ဘုရင့်နောင် သတ္တိ

နွေဦးNovember 15, 20122min1297

ရာဇဝင် စာတင်ပြောကြကြေးဆို

ကျုပ်တို့သမိုင်းမှာ သူရဲကောင်းများစွာ ရှိခဲ့ပါတယ် ။

သတ္တိဂုဏ်ရောင် ထွန်းပြောင်သူထဲမတော့

နောင်ရိုးတိုက်ပွဲလို နောက်ပြန်မလှဲ့ကြေး

ဖေါင်ဖျက်လို့ အနိုင်တိုက်ခဲ့တဲ့

ဘုရင့်နောင်ရဲ့သတ္တိကိုတော့ မြန်မာတွေ အသိပါဘဲ ။

သူ့ခေတ်သူ့အခါ သူသည်လည်း ဘုရင့်နောင်ပါ

ဒီခေတ်မှာတော့ ငါသည်လည်း ဘုရင့်နောင်ပါဘဲ..။

စေတနာ စေတနာ အခါခါပြောပြီး

ရသမျှအကုန်နှိုက်တတ်ကြတဲ့ လူရမ်းကားတသိုက်ကြောင့်

မြစ်တစင်းပေါ်မှာ

အလျှားလိုက်ကျောခင်းလို့

ယိုင်နဲ့နဲ့ တံတားတစင်း ငါဖြစ်ခဲ့တာပေါ့ ။

ငါမမွေးဖွားခင်ကတည်းက

ငါ့ရဲ့အသွေးအသားတွေကို စုတ်ယူခဲ့ကြသလို

ခုချိန်ထိလည်း ဖဲ့ယူစားသောက်နေကြဆဲပါ။

တကယ်လို့ သူတို့သာဖဲ့မစားခဲ့ရင်

ရာဇဝင်မှာ ထွန်းပြောင်ခဲ့တဲ့ ဘုရင့်နောင်လို

ငါလည်း နှစ်တရာလောက် ကြံ့ကြံ့ခံနိုင်ပါရဲ့ ။

ခုတော့ငါ့ဘဝ

ဟိုလူရွှင်တော်တွေပြက်လုံးထုတ်သလို

“ဖွင့်ပွဲကြီးက မြိုင်မြိုင်ဆိုင်ဆိုင်..

တံတားကြီးကို လှည့်ကြည့်လိုက်တော့

ယိုင်တိုင် ယိုင်တိုင်…” ဖြစ်နေရပါပြီ ။

ဒီလောက်နဲ့ ရပ်သွားရင်တော်သေးရဲ့

ခုတော့ဖြင့် ….

ရသလောက် ခုတ်ခွာစားမဲ့

ခရိုနီ အကြီးစားတွေရဲ့ လက်ချက်ကို

သွယ်ဝိုက်ပြီး နည်းအမျိုးမျိုးနဲ့ ခံရပြန်ပြီလေ ။

ပြောတော့ဖြင့်စေတနာ

တကယ်ဆို သူတို့ အသာကြီးဘဲ

ကြားထဲကတကယ်ခံရတာက

ကျုပ် ဘုရင့်နောင် ကြီးပါဗျာ..။

အဲဒီဘက်က မသွားနဲ့ ဒုက္ခနဲ့ လှလှတွေ့ကြမယ်ဆိုပြီး

နာမယ်ဆိုးနဲ့ ကျော်ကြားနေခဲ့တာကြာပါပေါ့လား ။

ကျုပ်ရဲ့အနောက်အရပ်မှာနေကြတဲ့

လက်လုပ်လက်စား

လူတန်းစားတွေက

ကျုပ်ပေါ်ကကျော်လွှား

အရှေ့အရပ်ကိုသွားလို့

စီးပွားရှာကြသလို…

မြို့ပေါ်က လုပ်ငန်းရှင်တွေကလည်း

သူတို့ ဂုတ်သွေးစုတ်ရာ လှိုင်သာယာကို

ကျုပ်ပေါ်ကဘဲ ကျော်ခွလို့သွားကြလေရဲ့ ။

နိစ္စဓူဝ မြင်ကြားသမျှ ဘဝတွေအကြောင်းက

ပြောပြလို့ မဆုံးနိူင်ပါဘူး ။

သူတို့တွေ သွားသွားလာလာ အဆင်ပြေစေဖို့

အရှေ့ဖက်မှာ ဂုံးကျော် တံတားတစင်းထိုးမလို့တဲ့ ။

စေတနာတွေ…. စေတနာတွေ….

ပြောစကတော့ လေးလနဲ့ အပြီးဆိုဘဲ

ဒီစကားကြားတော့ ကျုပ်လည်း “ဝမ်းပန်းတသာ ကြိုဆိုပါ၏” ပေါ့ ။

ဒါပေမဲ့..

ခုချိန်ထိကြိုးစားပမ်းစား မနားမနေ လုပ်ကြပေမဲ့….ဟဲဟဲ..

ထားပါလေ…ဒါက စားတဲ့သောက်တဲ့ကိစ္စပါ…

ပြီးတော့လဲ ပြီးသွားမှာပေါ့..

ကျုပ်ကတော့ ဒီဂုံးကျော် တံတားကြီး ဖွင့်ပွဲကို

မြင်မှမြင်နိုင်ပါ့မလားလို့…။

စဉ်းစားမိကြရဲ့လားဟင်

နေ့စဉ်နေ့စဉ် မလှုပ်တလှုပ် တရွေ့ရွေ့နဲ့

နာရီပေါင်းများစွာ ယာဉ်တန်းကြီးရဲ့အနင်းခံနေရတာ

ခြောက်လကျော်ခဲ့ပါပြီ…..။

နဂိုကထည်းက ယိုင်နဲ့နဲ့ နေခဲ့ရတဲ့

ကျုပ်ဘုရင့်နောင်

ခုတော့ဖြင့် ရာဇဝင်ထဲက

သူရဲကောင်း ဘုရင့်နောင်လို သတ္တိနဲ့

ဖေါင်မဖျက်ဘဲ တံတားပျက်တဲ့အထိ

သတ္တိမွေးနေရပါပြီ…။

 

7 comments

  • Mon Kit

    November 15, 2012 at 11:15 am

    ထိမိချက်တော်……… အားပေးသွားပါတယ်…

  • ခိုင်ဇာ

    November 15, 2012 at 12:03 pm

    ဆိုလိုရင်းကို ထိအောင်ရေးနိုင်တယ်ဗျို့။
    အားပေးလျက်ပါ။ 🙂

  • kyeemite

    November 15, 2012 at 1:34 pm

    နွေဦး က ကဗျာရေးလည်းကောင်းသကိုးဗျ…

  • ရွာသူ jujuma .

    November 15, 2012 at 2:30 pm

    အားပေးသွားပါတယ်ဗျာ ..

  • kai

    November 15, 2012 at 3:51 pm

    သတ္တိဆိုတော့.. တပင်ရွှေထီး.. သူရဲကောင်းရွေးတော့.. လက်ထိပ်အပ်စိုက်တာမှာတွန့်သွားလို့.. သတ္တိမရှိဘူးမထင်ရအောင်… ကိုယ့်ဗိုက်ကိုယ်ခွဲ.. အူနဲ့တိုင်ပတ်ပြတဲ့.. မိုက်ရူးရဲတယောက်ရဲ့.. သတ္တိများ.. ရေးမလားလို့…။

    ကဗျာလေးရဲ..အတွေးအခေါ်ကလှတယ်ဗျာ…
    မတူတဲ့အတွေးလေးပေါ့… :harr:

  • aye.kk

    November 15, 2012 at 4:18 pm

    နွေဦးရေ
    ခံစားချက်ကဗျာက
    ရင်ထဲအထိနှစ်ခြိုက်လောက်အောင်ခံစားမိရပါတယ်လို ့ပြောပြလိုက်ပါရစေနော်။။

  • etone

    November 15, 2012 at 4:45 pm

    ကိုနွေဦးရေ ….
    အတွေးလေးကိုရော ၊ ရေးထားတာ ထိထိမိမိရှိလှတဲ့ ကဗျာလေးကိုပါ သဘောကျနှစ်သက်မိပါတယ် ။
    ကွက်တိကို မှန်နေတာပါပဲ … သူတို့ အကျိုးတွက် ထပ်ဆောက်တဲ့ ဂုံးကျော်တံတားတွေကြောင့် လမ်းသွားလမ်းလာတွေ ၊ ယာဉ်ကြောပိတ်လို့ အိမ်ပြန်ချိန်နောက်ကျရတာ နေ့စဉ်နဲ့အမျှပါပဲ ။

    ဘုရင့်နောင်ကုန်းကျော်တံတားကတော့ ရုပ်လုံးမကြွသေးလို့ ဘယ်နေရာနဲ့ ဘယ်လိုဖြတ်ထိုးမလဲ မှန်းမရသေးပေမယ့် ၊ ပထမဆုံး လမ်းချဲ ့တာနဲ့တင်ပဲ ၊ ရုံးဆင်း၊ရုံးတက်ချိန်တွေ စိတ်အနှောက်ယှက်ဖြစ်ရပါတယ် ။ ဒါပေသိ … ဒီခေတ်ဒီစနစ်မှာ ဒီလူဖြစ်လာရတော့ အားမတန်၊မာန်လျော့လို့ ဘာတတ်နိုင်မှာလဲ စောင်ရရုံပေါ့လေ ။ ပြီးခဲ့တဲ့ တင်္နလာနေ့ကဆိုလျှင် .. လှိုင်သာယာ ဇုံ၂ကနေ ၊ ပန်းဆိုးတန်းကို ပြန်တာ …. ညနေခြောက်နာရီလေးဆယ့်ငါးမိနစ်လောက်ထွက်တယ် ၊ ညဆယ်နာရီ ခွဲကျော် ဆယ့်တစ်နီးပါးမှရောက်တယ် ။ အဲ့လောက်ထိကိုကားကျပ်သွားတယ် ။ ဂုံးကျော်တံတားဆောက်လို့ ကားပိတ်မယ်ဆိုလျှင် ကားတွေကို စနစ်တကျ သူ့လမ်းနဲ့သူမောင်းဖြစ်အောင် ၊ ထိန်းသိမ်းပေးဖို့ လိုပါတယ် ၊ မီးပွိုင်မှာပဲ အသေကြီးလို ရပ်နေတော့ ၊ ဆန့်ကျင်ဘက်က ကားတွေ လမ်းပြောင်းပြန်မောင်းပြီး ရှေ့တိုးမရ နောက်ဆုတ်မရနဲ့ပေါ့ ။ ခေတ်စနစ်တွေ ဘယ်လိုပြောင်းပြောင်း ၊ ဦးနှောက်မရှိလျှင် ဘယ်နေရာမှ အံမဝင်ဘူး ။

    ပြည်လမ်းပေါ်ထိုးမယ့် ကုန်းကျော်တံတားကိုပဲကြည့် ၊ တကယ်ယာဉ်ကြောအသွားများတာ (လိုင်းကားကိုပြောတာ) အင်းစိန်လမ်းပေါ်မှာ ၊ ဒါကို ထိုးတော့ ပြည်လမ်းပေါ်ထိုးတယ် ။ နဂိုကတည်းကမှ မီးပွိုင့်က ကောင်တာ တွက်ပုံတောင် ပြည်လမ်းဘက်နဲ့ အင်းစိန်လမ်း ၊ လှည်းတန်း ၊ တက္ကသိုလ်ရိပ်သာလမ်းဘက် မတူတာ အခုလို ဆောက်ပြန်တော့လည်း ……. ဖွီးး ချဉ်လိုက်ထှာ 👿 မီးပွိုင့်မစောင့်နိုင်ရအောင် ဘယ်ကမာ္ဘထိသွား – – မလို့လဲ မသိဘူး ။

Leave a Reply