လူတော်တော်များများကပြောကြတယ် သောကြာဆိုစကားများတယ်ပေါ့။ ကျွန်တော်သောကြာသားများ စကားနဲလိုက်တာဗျာ ပြောကိုမပြောဘူး။ စိတ်ထဲမှာမခံသိမခံသာတွေ တွေ့ရမြင်ရမှပဲ ရင်ဘတ်ထဲကစကား သံတွေက ပွင့်ပွင့်ပီးထွက်လာသပေါ့ဗျာ။ အဲ့ခါမှပဲပြောတော့တာ :)

စကားနဲဆို ဘယ်သူနဲ့မှစကားမပြောဖြစ်ပါဘူး။ ဂေဇက်ရွာထဲမှာပဲ ဟိုသတင်းဖတ်လိုက်၊ ကိုလွမ်းဆွေလေးဆီသွားလိုက်၊ ကိုမိုးသီးလေးသတင်းကြည့်လိုက်၊ ဟိုမျက်နှာစာအုပ် လေးသုံးလိုက်နဲ့ဘ၀ကိုဖြတ်သန်းလာလိုက်တာကိုယ့်အသက်လေးတော်တော် တောင်ရောက်လာပြီပဲ။ ဟိုးအရင်တုန်းကတော့ စာဖတ်ပရိတ်သတ်သီးသန့်ပါဗျာ ဂေဇက်မှာ account လေးတောင်မလုပ်ထားခဲ့ပါဘူး။ ဒါပေမဲ့ ဂေဇက်ထဲကလူကြီးတစ်ယောက်ပေါ့ သများဟာ သများ စာပဲဖတ်နေတာဟာကို စာရေးဖြစ်အောင်လာလာ လုပ်နေတာ သူက။ အဲ့ဒီလူပေါ့ လူဇိုးကြီး လူတွေကိုမထိတထိနဲ ကလိတိတိလုပ်လုပ်နေတာ ကြာတော့မခံနိုင်တော့တာနဲ့ဒီမှာဝင်ရေးဖြစ်သွားတာ။ စာရေးဖြစ်အောင်တွန်းပို့ခဲ့တဲ့ ကျေးဇူးရှင်ကြီးပေါ့။ ဒီလူကြီးခုတစ်လော ပျောက်နေတာကြာပြီ။ သူတူးနေတဲ့ ဟိုတွင်းထဲမှာပဲ ပိတ်မိနေသလားတော့မသိ။ နောက်တစ်ယောက်က ဒီမှာခေါ်ခေါ်နေတဲ့ သဂျီးဥကိုင်ပေါ့ ပိုင့် ၁၀၀၀၀၀ ငွေ ၁၀၀၀၀၀ ဆိုတော့ လူပဲဗျာသမာအာဇ၀နဲ့ အလကားရ အဲလေ တောင်ရေးမြောက်ရေးနဲ့ရမှာ ဆိုတော့စိတ်ဝင်စားသပေါ့ဗျာ။ ဒါပေမဲ့ ပိုင့်တစ်ခု ၁၆ကျပ်(ခုဈေးတက်လို့ အဲ့ဒီလောက်ပေးသလားတော့မသိ) ဆိုတော့ တစ်သိန်းဆိုတဲ့ပမာဏရဖို့ comment ပေါင်း 6000 ကျော်လောက်ရေးရလိမ့်မပေါ့။ ဒါတောင်ဈေးတက်သွားလို့။ ဆိုတော့ စကားနဲလှတဲ့ ကျွန်တော့အဖို့တော့ မျော်လင့်ချက်ကခပ်ပါးပါးရယ်။

ရတနာပုံတယ်လီပွတ်(သူရို့လဲနံမည်ပြောင်းပဲပြောင်းနိုင်လွန်းတယ်)ကယူထားတဲ့ အေဒီအစ်အယ် ၅၁၂မက် ကြီးကလဲနှေးပြီး စိတ်ကုန်ချင်စရာ နောက်ပြီးတစ်လတစ်လသူ့အတွက်ကုန်ရတာကလဲမနဲမနောဆိုတော့ စိတ်ပျက်စရာ။ ဒီကြားထဲ ရင်ခုန်စရာသတင်းလေးတစ်ခုပါလာတယ် မြန်မာ့ဆက်သွယ်ရေး ရဲ့ အေဒီအစ်အယ် ကိုတပ်ဆင်ခ ၅၀၀၀၀၊ လစဉ်ကြေးကလဲနဲ ဆိုတော့ ရင်ခုန်စရာကြီးပေါ့။ ဒါနဲ့ စကားနဲတဲ့ကျွန်တော် ၁၈၇၆ ကိုဆက်ပြီး ရတနာပုံတယ်လီပွတ်ကော ဈေးလျော့မှာလားမေးတော့ ခုထိတော့အစီအစဉ်မရှိသေးဘူး ဆိုပြီးပြောလာတယ်။ ဘယ်ရမလဲ ဈေးကြီးတဲ့ဟာတော့မသုံးနိုင်ဘူး ဈေးပေါတဲ့ဟာပြောင်းသုံးမယ်ဆိုပြီး သွားလျောက်တာပေါ့။ တစ်ပတ်လောက်ကြာတော့ဖုန်းဆက်လာတယ် ဗဟန်းအိပ်ချိန်း နဲ့ဝေးလို့မရပါဘူးတဲ့ … ကဲ … အရပ်ကရို့ရယ် ကျွန်တော်လက်ခံနိုင်မလားလို့ … ကျွန်တော်က လက်ရှိ ရတနာပုံရဲ့ဝန်ဆောင်မှုနဲ့သုံးနေတာကြီးကို အဲ့ဒါကလဲ ဗဟန်းအိပ်ချိန်းကပဲလေ ရီတော့ရီရသား။ ဒါပေမဲ့ဘာမှပြန်မပြောလိုက်တော့ပါဘူး ကျွန်တော်ကစကားနဲတာကိုး ….

သြော် ကိုယ်စကားနဲတဲ့အကြောင်းပြောနေရင်းနဲ့ လိုရင်းကိုပြောဖို့မေ့နေတယ်ဗျာ။ အကုသိုလ်ပေါ့ဗျာ ကိုယ်ကပျင်းပျင်းရှိ တီဗီရှေ့ သွားသွားကြည့်မိတာကိုး။ ကြည့်မိတဲ့ကိုယ့်အပျက်ပေါ့။ မနေ့ညက တီဗီရှေ့ရောက်တော့ ၈နာရီသတင်းလာနေတာနဲ့တိုးတော့ ခနထိုင်ကြည့်ဖြစ်တယ်ဗျာ။ သူရဦးရွှေမန်းပုံကြီးရိုက်ပြတယ်(သူကအောက်က)၊ ဦးခင်အောင်မြင့်ပုံကြီးပြတယ်(ဒီသူကြီးကအပေါ်က) အော်… ဒါကိုမြင်တော့ ပြည်ထောင်စုလွှတ်တော်ခန်းမပေါ့။ နောက် ၆ နှစ် ၇ နှစ်အရွယ်မိန်းကလေးကိုရိုက်ပြတယ် ကောင်မလေးက အကျီအဖြူနဲ့ အောက်က အတိုလေးနဲ့ ဘာလဲပေါ့။ နောက်တော့မှ အိုင်အယ်ဘီစီ ကကျောင်းသားတွေ လွှတ်တော်ကို လာလေ့လာတာတဲ့။ ရင်ထဲမှာတစ်မျိုးဖြစ်သွားတယ် …. ဒါ … ဒါ … ဒါ … အားမနာလုပ်တာပါလား … အားမနာပါလား … ဒီအရွယ်လေးတွေက ဒီလိုနေရာမျိုးကို လာပြီးလေ့လာစရာလား ..လေ့လာဖို့တောင်းဆိုတဲ့သူတွေကကော ရက်စက်လှချည်လားဗျာ … ဘာဖြစ်လို့များ ဒီလိုနေရာမျိုး ကလေးတွေကိုခေါ်လာရတာလဲဗျာ။ ခင်ဗျားတို့ လူတိုင်းမတက်နိုင်တဲ့ကျောင်း အိုင်အယ်ဘီစီ ကြီးက စတန့်ထွင်လိုက်ပြန်တာလား။ ဒီလိုမျိုးလုပ်ပြီး ကျောင်းသား ပရိုမိုးရှင်းလုပ်တာလား။ တိရိစ္ဆာန်ရုံလောက် လေ့လာရေးသွားကြပေါ့ xxxxxxxxxxxxxx ပြောချင်လိုက်တာ။ ငါတို့လေးစားရတဲ့သူတစ်ယောက်ရောက်နေ လို့ဆက်တော့မပြောတော့ပါဘူး။ နဲနဲလေး စဉ်းစဉ်းစားစားလေးတော့လုပ်ကြပါ အုန်းအရပ်ကရို့ရယ်။ ကျွန်တော်မှာဖြင့် ဖြစ်သင့်သလား မဖြစ်သင့်ဘူးလား … လားပေါင်းများစွာဖြင့် ညကအိပ်ရာဝင်ခဲ့ရပါကြောင်း။

 

About myanmarcitizen

has written 17 post in this Website..

မြန်မာပြည် တိုးတက်ပြီး၊ တရားမျှတ၊ လွတ်လပ်မှုရှိသော ဒီမိုကလေစီ ကိုလိုလားသူ။