Sample Page က Password Field နဲ ့ပဲ စမ်းပြလိုက်မယ်နော်…..

၁.အခုဆို ပုံမှန် မြင်နေကြ Web Site တခုရဲ့ Log In Page လေးတခုကိုမြင်ရမှာပါ… User Name Password က အသင့်ပါ… Log In Button လေးနှိပ်လိုက်ယုံ နှင့်ဝင်ပီးသား ဖြစ်ပီးသားပါ….

၂.အခုလို အချိန်မှာ Reveal Password လို ့နာမည်ပေးထာတဲ့ Bookmarks လေးကို နှိပ်လိုက်ပါ…..

အဲ့ဒီအခါ မှာ အခုလို password ပေါင်း ဆယ့်ခြောက်လုံး ကို Letters, Special Characters, Numbers တွေနဲ ့ ရှုပ်ထွေးအောင် ပေးထားပေမယ့် စက္ကန် ့ပိုင်းအတွင်း ပေါ်လာပါမယ်…

ကာကွယ်နည်းလေး

အကောင်းဆုံး ကာကွယ်နည်းကတော့ Password မှတ်မလားလို ့မေးရင် မမှတ်ဖူးလို ့ဖြေဖို ့ရယ်….

တကယ်လို ့ မှတ်ထားခဲ့မိသော်…. CCleaner တို ့လို ့ ဟာမျိုးနဲ ့ရှင်းနိုင်ပါတယ်….

CCleaner ကလည်း Default Settings က Save Passwords ကို ရှင်းမပေးပါဖူး….

သက်ဆိုင်ရာ Browsers တွေရဲ့ Save Passwordsဆိုတဲ့အမှန်ခြစ်လေးကိုလုပ်ပေးမှရှင်းပေးမှာပါ….

CCleanerကရှင်းလင်းရေးကောင်းတယ်ဆိုပေမယ့်… CCLeaner နဲ ့တော့ Windows 7 မှာ Registry Clean မလုပ်ဖို ့ အကြံပေးပါရစေ….

အခန် ့မသင့်ရင် User Profile ဂေါက်သွားပီး…. စက်ထဲဝင်လို ့မရတက်လို ့ပါ….

Dataတွေဘာမှမပျက်နိုင်ပေမယ့်တကယ့်အရေးအကြောင်းကျရင်စိတ်ကသိကအောက်ဖြစ်တက်လို ့ပါ….

 

လေးစားလျက်

တိမ်မည်း

9 comments

  • ခိုင်ဇာ

    November 15, 2012 at 12:27 pm

    အစ်မတော့ဘယ်တော့မှ မှတ်ထားမယ်လို့ ရွေးဘူးရယ်။
    ဖေ့ဘုတ် ၃ ခု။ ဂျီမေး ၂ ခု။ ရဟူး ၁ ခု၊ ဂေဇက် ၁ ခု၊ အကုန် အလွတ်ပဲ။
    ကျန်တာတွေက တစ်ချို့ကို တူတူထားဖြစ်တယ်။
    တစ်ယောက်တည်းကို ရှုပ်နေတာပဲ။ :mrgreen:
    ဘာပဲဖြစ်ဖြစ် ခုလို သိရာတာကို ကျေးဇူးတင်ပါတယ်

    • တိမ်မည်း (ခရီးသွားနေည်)

      November 15, 2012 at 1:33 pm

      ဖေ့ဘုတ်က သုံးခုကြီးတောင်လား….. 😀

  • ရွာသူ jujuma .

    November 15, 2012 at 1:39 pm

    ရှဲရှဲပါ .. မှတ်ထားလိုက်ပီနော် …

  • စိန်ဗိုက်ဗိုက်

    November 15, 2012 at 2:11 pm

    ဂျီတော့ ငါးခု
    စကိုပ် သုံးခု
    ဗွီဇက်အို နှစ်ခု
    ဂေဇတ် သုံးခု
    ဘလော့ဂ် လေးခု

    ကိုမဲကြီးရေ
    တင့်ခရုတင်တယ်ခင်ဗျ

    • တိမ်မည်း (ခရီးသွားနေည်)

      November 15, 2012 at 2:21 pm

      ဘလော့ကများလိုက်တာ…..
      တနေ ့တနေ ့ ရေးနိုင်ရဲ့လား အူးဗိုက်ရယ်…..
      ဟီး

  • Mr. MarGa

    November 15, 2012 at 6:56 pm

    ပညာရ၍ ကျေးဇူးတင်ပါ၏
    မှတ်သား၍လည်း သွားပါ၏

  • မောင်ပေ

    November 15, 2012 at 9:30 pm

    အစက ကြိုသိခဲ့ရင်
    ကျုပ်ရဲ ့ဂျီတော့အကောင့် ၅ ခုလောက် မလစ်လောက်ပါဘူးဗျာ
    ကိုတိမ်မည်းရဲ ့နည်းကို သေချာမှတ်သွားပါတယ်
    ကျေးကျေးပါ

  • myanmar oscar

    November 15, 2012 at 11:40 pm

    သေသေချာချာကိုစမ်းကြည့်လိုက်ဦးမယ်
    ကျေးကျေးပါနော်….

Leave a Reply