ကိုဘမောင်…..
အရမ်းချမ်းသာသော သူဌေးကြီး တစ်ယောက်ဟု မဆိုနိုင်သော်လည်း ၊ ပိုက်ဆံတော်တော်ရှိသည် ဟု ပြောလို ့ရနိုင်သည့် လူတစ်ယောက် ။
တစ်နှစ်ကို သုံးလေးလလောက်သာ အလုပ်လုပ်ရသည် ။ ပြီးလျှင် သူ ့မိန်းမ နား ကပ်နေပေတော့
သူ ့အလုပ်က တိုးကားမောင်းသော အုံနာဒရိုက်ဘာ ၊ သူ ့ကား က အိပ်ပက်လက် ဂျပန်ကား
နှစ်စဉ် သီတင်းကျွတ်နောက်ပိုင်းဆိုလျှင် ကိုဘမောင်တစ်ယောက် ကား ၃/၄ လလောက်မောင်းပြီး ၊ သူ ့အလုပ်ပြီးသည် ။
ယခု ပွင့်လင်းရာသီပြီးခါနီးပြီဖြစ်ရွေ ့၊ မိန်းမအိမ်ပြန်ကပ်ရင်း ၊ အရက်လေးတစ်မြမြ ၊ အပတ်စဉ်ထွက်သမျှ ဂျာနယ်များဝယ်ဖတ်ကာ ရပ်ကွက်ထဲရှိ အပေါင်းအသင်းများနှင့် လေပွားဇိမ်ကြနေသည်။
သူလက်ရှိရောက်နေသော ဘဝ ၊ သူ၏ အလုပ်အကိုင် ၊ သူပိုင်ဆိုင်မှုများကို ထိုင်ကြည့်ရင်း…
သူ ဖြတ်သန်းကြီးပြင်းခဲ့သော အတိတ်ကိုပြန်တွေးနေမိသည် ။
တစ်ကယ်တမ်းကြ ၊ သူ ့ဘဝမှာ အင်အားအပြည့်အဝသုံးခဲ့သော အလုပ်ဆိုသည်မှာ သူ ့မိန်းမ ညိုတုတ် နဲ ့တွေ ့မှသာ ဖြစ်သည် ။ ကျန်တာအားလုံးက ပုံမှန်လောက်သာ ။
ကိုဘမောင် အဖေမှာ တောနယ်လေးရှိ စစ်သားစုဆောင်းရေးတပ်မှ တပ်ကြပ်ကြီး တစ်ယောက်
သို ့သော် နယ်နယ်ရရ မဟုတ် ၊ သူရို ့ဆီလာသမျှ အရာရှိအားလုံးက “ ဒီကောင်ခိုင်းကောင်းတယ် ၊ ဖင်ပေါ့တယ် ၊ ဘာခိုင်းခိုင်း ရအောင်လုပ်ပေးတယ် ” ဟု လက်မှတ်ကောင်းပေး အသိအမှတ်ပြုခံထားရသူ ။
သူတို ့ခေတ်တုန်းကပါ … တပ်ထဲဝင်ချင်တဲ့လူမှန်သမျှ အသက်ပြည့်တာ မပြည့်တာ သိပ်မေးမြန်းစစ်ဆေးမနေဘူး ။ အားလုံး အိုးပန်း ပဲ ။ အဲဒီလို အဲဒီလို ဆိုတော့ ၊ သူ ့ဆိုရင် အထက်အရာရှိအားလုံးက အားကိုးစွာဖြင့် ခိုင်းတတ်ကြသည် ။ တစ်ခုပဲ… ကိုဘမောင်အဖေ ကံမကောင်းခဲ့ရှာ။
တပ်ထဲက အရာရှိတစ်ယောက် ၏ ပိုက်ဘောကို တာဝန်ယူပေးခဲ့ရရှာသည် ။ ထိုတွင်မှ စပြီး ကိုဘမောင်တစ်ယောက် တပ်ကြပ်ကြီး၏ သားအဖြစ် လူ ့လောကကြီးအတွင်းသို ့ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ပြောမယ့်သာပြောရတာပါ
ကိုဘမောင်အမေက ဖြူဖြူချောချောဆိုတော့ ၊ ကိုဘမောင် ရဲ ့မွေးစားအဖေ တပ်ကြပ်ကြီးခဗျာလဲ “ ချောတာလေးကိုချစ်မိသွားတာ ” ဖြစ်သွားခဲ့တာပေါ့….။
ကိုဘမောင် အဖေအရင်းကတော့ ၊ နယ်မပြောင်းမှီအထိ ကိုဘမောင်တို ့မိသားစုကို တိတ်တခိုး ထောက်ပံ့သွားခဲ့သည် ။ ထို ့နောက်တွင်တော့ ၊ သူလဲပေါ်မလာတော့ ။

( ဆက်လက် ရေးတင်ပါဦးမည် ။ )

*********************

About မောင် ပေ

မောင် ပေ has written 396 post in this Website..