ဦးပိစိမူးဖူးတယ်…

ကြောင်ဝတုတ်November 15, 20121min19929

ကျုပ်နာမည် ပိစိ… မိသားစုထဲမှာ အညှက်ဆုံးမို့ ပိစိလို့နာမည်ပေးထားပေမယ့် အသက်လေးလဲရလာရော… ထင်သလောက်မသေးခဲ့ပါဘူး…

အသက်လေးလဲ နဲနဲရလာတော့ လူတွေကကျုပ်ကို ဦးပိစိလို့ခေါ်ကြတယ်…

ကျုပ်ဘဝမှာ အရက်သောက်ပြီး တစ်ခါတစ်ရံမူးတတ်တာကလွဲရင် သူများကိုဒုက္ခမပေးဖူးလို့ အပေါင်းအသင်းတွေကချစ်ကြတယ်…

မူးရင် ဘယ်တော့မှမရစ်ဘူး… စကားပြုံးပြုံးကြီးပြောပြီး ခင်စရာတောင်ပိုကောင်းလာတယ်လို့သူများတွေက ပြောကြတယ်…

တစ်ခါတစ်ရံ ယောင်္ကျားပီသအောင် ကွမ်းစားကြည့်ဖူးတယ်… သိပ်မကြိုက်ဘူး…

လောင်းကစားလေး တစ်ခါတစ်ရံလမ်းကြုံရင် ကစားတယ်… ကံဇာတာကအရမ်းကောင်းတော့ စွဲသွားလောက်အောင်တစ်ခါမှမနိုင်ဘူး…

နောက်ဆုံးတော့ ဘယ်အချိန်သောက်သောက်မူးတတ်တဲ့ သစ္စာရှိတဲ့အရက်ကိုပဲသောက်ရတယ်…

တကယ်ကို မူးတဲ့အရသာကိုနှစ်သက်မိသွားတော့… ဦးပိစိမူးအောင်မျိုးစုံလုပ်ဖူးတယ်…

ဘဝမှာ အရက်သောက်ပြီးမူးတာထက် ပိုပြီးမူးတဲ့နည်းလမ်းအသွယ်သွယ်ကို သုံးခဲ့ဖူးတယ်…

နည်းမျိုးစုံနဲ့ ဦးပိစိမူးဖူးတယ်…

(၁) ဦးပိစိ ကားတာယာကို မီးရှို့ပြီးမူးဖူးတယ်….

(၂) ဦးပိစိ PVC ကပ်တဲ့ကော်ရှုပြီး မူးဖူးတယ်….

(၃) ကိုယ့်ဂျိုင်းမွှေးကိုယ်နှုတ်… မီးရှို့ရှုရင်း မူးဖူးတယ်….

(၄) ဘုရားပွဲမှာ ရဟတ်ကို တစ်သောင်းခွဲဖိုးစီးပြီး မူးဖူးတယ်….

(၅) ပူစီပေါင်းတစ်လုံးဝယ်ပြီး နားထင်ကြောထောင်အောင်မှုတ်ပြီး မူးဖူးတယ်….

(၆) ရေ လီတာ (၂၀)ကို တစ်ထိုင်ထဲသောက်ပြီး မူးဖူးတယ်….

(၇) အိမ်ရှေ့နဲ့ နောက်ဖေး ဂျွမ်းထိုးအသွားအပြန်လုပ်ပြီး မူးဖူးတယ်….

(၈) တစ်မိသားစုလုံးခရီးသွားနေတဲ့ကောင်မလေး အိမ်ရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်းနဲ့ မူးဖူးတယ်….

(၉) တိုင်တစ်လုံးမှာ ကိုယ့်ဟာကိုယ် ကြိုးနဲ့ချည်ထားပြီး အကိုက်သန်တဲ့ခွေးကိုစပြေးရင်း မူးဖူးတယ်….

အဲဒီလို အမူးနည်းပေါင်းမျိုးစုံနဲ့ အသစ်အစမ်းတွေမျိုးစုံထွင်ပြီးတော့ ဦးပိစိမူးဖူးတယ်…

လောကကြီးမှာ အရက်သောက်မူးရင် လူတွေကသိပ်အထင်သေးကြတယ်….

အရက်သမားဆိုပြီး နှိမ်ချင်ကြတယ်…. ဦးပိစိကတော့ အသစ်အဆန်းစနစ်တွေနဲ့ ကိုယ့်ဟာကိုယ်မူးအောင်ကြံတယ်… ဘယ်သူ့မှဒုက္ခမပေးဘူး….

နောက်ဆုံးပြောချင်တာကတော့…. ” ဦးပိစိမူးဖူးတယ်”….

 

ကြောင်ဝတုတ်

၂၀၁၂၊ နိုဝင်ဘာ

 

 

 

 

 

 

 

29 comments

  • blackchaw

    November 15, 2012 at 4:40 pm

    တက်လာလာခြင်း ဖတ်လိုက်တယ်…
    ဖတ်ပြီး မူးသွားတယ်…
    ဦးဘလက်ကြီးမူးဖူးတယ်…
    ဟေးဟေး…
    ဘာပြောချင်တယ်ဆိုတာကို ဖမ်းလို့မရဘူး ဝတုတ်ရေ…။
    ခင်တဲ့…
    ဘလက်ချော..။

  • စိန်ဗိုက်ဗိုက်

    November 15, 2012 at 4:40 pm

    ဟိုက်စ်..
    အူးပိစိက အူးဗိုက်ထက် သာသွားပြီ

  • etone

    November 15, 2012 at 4:48 pm

    မူးဖူးတယ် …
    မူးဖူးတယ်…
    မူးဖူးတယ် … ဟေ့ … ဖတ်ပြီး မူးနိုင်တယ် …. ခိခိခိ 😆

    အားဂိုဂျီး … အဲ့ အူးပိစိကိုကြောပေးဘာ … မူးချင်ယင် အိမ်ဂို ကြွဘာယို့ … ။
    တမီး တူယေးကို ဆယ်မိနစ်လောက်ပဲ လာကျိ ….. မမူးတွားလျှင် ဂျိုက်တာ လိုက်ကျွေးမယ် … ခွိခွိ ။
    :kwi:

  • ခိုင်ဇာ

    November 15, 2012 at 4:53 pm

    အဟမ်း။ ဒါဆို မိန်းမ ယူလိုက်။ မိန်းမ က လိုချင်တာတွေ စာရင်းချပြလို့ အဲ့ စာရင်းကို ကြည့်ပြီး မူးရတာ အဆိုးဆုံးပဲ။
    ဖလာရီလေးလိုချင်တယ်။
    ဟားမက်အိတ်လေးလိုချင်တယ်။
    ဘာဘရီလေးလိုချင်တယ် စသည်ဖြင့်ပေါ့နော်။ :harr:

  • သီ ဟ သူ ရ ချာ လ တာ အာ ပေ တူး (DragonEmpireGroup)

    November 15, 2012 at 4:55 pm

    အဆောင်တုန်းက ဆေးချချင်တဲ့ကောင်ကို သတိရတယ်… တောင်ငူ (၁၀)တန်းကျောင်းသားတွေ လက်တည့်ဆန်းတဲ့အရွယ်ဆိုတော့ ဆေးချတယ်… ခက်တာက ဟိုလိုဆေးချတာမဟုတ်ဘူး အိမ်သုံးဆေးတွေကို တွဲသောက်တာ တွဲလုံးခေါ်တာပေါ့…. ထင်တာတော့ အဆိပ်ဖြစ်ပြီးမူးတယ်ထင်ပါ့….
    မူးပြီး ရီလည်လည်ဖြစ်နေပြီတော့ ကောင်းတယ်ပေါ့ အဲဒါကို တောင်ငူက အောင်အောင်ဆိုတဲ့ကောင်လေးက သူများတွေဆေးချတော့ သူလဲချချင်တာပေါ့ကျုပ်တို့က အဲလိုမကောင်းတာလုပ်ပေမယ့် ကိုယ့်စိတ်ကိုယ်နိုင်တယ်…. သူက မရဘူး အဲဒီအပြင်သူက ဘာလုပ်လိုက်တာဆို လိုက်ပြောသေးတယ်… ကံဆိုးရင် အဆောင်ကအထုတ်ခံရမယ်.. အဖေအမေတွေသတ်ရင် သေမယ်…. အဲဒီတော့ သူ့ကိုပေးမလုပ်ချင်ဘူး မရမက ဆေးချချင်တယ်ဆို အတင်းတောင်းတော့ သူငယ်ချင်းက
    ဆေးအဖြူနှစ်ပြားပေးလိုက်တယ်… သောက်ပြီးသွားအိပ်တော့တဲ့…. ဟိုတစ်ယောက်ကလဲ
    သောက်ပြီးတော့ သွားအိပ်ရှာတယ်… ခဏနေတော့ ဆေးပေးလိုက်တဲ့သူငယ်ချင်းက
    ကျုပ်ကိုလာခေါ်တယ်… သွားကြည့်ရအောင်တဲ့ .. သွားလဲကြည့်ရော… သကောင့်သားက ဒေါင့်လေးကပ်ပြီး မျက်လုံးလေးဆင်းလို့ .. ကျုပ်ကလဲ မနေနိုင်လို့ ဟေ့ကောင်အခြေအနေလို့ မေးလိုက်တော့
    ဘာပြန်ပြောတယ်မှတ်တုန်း.. ကောင်းတယ်တဲ့… တက်နေတယ်တဲ့…. ကျုပ်လဲ နဲနဲတော့ အံ့ဩတယ်…
    အဲဒါနဲ့ ကျွန်တော့်သူငယ်ချင်းက ပြန်မယ်ဆိုပြီးတော့ ပြန်လာတော့လမ်းမှာ.. ကျုပ်က မေးတယ်…
    ဘာတွေတိုက်လိုက်တာလဲဆိုတော့ သာရာဆပ်တဲ့ .. ဝမ်းပိတ်ဆေးနှစ်ပြားသောက်ပြီး တက်တဲ့ဆေးသမား ကျုပ်တစ်သက်တစ်ခါပဲမြင်ဖူးတယ်… နောက်နေ့ကျတော့ ဝမ်းချုပ်လို့တဲ့… ဆေးချရင် ဝမ်းချုပ်လားတဲ့ဆိုပြီး လာမေးတော့မှ.. ရယ်လိုက်ရတာဗျာ….
    ================
    တီးရှော့ထဲက အကိုကြီးပြောပြတာ .. မူးတဲ့အကြောင်းပဲ
    ဒီဇာတ်လမ်းက အိုက်ကစတာပဲ ဟီးဟီးး :mrgreen:

    • Shwe Ei

      November 15, 2012 at 5:01 pm

      ချာတူး ကူးချသီ :chit:

  • Shwe Ei

    November 15, 2012 at 4:59 pm

    ဦးပိစိ မမူးဘူးသေးတဲ့ နည်းအသစ်ခလေး ပျချင်လိုက်တာ။
    ကျိမယ်ဆို လိပ်စာပေးပရဇီ။ :mrgreen:

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 15, 2012 at 4:59 pm

    လေးဘလက်ရေ…
    ကျွန်တော်ချစ်ခင်ရတဲ့ သူငယ်ချင်းကြီးတစ်ယောက်အတွက် အမှတ်တရရေးထားတာမို့ ဘာမှမရည်ရွယ်ပါဘူးဗျာ…
    သူငယ်ချင်းတစ်ယောက်အတွက်အမှတ်တရလို့ပဲ စိတ်ထဲထားပြီးဖတ်လိုက်ပါဗျာ…

    ဦးဗိုက်ရေ…
    ခင်ဗျား ရွာထဲပတ်မူးနေတာ ဦးပိစိကို မမီဘူးမဟုတ်လား… သူ့ထက်သူလူစွမ်းကောင်းတွေချည်းပဲနော်…
    ဦးပိစိနဲ့ ကြုံရင်ဦးဗိုက်ကို မိတ်ဆက်ပေးပါဦးမယ်… တူတူမူးကြပေါ့ဗျာနော့…

    လေးပေါက်ရေ
    ဦးပိစိက အချစ်ကြောင့်မမူးလောက်ဘူးဗျ… တစ်ယောက်သောသူစကားနဲ့ပြောရရင်ဖြင့် သူ့ဗိုက်ထဲမှာ ချစ်တတ်တဲ့ကလီစာပါမလာဘူးတဲ့…ဟိဟိ

    ညီမလေးအိတုန်းရေ…
    ဦပိစိအတွက် တူလေးကြည့်မူးနည်း အမှတ် (၁၀) ပေါ့နော်…. ဦးပိစိဝမ်းမြောက်ဝမ်းသာရေးမှတ်လိမ့်မယ်လို့ထင်ပါတယ်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • လူတိုင်းမှားခဲ့ဖူးတယ်။ မမှားဘူးတဲ့လူမရှိခဲ့ပါဘူး။
    ဟို အိုင်းစတိုင်းလည်း မှားခဲ့တာဘဲ ။ အရစ္စတိုတယ်လည်း မှားခဲ့တာဘဲ။ အက်ဒီဆင်လည်း မှားခဲ့တယ်။
    နာတို့ ဦးပိစိလည်း မှားခဲ့တယ်။ အနော်လည်း မှားခဲ့ဖူးတယ်။

    ဦးပိစိလည်း မူးခဲ့ဖူးတယ်။ အနော်လည်း မူးခဲ့ဘူးတယ်။ အရက်သမားတိုင်း မူးခဲ့ကျတာဘဲ..။

    ကွမ်းမူးတယ်။
    ဆေးလိပ်သောက်ရင်း မူးတယ်။
    အရက်သောက် မူးတယ်။
    ထန်းရည်သောက်မူးတယ်။
    အဖေ့လက်သီး ကြောင့်မူးတယ်။
    ရိုလာကိုစတာစီးပြီးမူးတယ်။
    ချစ်ကြောင့်မူးတယ်။
    ဆေးခြောက်သုံးပြီး မော်ပြူးခဲ့ အဲ မူးပျော်ခဲ့တယ်။
    ဒိုင်ယာဆီပင် သောက်ပြီး မူးတယ်။

    ခေါင်းကိုက် ခေါင်းမူးတယ်။
    တိတော့ဝူး ဗျာ ဘဝ မှာ မူးတာတွေများလွန်းလို့ မူးခဲ့တာဘဲသိတော့တယ်။

    ဒါဗြဲ..။

    ခင်မင်လျက်….
    သုံးဆယ်တစ်ဘုံမှာ တစ်ခါမက မူးဘူးတဲ့ အာဂ

  • ဦး ကျောက်ခဲ

    November 15, 2012 at 5:14 pm

    ဦးကျောက် ကတော့ အမူးပြေဖူးတယ်

    ဂဇတ်ရွာသား အသားဖြူဖြူ အကိုကြီးက ဦးကျာက်ကို “ခင်ဗျားနဲ ့ အိပ်မယ်” ပြောတဲ့ညက……

    အဟဲ မူးချင်ရင် နောက်တစ်နည်း၊ ပက်စီထဲ အချိုမှုန် ့ထည် ့….. အချိုးတော့ပြောမပြဘူး….ဟီးဟီး

  • myanmarcitizen

    November 15, 2012 at 5:23 pm

    (၈) တစ်မိသားစုလုံးခရီးသွားနေတဲ့ကောင်မလေး အိမ်ရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်းနဲ့ မူးဖူးတယ်….

    ဘာသွားလုပ်တာလဲ ဟိုက လုမယ်မှတ်လို့ ဖုန်းဆက်လိုက်မှ မမူးပဲ စခန်းရောက်သွားနေအုန်းမယ် 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 15, 2012 at 7:32 pm

    ယမကာလေး မှီဝဲသုံးဆောင်ပြီး ရီတီတီလေးဖြစ်နေတဲ့ ရဿ လေးကို
    မူးယစ်ထုံထိုင်း တဲ့ဝေဒနာဆိုးတွေနဲ့ မှားပြီးအဓိပ္ပါယ်ဖွင့်ထားတဲ့အတွက်
    ယမကာ မှီဝဲသုံးဆောင်သူတစ်ဦးအနေဖြင့် ဒီပိုစ့်ကိုပြင်းပြင်းထန်ထန်ကန့်ကွက်ပါပြီး
    နောင်အခါ ယမကာ ကိုမူးယစ်ထုံထိုင်းစေတဲ့အရာလို့ အဒိတ်ဘယ်သက်ရောက်စေတဲ့
    အပြောအဆို အပြုအမူ များကိုလည်း တတ်နိုင်သလောက်ရှောင်ရှားဘာလို့
    တိုက်တွန်းဘာဒယ်
    ယမကာကို မူးယစ်ထုံထိုင်းစေတဲ့အရာလို့ပြောရင် အားကြီးစိတ်ဆိုးတယ်
    ဂယ်
    ဆိုခြင်တာက
    ကွန်းသီးမူးတယ်
    ခေါင်းမူးတယ်
    လှိုင်းမူးတယ်
    ဘာမူးတယ်
    ညာမူးတယ် တွေဆိုတာ ယမကာကို မှီဝဲသုံးဆောင်ပြီးခံစားရရှိလာတဲ့
    ရဿ ဝေဒနာ လေးနှင့် လုံးဝ မတူညီဟုဆိုဂျင်ဘာဂျောင်း

    • မိုက်ကယ်ဂျော်နီအောင်ပု

      November 15, 2012 at 7:34 pm

      ပြောသာပြောတာ
      များသွားလို့ ဖုံးပျောက်သွားတာ
      နှစ်ခါစိဘီ :mrgreen:

  • nozomi

    November 15, 2012 at 7:37 pm

    ကိုဝတုတ် ရေ ဒီ ညနေ တကယ် မူး နေပြီး ဗျ
    မျက်လုံး အားနည်းတာပဲလား မသိ ၊ ဒီ ရက်ထဲ စာဖတ်ဖြစ်တာလဲ များတော့
    ဇတ်ကြောတွေ တက်ပြီး မူး နေကြောင်းပါ

    ဦး ပိစိ ရော ဒီ လို မူး ဖူးလား မသိ

    • pooch

      November 16, 2012 at 1:52 am

      ဟုတ်တယ် ကျမလည်း မျက်မှန်များ တောင်းပြီလား မသိဘူး မူး မူးနေလို့ စိတ်ညစ်တယ် 🙁

  • Mr. MarGa

    November 15, 2012 at 8:03 pm

    ှုှုဦးမာဃကတော့ နတ်သမီးတွေ ရေရင်းနဲ့ မျက်စိလည်ပြီး မူးဖူးတယ်

  • ဦးဦးပါလေရာ

    November 16, 2012 at 12:21 am

    ကြီးလာရင်တော့ နောက်တမျိုးမူးဖူးဦးမှာ….

    သွေးတိုးတက်ပြီးမူးတာပေါ့….

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 16, 2012 at 12:17 pm

    ညီလေးအာဂရေ…
    မင့်ဘွလဲ မူးတာတွေသိပ်များသလား ဦးပိစိနဲ့အပြိုင်ပေါ့လေ…
    နောက်တစ်ခါဦးပိစိကိုတွေ့ရင်မေးဦးမှ… အဖေ့လက်သီးနဲ့ မူးဖူးလားလို့….

    ဦးကျောက်ရေ…
    အမူးပြေသွားတယ်ဘဲဖြစ်ရလား… အမှန်က မူးမူးနဲ့မှားလိုက်ရမှာ… ဟိဟိ

    အဘပု…
    ရီတီတီအရာကို မစော်ကားပါဘူးဗျ…
    ဦးပိစိရဲ့မူးပုံမူးနည်းကိုပဲပြောတာပါ… နောက်ကြုံရင် အဘပုကန့်ကွက်ကြောင်း ဦးပိစိကိုပြောလိုက်ပါ့မယ်…
    သတိတော့ထား ဘပုရေ… ဖုန်နှစ်လုံးပြီးရင် ကျန်တဲ့နှစ်လုံးပါပျောက်သွားဦးမယ်… တယ်လီဖုန်း

    အစ်ကိုကြီးကိုနိုရေ…
    ဦးပိစိလဲ မျက်မှန်သမားမို့ မူးဖူးမယ့်ပုံပေါ်ပါတယ်…
    မျက်လုံးကြီးတွေနီရဲပြီး မူးတတ်တာမျက်နှာကြီးလဲနီလို့… ဦးပိစိမူးရင်ပြောပါတယ်…
    မျက်လုံးနီတာ မျက်စိအစာကျွေးတာများလို့… အဲ… မျက်စိနဲ့အလုပ်လုပ်တာများလို့…ထင်ပါ့

    သယ်ရင်းမယ်ပုချ်ရေ…
    နင်မူးပုံမူးနည်းကို နည်းသစ်အဖြစ် ဦးပိစိကိုပေးလိုက်ပါ့မယ်နော်…

    ဦးမာဂရေ…
    နတ်သမီးတွေကို နံပါတ်တပ်ပေးလိုက်လေ…ဟိဟိ
    အဲဒါဆို သိပ်မမူးလောက်တော့ဘူး… ဥပမာ… ၂င/၄၃၂၁ ဆိုတာမျိုးပေါ့…

    ဦးပါရေ…
    ဦးပိစိကတော့ မပင်မပန်းဘဲ မူးရမယ်ဆိုရင်ဖြင့် သွေးတက်ပြီးမူးရင်တောင် ဆေးသောက်မယ့်လူမျိုး မဟုတ်ဘူးထင်ပါ့… ဟိ… ဦးပိစိက အသက်သိပ်မငယ်တော့ဘူး… ကျွန်တော့်ထက် ၅နှစ်မကကြီးတယ်…
    သူလဲ မကြာခင် သွေးတိုးပြီးမူးလောက်မယ်ထင်ပါ့…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • Inz@ghi

    November 16, 2012 at 12:20 pm

    ကမာ္ဘစစ်တုန်းက ဂျာမန်သုံ့ပန်း စစ်သားတယောက်ကတော့
    အစာအိမ် အင်ဇိုင်းတမျိုးက ဂျုံကို အချဉ်ဖောက်တဲ့ ဓါတ် ပါနေလို့
    ထောင်ထဲမှာ ပေါင်မုန့်စားရင်း အားနေ မူးနေကြောင်း ဖတ်ဖူးပါတယ်..
    အားကျထှာ ..

    😀

  • နွယ်ပင်

    November 16, 2012 at 1:50 pm

    အူးပိစိမူးဖူးတာတွေကလည်း များပါ့တော် … မူးနည်းလည်း စုံပါ ဒါပင်မယ့်
    (၃) ကိုယ့်ဂျိုင်းမွှေးကိုယ်နှုတ်… မီးရှို့ရှုရင်း မူးဖူးတယ်…. ဆိုတာကတော့ ရွံစရာကြီးတော်
    ကြံကြံဖန်ဖန် မူးနီးပဲ ….

  • kyeemite

    November 16, 2012 at 2:40 pm

    ဟေ့ကောင်ပိစိ…ဘယ်ဂေါင်လဲကွ ငါ့ဂိုစောင်းရေးဒါ…
    ငါပိုက်ဆံနဲ့ငါ မူးဒါဘာဖစ်လဲ..ဟေ..ဂေ့..အေ့..အေ့
    ကြီးမိုက်တဲ့ကွ..တစ်မိုက်ထဲရှိဒယ်… နှစ်မိုက်ရှိရင်
    နန်းချင်ဇယာဂလေးနဲ့ စုံတွဲသီချင်းဆိုပစ်မယ်…ဒါဗျဲ..ဂေ့..အေ့ အေ့..
    :hee: :Kwi:

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 16, 2012 at 3:58 pm

    ဂီဂီရေ….
    နင်ပြောတဲ့ဂျာမန်ဘဝကလေ ဗိုက်ထဲမှာအရက်ချက်စက်ရုံတည်ထားသလိုပဲ…
    မူးနေတာတော့ဟုတ်ပါဘီ….
    အရက်ဆိုတာ အနံ့လေးလဲရမှ… ပြင်းရှရှအရသာလေးလဲခံစားဦးမှ… မဟုတ်ရင်မူးရုံနဲ့ သိပ်အဓိပ္ပာယ်တော့မရှိသလိုပဲ….

    နွယ်ပင်ရေ….
    အဲဒီကိစ္စက ဆေးဖက်ဝင်တယ်ဆိုလား ကြားဖူးတယ်… ဆေးနည်းလေးနဲနဲလွဲနေရင်တော့မသိ…

    လေးမိုက်ရေ…
    မိုက်ကိုင်ပြီး မရမ်းပါနဲ့ဗျာ…
    နန်းချင်ဇယာကဦးမိုက်နဲ့မဆိုခင်…
    မဒမ်မိုက်က အိမ်ပြန်ပြီးအရင်လာဆိုပါဦးတဲ့… ငရုတ်ကျည်ပွေ့နဲ့စောင့်နေပါတယ်တဲ့လေးမိုက်ရေ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • ရွာစားကျော်

    November 16, 2012 at 4:03 pm

    ညက အွန်လိုင်း ဂိမ်းတွေ လိုက်ဆော့ပီး ညဉ့် ၂နာရီကျော်မှ ဒီနေ့ ရီဝေဝေ မူးနောက်နောက်ဖြစ်နေတယ်

  • ရွာသူ jujuma .

    November 16, 2012 at 4:51 pm

    ကွန်မန့်တွေ ဖတ်ပြီး ကြည့်ပြီး မူးတွားပီ … :kwi:

  • အခုလိုမူးကြောင်းတွေချရေးပြထားတာ အကြောင်းတစ်ခုခုတော့ရှိရမယ် ဆိုပြီးထိုင်စဉ်းစားနေတာ မူးလိုက်တာ။
    အနက်တစ်ပုဒ်လောက်ဖွင့်ပြပေးပါဦး။

  • အလို ..
    ဦးပိစိကြီးက မူးနည်းမျိုးစုံ မူးဖူးဘာဒဂါး …
    တကယ် မလွယ်တဲ့ လူကြီး …
    ဒါနဲ့ စာရေးသူရော အဲ့လို မူးဖူးလား သိချင်ဒါ …
    ဒါမှ မဟုတ် နာမည် ပြောင်းပြန် လှန်ဂျီးလား .. :mrgreen:

  • Hnin Hnin

    November 17, 2012 at 10:49 am

    မြန်မြန်မူးချင်ရင် နောက်တစ်နည်း
    – ဂဇက်က comment တွေ တစ်သီကြီးတက်တဲ့ အငြင်းအခုံဖြစ်စေတဲ့ ပို့စ်တစ်ပုဒ်ကိုသာ
    တစ်ထိုင်ထဲ ဖတ်လိုက်ပါ… :hee:

  • cobra

    November 17, 2012 at 1:22 pm

    မူးတဲ့အကြောင်းတွေအရမ်းမပြောကြပါနဲ့လား
    သောက်ချင်လာတယ်ဗျ။

Leave a Reply