ကျုပ်နာမည် ပိစိ… မိသားစုထဲမှာ အညှက်ဆုံးမို့ ပိစိလို့နာမည်ပေးထားပေမယ့် အသက်လေးလဲရလာရော… ထင်သလောက်မသေးခဲ့ပါဘူး…

အသက်လေးလဲ နဲနဲရလာတော့ လူတွေကကျုပ်ကို ဦးပိစိလို့ခေါ်ကြတယ်…

ကျုပ်ဘ၀မှာ အရက်သောက်ပြီး တစ်ခါတစ်ရံမူးတတ်တာကလွဲရင် သူများကိုဒုက္ခမပေးဖူးလို့ အပေါင်းအသင်းတွေကချစ်ကြတယ်…

မူးရင် ဘယ်တော့မှမရစ်ဘူး… စကားပြုံးပြုံးကြီးပြောပြီး ခင်စရာတောင်ပိုကောင်းလာတယ်လို့သူများတွေက ပြောကြတယ်…

တစ်ခါတစ်ရံ ယောင်္ကျားပီသအောင် ကွမ်းစားကြည့်ဖူးတယ်… သိပ်မကြိုက်ဘူး…

လောင်းကစားလေး တစ်ခါတစ်ရံလမ်းကြုံရင် ကစားတယ်… ကံဇာတာကအရမ်းကောင်းတော့ စွဲသွားလောက်အောင်တစ်ခါမှမနိုင်ဘူး…

နောက်ဆုံးတော့ ဘယ်အချိန်သောက်သောက်မူးတတ်တဲ့ သစ္စာရှိတဲ့အရက်ကိုပဲသောက်ရတယ်…

တကယ်ကို မူးတဲ့အရသာကိုနှစ်သက်မိသွားတော့… ဦးပိစိမူးအောင်မျိုးစုံလုပ်ဖူးတယ်…

ဘ၀မှာ အရက်သောက်ပြီးမူးတာထက် ပိုပြီးမူးတဲ့နည်းလမ်းအသွယ်သွယ်ကို သုံးခဲ့ဖူးတယ်…

နည်းမျိုးစုံနဲ့ ဦးပိစိမူးဖူးတယ်…

(၁) ဦးပိစိ ကားတာယာကို မီးရှို့ပြီးမူးဖူးတယ်….

(၂) ဦးပိစိ PVC ကပ်တဲ့ကော်ရှုပြီး မူးဖူးတယ်….

(၃) ကိုယ့်ဂျိုင်းမွှေးကိုယ်နှုတ်… မီးရှို့ရှုရင်း မူးဖူးတယ်….

(၄) ဘုရားပွဲမှာ ရဟတ်ကို တစ်သောင်းခွဲဖိုးစီးပြီး မူးဖူးတယ်….

(၅) ပူစီပေါင်းတစ်လုံးဝယ်ပြီး နားထင်ကြောထောင်အောင်မှုတ်ပြီး မူးဖူးတယ်….

(၆) ရေ လီတာ (၂၀)ကို တစ်ထိုင်ထဲသောက်ပြီး မူးဖူးတယ်….

(၇) အိမ်ရှေ့နဲ့ နောက်ဖေး ဂျွမ်းထိုးအသွားအပြန်လုပ်ပြီး မူးဖူးတယ်….

(၈) တစ်မိသားစုလုံးခရီးသွားနေတဲ့ကောင်မလေး အိမ်ရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်းနဲ့ မူးဖူးတယ်….

(၉) တိုင်တစ်လုံးမှာ ကိုယ့်ဟာကိုယ် ကြိုးနဲ့ချည်ထားပြီး အကိုက်သန်တဲ့ခွေးကိုစပြေးရင်း မူးဖူးတယ်….

အဲဒီလို အမူးနည်းပေါင်းမျိုးစုံနဲ့ အသစ်အစမ်းတွေမျိုးစုံထွင်ပြီးတော့ ဦးပိစိမူးဖူးတယ်…

လောကကြီးမှာ အရက်သောက်မူးရင် လူတွေကသိပ်အထင်သေးကြတယ်….

အရက်သမားဆိုပြီး နှိမ်ချင်ကြတယ်…. ဦးပိစိကတော့ အသစ်အဆန်းစနစ်တွေနဲ့ ကိုယ့်ဟာကိုယ်မူးအောင်ကြံတယ်… ဘယ်သူ့မှဒုက္ခမပေးဘူး….

နောက်ဆုံးပြောချင်တာကတော့…. ” ဦးပိစိမူးဖူးတယ်”….

 

ကြောင်ဝတုတ်

၂၀၁၂၊ နိုဝင်ဘာ

 

 

 

 

 

 

 

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...