ရေးစရာမရှိလို့ လျှောက်ရေးတဲ့ သတင်းများ…

black chawNovember 15, 20121min20033

သတင်းတွေ…သတင်းတွေ…
မနက်မိုးလင်းတာနဲ့ မိုးရွာသလိုရွာချလာတဲ့သတင်းတွေ…
အော်…အိမ်သူဇနီး ချစ်သည်းကြီးကို ရှောင်ချင်တယ်ဆိုရင်တောင် လွတ်နိုင်တယ်ဆိုပေမယ့်…
သတင်းတွေကိုတော့ ရှောင်လို့ကို မလွတ်နိုင်ဘူးတဲ့ ကွယ်…။
ပိုက်ဆံတတ်နိုင်တဲ့လူတွေများကြတော့လည်း…
သတင်းထူးရှိတိုင်း ချက်ခြင်းသိနိုင်ဖို့…
သတင်းမက်ဆေ့ချ်တွေတောင် ဝယ်ထားကြဆိုလား ကြားရတာပါပဲ…။
ပိုက်ဆံမရှိလို့ သတင်းမက်ဆေ့ချ်မဖတ်ရဘူးဆိုပြီး စိတ်မကောင်းဖြစ်မနေပါနဲ့ဗျာ…။
သတင်းအချက်အလက်တွေကို လက်ကိုင်ဖုန်းများသို့ SMS စံနစ်ဖြင့် ဖြန့်ဝေနိုင်ရန်…
ပြန်ကြားရေးဝန်ကြီးဌာနကစီစဉ်နေပါပြီတဲ့…။
မြန်မာလိုဖတ်ချင်တယ်ဆိုရင်တော့ မြန်မာဖေါင့်လေးတော့ ဖုန်းထဲထည့်ထားပေါ့ကွယ်…။
ပို့ပေးတဲ့ မက်ဆေ့ချ်ထဲက သတင်းမှန်တာမမှန်တာကတော့ ကံတရားပဲပေါ့…။
သက်ရှိလူတွေရဲ့ သတင်းတွေထဲမှာ သက်မဲ့လို့ဆိုကြတဲ့ သဘာဝတရားကြီးကလည်း ဘယ်ငြိမ်နေလိမ့်မလဲ ကိုကိုရယ်…။
သူကြီးတို့ ရုံးစိုက်ရာ အမေရိကားတောင် စန်ဒီ မုန်တိုင်းကြီးရဲ့ ကျည်ဆယ်ခြင်းအောက်မှာ…
အလူးလူးအလိမ့်လိမ့် ဖြစ်ခဲ့ရပါရောလား…။
ဒီလောက်နဲ့တော့ မကျေနပ်သေးဘူးတဲ့ဗျာ…။
နယူးယောက်မြို့ကြီးတောင် ရေလွှမ်းမိုးခံခဲ့ရပြီး သန်းနဲ့ချီတဲ့လူနေအိမ်တွေ လျှပ်စစ်မီးပြတ်တောက်နေပါတယ်တဲ့…။
သဘာဝတရားကြီးက ဖွံ့ဖြိုးပြီးတွေ ဖွံ့ဖြိုးဆဲတွေ ခွဲခြားမနေပါဘူးး…။
ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ကြီးဆီ ချီတက်နေဆဲ (ဟေးဟေး တနည်းအားဖြင့် ဖွံ့ဖြိုးဆဲပေါ့ဗျာ…)
ဘလက်ကြီးတို့ရဲ့ မြန်မာနိုင်ငံတော်ကြီးထဲမှာ
ဟိုတစ်နေ့ကပဲ ငလျင်ထလှုပ်ထည့်လိုက်ပါရောလားဗျာ…။
အမေရိကားမှာတိုက်ခဲ့တဲ့မုန်တိုင်းကို စန်ဒီရယ်လို့ နာမည်ပေးခဲ့ကြပါတယ်တဲ့…။
မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကိုတော့ တစ်လေးလုံး ငလျင်လို့ တချို့ဂျာနယ်တွေက ကင်ပွန်းတတ်ခဲ့ကြသတဲ့ကွယ်။
တစ်လေးလုံး ငလျင် တဲ့…။
ဟုတ်တယ်လေဗျာ…၊ ၁၁-၁၁-၂၀၁၂ မှာလှုပ်သွားတာဆိုတော့ တစ်လေးလုံး ပေါ့…။
အောင်မယ်…၂၀၁၁ ခုနှစ်ကများ လှုပ်ခဲ့ရင် တစ်ခြောက်လုံးငလျင်ရယ်လို့ ကင်ပွန်းတတ်ကြမှာ
မြင်ယောင်သေး…ဟေးဟေး…။
အထက်မြန်မာပြည် ငလျင်သတင်းတွေနားစွင့်ရင်းနဲ့ ဘယ်လိုစံချိန်စံညွှန်းတွေနဲ့ ဆောက်သွားမှန်းမသိရတဲ့
ကန်ထရိုက်တိုက်ခန်းအမြင့်တွေမှာ နေကြရရှာတဲ့…
ဘလက်ကြီးတို့ ရွာသူရွာသားအမျိုးအဆွေတစ်သိုက်လည်း…
ငါတို့ရန်ကုန်များ ငလျင်လှုပ်လိုက်ရင်…ဆိုတဲ့အတွေးနဲ့…
အပူလုံးကြွနေကြသတဲ့ကွယ်…။
ဘုရားသာများများ ရှစ်ခိုးကြပါ ကိုကိုတို့ရေ…။
နောက်သတင်းတစ်ခုက…
ရန်ကုန်မှာ သေကြောင်းကြံမှုတွေ အရင်နှစ်ကထက်ပိုများလာနေတယ်ဆိုတာပါပဲ…။
အခုလောလောဆယ်မှာကိုပဲ မနှစ်ကထက် ၂၅ မှု ပိုနေပါပြီတဲ့…။
ဘလက်ကြီးကတော့ ကိုယ့်ကိုယ်ကို သတ်မသေရဲသေးပေမယ့်…
သင်္ချာဝင့်ကျော်လေးသာ သတ်မယ်ဆိုရင် ခုချက်ခြင်း သေရဲပါတယ်ဆိုပြီး လျှောက်ပွားနေလေရဲ့ဗျာ…။
လာမယ့် နိုဝင်္ဘာ ၁၉ မှာ အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်လာမယ်ဆိုတဲ့ သတင်းကလည်း…
လူပြောများတဲ့ သတင်းတစ်ပုဒ်ဖြစ်လို့နေပါတယ်…။
အိုဘားမားကြီးက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမထဲမှာ သမိုင်းဝင်မိန့်ခွန်းပြောကြားလိမ့်မယ်ဆိုတဲ့…
အတည်မပြုနိုင်သေးတဲ့ သတင်းတစ်ပုဒ်လည်း ဟော့ဖြစ်လို့နေပါတယ်…။
ဘွဲ့နှင်းသဘင်ကျင်းပမယ့်ရက်တွေတောင် ရွှေ့ဆိုင်းလိုက်တယ်ဆိုလား…ပြောနေကြတာပါပဲကွယ်…။
အဓိပတိလမ်းမကြီးနဲ့ ဘွဲ့နှင်းသဘင်ကြီးကို ပြင်ဆင်နေကြတာတွေကိုမြင်ရတော့ ဒီသတင်း သေချာလောက်ပါတယ်လို့
ဘလက်ကြီးက ခန့်မှန်းသွားပါတယ်ဗျာ…။
ဘွဲ့နှင်းသဘင်ခန်းမထဲမှာ မီဒီယာသမားတွေ အတွက်တောင် စင်တစ်ခု ချက်ခြင်းကြီးဆောက်လုပ်နေတာကို
သိတ်စပ်စုတဲ့ အဲဒီဘလက်ကြီးက သေသေချာချာကြီးကို မြင်တွေ့ခဲ့ရပါတယ်တဲ့…။
အမေရိကန်လူမျိုး တချို့ကိုတောင် တွေ့ခဲ့ရသေးပါတယ်တဲ့…။
ဘွဲ့နှင်းသဘင်ကြီးရှေ့မှာလည်း မီးမောင်းကြီးသုံးလုံးတတ်ဆင်ဖို့လုပ်နေပါတယ်တဲ့…။
ညဘက်သွားကြည့်လို့ကတော့ အောင်မယ်မင်း လှလိုက်မယ့်ဖြစ်ခြင်းရယ်ပါလေ…။
အဓိပတိလမ်းမကြီးကိုရော ဒီအတိုင်းထားမတည့်လားကွယ်…။
ကတ်တရာတွေ အသေအချာပြန်ခင်းလို့ အို…ခန့်ညားလိုက်တဲ့ ဖြစ်ခြင်း…။
အိုဘားမားကြီးများ ရန်ကုန်တက္ကသိုလ် ကြီးထဲရောက်ရင် သိမ်ငယ်စိတ်တွေများ ဝင်သွားလေမလား…။
အော်…သူ့ဉာဏ်လေးတစ်ထွာတစ်မိုက်လောက်နဲ့ လျှောက်တွေးနေမိတာကို ပြောတာပါဗျာ…။
ယတြာချေခဲ့တာပါလို့ လူပြောများခဲ့တဲ့ ကြက်ဆူဆီ ကိစ္စနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်ကြီးမျိုးညွန့် (ငြိမ်း) ပြောသွားတဲ့
စကားလေးတစ်ခွန်းကလည်း သတင်းဖြစ်လို့ နေပြန်ပါရောလား…။

“ကြက်ဆူဆီနဲ့ ကားမောင်းပြတာတို့…ဘာတို့…သစ်ဆိမ့်ပင် စိုက်ပြတာတို့က လုပ်စားကြတာပဲ…အများကြီး။
ဒါနဲ့…လူကြီးတွေကို ညာစားကြတာပဲ…”

ဘလက်ကြီးရဲ့ ကြီးဒေါ် မကုလားမကတော့
အဲဒီညာစားခဲ့တဲ့လူတွေကို ပြန်ဖေါ်ထုတ်ပြီး အရေးယူလို့ မရဘူးလားဆိုပြီး ဒေါသတွေ နင်းကန်ထွက်နေပါသတဲ့ဗျာ…။
ဟုတ်တော့လည်း ဟုတ်ပါတယ်ဗျာ…။
သူတို့ညာစားတာ ဘယ်လောက် ရသွားတယ်တော့ မပြောနိုင်ပေမယ့်…
ပြည်သူလူထုခင်ဗျာမှာ
ဝယ်လိုက်ရတဲ့ ကြက်ဆူပင်…။
စိုက်လိုက်ရတဲ့ ကြက်ဆူပင်…။
လမ်းဘေးတွေ့လို့တောင် သေးမပေါက်ရဲခဲ့တဲ့ ကြက်ဆူပင်…။
တချို့များ ဖားဖားလျားလျားနဲ့ကို ပန်းအိုးတွေထဲမှာ တယုတယစိုက်ခဲ့ကြတဲ့ ကြက်ဆူပင်…။
အော် အဲဒီသတင်းလေးကလည်း ခုတလော လူကြားထဲပြန်ရောက်နေပါတယ် ခင်ဗျ…။
ဟေး…ဟေး…
နောက်ထပ် အင်မတိအင်မတန် လူပြောများနေကြပြန်တာက…
မြန်မာသံတော်ဆင့် ဂျာနယ်ပါ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေ နဲ့ တွေ့ဆုံခြင်း ဆိုတာလေးပါပဲ…။
အဲဒီ အင်တာဗျူး ပါ စကားတွေကို
ဇာတ်သဘင်သမားတွေ မခံရပ်နိုင်လောက်အောင် ဖြစ်ရတယ်ဆိုတော့ ဘာတွေများစော်ကားမော်ကား
သွားပြောခဲ့ပြန်သလဲမသိ…။
ဟိုတစ်ခါ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြန်တောင်းပန်ခဲ့ရတဲ့ ပုဂ္ဂိုလ်ကြီးကိုတောင် ပြန်သတိရမိသွားပါတယ်…။
မိုးဝင်းတို့ မိုးမင်းတို့ ဖိုးချစ်တို့ နန်းခင်မွှေးတို့ အစရှိတဲ့ ဇာတ်သမားတွေက
ရင်ဖွင့်ပြောကြား သဘင်စကား ခေါင်းစဉ်နဲ့ အခမ်းအနားတစ်ခုကျင်းပပြီးတော့ တုန့်ပြန်ခဲ့ကြပါတယ်တဲ့…။
အဲဒီအခမ်းအနားမှာ ထူးခြားတာက စာပေဘက်က ဆရာဦးဟိန်းလတ် ပြောသွားတဲ့ ကိုယ်ချင်းစာစကားလေးပါ…။
ဒီအင်တာဗျူးကို ဖတ်လိုက်ရတဲ့အခါ… အရေးခံရတဲ့ သဘင်ပညာရှင်များ ခံစားဝမ်းနည်းရသလို…
ကျွန်တော်လည်း ဝမ်းနည်းကြေကွဲရပါတယ်
တဲ့…။
ဆိုတော့ဗျာ…
ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန်းဆွေ ရဲ့ ဖြေရှင်းချက်လေးကို
ဘလက်ကြီးတို့က စောင့်ဖတ်နေပါတယ်ဆိုတာလေး…။
ပြောတုန်းက လက်လွှတ်စပယ်ပြောပြီး လွယ်လွယ်နဲ့ပြီးရိုးလား…ဟင်းဟင်း…။
နောက်ထပ်ရေပန်းစားနေပြန်တာက
မခိုင်ကြီး လို့ ခေါ်ကြတဲ့ ထွန်းအိန္ဒြာဗို ကြီးကလည်း တန်ဆောင်မုန်းလပြည့်ညမှာ တစ်ကိုယ်တော်ရှိုးလုပ်မလို့
ပြင်ဆင်နေတဲ့ သတင်းလေးပါဗျာ…။
ဒီရှိုးကရလာမယ့် အကျိုးအမြတ်အားလုံးကို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့အပါအဝင် လူမှုရေး ပရဟိတ
အဖွဲ့အစည်း ရ ခုကို လှူဒါန်းသွားမယ်ဆိုတာလေးလည်း နားစွန်နားဖျားကြားလိုက်မိရဲ့…။
သာဓုပါဗျာ သာဓု သာဓု…။
ဥက္ကာဦးသာတို့ရဲ့ Plus 3 အဖွဲ့နဲ့ အမျိုးသားဇာတ်ရုံမှာ တဲ့ ခင်ဗျ…။
တတ်နိုင်ရင် သွားကြည့်ကြဖို့ပါ…။
မတတ်နိုင်ရင်လည်း ပြည်သူ့အတွက် စကိုင်းနက် ဆိုတာကြီးကသာ တိုက်ရိုက်ကြည့်ကြပေါ့နော့…။
နောက်ဆုံးသတင်းကိုတော့ အပျော်လေးနဲ့ သိမ်းကြတာပေါ့…။
အမေရိကားဆီက ဂျပ်စတင်ဘီဘာနဲ့ ဆလီနာဂိုမက်ဇ်လေးတို့ ခွာပြဲကြလေပြီဆိုတဲ့ သတင်းကြောင့်…
မြန်မာပြည်က ဆယ်လီနာဂိုမက်ဇ် ကို ကြိတ်ခိုက်နေတယ်ဆိုတဲ့…
နွားအိုမျက်နုကြိုက် ဘလက်ကြီးတစ်ယောက်
ကြိတ်ဝမ်းသာနေသတဲ့ကွယ်…။
ဟင်းဟင်း…ဆလီနာဂိုမက်ဇ်လေးရယ်…
ဘလက်ကြီးလက်ကပြေးလို့လွတ်ရိုးလား
လို့လည်း ကျိန်းဝါးနေသေးသတဲ့ဗျာ…။
အင်…
ဘာမှလည်းမဆိုင်ဘူး…လူဆိုး…။

မရှင်းမရှင်း ဘလက်…

နိုင်ငံခြားသားတချို့ပါဝင် စီမံခန့်ခွဲနေတဲ့ ဘွဲ့နှင်းသဘင် ပြင်ဆင်မှု…။
အဓိပတိလမ်းတစ်လျှောက် ဆေးသုတ်နေကြသူများ…။
ဆေးရောင်စုံ ကားပါကင်ကို ဘေးမှာထားပြီး ပဲများနေတဲ့ သစ်ပုတ်ပင်…။
ခင်ဗျားတို့ ရဲ့ အသည်းနှလုံးလို့ ပြောလို့ရတဲ့ အဲဒီအထဲမှာ သမတအိုဘားမား မိန့်ခွန်းပြောလိမ့်မယ်တဲ့…။
ဘွဲ့နှင်းသဘင်ရှေ့မှာ ထိုးထားမယ့် ဆလိုက်မီးသုံးလုံး ကို တတ်ဆင်ဖို့ ပြင်ဆင်နေကြတာပါ…။

33 comments

  • ရွာသူ jujuma .

    November 15, 2012 at 1:21 pm

    အယ် မဒမ်ဘလက် ကြားရင်တော့ ..
    ကျိန်းဝါးနိုင်ပါအုံးမည်လော့ … :kwi:

  • ခိုင်ဇာ

    November 15, 2012 at 1:25 pm

    ခု ကိုဘလက်ပို့(စ) ကို ဖတ်လိုက်တာနဲ့တင် သတင်းတွေစုံသွားပါရောလား။
    မခိုင်တို့ တစ်ကိုယ်တော်ရှိုး လပြည့်ညဆို ကျနော်ပြန်မှာနဲ့ မှီကောင်းပါရဲ့။
    ဂျပ်စတင်ဘီဘာလေးက ဖောက်လွှဲဖောက်ပြန်ဆိုလား ဘာလားပါဗျာ။ စတိတ်စင်ပေါ်မှာ ကာလီလေးနဲ့ သီချင်းဆိုတာ ပလူးပလဲဆိုပဲ။ ကွဲတာ နည်းသေး။ :kwi:

  • Inz@ghi

    November 15, 2012 at 1:38 pm

    ဖယားဖယား ..သင်္ချာ သတ်ရင် သေရဲ ဆိုပဲ …
    အဲ့ဒါတော့ ကျော့ထက် ကီးမြင့်သွားပြီ…
    သချင်္ာ့ ကို ဘဘ ဘလက်ပဲ ယူလိုက်တော့ ..
    ကျော်တော့ နန်းဂျင်ဇယာ လေးနဲ့ပဲ ဖြေသိမ့်လိုက်တော့မယ်..

    :harr:

  • MaMa

    November 15, 2012 at 2:09 pm

    ရေးစရာမရှိတာလေး ဖတ်လိုက်ရလို့
    ကမာ္ဘ့သတင်း မြန်မာ့သတင်းအစုံ သိလိုက်ရတယ်။
    ဂျာနယ်ဖိုးအကုန်သက်သွားသွားပြီ။
    တွက်ခြေကိုက်တယ်။ :harr:

  • စိန်ဗိုက်ဗိုက်

    November 15, 2012 at 2:16 pm

    သတင်းအစုံလင်ပါ..အဲ..အဲ..နောင်လဲ ပုံမှန် တင်ဆက်နိုင်ပါစေဗျား..
    ကျော်တို ့လို တောသားလေးတွေက ဘီအီးသောက်ဖို ့ကလွဲပြီး ကျန်တာသိတာမဟုတ်ဘူးရယ်.

  • Good™

    November 15, 2012 at 2:23 pm

    အမေရိကား မှာ စန္ဒီ မုန်းတိုင်း တိုက်တာ တို့ ဂေဇက်ရွာသား တယောက် ချောင်းဟန့် လိုက်လို့ တဲ့၊ သဂျီးက ခေးအော့ သီအိုရီ နဲ့ ကိုးကား ပြီး ပြောသွားတာပဲ။
    အထက်မြန်မာ ပြည် ငလျှင် အတွက် ကတော့ စိတ်မကောင်းစရာ ပါ။ သေဆုံး ဒဏ်ရာ ရ သူတွေ အပြင် နိုင်ငံတော် ဖွံဖြိုး ဖို့ ချီတေက်နေချိန်မှာ ငွေကြေး ကုန်ကျမှု တွေ ပိုလာရတာ လဲ တစ်မျိုးပေါ့။
    အိုဘာမား လာမဲ့ သတင်း က ငါတို့ ဂေဇက် အတွက် တော်တော် ဟောင်းနေပြီ။
    ဒါထက် ဘွဲနှင်းသဘင် ဝန်းကျင် တစ်ခု လုံး ပြင် ဆင်နေတယ် ဆို လို့ ပြင်ရင် ဘာဖြစ်တယ် ညာ ဖြစ် ဆို ပြီး ပြော သံ လေး ကြားဖူး ခဲ့ သလား ပဲ။
    ကြက် ဆူ ပင် ကတော့ စိုက်တာ ကို စိတ်မဝင်စား လို့ ဘယ် နေ့ ဘယ်လို စိုက် တယ် ပြန်မပြော တတ်ပေ မဲ့ အရင် ဆုံး စခုတ် ရှင်း လင်း ပစ်တာ ဗုံးပေါက်သွား တဲ့ အိမ်သာ ဘေး က တက္ကသိုလ် ဝန်း ထဲ က ကြက်ဆူ တောပဲ။ ၆ လပိုင်း ၂၀၁၂ ဝန်းကျင် လောက်မှာ ခုတ်ပြစ် တာ ငုတ်တို လေး တွေ တော့ ထား ထား တုံး ဗျ။ ခုတ်တာ ကို သဘောကျ လို့ ဖုန်း အစုပ်ကလေး နဲ့မှတ်တမ်း တင်ထား တာတောင် ရှိ သေး။
    ဇာတ်သဘင်လောက ကို စော်ကားသလို ဖြစ် သွားလို့ ဆိုင်ရာ တွေ ဒေါပွ ကြတဲ့ သတင်း ကတော့ သားသား အဲဒီနေ့ က ကျောင်းမတက်ရဘူး ( သီတင်ကျွတ် ကန်တော့ ဖို့ ပိုက်ပိုက် မရှိလို့ )။
    မခိုင် လဲ ဘာဖြစ် လဲ ရှိုး ပွဲ လုပ်ပြီး လှူ တော့ အိမ်က ရှိပြီး သားပိုက် ဆံ အပို မကုန်တော့ ဘူးပေါ့။
    ( နာမည်လဲ ရ အလှူ လည်း ဖြစ် ဘယ်လောက် အလုပ်ဖြစ်လဲ။ ) ဘာပဲဖြစ်ဖြစ် သာဓု တော့ ၃ ကြိမ် ခေါ်မိပါတယ်။

    • kai

      November 15, 2012 at 3:57 pm

      အိုဘားမား မြန်မာပြည်ရောက်လာတာမှာ.. မန်းဂဇက်ရွာသူားများရဲ့.. ခရက်ဒစ်များမပါဘူးထင်နေသလား..
      ခေးအော့သီအိုရီနဲ့.. ဆက်စပ်ပြလိုက်ရမလား.. :harr:

      တကယ်တော့… ကမ္ဘာကြီးက.. ဗရမ်းဗတာနဲ့..ဟန်ချက်ညီညီဖြစ်နေတာပါ..။
      အရာရာတိုင်း..
      ရန်ကုန်ပလက်ဖောင်းလမ်းဘေးပုရွတ်ဆိတ်ကလေး.. လမ်းလျှောက်နေတာကနေ.. နယူးယောက်က ချွတ်ဖော်ရှိုးပွဲအထိ.. အဆက်အစပ်ရှိကိုရှိရပါတယ်..။

      အဲဒါကို.. မိခင်သဘာဝတရားလို့.. ကျုပ်ကဆိုမယ်…
      တခြားဘာသာတရားကြီးတွေအရ.. ကတော့.. God အလိုတော်ပေါ့လေ..
      ကံ..ကံရဲ့အကျိုးလို့လည်း.. ဆိုချင်ဆိုကြပေါ့…

      စကားအတင်းစပ်..
      အမေရိကားနဲ့.. အမေရိကန်ကို မြန်မာသတင်းစာတွေက.. ခွဲခြားနားလည် ရေးကြစေချင်တယ်..
      အမေရိကားဆိုတာ.. United States of America ဆိုတဲ့တိုင်းပြည်…
      အမေရိကန်(American)ဆိုတာ.. အမေရိကားမှာနေတဲ့.. နိုင်ငံသား (လူမျိုးမဟုတ်)

      American noun
      /əˈmɛrɪkən/ american pronunciation American
      a person from America, especially the U.S.
      http://oaadonline.oxfordlearnersdictionaries.com/dictionary/american
      အဲဒါလေး..မီဒီယာတွေသတိထားစေချင်ပါကြောင်း…။

      • Good™

        November 15, 2012 at 4:54 pm

        သဂျီး ရယ် ကျနော် အမေရိကား လို့ သုံး လိုက် မိတာ မှားသွား လို့ လား။
        မှားသွားရင် တော့ သဂျီးထက် သဂျီးတာတောင် သဂျီးလောက် မသဂျီးလို့ သဂျီး က သဂျီးပါ ပဲ သဂျီးရယ်။
        ကျနော် က ဧရာဝတီသား တောမှာ ကြီးခဲ့ တာ။ ဒါကြောင့် မို့ ပါ။
        မယုံ ဘူးလား ကျနော်လည်း ၅-၆ တန်းလောက်တုံးက ခေးအော့ လို ဘဲ တွေးခဲ့ ဖူးပါတယ်၊ လှေလှော်ရင်း ဖြစ်ပေါ် လာ တဲ့ ဝဲဂယက်လေးတွေ ဘယ်မှာ အဆုံး သတ်သွား မလဲ ဘူး လို့ ပေါ့။

      • Mr. MarGa

        November 15, 2012 at 7:46 pm

        သဂျီးရေ ရွာသူား များ ဗဟုသုတ များစေဖို့ ခေးအော့ သီအိုရီလေးနဲ့ ဆက်စပ် ပေးပါဦး

  • Ko Khin Kha ( သရီးကေ )

    November 15, 2012 at 2:40 pm

    ကိုဘလက်ရေ ရေးစရာမရှိလို့ဘဲနော် အတော်စုံအောင်ရေသွားလိုက်တာဗျာ။
    ဖတ်လို့လဲကောင်း သတင်းအစုံလည်းသိနဲ့ နောက်လည်းရေးစရာမရှိရင် ခုလိုရေးပေးအုံးနော်။

  • လုံမလေးမွန်မွန်

    November 15, 2012 at 3:04 pm

    ဦးလေးဖြူကြမ်းရဲ့ ရေးစရာမရှိလို့လျှောက်ရေးတဲ့သတင်းတွေကို ဖတ်စရာတွေအများကြီးကြားထဲက အသေအချာဖတ်ပြီး မှတ်သွားပါတယ်….
    အနော်လုံးဝမသိတဲ့သတင်းတွေရော..ယောင်ဝါးဝါးလေးပဲသိနေတဲ့ သတင်းတွေရောကို အသေအချာလေး သိလိုက်ရပါတယ်…

  • ဦးဦးပါလေရာ

    November 15, 2012 at 3:19 pm

    အလဲ့…
    အိုဘားမား နာရီပိုင်းလောက်လာမယ်ဆိုတာနဲ့
    ရန်ကုန်တက္ကသိုလ်ကြီး လှတပတ ဖြစ်သွားပါကလား….

    လမ်းကြုံရင်ပြောလိုက်ပါကိုဘလက်ရယ်….

    ဖြစ်နိုင်ရင် စမ်းချောင်းဘက်လဲ ငါးမိနစ်လောက်ဖြစ်ဖြစ်ဝင်ခဲ့ပါဦး….. လို့…..
    :mrgreen:

  • aye.kk

    November 15, 2012 at 3:22 pm

    ကိုဘလက်ရေ
    သတင်းလေးတွေတင်ဆက်ပေးတာကျေးဇူးပါ။မသိတာတွေသိလိုက်ရလို ့ပါ။
    ဦးနေဝင်းလက်ထက်ကတည်းကဟိုအာဏာ…..မှူးကြီးထိပါဘဲ
    ဪ………ငါမြဲဖို ့အတွက်…..လုပ်လိုက်ကြတဲ့………ယတြာတွေ….ယတြာတွေ…ယတြာတွေ
    နေရာမြဲအောင်လုပ်ခဲ့ကြရ……ကုန်ရတဲ့ပိုက်ဆံတွေ…..ပြည်သူတွေရဲ ့မျက်ရည်တွေ…လို ့သာ။။

  • kyeemite

    November 15, 2012 at 3:36 pm

    ရဲဘော်ဘလက်…
    ကောင်းဗျား..သတင်းစုံက ဘာနဲ့တူလဲဆိုတော့
    ကျုပ်တို့ဆိုင်က အစုံသုတ်လိုပဲ..စားလို့“ကောင်းမှကောင်း”………..
    ဆေးရောင်စုံ ကားပါကင်ကို ဘေးမှာထားပြီး ပဲများနေတဲ့ သစ်ပုတ်ပင်ကြီး
    မလဲမပြို အရွက်တွေဝေဆာနေတာ အတိတ်ကောင်းနမိတ်ကောင်းလို့
    ယူဆမိပါတယ်ဗျာ…….
    ဇဂါးမစတ်…ရဲဘော်ဘလက် ကို အစိုးရအဖွဲ့ရုံးက အရေးယူလိမ့်မနော…
    အိုဘားမားကြီးက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမထဲမှာ သမိုင်းဝင်မိန့်ခွန်းပြောကြားလိမ့်မယ်”
    အဲလိုပြောခွင့်မရှိပါဘူးကွယ်….အိုမြန်မာ လို့ပြောဇမ်းဘာ… :harr: :hee: :kwi:

  • အရီးခင်လတ်

    November 15, 2012 at 4:05 pm

    အရင်လို အိမ်ကဟာကြီး (desktop ကို ဆိုလိုပါတယ်) နဲ့ တစ်နေစရာ မလိုတော့ တာကြောင့် လျှောက်ရေး လို့ ရနေတာမို့ ကျွန်မတို့လို ကဘချော သတင်း မျှော်သူတွေ အတွက် ဝမ်းသာပါ၏။
    Portable ပစ္စည်းလေးတွေ ကိုရော၊ သုံးစွဲပြီး သတင်းမျှ သူ ကဘချော ကိုပါ ကျေးဇူးကြီးပါ။

    အိုဘားမား သာ လွန်ခဲ့တဲ့ နှစ် ခုနှစ်ဆယ် လောက်က မြန်မာပြည် ကို တွေ့ရင် ဝေါင်း ကနဲကို ဖြစ်သွားမှာ။
    အဲဒီ ရန်ကုန်တက္ကသိုလ်ကြီး မှာလဲ တက်ချင်မှာ။
    ဒီလို အရာရာမှာ စုတ်ပြတ်သွားခဲ့တာ ကိုယ်တွေ ညံ့ လို့လို့ ထားလိုက်ပါတော့။
    ဒီလို အခွင့်အရေး ရလာချိန်မှာလဲ ဒီအတိုင်း ဆက်ညံ့ နေကြဦးမှာလား။

    ကျောင်းဝင်းကြီး ကို ကြည့်ပြီး လွမ်းတယ်။ 😥

  • Ma Ei

    November 15, 2012 at 4:23 pm

    အိမ်နားက လမ်းမကြီးကို ညတွင်းချင်း ကတ္တရာခင်းလိုက်တာလေ…
    မနက်သတင်းစာမှာ အိုက်လမ်းမှာနေသူကြီးက မြို့တော်ဝန်ဖြစ်သွားပြီတဲ့…
    ဆိုတော့ ….
    အိုဘားမား များလာခဲ့ရင်…………..

  • jullies cezer

    November 15, 2012 at 4:38 pm

    ကြက်ဆူပင်ဇာတ်လမ်းကိုပြောရရင်တော့ ကိုယ်တွေ့ဗျာ ကြက်ဆူပင်ကို
    စိမ်းစိမ်းစိုစိုလေးအစိုက်ပြတယ် ဝန်ထမ်းတွေဘာတွေတောင်ဌားပြီး
    ရေလောင်းပေါင်းသင်ကြတယ် လူကြီးလာစစ်ရင်ဖြစ်ထွန်းတယ်စိမ်းစိုလို့ပေါ့
    နောက်ကြက်ဆူသီးသီးရမဲ့အချိန်ကျ မှန်းချက်နဲ့နှမ်းထွက်ကမကိုက်တော့
    လူကြီးလာစစ်ရင်သတ်မှတ်ထားတဲ့တင်းမပြည့်မှာစိုးလို့ တခြားကဝယ်ထည့်
    လူကြီးလာစစ်တော့ ကြက်ဆူပင်အသီးတွေထွက်တယ်ပေါ့ ညာပုံညာနည်း
    အဲဒီတော့စိုက်ကြအမိန့်ပေးတယ် အဲဒါလုပ်ကြံမဟုတ်ဘူးဗျာ ကိုယ်တွေ့
    နေရာတော့မပြောတေ့ာပါဘူး ………

  • uncle gyi

    November 15, 2012 at 5:01 pm

    အိုဗားမားကရန်ကုန်ဘွဲ့နှင်းသဘင်ခန်းမမှာတကယ်ပြောမယ်ဆို
    သူကဂုဏ်ငယ်ဖို့မရှိပါဖူးကိုဘလက်ရယ်
    ကျွန်တော်တို့ရဲ့ခန်းမကြီးကပစ်ထားလို့ဟောင်းသာဟောင်းတယ်
    ရာဇဝင်အရကိန်းခန်းကြီးတဲ့ခန်းမကြီးပါ

  • Shwe Ei

    November 15, 2012 at 5:19 pm

    လေးဘလက်ရေ ချိုပေါ့ကျနဲ့ မတူတဲ့ အသုတ်စုံ အရသာလေး
    ထပ်ပေးလို့ကျေးဇူးပါ။ သိပီးသားရော မသိပီးသားရော အစုံဖတ်ရတာလဲ
    အရသာတမျိုးရှိပါတယ်ဗျ။

  • ကိုငြိမ်းချမ်း

    November 15, 2012 at 6:24 pm

    တစ်ရက် တက္ကသိုလ်စာကြည့်တိုက်ထဲ စာအုပ်ငှားရင်း ရင်းနှီးတဲ့စာရေးဦးလေးကြီးတစ်ယောက်နဲ ့ စကားလက်ဆုံကျတုန်း ကိုယ့်ရဲ ့သာမန်အမြင်နဲ ့ဘာကြောင့်ကွန်ဗိုကေးရှင်းကို သစ်လွင်အောင် ဆေးမသုတ်တာလဲလို ့မေးကြည့်တော့ “တချို ့သော ဟောင်းနွမ်းခြင်းဟာ ရင့်ကျက်ခြင်းကို အဓိပ္ပါယ်ဆောင်တယ်” ဆိုတဲ့စကားလေးကို ခုထိအမှတ်ရနေတုန်းဘဲ..
    အလျင်တုန်းက ဘွဲ ့နှင်းသဘင်ခန်းမထဲရောက်တိုင်း အဲကွန်းတပ်ထားပေမယ့် လူအရမ်းများလွန်းတာကြောင့် အရမ်းပူတယ်… ခုတော့ မသိ..

  • thit min

    November 15, 2012 at 8:53 pm

    ချိုပေါ့ကျပုံပြောင်းလေးဘဲ။
    စီဂျေ ဖြစ်သင့်ပါတယ်ဗျာ။
    သတင်းရယ် ပလင်းရယ် ပြည့်စုံပါပေရဲ့။

  • blackchaw

    November 16, 2012 at 12:48 am

    @ ရွာသူ jujuma :
    ကွန်းမန့်လေးဝင်ချီးမြှင့်ပေးတာ ကျေးဇူးပါ ဗျာ…။

    @ ခိုင်ဇာ :
    မခိုင်ဇာက ထွန်းအိန္ဒြာဗို ကြိုက်တယ်လား…။
    ဂျပ်စတင်ဘီဘာကို ကျွန်တော် လုံးဝမကြိုက်ဘူးဗျ…။
    ဆလီနာဂိုမက်ဇ် ဆိုတာကိုလည်း ဟာသအနေနဲ့ အပျော်ထည့်ရေးလိုက်တာပါ…။
    ကျွန်တော် တကယ်ကြိုက်တာက ကျွန်တော့်မိန်းမ မဒမ်ဘလက်ကိုပါပဲဗျာ…။
    :mrgreen:

    @ ဂီဂီ :
    ဘာအခုမှ သင်္ချာမကြိုက်ဖူးလုပ်နေတာလဲ…။
    ငါးစိမ်းမြင်တော့ ငါးကင်ပစ်တယ်ပေါ့…။
    အော် နန်းခင်ဇေယျာ မြင်တော့ သင်္ချာလေးကို ပစ်တာ ဘာဆန်းသလဲဗျာ…။
    ၂ ယောက်စလုံးသာ ယူလိုက်ပါတော့ကွယ်…။
    :mrgreen:

    @ MaMa :
    အောင်မယ်လေး…။
    ပို့စ်ဝင်ဖတ်ပြီး ဂျာနယ်ဘိုးအကုန်သက်သာတယ်လို့တောင်
    အော်သွားသေးတယ်ဗျာ…။
    ကောင်းရော…။
    :mrgreen:

    @ စိန်ဗိုက်ဗိုက် :
    ဟုတ်ကဲ့ပါ အစ်ကို…။
    ဝင်တဲ့အခါ ကြုံတာပေါ့နော်…။
    အစ်ကိုကလည်း ဖတ်တဲ့အခါ ကြုံသွားပါဦးနော့်…။
    :mrgreen:

    @ Good :
    ဝင်အားပေးသွားတာ ကျေးဇူးပါ ကို Good ရေ…။
    နောက်လည်း ဝင်တဲ့အခါ ကြုံခဲ့ပါဦးဗျာ…။
    :mrgreen:

    @ kai :
    ခေးအော့သီအိုရီ ကိုတော့ ကျွန်တော် မသိပါဘူး သူကြီးရယ်…။
    ခေးအော့ဖ် ဘလက် ကတော့ နန်းခင်ဇေယျာလေးလို့ ယာယီသတ်မှတ်ပေးထားပါတယ်…။
    အမေရိကန် ဆိုတာလူမျိုး…။
    အမေရိကားဆိုတာ နိုင်ငံ…။
    ဟိုတစ်ခါကတည်းက ကွန်းမန့်တစ်ခုမှာ သူကြီးရေးထားတာ ဖတ်ဖူးပါတယ်ဗျ…။
    ဆိုတော့…
    အခု ကျွန်တော်ရေးတာ မှန်ပါတယ်နော့်…။
    :mrgreen:

    @ Mr. MarGa :
    ကွန်းမန့်လေး ဝင်ရေးပေးသွားတာ ကျေးဇူးပါ ကိုမာဃရေ…။
    :mrgreen:

    @ Ko Khin Kha (သရီးကေ) :
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ ကိုခင်ခရေ…။
    နောက်လည်း ဝင်ရင် ကြုံပါဗျာ…။
    :mrgreen:

    @ လုံမလေးမွန်မွန် :
    အားပေးသွားတာကျေးဇူးပါ မွန်မွန်ရေ…။
    :mrgreen:

  • blackchaw

    November 16, 2012 at 1:17 am

    @ ဦးဦး ပါလေရာ :
    ရန်ကုန်တက္ကသိုလ်ကြီးကို ပြင်ဆင်နေတာ နည်းနည်းကြာပြီဗျ…။
    အဓိပတိလမ်းကို ကတ္တရာတွေ အထူကြီးထပ်ခင်းတယ်…။
    ကျောင်းဆောင်တွေကို ဆေးပြန်သုတ်တယ်…။
    လမ်းဘေးက မီးတိုင်တွေကို ဒီဇိုင်းအဆန်းလေးတွေနဲ့ အသစ်တွေပြန်တတ်တယ်…။
    ဘွဲ့နှင်းသဘင်ကြီးဘေးမှာ ကားပါကင် အသစ်လုပ်တယ်…။
    အဲ…။
    ဘွဲ့နှင်းသဘင်ကြီးကိုတော့ ဆေးပြန်မသုတ်ဘူးဗျ…။
    ထားပါတော့ဗျာ…။
    တော်တော်ကြီးကို ကြိုသိနေလို့ ကြိုပြင်ဆင်နေတာလို့ မှတ်ချက်ချရမှာပဲ ဗျာ…။
    အချိန်ရရင် စမ်းချောင်းဘက်ကို သွားဖို့ ပြောလိုက်ပါ့မယ်ဗျာ…။
    :mrgreen:

    @ aye.kk :
    အားပေးသွားတာ ကျေးဇူးပါ အစ်မအေးရေ…။
    ရန်ကုန်ကို လာမယ်ပြောပြီး လာဖြစ်ခဲ့သေးလားခင်ဗျ…။
    တကယ်မသိလိုက်လို့ပါခင်ဗျာ…။
    :mrgreen:

    @ kyeemite :
    ကွန်မန့်လေး ချီးမြှင့်ပေးသွားတာ ကျေးဇူးပါ ကိုမိုက်ရေ…။
    အိုဘားမားကြီး ရန်ကုန်တက္ကသိုလ်က ပြန်တဲ့အခါ
    PROME ကို ခေါ်ပြီး ဧည့်ခံကြစို့ရဲ့…။
    :mrgreen:

    @ ကိုပေါက် (မန္တလေး) :
    ဟုတ်ပါ့ ကိုပေါက်ရေ…။
    ရန်ကုန်တက္ကသိုလ်ကြီးကတော့ အိုဘားမားကြီးကျေးဇူးနဲ့
    သစ်လွင်တောက်ပ နေပြန်ပါပြီ…။
    ကွန်းမန့်လေးအတွက်ကျေးဇူးပါဗျာ…။
    :mrgreen:

    @ အရီးခင်လတ် :
    ကျောင်းကြီးကတော့ အသက်ပြန်ဝင်တော့မှာ သေချာသလောက်ရှိနေပါပြီအစ်မရေ…။
    ဆိုတော့…
    အစ်မပြောသလို…
    ဒီအတိုင်းဆက်မညံ့ကြဖို့ လိုတယ်ဆိုတာကို
    ထောက်ခံပါတယ်ဗျာ…။
    :mrgreen:

    @ Ma Ei :
    ကွန်းမန့်လေးအတွက်ကျေးဇူးပါ မအိရေ…။
    :mrgreen:

    @ jullies cezer :
    ကိုယ်တွေ့ ကြက်ဆူ ဇာတ်လမ်းလေးနဲ့ ကွန်းမန့် ဝင်ရေးသွားတာ
    ကျေးဇူးပါ ဗျာ…။
    :mrgreen:

    @ uncle gyi :
    ဟုတ်ပါတယ် အန်ကယ်ကြီးရေ…။
    ကျွန်တော်တို့ရဲ့ တက္ကသိုလ်ကြီးက ဂုဏ်မငယ်ပါဘူးခင်ဗျာ…။
    အိုဘားမားတောင် သိမ်ငယ်စိတ်ဝင်သွားမလားရယ်လို့…
    ကျွန်တော်က အလွန်အကျွံတင်စားလိုက်တာပါခင်ဗျာ…။
    :mrgreen:

    @ Shwe Ei :
    ဖတ်ကောင်းတယ်ဆိုလို့ ကျေးဇူးပါ ရွှေအိရေ…။
    နောက်လည်းအားပေးပါဦးနော့…။
    :mrgreen:

    @ ကိုငြိမ်းချမ်း :

    “တချို ့သော ဟောင်းနွမ်းခြင်းဟာ ရင့်ကျက်ခြင်းကို အဓိပ္ပါယ်ဆောင်တယ်”

    ဆိုတဲ့ စကားလေးကိုတော့ ကျွန်တော်လည်း နှစ်သက်မိပါတယ် ကိုငြိမ်းချမ်းရေ…။
    စာကြည့်တိုက်ကိုအမြဲရောက်တတ်သလားဗျာ…။
    အခုကတော့ အိုဘားမားဆိုတော့ အဲကွန်းအသစ်တွေတတ်နေတာ တွေ့ခဲ့ပါသဗျား…။
    :mrgreen:

    @ thit min :
    ကိုသစ်ရေ…။
    ဂရုတစိုက် ဝင်အားပေးသွားတာကျေးဇူးပါ ဗျာ…။
    ကိုသစ်ပို့စ်ကိုလည်း ကျွန်တော်တို့ စောင့်နေပါကြောင်း…။
    :mrgreen:

  • pooch

    November 16, 2012 at 1:47 am

    အဲ့ဒီ ဘွဲ့နှင်းသဘင်ကို တခေါက်ပဲ ရောက်ဖူးတယ်။ ဓာတ်ပုံရိုက်တာ သစ်ပုတ်ပင်ကြီးနဲ့လည်း ရိုက်ဖူးတယ်။
    ခုတော့ သမိုင်းဝင်နေရာက နောက်ထပ်သမို်င်းတွေကို ထပ်ရေးပြန်အုန်းတော့မှာပေါ့လေ။ အခွင့်ရေးရရင် ကိုဘလက်လည်း အိုဘားမားမိန့်ခွန်းကို သွားနားထောင်ဖြစ်အောင် ထောင်ခဲ့လိုက်ပါ။

  • Foreign Resident

    November 16, 2012 at 10:54 am

    ” ကန်ထရိုက်တိုက်ခန်းအမြင့်တွေမှာ နေကြရရှာတဲ့…
    ဘလက်ကြီးတို့ ရွာသူရွာသားအမျိုးအဆွေတစ်သိုက်လည်း…
    ငါတို့ရန်ကုန်များ ငလျင်လှုပ်လိုက်ရင်…ဆိုတဲ့အတွေးနဲ့… ”

    ကျောက်မြောင်းဘက်မှာဆို ကန်ထရိုက်တိုက်တွေက ၊
    တစ်တို်က်နှင့် တစ်တိုက် ၊ ဟိုဖက်မှီလိုက် ၊ ဒီဖက်မှီလိုက် ဆောက်ထားတာ ။
    ငလျင်များ ကြီးကြီး မိလိုက်လို့ကတော့ ၊ ကြောက်စရာကြီး ။

  • blackchaw

    November 16, 2012 at 1:11 pm

    @ pooch :
    အိုဘားမား က လူတန်းစားခွဲခြားလိမ့်မယ်မထင်ပါဘူး မပုချ်ရေ…။
    တစ်နိုင်ငံလုံးက အယုတ်အလတ်အမြတ်မရွေး နားထောင်လို့ရအောင် ပြောလိမ့်မယ်လို့ ထင်ပါတယ်…။
    ကျွန်တော်ထင်တာတော့ အဲဒီအထဲကနေ မြန်မာ တစ်နိုင်ငံလုံးကို
    တိုက်ရိုက်မိန့်ခွန်းပြောလိမ့်မယ်ဗျ…။ (အထင်ပါဗျာ)
    အထင်ပေမယ့် ဖြစ်နိုင်ချေ တော်တော်များပါတယ်…။
    ခင်ဗျားတို့ မန္တလေးကလည်း မြန်မာနိုင်ငံထဲမှာပဲမို့
    ကျွန်တော်တို့ တစ်နိုင်ငံလုံး အိုဘားမားမိန့်ခွန်းကို အတူတူ နားထောင်ရလိမ့်မယ်လို့
    စိတ်ကူးယဉ်မိပါတယ်ဗျာ…။
    စောင့်ကြည့်ဖို့တော့လိုပါတယ်…။
    :mrgreen:

    @ Foreign Resident :
    အဲဒါပြောတာပေါ့ အဘရယ်…။
    ရန်ကုန်မှာများ ငလျင်လှုပ်လိုက်လို့ကတော့
    မတွေးဝံ့ဘူးဗျာ…။
    အဲဒါကျတော့ ကံကိုပဲ ပုံချရတော့မှာပဲ နော့်…။
    :mrgreen: :mrgreen: :mrgreen:

  • သီ ဟ သူ ရ ချာ လ တာ အာ ပေ တူး (DragonEmpireGroup)

    November 16, 2012 at 4:00 pm

    ဖတ်ရတာတန်ပါတယ် ကျေးချူးဂဘာ ပါဦးဘလက်ရေ….
    ဆလီနာဂိုးမက်လေးနဲ့ အိမ်မက်လှလှမက်ပါဇေ….

  • Hnin Hnin

    November 16, 2012 at 4:16 pm

    ရေးစရာမရှိလို့ လျှောက်ရေးလို့သာနော်….
    သတင်းအစုံစုံကို ဖတ်သွားပါတယ်..ကိုဘလက်ရေ…

    စဉ်းစားမိတာ ထွန်းအိန္ဒြာဗိုလ်ကရော ရနေရာကို တစ်ပြားမကျန် အကျိုးအမြတ်အားလုံး
    လှူမှာ သေချာလားရဲ့လားနော်..
    အဆိုတော် ဆောင်းဦးလှိုင်တုန်းကလည်း အဲ့လိုအသံလွှင့်ပြီး အကုန်မလှူဘူးရှင့်..
    ရတဲ့ပမာဏထဲက (ဖတ်ရတာ အတိအကျမေ့သွားလို့…သိန်း ၁၅ဝ ကျော်တယ်ထင်တယ်)
    ၃ပုံ၁ပုံလား(ပြောလည်းပြောချင် ခွင့်လွှတ်ပါ)တစ်ဝက်တောင် မရှိထင်..အဲ့ဒါပဲ ပြန်လှူတာ
    အကုန်ပြန်လှူမယ်ပြောပြီးတော့လေ….

  • blackchaw

    November 16, 2012 at 4:21 pm

    @ ချာတူးလန် :
    အားပေးသွားတာ ကျေးဇူးပါ ချာတူးရေ…။

    @ Hnin Hnin :
    ထွန်းအိန္ဒြာဗို က စာနယ်ဇင်းရှင်းလင်းပွဲမှာ အတိအလင်းပြောပြီးပါပြီ နှင်းနှင်းရေ…။
    ရလာတဲ့ ငွေပမာဏကို ရ နဲ့စားပြီး ရဖွဲ့လုံးကို စင်ပေါ်မှာ တစ်ခါတည်း လှူမှာပါတဲ့…။

  • အလင်းဆက်

    November 17, 2012 at 8:01 pm

    လေးလေးရဲ ့
    ဟိုလျှောက်ရေး.ဒီလျှောက်ရေး တာကိုဖတ်ပြီး..
    တားတားလည်း..ဟိုလျှောက်တွေး..ဒီလျှောက်တွေး…
    တွေးနေမိပါဒယ်….

Leave a Reply