စင်္ကြာဝဠာလုံးဆိုင်ရာ ဒီဇိုင်း အယူအဆ

ムラカミNovember 15, 20126min18327

ပြောရရင် ပိတ်သတ်ကြီးရယ်. …

စင်္ကြာဝဠာလုံးဆိုင်ရာ ဒီဇိုင်း(Universal Design) ပါတဲ့….

ထိပ်ဆုံးဗျာ ဒီဇိုင်း ဆိုတဲ့ ကိစ္စရပ်ကို အရင်ရှင်းမှ သင့်တော်မယ် ထင်ပါတယ်…

ဖြစ်ပုံက ဂလို…. ကျုပ်တို့ ရွှေပြည်ကြီးမှာ ဒီဇိုင်းဟေ့ ဒီဇိုင်နာဟေ့ လို့ ပြောလိုက်ရင်

စက်ချုပ်တဲ့သူတွေ …ဆိုင်းဘုတ်ရေးတဲ့ သူတွေ လောက် ပြေးပြေးမြင်တတ်တာပါပဲ။

တကယ်တော့ ဒီဇိုင်း ဆိုတာ ထုတ်ကုန် Product ရဲ့ physical ပိုင်း သွင်ပြင်လက္ခဏာ လို့

မြင်ကြည့်သင့်တာဗျ..ဆိုတော့ ..

 

သီအိုရီတွေ လျှောက်ပြောနေမယ့်အစား ဥပမာတွေ နည်းနည်း အစ ဆွဲထုတ်ကြည့်မယ်ဗျာ..

၁။ ဒီဇိုင်း ဆိုသည်မှာ

အပျော့ကြွက်

 

MS Arc

 

မသုံးတဲ့အချိန်မှာ အကွေးလေးကို ဖြောင့်ထားလိုက်ခြင်းအားဖြင့် ဘက်ထရီ ကို ပိတ် နိုင်သတဲ့…

 

ပန်းသီးကြွက်

 


မြင်တဲ့အတိုင်းပဲဗျာ ..မကောင်းတတ်လို့ ထည့်ထားတာ သိပ် မပြောချင်ဝူးရယ်…
ရှေးရှေးတုန်းက ဗူးခွံ အဖုံး ဒီဇိုင်း

 

 
ယခု ဒီဇိုင်း…

 

 

အဲ သည်နေရာမှာ ပြောစရာရှိတာက ဘာလို့ အပေါက်ဖွင့်တဲ့ လက်တံ ဒီဇိုင်း

ပြောင်းသွားရသလဲ ဆိုတာရယ်ပါ… ဟုတ်ကဲ့ ..အရင် ဒီဇိုင်းရဲ့

ဖွဲ့စည်းတည်ဆောက်ပုံအရ ..အဖုံးလျှာခင်လေးက အအေးဗူးထဲ ကြွေကျသွားနိုင်ခြေများပြီး

မော့သောက်တဲ့အခါ လည်ချောင်းထဲဝင်တတ်ပြီး အန္တရာယ်များလို့

လျှာခင် ကြွေကျနိုင်ခြင်း မရှိတဲ့ ဒီဇိုင်းအဖြစ် ပြောင်းလဲထုတ်လုပ်ရတာဖြစ်ပါသတဲ့…။

နောက်ထပ် ဥပမာပေးချင်တာကတော့..

ဒါတွေက လက်ပကျွတ်တွေရဲ့ power connector တွေ ဖြစ်ပါတယ်…

 

 

မိတ်ကာကွာရင်ကွာသလို အဝိုင်းရှိမယ် ခြောက်မြှောင့်ရှိမယ် ရှစ်မြှောင့်ရှိမယ်..

အထဲမှာ အဆံပါတာ ရှိမယ် မပါတာရှိမယ်..ပုံစံစုံပေါ့ .ဗျာ…

 

 

လှည့်ရတာ ထိုးရတာ ဒါရိုက်ရှင် မှန်တာမမှန်တာ ..ဒုက္ခနည်းနည်းပေးတဲ့ အစိတ်အပိုင်း ဆိုပါတော့

 

 

အဲ …ပန်းသီးက သွားလေသူကြီးကတော့ ဒါကို သိထားတယ်… ဆိုတော့ ..

ဒီဘဲကြီးက သူ့ ပန်းသီး မတ်ဘုတ်တွေကို ပါဝါကော်နက်တာမှာ သံလိုက်ထည့်လွှတ်လိုက်လေ

တော့သတည်းပေါ့ … ။ဒန်တန့်တန် ..အနားကပ်လိုက်တာနဲ့ သံလိုက်တို့သဘော ပြေးပြေးကပ်ကြတော့

ယူဇာတွေမှာ အပေါက်တည့်အောင် လှည့်ထိုးရတဲ့ ဒုက္ခကင်းကြတာပေါ့ဗျာ …

 

(ပြောပါတယ် ပန်းသီးဆိုတာ ဒီဇိုင်နာ ဦးဆောင်တဲ့ အဖွဲ့ပါဆို … အပျော့ကတော့ မားကတ္တင်း ဦးဆောင်သဗျ-စကားချပ်)

 

အဲ့သည့် ပန်းသီးကို နောက်ကောက်ချနိုင်တဲ့ ဒီဇိုင်းကို ထုတ်ခဲ့သူတွေလည်း ရှိပြန်ပါတယ်။

အဲ့ဒါကတော့ ..Sony Tablet S ပါ..တခြား ဖီချာတော့ မသိ… ဒီဇိုင်းသက်သက် အရပြောတာနော..

အဲ့လို စောင်းစောင်းလေး လုပ်ထားတော့ ပန်းသီးက ထုတ်တဲ့ အိုင်ပက်ဆိုလား ဘာဆိုလားကြီးထက်

ချသုံးရင်လည်း ကာဗာခုစရာမလို ကိုင်သုံးရင်လည်း ပိုသက်တောင့်သက်သာရှိ ဆိုတဲ့ ဒီဇိုင်းဆိုင်ရာ

အားသာမှုကို ပေးသတဲ့ဗျို့ …။

 

 

 

 

ဂလောက်ဆို ဒီဇိုင်း ဆိုတာ အလွန်အရေးပါကြောင်း သိလောက်ပြီ ဖြစ်သလို
အတော်လေး စာရှည်နေပြီမို့ လိုရင်းဆက်မယ်ဗျာ .. သည်လိုပါ။

၂။ Universal Design

စင်္ကြာဝဠာ ဒီဇိုင်း တွေးခေါ်မှုဆိုတာ ဟောသည့်အချက်တွေကို အခြေခံပါသတဲ့ဗျာ

  • – Equitable use
  • – Flexibility in use
  • – Simple and intuitive
  • – Perceptible information
  • – Tolerance for error
  • – Low physical effort
  • – Size and space for approach and use

အဓိကတော့ အသုံးပြုရတာ လွယ်ကူစေဖို့ effeiciency ရစေဖို့နဲ့

လူအချင်းချင်း သာတူညီမျှဖြစ်စေဖို့ ကို အသားပေးသဗျ…

လူအချင်းချင်း ဆိုတာမှာ မသန်မစွမ်းမို့ စာမတတ်သူမို့ မသုံးနိုင်မရှိရလေအောင်

လုပ်ပေးထားတာ လို့ ဆိုလိုပါတယ်ဗျာ။ (သည်အကြောင်း နောက်ဆုံးပိုင်းမှာ ဆက်ပါ့မယ်)

Universal Design အယူနဲ့ အကျုံးဝင်တဲ့ ပစ္စည်းလေး တချို့ မိတ်ဆက်ချင်ရဲ့ဗျာ…။

Flexible drinking straw

 

 

ဒီအအေးသောက်တဲ့ ပိုက်အကွေးလေးက ဘယ်လောက် ရိုးရှင်းပြီး အသုံးတဲ့သလဲဆိုတာ ကိုကျနော်တို့ တွေးဖို့ မေ့နေကြလေ့ရှိရဲ့။

ဒါဟာ တကယ်တော့ ဒီဇိုင်းပိုင်းမှာ သမိုင်းဝင်တဲ့ တီထွင်မှုကြီး တခု ဖြစ်ပါသတဲ့ဗျာ။ ပေါ့ပေါ့သေး တော့ မတွက်နဲ့နော

Joseph Friedman ဆိုသူ တီထွင်ခဲ့တဲ့ ..U.S. patent #2,094,268 ဖြစ်ပါသတဲ့

 

Velcro

 

 

ဒီကပ်ခွာလေးတွေ ကျနော်တို့ ရင်းနှီးနေတာ ကြာပြီပေါ့ဗျာ ..။ သူ့အစွမ်းကိုလည်း ကျနော်တို့ မှတ်မှတ်ထင်ထင် မရှိကြဘူးရယ်။

ဟုတ်ကဲ့ ..ထုတ်လုပ်မှု စားရိတ်ပိုများတဲ့ ဇစ် တွေကို အစားထိုးနိုင်တဲ့ ဂုဏ်ပါပဲ။

Automatic door

 

ရှေ့ကို လူရောက်လာတာနဲ့ motion sensor အရသိရှိပြီး အလိုလျောက် တံခါးပွင့်ပေးတဲ့ ဟာတွေပေါ့ဗျာ။

ဒီကိစ္စဟာ သာမန်လူကောင်း တစ်ဦးအတွက် မသိသာတဲ့(မရှိလည်း ဖြစ်တဲ့ ဝန်ဆောင်မှုဖြစ်ပေမယ့်)

ကိုယ်လက်အင်္ဂ ါ မသန်စွမ်းသူတွေအတွက်တော့ အလွန် အကျိုးများတဲ့ တီထွင်ဖန်တီးမှု တခုလို့ ပြောနိုင်ပါရဲ့။

 

ကော်ဖီမစ်ထုပ် ခေါင်းလျှော်ရည်ထုပ်ပေါ်က ဖောက်ရလွယ်အောင် ဓားရာသေးသေးလေးပေးထားတာကလည်း

 

 

ဒီအယူအဆပါပဲ။ အဲ .. ဘီယာဗူးတွေမှာ ဖောင်းကြွမျက်မမြင်တွေအတွက် စာလုံးတွေနဲ့ အယ်လကိုဟော ဖြစ်သည်

ဆိုတာမျိုးရေးသားထားခြင်းကလည်း အတူတူပဲဖြစ်ပါတယ်။

Audiobook

စာအုပ်စာပေလူ့မိတ်ဆွေပါ။ အမြင်အာရုံ ချို့တဲ့တဲ့သူတွေအတွက် စာအုပ်တွေကို အသံထွက်ဖတ်ပြပေးထားတဲ့

အော်ဒီယို ဖိုင်တွေကို ရည်ညွှန်းတာပါ။ Podcast တွေအပါအဝင်ပေါ့။

 

 

Tactile paving


နောက်ဆုံးမိတ်ဆက်ချင်တာကတော့ Tactile paving ဖြစ်ပါတယ်။ ပုံထဲက ဖောင်းကြွတွေ မြင်ဖူးနေကြမှာပါ။

သူ့မှာ သူ့ ဒီဇိုင်း အဆင် သီးသန့်ရှိပါတယ် .. အစွန်းတွေဆိုဘယ်လို အဖြောင့်ဆိုဘယ်လို အကွေ့ဆို

ဘယ်လိုဆိုပြီး… မျက်မမြင်တွေ သာမန်လူတွေလို သွားလာလှုပ်ရှားနိုင်အောင် ပလက်ဖောင်းတွေမှာ

ထည့်သွင်းတည်ဆောက်ထားတဲ့ အရာတွေ ဖြစ်ပါတယ်။

ဒါကိုကပဲ Universal Design ရဲ့ အနှစ်သာရ လို့ ဆိုချင်ပါတယ်ဗျာ…။

ပြောရရင် ဒီဇိုင်းဟာ ကျနော်တို့ ဘဝတွေကို အတော်ကြီး နက်နက်ရှိုင်းရှိုင်း သက်ရောက်မှု ရှိနေပါတယ်။

ဒါ ထင်ရှားဖူးတဲ့ Design Fail တခုပါ.. ကားဂိုထောင်ထဲမှာ ဖွင့်လို့မရမယ့် ဒီဇိုင်းမို့ပါ…။

 

 

ဆိုတော့ ..ငှက်ကပျံရင်းသေသလို လူက ကြံရင်းသေကြတာပါ …

better life အတွက် innovation တွေ ပိုလို့ပိုလို့ လိုအပ်လာနေကြောင်း

အနာဂါတ်စိန်ခေါ်မှု တွေက တနေ့ထက်တနေ့ ပိုလို့ပိုလို့ ပြင်းထန်လာကြောင်း ပြောရင်း
ကမာ္ဘ့ပထမဆုံး မိုဘိုင်းလ်ဖုန်း(အုတ်ခဲလောက်ရှိ)နဲ့ ပန်းသီးရဲ့ ဂွမ်းခဲ့တဲ့ Newton Message Pad ကို

အမှတ်တရအနေနဲ့ တင်လိုက်ပါတယ်ဗျာ..။

 

 

 

အာ.. ဟိ

 

http://en.wikipedia.org/wiki/Universal_design
http://en.wikipedia.org/wiki/Joseph_Friedman#Invention_of_the_flexible_straw
http://www.universal-design.co.jp/
http://www.ncsu.edu/project/design-projects/udi/

27 comments

  • ခိုင်ဇာ

    November 15, 2012 at 12:44 pm

    အင်း။ ရေးတေးတေး သဘောပေါက်သလိုပါပဲ။ ဒါပေသိ ဟိုကပ်ခွါဟာတော့ဖြင့် ဇစ်ကို နေရာတိုင်းမှာ အစားထိုးနိုင်မယ်မထင်။ :mrgreen:
    ဟို ပေ့(ဖ)မန့်က တော့ မျက်မမြင်မပြောနဲ့ နာ့လို အဝေးမှုန်ပြီး မျက်မှန်မတပ်ချင်သူအတွက်ပါ အသုံးဝင်သဗျာ။ :kwi:
    တစ်ခါတစ်လေများ ကိုယ့်အတွက် အရမ်းလွယ်ကူစေမှန်းတော့သိရဲ့။ အဲ့နောက်က ဒီဇိုင်းကိစ္စတွေတော့ သိပ်မစဉ်းစားမိဖြစ်ဘူး။

    • Inz@ghi

      November 15, 2012 at 12:52 pm

      ဝင်ကြည့်လို့ ရမရတော့ မသိ..
      အင့်အင့် …
      ပူဗာတီ အကြောင်း
      http://www.mindmeister.com/227200086
      (ဖဘ အကောင့်နဲ့ ဝင်လို့ရပါသည်)
      ရန်ကုန်ခန ပြန်ပီး ကေ့စတာဒီလေးဘာလေး ရွမ်းကြည့်ပါလား…ဟင်င်င်

      • ခိုင်ဇာ

        November 15, 2012 at 1:03 pm

        ဖွင့်လို့ရတယ်။ ဖေ့ဘုတ် သုံးစရာမလိုဘူး။
        Case Study လုပ်ရမယ်ဆိုအများကြီးပဲအေ့။ ဘာမှ မစရသေးခင် လက်လျှော့အောင်မလုပ်ပါနဲ့ကွယ်။
        🙁

    • Inz@ghi

      November 15, 2012 at 12:56 pm

      ဂလိုကွယ့် ဒီရွာထဲမှာ အလွန်အင်မတန်တော်တဲ့ ဒီဇိုင်းဆြာဂျီးတယောက် ရှိတယ်..
      သူ့ကို စော်ဒဂါးမော်ဒဂါးပြောတာတွေ မခံချင်လို့ ဒီဇိုင်း အကြောင်းချရေးလိုက်တာပါ..
      (တခါတလေလည်း ဂလိုလေးတော့ ပင့်ပေး အုံးမှ..)

      ပင့်ပီးပီဆိုတော့ဟီဟိ

      အတင်းတုတ်လိုက်ပါအုံးမအေ..
      သူရေးတဲ့ ဒဿဂီရိပုံက ချစ်စာကောင်းသအေ့..

      :kwi:

  • blackchaw

    November 15, 2012 at 1:08 pm

    ဘယ်လိုပဲဖြစ်ဖြစ်ဗျုာ…။
    ဘဘဘလက်ကတော့ ပို့စ်ကိုရော ကွန်းမန့် တွေရော
    ဝင်ဖတ်သွားပြီ ဆိုတာ သံချောင်းဝင်ခေါက်သွားပါတယ်…။
    လက်မထောင်တဲ့ ခေတ်ကုန်သွားပြီဆိုတော့ ထောင်မသွားတော့ဝူးရယ်…။
    ချစ်ခင်တဲ့…
    မရှင်းမရှင်းဘလက်…။
    :mrgreen:

    • Inz@ghi

      November 15, 2012 at 1:14 pm

      စကားမစပ်
      ဒီဇင်ဘာ အိပ်မက် မြောင်းထဲ ရောက်သွားပါပြီဗျာ..
      ထုံးစံအတိုင်း ဧပြီ ပေါ့..
      အဲ… ဗိုလ်ကမ်းက ကိုကြွက်နဲ့ ချိန်းပေးထားတယ်ဗျ..
      ကိုကြွက်ကလည်း သဘောမျှပါကြောင်းတဲ့ဗျာ…
      ဘဘဘလက်ကို ဖိတ်ပါရဲ့ ..
      ဆုံကြတာပေါ့..

      :harr:

  • Mon Kit

    November 15, 2012 at 1:19 pm

    ကျုပ်ကတော့ ဒီဇိုင်နာ ဆိုရင် စက်ချုပ်စားတဲ့ မကြီးစန်း နဲ့ ပြည်စိုးအောင်တို့ စုံတွဲဘဲ သိဒယ်အေ့..
    :hee:

    မိဂီ.. ရှင့် ဥူးနှောက် တစ်စိပ်လောက် ငှားပါရားဟင်င်င်င်….
    ရှင်တော်တာတွေ လိုက်မှီအောင်လို့ပါ…. :kwi:

    • Inz@ghi

      November 15, 2012 at 1:25 pm

      မပင့်ပါနဲ့ကွယ် …ကျုပ်က သူများဒီဇိုင်း ခိုးတတ်ဝှက်တတ်တဲ့အဆင့်တောင် အိုးနင်းခွက်နင်းပါ..
      တကယ်က အဲ့မှာ တကယ်ဂျွတ်တဲ့ ဒီဇိုင်နာတွေ ရှိတယ်..
      http://en.wikipedia.org/wiki/IKEA
      ကျုပ်ဖြင့် အဲ့ကို အလုပ်ဝင်ချင်ရင် နောက်ဘဝတောင် ရပါ့မလား မသိဝူးရယ်..

      :hee:

      • ခိုင်ဇာ

        November 15, 2012 at 1:39 pm

        အစက ကိုသိကာစက IKEA ကို Founded in Japan မှတ်နေတာအေ့။ ရောက်တာတော့ အခေါက်ခေါက်ပဲ။ ဒီဇိုင်းနဲ့ ဈေးနဲ့ အတော်တန်တန်ရာရာကိုး။
        နောက်တော့ ဘယ်ရုပ်ရှင်ကတုန်းမသိဘူး၊ အဲဒီမင်းသမီးဟာ IKEA အိတ်ကြီးလွယ်လာမှ လိုက်ရှာလိုက်မိတာကိုး။ :mrgreen:
        နာ့ အဲဒီ ကက်တလောက်လေးတွေယူသွားပြီး မန်းလေးက လက်သမားတွေကို ဒါမျိုးလေးလိုချင်တယ် ဆိုပြီး လုပ်ခိုင်းမိပါတယ်။
        ကံကောင်းလို့ အသက်နဲ့ ကိုယ်မြဲတယ်။ :harr:

  • Mon Kit

    November 15, 2012 at 1:35 pm

    ဟင့် ဟင့်… :byae:
    လိုက်မမီပါဘူးချိုမှ အမြင့်ဂျီးကို တွန်းပို့ပြန်ပီ..
    ဒီဘဝမှာတင် ဖစ်ပါတယ်ကွယ်…
    စွယ်စုံကျမ်းဆရာလေးဟာဘဲ…ဟာဘဲ… 🙂

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 15, 2012 at 1:43 pm

    ဟိုဘက်က အနုပညာဆန်သော နည်းပညာပစ္စည်းများကိစ္စကို ဆက်ဆွဲမယ်ဆိုပါစို့…

    ပီစီတွေရဲ့သွားရာလမ်းကြောင်းမှာ Product Design ကောင်းကောင်းလုပ်နိုင်ခဲ့တဲ့သူကို လက်ညှိုးညွှန်ပါဆိုရင်…
    Sony ကိုပဲ လက်ညှိုးထိုးပြရပါလိမ့်မယ်…
    DELL တို့ IBM တို့ ဘယ်လောက် Performance တွေကောင်းကောင်း… ရုံးသုံးအဖြစ်သုံးဖို့မဟုတ်ဘဲ…
    ကိုယ်ပိုင်ကွန်ပျူတာတစ်လုံးဝယ်ဖို့ ကွန်ပျူတာဆိုင်အသွား ကွန်ဇူးမားပရောဒတ်တွေဝယ်မယ်လို့ စဉ်းစားကြတဲ့အချိန်မှာ စတိုင်းလစ်ဖြစ်ဖို့နဲ့ ပုံစံဆန်းသစ်လှပဖို့ဦးစားပေးကြတာပါပဲ…
    နောက်မှ ဘတ်ဂျက်တို့ စပက်စီဖီကေးရှင်းတို့က လိုက်ရမှာကိုး…
    အဲဒီအကြောင်းကို သတိထားမိသလောက် ပန်းသီးနဲ့ ပီစီဘက်မှာဆိုရင် ဆိုနီကအတော်လေးဦးစားပေးတယ်လို့ဆိုရမှာပါ့…
    ဆိုနီလက်ပကျွတ်တွေရဲ့ ပါဖောမန့်(စ)က အိုင်ဘီအမ်တို့ ဒဲလ်တို့ရဲ့ ပုံတုံးတုံး၊ ပါဖောမန့်စ်ကောင်းကောင်းထက်…
    လူကြိုက်များများဈေးကြီးကြီးနဲ့ လပ်ဇရီပစ္စည်းလို့လူတွေခံယူဖို့ မြင်လိုက်တာနဲ့လိုချင်စရာဖြစ်အောင် ဒီဇိုင်းထုတ်ထားပါတယ်…

    အန်းနားလော့နဲ့ ဒစ်ဂျစ်တယ်ကိုကိုယ်စားပြုထားတဲ့ VAIO ဆိုတဲ့နာမည်တစ်ခုက လူတိုင်းကိုစွဲနိုင်အောင်လုပ်ထားတာပါ…
    http://imjustcreative.com/the-meaning-behind-the-sony-vaio-logo/2011/08/11/
    သေချာပြန်စဉ်းစားကြည့်ရင် လူတွေက စပက်စီဖီကေးရှင်းထက်များသောအားဖြင့် အပေါ်ယံအလှအပကို မက်မောကြသူချည်းကိုး…
    ဆိုနီဗိုင်ရိုကွန်ပျူတာတွေက ပီစီရဲ့ ပရောဒတ်ဒီဇိုင်းထဲမှာအကောင်းဆုံးလို့ဆိုချင်ပါတယ်…

    အဲဒီနေရာမှာ ပန်းသီးနဲ့ ဆိုနီကွာခြားချက်ကို စဉ်းစားကြည့်ရအောင်…
    ပန်းသီးက ကိုယ်ပိုင်အမာထည်ရော… အပျော့ထည်ရောထုတ်တယ်… အဲဒီအတွက် သူ့ရဲ့အမာထည်ဒီဇိုင်းကို အခိုင်အမာဖြစ်အောင်လုပ်တယ်… ဂီဂီရဲ့ဒီပိုစ့်မှာ အဲဒီအကြောင်းကို ဝန်ခံထားပြီးပါပြီ…

    ပန်းသီးကြွက်နဲ့ ပန်းသီးရဲ့ပါဝါအဒက်ပတာကို ကြည့်ခြင်းအားဖြင့်ခန့်မှန်းနိုင်ပါတယ်…
    အဲဒီလိုပဲ မအောင်မြင်တဲ့ ဆိုနီရဲ့တက်ဘလက်ဒီဇိုင်းဟာဆိုရင် ကွန်ပျူတာလောကရဲ့ဒီဇိုင်းမှော်ဆရာ ပန်းသီးရဲ့အားနည်းချက်အပေါ်မှာ အားဖြည့်ပြီးတည်ဆောက်ထားပေမယ့် တကယ့်သုံးမယ့်လူအမြင်မှာတော်တော် ကသိကအောက်နိုင်တဲ့ဒီဇိုင်းဖြစ်နေတာပဲ…

    အပေါ်မှာဂီဂီပြောခဲ့သလို ဒီဇိုင်းတွေက ကျွန်တော်တို့ဘဝမှာ စိုးမိုးထားမှန်းမသိစိုးမိုးထားတာပါ…
    မသိစိတ်က စွဲလမ်းမိနေသလိုမျိုးပါ…
    ကွန်ပျူတာအားလုံးဖြူနေချိန်မှာ သွားလေသူကြီး ဂျော့ရဲ့ NeXT ကွန်ပျူတာတွေမဲခဲ့ပါတယ်…
    ကွန်ပျူတာတော်တော်များများ မဲလာတဲ့အချိန်မှာ… ပန်းသီးက ဖြူလာပါတယ်…
    အဲဒီအချိန်မှာ ဆိုနီဗိုင်ရိုက အပြာလဲ့လဲ့အရောင်လေးပါ…
    သေချာတာကတော့ ဒီဇိုင်းဆိုတာ လူတွေသုံးရလွယ်အောင် ပရောဒတ်ဒီဇိုင်းထုတ်ရုံတင်မကဘူး…
    အများအမြင်မှာ ကိုယ့်ပရောဒတ်ဒီဇိုင်းက ထင်သာမြင်သာရှိနေအောင်… ဖော်ညွှန်းကြလေ့ရှိပါတယ်…

    အဲဒီတော့လှပါပြီး ဒီဇိုင်းကောင်းတဲ့ ပန်းသီးပရောဒတ်တွေ ဈေးကွက်ထဲမှာအောင်မြင်တာအစမ်းမဟုတ်ပါဘူးဗျာ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • Inz@ghi

      November 15, 2012 at 1:58 pm

      အဲ့လိုတွေ အောင်မြင်လွန်းလို့ ဆမ်ဆောင်းက စွဲလိုက် ဂူဂယ်လ်က စွဲလိုက်နဲ့
      ခနတိုင်း တရားစွဲခံထိနေတာ …ဟီဟိ..

      Picasa had a saying: ‘good artist copy, great artists steal’. And, we have always been shameless about stealing great ideas. Steve Jobs (1994)

      :kwi:

      • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

        November 15, 2012 at 2:20 pm

        အခုတလော လွန်ခဲ့တဲ့တစ်နှစ်လောက်ကလို ငြင်းရတာတွေပြန်ပြီးအသက်ဝင်လာသလိုပဲ…
        ကျုပ်တို့နှစ်ယောက်ငြင်းကြတာပေါ့…

        ဘယ်အရာမဆို တစ်ခုခုကိုအခြေခံပြီးတော့ ပိုကောင်းအောင်လုပ်ခဲ့ကြတာချည်းပဲ…
        သွားလေသူဂျော့လဲ သူ့ပရောဒတ်တွေထဲမှာ ဂွမ်းခဲ့တာတွေအများကြီးပေမယ့် အဲဒီကသင်ခန်းစာတွေကိုယူပြီး
        အကောင်းဆုံးအရာတစ်ချို့ကို ဖန်တီးခဲ့ပါတယ်…

        MacOS ရဲ့ဆော့ဝဲရှားပါးမှုနဲ့ ရှုံးနိမ့်ခဲ့တာကိုသင်ခန်းစာယူထားပြီး iOS အတွက် ဆော့ဝဲပေါများအောင်
        လုပ်ခဲ့တာကိုကြည့်ခြင်းအားဖြင့် အရှုံးတစ်ခုကို ရင်ဆိုင်ရင် ပိုကောင်းတဲ့ဘဝကိုသွားကြတာချည်းပါပဲ…

        အပျော့ကိုလဲကြည့်ပါ… Vista ရဲ့အမှားတွေကိုပြင်ပြီး ပိုကောင်းတဲ့ Win7 ကိုရခဲ့တာပဲလေ…
        အမှားတွေဆိုတာ တစ်ချိန်ချိန်အတွက် ရွှေတွေပါ…

        Picasa had a saying: ‘good artist copy, great artists steal’. And, we have always been shameless about stealing great ideas. Steve Jobs (1994)

        အဲဒီစကားလေးကို သဘောကျလို့ ပြန်ထည့်ပေးလိုက်ပါတယ်…

        ခင်မင်လျက်-
        ကြောင်ဝတုတ်

        • တိမ်မည်း (ခရီးသွားနေည်)

          November 15, 2012 at 4:46 pm

          ဒါပေမယ့် ကိုဝတုတ်ရေ….

          စီးပွားရေး အရကြည့်ရင်တော့ အခုထိ အပျော့က ထိပ်ဆုံးဖြစ်ဂျောင်း……

    • တိမ်မည်း (ခရီးသွားနေည်)

      November 15, 2012 at 2:14 pm

      ပန်းသီးက ဒီဇိုင်းကတော့ ငြင်းစရာ မရှိအောင် ကောင်းပါတယ်…..
      ဒါပေမယ့်….
      ဒီ ဒီဇိုင်းကြီးက မပြောင်းလေတော့…………
      ဝတ်မှုန်လေး ဘယ်လောက်ပင်ချောသောြ်ငား…..
      နန်းခင်ဇေယျာလေးနဲ ့ ပြောင်းခုတ်ချင်ပါဂျောင်း………………
      😀

      • Inz@ghi

        November 15, 2012 at 2:18 pm

        အဲ့အပေါ်က ကကြောင်အဆီပိတ်နဲ့ ကျုပ်နဲ့က ပန်းသီးကိစ္စမှာသာမတည့်တာ
        ကျန်တာတော့ အကြိုက်တူကြသဗျ အထူးသဖြင့် အီတာလျံဒီဇိုင်းပိုင်း။
        :harr:
        http://en.wikipedia.org/wiki/Italian_design

    • Inz@ghi

      November 16, 2012 at 12:15 pm

      ကဖတ်ကတ် ခီညားလက်ချက်တော့ မဟုတ်ပါဝူးနော်….

      ယူအက်စ်အေ နျူးယောက် ကနေဒီလေဆိပ်တွင်
      ဒေါ်လှ ၁သန်းခွဲတန်ကြေးရှိ အိုင်ပက်မီနီ အလုံး ၃၆၀ဝခန့်
      အခိုးခံရ

      http://www.macrumors.com/2012/11/15/1-5-million-worth-of-ipad-minis-stolen-from-airport-warehouse/

      • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

        November 16, 2012 at 3:04 pm

        ကျုပ်လက်ချက်ဘယ်ဟုတ်နိုင်မလဲဗျာ…
        ကိုယ့်နိုင်ငံထဲကထွက်လို့ အာရှနဲ့ဥရောပအစပ်တောင် မရောက်ဖူးတဲ့လူက
        နျူးယောက်လေဆိပ်မှာ ခိုးဖို့ဆိုတာမဖြစ်နိုင်ဘူး…
        ဖြစ်မယ့်ဖြစ် သူကြီးပဲဖြစ်ရမယ်… ကျွန်တော့်ပိစိကွေးကို ချစ်မိသောအခါကတည်းက သူကြီးကကျိတ်ခိုက်နေတာ…
        အခု အလုံး၃၆၀ဝ ခိုးပြီး ဂဇက်က Active Member တွေကို ပေးတော့မလို့တဲ့…ဟိဟိ
        စာများများရေးကြပါ… များများမန့်ကြပါ… ခိခိ

        ခင်မင်လျက်-
        ကြောင်ဝတုတ်

        • kai

          November 16, 2012 at 3:45 pm

          နွားရူးရောက်နဲ့.. လော့စ်အိမ်ကျလိကျလိက.. ရန်ကုန်-ဂျပန်လောက်ဝေးတာဗျ..
          ဖြစ်ခြင်းဖြစ်… နယူယောက်မှာစန္ဒီနဲ့ပလူးပလဲလုပ်နေတဲ့.. ကြောင်သေကြောင်သားပဲဖြစ်ရမယ်.. :harr:

  • တိမ်မည်း (ခရီးသွားနေည်)

    November 15, 2012 at 2:09 pm

    ဒီဇိုင်းအရေးကြီးတယ်ဆိုတာ သိတာကြာခဲ့ပေမယ့်…..
    အခုလို ့ စေ့စေ့စပ်စပ်တော့ မသိခဲ့ရိုးအမှန်ပါ…….
    လူက ဘယ်လောက်တော်တော် ပစ္စည်းကဘယ်လောက်ကောင်းကောင်း….
    First Impression ကောင်းဖို ့လိုတယ်ဆိုသလိုပေါ့….
    ဒါမှ ကိုင်ကြည့်မယ် စမ်းကြည့်မယ်…..

    မည်သို ့ပင်ဆိုစေ……
    ဒီပို ့စ်လေးကို ကြိုက်တယ်ဗျို ့……

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 15, 2012 at 8:21 pm

    ခုမှသိတယ်ဗျာ သိုင်းကယူး
    ဒီဇိုင်းအသစ်ထုတ်တဲ့လူတွေကို အလုပ်မရှိအလုပ်ရှာ ကြောင်ရေချိုးနေဂျဒယ်အောက်မေ့တာ
    ခုတော့သိသွားပြီဗျာ
    အသစ်တွေထုတ်လုပ်တီထွင်တာ ဒါ့ကြောင့်ဂိုး
    ဒါ့ကြောင့်တော့လည်းကြောင့်တာပေါ့
    ထိပ်ပျောင်တွေဇဘင်ပေါက်တဲ့ဆေး တီထွင်ကြည့်ပါလား စားဝတ်နေရေးအဆင်ပြေသွားနိုင်တယ်

    • Inz@ghi

      November 15, 2012 at 8:32 pm

      လွန်ခဲ့တဲ့ ၅နှစ်ကျော်က ကားတိုက်ပြီး ဆုံးသွားတဲ့ ကျနော့် ဆြာသမားကိုအောက်မေ့စေမိတဲ့ ကွန်းမန့်ပဲ.
      ကိုပုပြောသလို ဆြာသမားကပြောခဲ့ဖူးတယ်. သူကတော့ တခုပိုတယ်ဗျ

      ဆံပင်ပေါက်ဆေးနဲ့ အသားဖြူဆေး ဖန်တီးနိုင်ရင် လုံးဝသာထိန်းဖြစ်မယ် ဆိုပြီးပြောခဲ့တာ.

      ဟုတ်တယ်နော. ကျနော်တို့ ကော့ကေးရှန်းလို ဖြူချင်လို့မရသေးဘူး. ပြောင်းပြန်အားဖြင့်
      အာဖရိကန်လို မည်းချင်လို့မရသေးဘူးးး.

      ဆံပင်ကိစ္စလည်းအားရစရာမရှိသေးဘူးရယ်.
      ဆံပင်ဖြူတာကို ဆေးဆိုးတယ်ဆိုတာ လိမ်ညာမှုတခုပါဗျာ.
      အဲ့လို မလိမ်ရအောင်တောက် မတီထွင်သေးနိုင်မှတော့.
      ဆံပင်မပေါက်တော့တဲ့နေရာ ပြန်ပေါက်အောင် လုပ်ဖို့ဆိုတာက ပိုခက်မယ်မှတ်ရဲ့

      တော်သေးပြီ
      ခင်တဲ့
      ဂီ

  • pooch

    November 16, 2012 at 1:50 am

    စကားမစပ်ပြောပါအုန်းမယ်။ samsung တို့ ဘာတို့ စတဲ့ ပစ္စည်းတွေအစစ်တွေက ငါတို့ ဆီမှာ ဈေးပိုချိုနေသလားလို့ ပါ။ ဟိုဘက်က တချို့နေရာများမှာ ပိုများနေလို့ အေ ။ ဒီမှာ ဝယ်တာပိုအဆင်ပြေနေသလိုပဲလားလို့ ။ @~@

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      November 16, 2012 at 3:13 pm

      သူငယ်ချင်းပုချ်ရေ…
      ကျွန်တော့်အမြင်တော့ အခွန် (Tax) နဲ့လဲဆိုင်မယ်ထင်ပါတယ်…
      မြန်မာပြည်မှာရောင်းနေတဲ့ လျှပ်စစ်ဆက်စပ်ပစ္စည်းအားလုံးရဲ့ ၇၀% ဟာ…
      Boarder Trade (သို့) တနည်းနည်းနဲ့တရားမဝင်တင်သွင်းရောင်းချနေကြတာဖြစ်လို့…
      ဟိုဘက်က တချို့နေရာထက်စာရင် ဈေးသက်သာတာဖြစ်နိုင်ချေရှိပါတယ်…
      (ဘယ်ဟိုဘက်ကို နဲ့ ဘယ်နေရာကို ပြောတာလဲတော့မသိဘူး… ဟိဟိ)

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • weiwei

    November 16, 2012 at 11:42 am

    ကျွန်မ လက်ပကျွတ်သွားဝယ်တော့ ဘာလိုသုံးမှာလဲ ဘယ်လို spec မျိုးလိုချင်တာလဲလို့ ဝိုင်းမေးတာပေါ့ ..
    ကျွန်မ ဖြေလိုက်တာက လှတာလေး လိုချင်တယ်လို့ …
    ဟုတ်တယ်လေ .. အိမ်မှာ ရုံးမှာ PC ပဲ သုံးနေတာ အပြင်မှာ ဟန်ရေးပြဖို့က လှတာအဓိကမဟုတ်လား .. အဲဒါနဲ့ပဲ sony vaio ပန်းရောင်လေးကို ဝယ်ဖြစ်လိုက်တယ် ..

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      November 16, 2012 at 3:16 pm

      မဝေက ဒီဇိုင်းကြောင်း Sony VAIO ကိုရွေးတယ်ဆိုကြောင်း သက်သေပြလိုက်ပါပြီ….
      တကယ်လို့များ OS ကို ထည့်မတွက်ဘူးဆိုရင် VAIO နဲ့ ပန်းသီးဈေးအတူတူပဲဆိုရင်…
      ဘာကိုရွေးမယ်လို့ထင်ပါသလဲ….?
      _____________ကို ရွေးမှာပါ…..
      ဖြောင်း…..ဖြောင်း…..ဖြောင်း

      ခင်မင်လျက်-
      ကြောင်ဝတုတ်….

Leave a Reply