ရွာထိပ်တွင်လော်ကြီးဖြင့်အော်နေသော အဘဖော၏အငြင်းပွဲတွင်မပါဝင်ဖြစ်သော ကျွန်မရဲ့ဝါဒ

:chee: ရွာထိပ်တွင်လော်ကြီးဖြင့်အော်နေသောအဘဖော၏အငြင်းပွဲတွင်မပါဝင်ဖြစ်သော ကျွန်မရဲ့ဝါဒ :chee:

ကျွန်မရဲ့ရသစာပေတစ်ပုဒ်ကို အစမရရအောင်ဆွဲထုတ်ပြီးငြင်းခုံပွဲကြီးတစ်ရပ်ကျင်းပနေတဲ့အဘဖောထံကျွန်မ ဝင်မမန့်ဖြစ်သေးပါ။
အဘယ့်ကြောင့်ဆိုသော် အစကတော့ကျွန်မတို့ကျောင်းမှာကထိန်အတွက်တော်တော်လေးအလုပ်ရှုပ် နေပါသောကြောင့်။
သို့သော် ကျွန်မဝင်အငြင်းပွားစရာမလိုသည့်အတွက်ကြောင့် ဝင်မမန့်ဖြစ်ပါ။
ကျွန်မကအဘဖောကိုလေးစားသူအနေနဲ့သတ်မှတ်ပါတယ်လို့ စိတ်ဝယ်မခံစားမိသလိုအဘဖောက တစ်ယူသန်ကြီးဟုလည်းမမြင်ပါ။
လူတိုင်းက ကိုယ့်ခံယူချက်နဲ့ကိုယ်မို့လို့ပါ။
အဘဖောက ကျွန်မပို့စ်မှာအတင်းဝင်ငြင်းပေမယ့် ကျွန်မကအဘပို့စ်မှာဝင်မငြင်းခြင်းဟာ အဘကိုအမြင်စောင်း၍မဟုတ်ပါ။
အဘရဲ့ကြီးပွားကြောင်းစာစုတွေဟာ ချမ်းသာချင်တဲ့သူတွေတကယ်လိုက်နာရင် တကယ့်ကိုအသုံးဝင်ပါတယ်။
သို့သော် ကျွန်မရဲ့ခံယူချက်ကကျတော့ တစ်မျိုးဖြစ်နေတာနဲ့ ကျွန်မဝတ္ထုတိုနဲ့စတဲ့ဆွေးနွေးပွဲကြီးမှာ ကျွန်မကငြင်းတဲ့ဘက်ကမပါဝင်ခြင်းပါ။

(အဘဖောကိုချစ်ခင်ရင်းနှီးလိုတဲ့စိတ်ရင်း အလျဉ်းရှိပါတယ်)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မနေ့ညကရွာထဲဝင်မိပေမယ့် သူများတွေမန့်ထားတာပဲဝင်ဖတ်ရင်း ဝတ္ထုတိုတစ်ပုဒ်သာအပြေးအလွှားတင်သွားနိုင်ပါ တယ်။
အဘနဲ့ကျွန်မစခဲ့တဲ့ကိစ္စမှာကျွန်မဝင်မန့်ဖို့ရာဝင်ကြည့်ပြန်တော့ မန့်ထားတာတွေတော်တော်တောင်များနေပါပြီ။
ကျွန်မအတွက်ကတော့ဆင်းရဲသားတွေဆင်းရဲတာကိုအပြစ်တင်သင့်၊မတင်သင့် ငြင်းဆန်ရန်လုံးဝမရှိ။
ထို့အတွက် အဘရဲ့အငြင်းစကားဝိုင်းတွင်ဝင်မမန့်ဖြစ်တော့ပါ။

ကျွန်မရဲ့ခံယူချက်နဲ့သဘောထားလေးကိုပဲထုတ်ဖော်ဆွေးနွေးပါရစေ။
အားလုံးကလည်းပြန်ဆွေးနွေးမယ်လို့မျှော်လင့်ပါတယ်ရှင်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကျွန်မ၏စိတ်ရင်းအမှန်ကိုတစ်ချက်တင်ပြပါရစေ။
ကျွန်မသည်ငယ်စဉ်ကအတည်းက ကိုယ့်ထက်နိမ့်ကျတဲ့သူငယ်ချင်းများကိုပေးကမ်းကျွေးမွေးရတာဝါသနာထုံ သည်။
သူတို့ဘာကြောင့်ဆင်းရဲလဲဆိုတာကျွန်မအတွက်မလိုအပ်။ကျွန်မအတွက်ကတော့ မရှိဆင်းရဲသားတစ်ယောက ကိုပေးကမ်းချင်တဲ့ပရဟိတအငယ်စားလေးတွေအမြဲလိုလိုကိန်းအောင်းနေတတ်သည်။
ကျွန်မသည်ကိုယ့်ကိုယ်ကိုမို့အမွှန်းတင်သည်မဟုတ်။ကျွန်မရှေ့မှာသူများမကောင်းကြောင်းအတင်းအဖျင်းများ လာပြောလျှင်မကြိုက်တတ်။ကျွန်မကိုယ်တိုင်လည်း သူများမကောင်းကြောင်းပြောရမှာအလွန်ဝန်လေးတတ် သည်။ကျွန်မရှေ့မှာ မကောင်းတာလုပ်စားနေတဲ့ကောင်မလေးအကြောင်း လာပြောလျှင်တောင် ကျွန်မပြန်လည် အပြစ်တင်အတင်းစကားမဆိုဝံ့။
အဘယ့်ကြောင့်ဆိုသော် ကျွန်မသည်ကံကံ၏အကျိုးကိုအလွန်ယုံကြည်သည်။
“ကံဆိုတာအလုပ်”လို့ဘုရားကဟောတယ် ဆိုပြီးအဘဖောရဲ့အထဲမှာတစ်ယောက်ကဝင်မန့်ထားတာတွေ့တယ်။
သူနားလည်မှုလွဲနေတာပါ။သူထင်နေတဲ့အလုပ်က အလုပ်အကိုင်စားဝတ်နေရေးတစ်ခုတည်းကို ကိုယူဆပြီးပြောသွားတာ။
ဘုရားဟောတဲ့ “ကံဆိုတာအလုပ်”ဆိုတာက
အတိတ်ကပြုခဲ့တဲ့အလုပ်ရဲ့ကံအကျိုးကိုပစ္စုပ္ပန်မှာရနေတယ်။ပစ္စုပ္ပန်မှာပြုတဲ့အလုပ်ရဲ့ကံအကျိုးကိုအနာဂတ်မှာ ခံစားရမယ်။
ဒါကြောင့်ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးပေးမယ်။မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးပေးမယ်”
ဟုဆိုလိုရင်းဖြစ်တယ်။
“ကံကိုယုံဆူးပုံမနင်းရာ”လို့ဆိုပြီး ကံကိုချည်းအားကိုးပြီးမနေသင့်သလို၊
“ကံမရှိဉာဏ်ရှိတိုင်းမွဲ” ဆိုတာကြောင့် အတိတ်ဘဝက ကုသိုလ်ကံအကျိုးပေးမှမရှိရင် ဘယ်အလုပ်ကို ဘယ်လောက်ဉာဏ်အားစိတ်ထုတ်လုပ်လုပ် မကြီးပွားနိုင်ပါဘူး။
ယခုဘဝမှာ ကြီးပွားချမ်းသာနေကြတဲ့လူတွေဟာ ရှေးဘဝကအတိတ်ကံကြောင့်ဆိုတာကို ကျွန်မအကြွင်းမဲ့ လက်ခံတယ်။
ဒီဘဝမှာကြီးပွားနေပေမယ့် နောက်ဘဝမှကြီးပွားဖို့ဆိုတာကိုယ်ပြုတဲ့ ကုသိုလ်၊အကုသိုလ်အပေါ်ပဲမူတည်တယ်။
လူတွေဟာကိုယ်ဖြစ်ချင်တိုင်းဖြစ်လို့မရပါဘူး။
အောက်ခြေကနေကြိုးစားရုန်းကန်ပြီးသူဌေးကြီးတွေဖြစ်လာတဲ့လူတွေဟာလည်း။
သူ့ကံမှာကိုက ကြိုးစားရုန်းကန်မှကြီးပွားချိန်တန်လို့ကြီးပွားရတာပါ။
ကြိုးစားရုန်းကန်သူတိုင်းမချမ်းသာတာဟာ လူတွေရဲ့ကုသိုလ်ကံအကျိုးပေးတွေကွာခြားတာကြောင့်ပါ။

ကျွန်မက ဘုရားတရားကိုလေ့လာလိုက်စားလွန်းလို့ အခုလိုတွေရေးပြနေခြင်းမဟုတ်ပါ။
ကျွန်မရဲ့ခံယူချက်ကိုသာရင်ဖွင့်ခြင်းပါ။
ကျွန်မသည် ဘုရား၊ကျောင်း၊ကန်၊စေတီ၊ပုထိုးများသို့ ငါးရာ၊တစ်ထောင်လှူဖို့စိတ်ပါချင်မှပါမည်။
အကျိုးပေးနည်းပြီး ကိုယ့်ထက်နိမ့်ကျသူတွေကိုကိုယ်တတ်နိုင်သလောက်ကူညီချင်စိတ်အလိုလို ပေါ်မိသည်။
အမြဲတမ်းလို့တော့မထင်ပါနဲ့။မကြာခဏတော့ အသေးစားတနိုင်ပရဟိတတွေလုပ်ဆောင်ဖြစ်သည်။
ကျွန်မရဲ့ပရဟိတလေးတွေထဲက တစ်ချို့တစ်ခုလောက်ထုတ်ပြချင်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။

တစ်မနက် ကျွန်မအိပ်ရာကနုးိလို့အိမ်ရှေ့ထွက်မိတော့ ကျောင်းရှေ့ကရေအိုင်ထဲမှာကန်စွန်းရွက်ခူးနေတဲ့ ၂တန်းကျောင်းသားလေးကိုတွေ့ရသည်။
ဝက်စာကျွေးဖို့တဲ့။
သူ့အိမ်စီးပွားအတွက်သူလုပ်နေတာပါ။ဒါပေမယ့် ကျွန်မရေထဲကတက်ခိုင်းပြီး ကန်စွန်းရွက်ဖိုးပေးလိုက်သည်။
ဆိုင်ကသွားဝယ်။
(အထက်ပါစာစုကိုဖတ်မိသည့် အဘဖောကဲ့သို့ကြီးပွားရေးဝါဒီတို့က ကောက်ချက်ချမည်ဧကန်။
နန်းတော်ရာသူက ကလေးရဲ့အလုပ်လုပ်ချင်စိတ်ကိုရိုက်ချိုးတာ။
ထင်ကောင်းထင်။အပြစ်တင်ကောင်းတင်ပါ။
အဲဒီအချိန်မှာကျွန်မခေါင်းထဲအဲဒီလိုတွေးမိဖို့ထက် ကျွန်မခံစားချက်တွေကတသီတန်းကြီးခံနေပါလိမ့်မယ်။
(၁)ကောင်လေး ရေထဲဆင်းနေသဖြင့်ဖျားနာမည်ကိုစိုးရိမ်သည့် ဂရုဏာ။
(၂)ကောင်လေးနေမကောင်းလျှင် ဆေးကုဖို့ပိုက်ဆံမရှ၊လူနာစားဖို့ဘာဘာညာဘာဝယ်စရာမရှိတဲ့သူ့မိဘ အတွက်တွေးမိတာက ကိုယ်ချင်းစာတရား။
(၃)ကောင်လေးနေမကောင်းပြီးကျောင်းပျက်၊စာတွေနောက်ကျ၊စာမလိုက်နိုင် ဖြစ်မှာကိုတွေးပူမိတာက စေတနာ။
ဒီအချက်တွေက ကျွန်မရင်မှာအမှန်တကယ်ပြည့်နှက်နေပါတယ်။
စိတ်ထဲစွဲလောက်အောင်ပြည့်နှက်နေတာမဟုတ်ပါဘူး။
ရုတ်တရတ်ထိုသို့စိတ်လေးဖြစ်ပေါ်မိကာမှ ကျွန်မပိုက်ဆံထုတ်ပေးမိတာပါ။
အမှန်အတိုင်းပြောရရင် ဝါဆိုသင်္ကန်း၊ကထိန်သင်္ကန်းတို့ကို ကျွန်မအမျိုးသားရဲ့စိတ်ဆန္ဒပြင်းထန်မှုကြောင့် နှစ်တိုင်းကပ်ဖြစ်ပါသည်။ကျွန်မစိတ်က ကပ်ချင်လိုစိတ်၊လှူချင်လိုစိတ်မပြင်းပြပါ။
ဒါဟာကျွန်မအမှန်အတိုင်းပြောပြတာပါ။အပြစ်ဆိုချင်သူတွေကဆိုနိုင်ပါတယ်။
ကျွန်မစိတ်က ပေးချင်၊ကမ်းချင်စိတ်များသာပြင်းပြလေ့ရှိတတ်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။

ကျွန်မသည် ချမ်းသာခြင်းကိုလိုချင်ပါသည်။
သို့သော် ကံကံ၏အကျိုးကိုအလွန်ယုံကြည်သည့်အတွက် ချမ်းသာခြင်းကိုပြင်းစွာမလိုချင်။
သင့်တင့်လျောက်ပတ်စွာနေထိုင်ပြီး စိတ်မပင်ပမ်းခြင်းကသာ အကုသိုလ်နည်းနိုင်သမျှနည်းစေသည် ဟုခံယူပါသေးသည်။
အသက်တစ်နှစ်ထက်တနှစ်ကြီးလာတိုင်း အကုသိုလ်ကိုမလုပ်မိအောင်ဂရုစိုက်တတ်လာသည်။
ကုသိုလ်တွေမှအမြဲမလုပ်နိုင်တာ။
ပရဟိတကိုစိတ်ပါသလို၊အတ္တဟိတကိုရှေကတန်းတင်သည့်အခါတွေရှိတတ်ပါသည်။
(စိတ်ရင်းအမှန်ပါ)
။။။။။။။။။။။။။။။။။။။။။။။။

ဒါကြောင့်မို့ ကျွန်မရဲ့ဝါဒီက ဆင်းရဲသားတွေဆင်းရဲမှု၊လူချမ်းသာတွေချမ်းသာမှုဟာ ကုသိုလ်၊အကုသိုလ် ကံအကျိုးပေးနဲ့သာသက်ဆိုင်ပါတယ်။
ထို့ကြောင့် ကျွန်မခံယူချက်သည် ဆင်းရဲသားများကိုကော၊လူချမ်းသာများအပေါ်တွင်ပါ-
အပြစ်မမြင်ခြင်း၊အပြစ်မမြင်ခြင်း၊
အထင်သေးခြင်း၊အထင်ကြီးခြင်း စိတ်ခံစားလေ့မရှိ။ထို့ကြောင့် ငြင်းဆိုလိုစိတ်မရှိ။
လူတိုင်း လက်တွေ့ပြုမူ၊နေထိုင်၊ကျင့်သုံးခြင်းသည်သာ အနာဂတ်အတွက် ရလာဒ်ဟုခံယူပါသည်။
ကြီးပွားတိုးတက်ရေးကိုမဆိုလိုပါ။
ကုသိုလ်၊အကုသိုလ်ကိုသာဆိုလိုပါသည်။
စင်္ကာပူနိုင်ငံမှာ မျက်နှာအလှခွဲစိတ်ပြုပြင်သည့်ဆရာဝန်တစ်ယောက်ရဲ့ သေခါနီးအတွေ့အကြုံ
“သေမယ်ဆိုတာကြိုသိတဲ့အခါ”
ဆိုတဲ့ဘာသာပြန်လေးကိုဖတ်ပြီး အလွန်မှသံဝေဂရမိပါကြောင်း ထုတ်ဖော်ရေးသားဆွေးနွေးလိုက်ရပါသည်။

(မည်သူမဆို မိမိတို့ခံယူချက်ကို လွတ်လပ်စွာဆွေးနွေးနိုင်ပါတယ်)

45 comments

  • မောင်ပေ

    November 15, 2012 at 8:55 pm

    ဒီမိုးကွမ်းစားထွေးပစ် လမ်းစဉ် ၊ အယူဝါဒ များ
    ၁ – မြန်မာနိုင်ငံသည် လုံးဝ မကောင်းသော နိုင်ငံဖြစ်သည်
    ၂ – မြန်မာနိုင်ငံအတွင်း နေထိုင်သော သူများသည် ကမ်ဘာပေါ်ရှိ မည်သည့်နိုင်ငံတွင်မဆို နေသော မြန်မာနိုင်ငံကထွက်သွားသူများထက် နိမ့်သည် ၊ ဆင်းရဲသည် ၊ အောက်တန်းကျတယ်လို ့မပြောတာ ကျေးဇူးတင်ရမလိုပါပဲ ။
    *** အိုဗျာ… အချက်အလက်တွေ သိပ်များရင် လိုရင်းမရောက်ပဲနေလိမ့်မယ်
    ရတဲ့အခွင့်အရေးမယူပဲ မြန်မာနိုင်ငံမှာပေကပ်နေသူအားလုံး ဖွတ်ပဲ
    အဲဒါ လမ်းစဉ် အယူဝါဒတွေ ဆိုပါတော့ ၊ ဆိုတော့ အဲဒါလေးတွေ နားလည်ထားရင် … နန်းတော်ရာသူ ဖြေသိမ့်လို ့ရမယ် ထင်ပါတယ်
    ပုံ
    မြန်မာနိုင်ငံသား ၊ မြန်မာနိုင်ငံတွင် နေထိုင်သူ
    ဖအေ ဗမာ ၊ မအေ မွန်+ဗမာ+ရှမ်း
    မောင်ပေ

  • aye.kk

    November 15, 2012 at 9:43 pm

    ချမ်းမြေ့ဆရာတော်ဟောကြားတော်မူသောတရားဆောင်ပုဒ်
    ကံ
    ကံဆိုတာအလုပ် ။
    အလုပ်ကောင်းမှကံကောင်းသည် ။ ကံကောင်းမှကောင်းကျိုးရသည် ။
    အလုပ်ဆိုးလျှင် ကံဆိုးသည် ။ ကံဆိုးတော့ ဆိုးကျိုးရသည် ။
    ကိုယ် နှုတ် စိတ်တို ့ဖြင့်ပြုလုပ်သော်လဲ ပြုလုပ်တိုင်း ကံမဖြစ်ပေ ၊ ကံအရာမမြောက်ပေ ။
    အကောင်းအဆိုး ရည်ရွယ်ချက် တစ်ခုခုဖြင့် တက်ကြွထက်သန်သောစိတ်
    ဦးဆောင်လျက် ပြုလုပ်မှသာ ကံအရာမြောက်၍ ကံဟုခေါ်သည် ။။။
    —————————————————-
    အောင်မြင်ကြောင်းတရား
    မကောင်းမှုရှောင် ၊ ကောင်းမှုဆောင် ၊ ဖြူအောင်စိတ်ကိုထား ။
    ပြောပြုတွေးလျှင် ၊ သတိယှဉ် ၊ ဆင်ခြင်ဉာဏ် ရှေ့သွား။
    စိတ်ထားဖြောင့်မှန် ခွင့်လွတ်ရန် ၊ သည်းခံမေတ္တာထား ။
    လုံ ့လနှင့်ဇွဲ ၊ မလျှော့ဘဲ ၊ အမြဲတင်းတင်းထား ။
    အရာရာတွင် ၊ အသုံးဝင် ၊ အောင်မြင်ကြောင်းတရား ။။။။

  • uncle gyi

    November 15, 2012 at 9:51 pm

    နန်းတော်သူရေသူတပါးကိုကြင်နာသနားတတ်တာအလွန်ကောင်းတဲ့စိတ်ပါ
    ဒါပေမဲ့အန်ကယ့်အတွေ့အကြုံအရကိုယ်ကဘယ်လိုကောင်းကောင်း
    သူကကောင်းနိုင်ဖို့လိုပါတယ်
    ကျွှန်တော်တို့မြတ်ဘုရားတောင်သတ္တဝါအားလုံးကိုကုန်စင်အောင်မချွတ်သွား
    နိုင်တာဥပမာပါပဲ
    ဆိုလိုတာကဘုရာတောင်ကျွတ်ထိုက်သူမှချွတ်တာပါ
    ကျွန်တော်တို့ဆိုတာဘုရားရှင်ရဲ့ခြေမှုန်အဆင့်လောက်ရှိတာပါ
    ဆိုလိုတာကအားလုံးအပေါ်မေတ္တထားပါ
    ပေးကမ်းလှူဒါန်းတဲ့နေရာမှာတော့အကျိုးဖြစ်တာဖြစ်စေချင်ပါတယ်
    သဲထဲရေသွန်မဖြစ်စေချင်ပါဖူး
    ကန်စွန်းရွက်ခူးနေတဲ့ကောင်လေးကိုကုို်ယ်ချင်းစာြပြီးပိုက်ဆံပေးလိုက်တာ
    တရက်ကိုယ်ကနေ့တိုင်းပေးနိုင်တာမဟုတ်အဲဒါမျုးိကိုအကျိုးမရှိလို့သတ်မှတ်ချင်ပါတယ်
    ဖြစ်နိုင်ရင်သူအဲလိုမလုပ်ရအောင်ကိုယ်ဘာလုပ်ပေးနိုင်သလဲ
    အဲလိုလေးဆိုပိုကောင်းမယ်ထင်ပါတယ်

    • အန်ကယ်ကြီးပြောသလိုတော်တော်များများကလည်းတွေးမိမှာပါ။
      သို့သော်..ကျွန်မကရေရှည်အရေးကိုမစဉ်းစားပေးတတ်သေးတဲ့အတွက် လတ်တလောဖြစ်လာတဲ့
      စိတ်ကလေးနဲ့ကူညီဖြစ်တာပါ။
      ဆင်းရဲသားတွေရေရှည်ကောင်းဖို့လမ်းကိုကျွန်မအနေနဲ့ညွှန်ပြနိုင်ခြင်းမရှိသေးတဲ့အတွက်ဖြစ်ပါတယ်။
      အဘယ်ကြောင့်ဆိုသော် ကျွန်မတို့အစိုးရဝန်ထမ်းဆိုတာဟာလည်း ဆင်းရဲသားနဲ့ဘာများကွာခြား နေလို့လဲ မဟုတ်ဘူးလားရှင်။

    • P chogyi

      November 16, 2012 at 11:00 am

      yes ၊ အမှန်ပါ တစ်နေတာ ကန်စွန်းရွက်ဖိုးပေးရုံဖြင့်
      အဆင်မပြေနိုင်ပါ၊ နေ့စဉ်လဲပေးလို့မဖြစ်ပါ
      ဒါဆိုဘာလုပ်မလဲ၊ စဉ်းစားစရာပါ
      (မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာလဲ ဒါမျိုးတွေကအများကြီးပါ)
      တစ်မျိုးသားလုံး ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြံဆောင်ပေးကြပါ။
      ငြင်းခုံနေရုံဖြင့် မတိုးတက်နိုင်ပါ။ ပူးပေါင်းဆောင်ရွက်စေချင်ပါသည်။

  • nature

    November 15, 2012 at 10:21 pm

    မြန်မာနိုင်ငံမှာတော့ဆင်းရဲတဲ့သူတွေက ချမ်းသာတဲ့သူတွေကို ခရိုနီ ဆိုပြီး စွဲချက်တင်တာ ခေတ်စားနေတယ်။ နိုင်ငံခြား investment တွေကိုခေါ်နေတာတွေကလည်း ခရိုနီတွေကိုခေါ်နေတာပဲမဟုတ်ဘူးလား ။

    • ရွာစားကျော်

      November 16, 2012 at 2:38 pm

      ဆင်းရဲတဲ့သူတွေက ချမ်းသာတဲ့သူတွေကို ခရိုနီ ဆိုပြီး စွဲချက်တင်တာ ခေတ်စားနေတယ် ဆိုတာတော့ ဟုတ်သေးဘူးထင်တယ်ဗျ.. ဦးနေးချားရ
      ပိတ်လှောင်ချုပ်တင်းငြိမ်ဝပ်ပိပြားနေအောင် လုပ်ထားတဲ့ ခေတ်အမှောင်ကြီးမှာ လုပ်ပိုင်ခွင့်ရှိတဲ့ ခေါင်းဆောင်ပိုင်း အုပ်ချုပ်သူအာဏာရှင်များကို ထိပ်ပေါ်တင် ဖင်လျက်ပြီး မတော်ကြီးပွားချမ်းသာသွားတဲ့ ခေတ်ပျက်သူဌေးတွေကိုမှ ခရိုနီလို့ ခေါ်တာပါခင်ဗျ..
      ဘဖောပို့စ်မှာကျနော်ပြောထားတဲ့ ကံ၊ ညဏ်၊ ဝီရိယ အပြင် ဂွင်ရယ် လမ်းကြောင်းရယ် အကပ်ကောင်းမှုရယ်ကြောင့် အခွင့်ထူးခံ လောပန် ဖြစ်လာတဲ့ သူများသာ ခရိုနီဖြစ်ပါကြောင်း

  • Ko Khin Kha ( သရီးကေ )

    November 15, 2012 at 11:20 pm

    ညနေခင်းရွာထဲဝင်လျှောက်ကာလည်မလို့ စိတ်ကူးနဲ့ရွာဝင်တော့ ရွာထိပ်ရောက်တယ်ဆိုရင်ဘဲ
    ရွာထိပ်တွင်လော်ကြီးဖြင့်အော်နေသောအဘဖော၏အငြင်းပွဲ စိတ်ဝင်တစားရပ်ကြည့်မိနေတုန်း
    နန်းတော်ဝင်သူက အဘဖော၏အငြင်းပွဲတွင်မပါဝင်ဖြစ်သော ကျွန်မရဲ့ဝါဒ ဆိုပြီးလက်ကမ်းကြော်ငြာလေး
    ကမ်းလာတာနဲ့ မျက်မှန်မပါလာလို့ ဇနပုတ်တဲလေးဆီအပြေးလာပြီး မျက်မှန်တပ်ခါ ဖတ်ဖြစ်ခဲ့တယ်ဗျာ။

  • Foreign Resident

    November 15, 2012 at 11:36 pm

    ” ကျွန်မစိတ်က ပေးချင်၊ ကမ်းချင်စိတ်များသာ ပြင်းပြလေ့ ရှိတတ်ပါတယ် ”

    မ နန်းတော်ရာသူ ရေ ။
    နန်းတော်ရာသူရဲ့ ဆင်းရဲသားတွေကို ပေးကမ်းလိုစိတ်ရှိခြင်းကို
    အဘ ဘာမှကန့်ကွက်စရာ မရှိပါဘူးကွယ် ။
    ဘာကြောင့်လည်းဆိုတော့ ၊
    အဘ ကိုယ်တိုင်လည်း ဆင်းရဲသားတွေ ကို ၊ ကူညီ ပေးကမ်း လေ့ရှိပါတယ် ။
    တစ်ချိန်တစ်ခါတုန်းကဆိုရင် ၊ အဘ ဆီ လာတောင်းသမျှ လူတွေအားလုံးကို ၊
    လက်ချည်းဗလာနှင့် မပြန်စေရဘူး ဆိုတဲ့ ၊ စိတ်ထား ကျင့်သုံးခဲ့ဘူးပါတယ် ။

    ( စကားမစပ် ၊ အနောက်နိုင်ငံတွေမှာတော့ ဆင်းရဲသား Poor ဆိုတဲ့ စကားလုံးအစား
    Less Fortunate ကုသိုလ်ကံ သိပ်မကောင်းရှာသူများ လို့ ယဉ်ယဉ်ကျေးကျေး သုံးလာကြပြီ )

    သို့ပေမယ့် ၊ အောက်က စကားစုလေးမှာတော့ ၊ တစ်ခုထပ်ဖြည့်ချင်ပါတယ်ကွယ် ။

    ” အတိတ်ကပြုခဲ့တဲ့ အလုပ်ရဲ့ကံအကျိုးကို ပစ္စုပ္ပန်မှာရနေတယ် ။
    ပစ္စုပ္ပန်မှာ ပြုတဲ့အလုပ်ရဲ့ ကံအကျိုးကို အနာဂတ်မှာ ခံစားရမယ် ”

    ပစ္စုပ္ပန်မှာ ပြုတဲ့အလုပ်ရဲ့ ကံအကျိုးကို ပစ္စုပ္ပန်မှာ လည်း ခံစားရပါတယ်ကွယ် ။
    အဘ ရဲ့ ပြီးခဲ့တဲ့ Post ကလည်း ၊
    ပစ္စုပ္ပန်မှာ ပြုတဲ့အလုပ်ရဲ့ ကံအကျိုးကို ပစ္စုပ္ပန်မှာတင် ခံစားရစေချင် လွန်လွန်းလို့ ၊
    အိပ်ပျော်နေသူများကို တွန်းအားပေးတဲ့ Post ပါကွယ် ။

    ဟုတ်တယ်လေ ၊ အရင်ဘဝက လုပ်ခဲ့တယ်ဆိုတဲ့ ၊
    မမြင်နိုင် သို့မဟုတ် မပြင်နိုင်တဲ့ အတိတ်ကံကိုပဲ ထိုးချ / ပုံချ မနေပဲ ။
    လက်ရှိလုပ်ပြီး လက်ရှိ အကျိုးပေးနေတဲ့ ၊
    လက်ရှိလည်း ကိုယ်လုပ် / ကိုယ်ပြင် နိုင်တဲ့ ၊ ပစ္စုပ္ပန်ကံ ကိုပဲ ၊
    အားသွန် ခွန်စိုက် ဖိလုပ်ပြီး ၊ ဘဝ ကို တိုးတက်စေချင်တာပါ ။

    မ နန်းတော်ရာသူ နှင့် မဆက်စပ်ပါဘူး လို့ Post ထဲမှာလဲ ရေးထားပေးပါတယ်ကွယ် ။
    စဉ်းစားမိတဲ့ အစလေးတစ်ခုကြောင့် ရွာသူားတွေနှင့် Brain Storming လုပ်နေကြတာပါ ။

    ” အမှန်တော့ ဟိုဘက် Post က ၊ စာရေးသူက သူ့ဘာသာသူ ၊ ရသ စာပေလေး ရေးထားတာပါ ။
    ဖတ်လို့လဲ တော်တော်ကောင်းပါတယ် ။ အပြစ်ပြောစရာလဲ ဘာမှ မရှိပါဘူး ။
    အခု Post ကလည်း သူ နှင့် မဆိုင်ပါဘူးကွယ် ။
    အဘ မှာသာ စပ်ဆော့ပြီး ၊ အစလေးတစ်ခုကို ဖြန့်တွေးကြည့်မိနေတာပါ ။ ”

    နန်းတော်ရာသူ ရဲ့ ရသ စာပေ အရေးအသားလေးများကို ကြိုက်ပါတယ်ကွယ် ။
    အဘ Post က ၊ မ နန်းတော်ရာသူ နှင့် Personally သော်၎င်း ၊
    မ နန်းတော်ရာသူ ရဲ့ အရင် Post ကို ဆက်ခေါ် ပြီးငြင်းတာ သော်၎င်း ၊
    မဟုတ်ရပါကွယ် ။ သိပ် စိတ်ထဲမှာ မထားပါနှင့် ကွယ် ။

    ရွာထဲမှာ ပျော်ရွင်စွာဖြင့် ၊ စာတွေ ဆက်ရေးနိုင်ပါစေကွယ် ။

    • အဘရေ ကျွန်မပြောတဲ့ အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်ဆိုတာ ဘဝတွေခွဲပြီးဆိုလိုတာမဟုတ်ပါ။
      လက်ရှိဘဝမှာတင် ကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုး၊မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုး ကိုဆိုလိုပါတယ်။
      ဥပမာ။ ။မတရားနည်းလမ်းနဲ့စီးပွားရှာနေတဲ့လူတစ်ယောက်။ကြီးပွားချမ်းသာပါရဲ့။
      ကြီးပွားချမ်းသာတယ်ဆိုတာဟာ သူ့အတိတ်မှာပါလာတဲ့ကံကြောင့်ပါ။
      အနာဂတ်မှာတော့မတရားနည်းနဲ့ရှာတဲ့ဝဋ်ကြွေးကိုခံရဦးမှာပါ။
      (ဒီဘဝထဲမှာလည်းဖြစ်နိုင်သလို၊တစက္ကန့်တစ်မိနစ်အတွင်းလည်းဖြစ်နိုင်တယ်။အနာဂတ်ဆိုတာ ပစ္စုပ္ပန်ရဲ့နောက်မှာဖြစ်မယ့်အချိန်ပါ)
      ပစ္စုပ္ပန်မှာလုပ်တဲ့အကျိုး ပစ္စုန်ပ္ပန်မှာခံစားရတယ်ဆိုတာ အဘအထင်နည်းနည်းလွဲနေသလားလို့။
      အမှန်က အတိတ်ကပြုခဲ့တဲ့ ကုသိုလ်ရဲ့အကျိုးပေးကြောင့်ပါ။
      ဒါကြောင့်သာလျှင်ကြိုးစားသူချင်းအတူတူ ကြီးပွားတဲ့သူရှိသလို၊မကြီးပွားတဲ့သူတွေမှအများကြီးပါ။
      အဘက ကြီးပွားတဲ့သူတွေကိုချည်း ကြိုးစားခဲ့တာလို့မြင်နေလို့ပါ။
      အဘပတ်ဝန်းကျင်မှာကြိုးစားသလောက်အရာမထင်တဲ့လူတွေစဉ်းစားကြည့်ပါဦး။
      အဘကတော့ အဲဒီလိုတွေရဲ့အပြစ်၊ဟာကွက်ကိုထောက်ပြဦးမှာပါ။
      တကယ့်တကယ်တော့ အဘက ကြီးပွားနေတဲ့လူတွေရဲ့ဟာကွကတွေကိုတော့ ကြီးပွားနေပြီးသား ဖြစ်တဲ့အတွက် ထည့်စဉ်းစားတော့ပုံမပေါ်ဘူး။
      (ကျွန်မအယူအဆပါ အဘကဖြင့်ကြိုက်သလိုယူဆလို့ရပါတယ် ဘယ်သူမှမမှားဘူးလို့ထင်ပါတယ်။)

    • Foreign Resident

      November 16, 2012 at 11:47 am

      ” ပစ္စုပ္ပန်မှာလုပ်တဲ့အကျိုး ပစ္စုန်ပ္ပန်မှာခံစားရတယ်ဆိုတာ
      အဘအထင် နည်းနည်းလွဲနေသလားလို့ ”

      အဲဒါတော့ ၊ မလွဲပါဘူး ကွယ် ၊ ဘုရားဟောမှာ ပါပါတယ် ။
      ပစ္စုပ္ပန်မှာလုပ်တဲ့ အလုပ်ရဲ့ ကုသိုလ် အတိုင်းအဆက နည်းနေလို့ အကျိုးပေးတွေ မသိသာတာပါ ။

      ဥပမာ ။ ။ ဈာန်သမာပတ်က ထလာတဲ့ ရဟနာ္တ ၊ ပစ္စေကဗုဒ္ဓါ ၊ ဘုရားရှင်ကို ၊
      ယုံယုံကြည်ကြည် နှင့် ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ၊ ဆုတောင်းရင် ချက်ချင်း ပြည့်ပါတယ် ။
      ဒါကြောင့် ၊ အဘက တရားစခန်း ဖြုတ်တဲ့အချိန်တွေကိုမှ ရွေးပြီး ဆွမ်း လှူလေ့ ရှိပါတယ် ။

      ကုသိုလ် ရဲ့ အကျိုးပေးကံ ရ ကံ ရှိပါတယ် ( ထင်ပါတယ် ) ။
      အဲဒီထဲက ၂ ကံ ( ထင်ပါတယ် ) က ဒီ ဘဝမှာတင် အကျိုးပေးရပါတယ် ။
      အဲဒီ ၂ ကံ က ဒီဘဝ မှာ အကျိုးမပေး နိုင်ခဲ့ရင် ၊ နောက် ဘဝကို ပါမလာတော့ပဲ ၊
      အဲဒီ ကုသိုလ်ဟာ အလဟဿ ဖြစ်သွားပါတယ် ၊ အဟောသိကံ ဖြစ်တာလို့ ခေါ်ပါတယ် ။
      အဘိဓမ္မာထဲက သေခါနီး ဇော ရ တန် ပေါ်တဲ့အခန်းမှာ သေချာ ရှင်းပြထားပါတယ် ။

      အင်း ၊ ပညာများ မပြည့်ဝတော့လည်း စာပိုဒ် တစ်ခုလုံး ( ထင်ပါတယ် ) ချည်းပဲ ။ ဟီ ဟိ ။
      အဘ ၊ အရင်က အဘိဓမ္မာ သင်တန်း တက်တုန်းကတော့ မှတ်မိပါတယ် ၊
      အခုတော့ ၊ ဟီ ဟိ ၊ အေ ကေ ဘီ ဖိုးတီအိတ် လောက်ပဲ ခေါင်းထဲ ရှိတော့တယ် ။
      အဘိဓမ္မာ ဆိုလား ၊ ဝိသုဒ္ဒိမဂ် ဆိုလား ဖြေဖို့လုပ်နေတဲ့ ရွာသူကြီးရေ ကူညီပါအုန်းဗျ ။

      • အဘရေ ကျွန်ပြောပြပြီးပြီကော ကျွန်မပြောတဲ့ အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်ဆိုတာ
        ဘဝတွေကိုခွဲပြီးပြောခြင်းမဟုတ်ပါ။
        တစ်မိနစ်တစ်စက္ကန့်မှာလည်းဖြစ်နိုင်ပါတယ်။
        ပစ္စုန်ပ္ပန်ရဲ့နောက်မှာ ပစ္စုပ္ပန်ရှိမလား?

  • ဦးဦးပါလေရာ

    November 16, 2012 at 12:09 am

    မနန်းတော်ရာသူ မသိသေးလို့ဖြစ်မယ်
    ကိုဖေါရိန်းဆိုတဲ့လူကြီးက သိပ်ငြင်းလို့ကောင်းတာ
    ကျုပ်က အဲဒီပိုစ့်မှာ သူ့ကိုခံငြင်းမလို့ အဖေါ်စောင့်နေတာ …. :harr:

    အတည်ပြောရရင် ဒီလို တဖက်တစ်စဆွဲပြီး ပြောဆို ငြင်းခုံဆွေးနွေးရင်း
    အကျိုးရှိတဲ့ အမြင်လေးတွေ မတူကွဲပြားတဲ့အမြင်လေးတွေ ဖလှယ်ခွင့်ရပါတယ်။
    ဒါကြောင့် မနန်းတော်ရာသူရဲ့ ပိုစ့် ရော ကိုဖေါရင်းရက်ဆီးဒင့်ရဲ့ပိုစ့်ရော
    အင်မတန် အကျိုးရှိပါတယ် အကျိုးများပါတယ်ဗျာ…။
    ခင်မင်စွာဖြင့်-

  • kai

    November 16, 2012 at 12:23 am

    “ကံဆိုတာအလုပ်”ဆိုတာက
    အတိတ်ကပြုခဲ့တဲ့အလုပ်ရဲ့ကံအကျိုးကိုပစ္စုပ္ပန်မှာရနေတယ်။ပစ္စုပ္ပန်မှာပြုတဲ့အလုပ်ရဲ့ကံအကျိုးကိုအနာဂတ်မှာ ခံစားရမယ်။
    ဒါကြောင့်ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးပေးမယ်။မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးပေးမယ်”
    ဟုဆိုလိုရင်းဖြစ်တယ်။

    တကယ်လို့.. တကယ်လို့ပေါ့လေ..။
    အတိတ်-ပစ္စုပ္ပန်-အနာဂါတ်ဆိုတာက.. လူတယောက်ရဲ့အခုဘဝထဲမှာပဲထားမယ်ဆိုရင်.. မှန်ကန်တဲ့အတွေးအမြင်.. “Universal Truth” လို့.. ပြောလိုမိပါတယ်..။
    ရုပ်၊နာမ်တွေက.. ဖြစ်-တည်-ပျက်(ဥပါဒ်-ဌီ-ဘင်) သုံးခုထဲရှိတာပါ..။ “တည်”နေရာကကြည့်ရင်..” ဖြစ်”ကအတိတ်ဖြစ်ပြီး.. “ပျက်”က.. အနာဂါတ်ဖြစ်ပါတယ်..။

    အဲလိုမှမဟုတ်..
    မသေခင် ရှေ့ရှေးဘဝ. သေပြီးဖြစ်လာမယ့်.နောက်နောင်ဘဝတွေကို.. ပို့မယ်..လွှဲချမယ်ဆိုရင်တော့.. ကိုယ့်အလုပ်(ကံ)ကို.. ကိုယ်တာဝန်မယူ.. တယောက်ထဲ.. ၃ယောက်ခွဲအပြန်အလှန်လွှဲချနေတဲ့.. တယောက်သုံးကိုယ်ခွဲတယ်လို့.. ပြောချင်မိပါကြောင်း……..

    (မည်သူမဆို မိမိတို့ခံယူချက်ကို လွတ်လပ်စွာဆွေးနွေးနိုင်ပါတယ်) ဆိုလို့နော..
    စိတ်မဆိုးကြေး.. :kwi:

    • thit min

      November 16, 2012 at 6:41 am

      ဒီလိုရှိခဲ့ဘူးပါရဲ့ဗျာ။
      ကျနော် ငယ်ငယ်က စာဖတ်တတ်ကာစ တွေ့ရာ ဖတ်တုန်း
      (အိမ်မှာက စာအုပ်စုံတယ်ဆိုပါတော့) အဲဒီ “ဘင်” ဆိုတဲ့
      စကားလုံးကို နားမလည်ဘူး။ သူရေးထားတာက မစင် ဘင်ပုတ် ပေါ့ဗျာ။
      အဲဒါနဲ့ အဖိုးကိုမေးတော့ ဘင် ဆိုတာ ချီး ပေါ့ကွာလို့ အဖြေရတယ်ဗျ။
      နောက်တခါ ဥပါဒ်ဒဝေ ဘာညာနဲ့ ဂါထာတွေမှာတွေ့လို့မေးတော့
      ဥပါဒ်= ဘေး၊ အန်ဒရယ် ဘာညာပေါ့နော်။ အဲဒီလိုသိထားပြီ စိတ်ထဲမှာ။

      ဒါနဲ့ နောက်တော့ စာတွေဖတ်ရင်း သူကြီး ခုပြောတဲ့ (ဥပါဒ်-ဌီ-ဘင်) ကြီးကို
      တွေ့ပါလေရော။
      အဲဒီမှာ
      ဥပါဒ် ဆိုလဲမကောင်းဘူး။
      ဘင် ကပိုဆိုးအုန်းမယ်။
      (တကယ်ကဒ ီမှာပါတဲ့ ဥပါဒ်နဲ့ ဟိုကဥပါဒ်၊ ဒီက ဘင်နဲ့ ဟိုက ဘင် က တခြားစီပါ။(^^)
      …..စကားလုံးရဲ့အနက်ကိုအမှားသိနဲ့ရှိခဲ့ ပေမဲ့ တွေးတဲ့လမ်းကတည့်သွားတာများလား)

      တော်ပြီ ထီ=ဌီ ဘဲ ကောင်းတယ် လို့ စိတ်ထဲ ဖြစ်မိတယ်။
      နောက်တော့ ထီ=ဌီ =ပစ္စုပ္ပန် သာလျှင် ငါပိုင်တာဘဲ။
      ဟိုဟာကပြီးနေပြီ။
      နောက်ဟာက ဖြစ်သေးဘူး။
      ဒါဆိုငါမှန်တယ် ဆိုပြီး ခုကောင်းအောင်လုပ်၊ခုကြိုးစား၊ခုလုပ် ဆိုပြီး ကိုယ်ဟာကို
      “ခု လူ” ဖြစ်အောင် လုပ်ခဲ့ပါတယ်။

      ပြောရရင် ကိုယ်စွမ်းသလောက်တော့ ကိုယ်ကြိုးစားခဲ့ပါတယ်။~~~~~~~ဆိုတာမျိုးပါ။

    • အဘရေ ကျွန်မပြောတဲ့ အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်ဆိုတာ ဘဝတွေခွဲပြီးဆိုလိုတာမဟုတ်ပါ။
      (ဒီဘဝထဲမှာလည်းဖြစ်နိုင်သလို၊တစက္ကန့်တစ်မိနစ်အတွင်းလည်းဖြစ်နိုင်တယ်။အနာဂတ်ဆိုတာ ပစ္စုပ္ပန်ရဲ့နောက်မှာဖြစ်မယ့်အချိန်ပါ)
      အဘဖောကိုကျွန်မအဲလိုရှင်းပြထားပြီးပါပြီ ။

    • kai

      November 16, 2012 at 6:29 am

      မိုးပြာတို့.. မိုးဝါတို့.. ထပ်မလာကြေးနော…

      “မြန်မာတွေ ၂ယောက်ရှိရင်.. ရန်ဖြစ်ကြတယ်”ဆိုကြတာကို..
      “ငတို့မြန်မာဆိုတာ.. တယောက်ထဲတင် ၃ကိုယ်ခွဲပြီး.. ပဋိပက္ခဖြစ်နေတာ”လို့.. ရွဲ့ပြောရင်းကနေဖြစ်လာတဲ့.. ကိုယ်ပိုင်အမြင်ပါလို့..
      မူပိုင်မှတ်ပုံတင်မည်ဖြစ်ကြောင်း..။ :kwi:

      • ကထူးဆန်း

        November 16, 2012 at 7:04 am

        ဘာခုမှ ကြောက်ပါပြီလဲ ..
        မိုးပြာ မိုးဝါ မပြောတော့ပါဘူး …
        မိုးခိုင် ဝါဒီလို့ပါဘဲ …. :harr:

  • နန်းတော်ရာသူရေ
    ပြောချင်တာတွေများနေလို့ စာတစ်တန် ပေတစ်ဖွဲ့နဲ့ အရှည်ကြီးပြောထားပါတယ်.. လမ်းကြုံရင် ဝင်ကြည့်ပါဦးလို့

  • MaMa

    November 16, 2012 at 6:54 am

    သင်္ကြန်တရားစခန်းပွဲတုန်းက ဆရာတော်ကြီး ဟောလိုက်တဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကို နာခဲ့ရတယ်။
    ဆရာတော်ကြီးက
    အခုချိန်မှာ (လက်ရှိအခြေအနေ၊ အသက်အရွယ်မှာ)
    ကောင်းကောင်းမွန်မွန် နေထိုင်စားသောက်နိုင်တယ်ဆိုတာ …..
    ပစ္စုပ္ပန် ကောင်းနေတယ်ဆိုတာ…
    အတိတ်က ကောင်းကောင်းလုပ်ခဲ့လို့တဲ့။
    အတိတ်ဆိုတာကို မမြင်ရတဲ့ ဟိုးးးးးးး ဘဝအထိမစဉ်းစားပဲ….
    ဒီဘဝမှာတင်ပဲ…….
    ငယ်ငယ်က စာကောင်းကောင်းဖတ်ခဲ့လို့ ပညာတတ်ဖြစ်တယ်။
    ပညာတတ်လို့ ငွေကြေးချမ်းသာတယ်။
    ဆန့်ကျင်ဖက်ကိုလည်း တွေးကြည့်လိုက်ပါ။
    အဲလိုသာ စဉ်းစားလို်က်ရင် ……….
    နန်းတော်ရာသူရဲ့ အတွေးအခေါ်တွေရော၊
    အဘဖောရဲ့ အိုင်ဒီယာရော၊
    သဂျီးရဲ့ သုံးကိုယ်ခွဲတွေပါ အကျုံးဝင်သွားလိမ့်မယ်ထင်တယ်။
    3 in 1 သီအိုရီလေးပေ့ါ။ :harr:

    • kai

      November 16, 2012 at 3:25 pm

      အတိတ်၊ပစ္စူပ္ပန်၊အနာဂတ် အားလုံးကို ဒီဘဝမှာတင်ပဲလို့.. တွေးပြီးဖြတ်နိုင်ကြရင်.. မြန်မာပြည်.. ၁ဝနှစ်အတွင်း.. အရှိန်အဟုန်နဲ့ တို်းတက်သွားမယ်လို့.. အာမခံတယ်..။
      ဒါပေမယ့်… လက်တွေ့မတော့…
      .. ကွန်ဆာဗေးတစ်..ညာစွန်းဂိုဏ်းသား.. ရှေးစွန်းဆွဲတွေနဲ့..ဝါဒရေးရာ.. ပြဿနာတက်နေတာနဲ့တင်.. ၁ဝနှစ်ကုန်မှာပါပဲ..

      အနိစ္စ…။ ❗

  • nature

    November 16, 2012 at 8:55 am

    မှန်မှန်ကန်ကန် ကံနဲ့ကံရဲ့အကျိုးမယုံကြည်တဲ့သူ ကံကိုမယုံကြည်တဲ့သူဟာ မိစ္ဆာဒိဌိ အယူရှိသူတွေလို့ မြတ်စွာဘုရားက အတိအလင်းဟောကြားထားပါတယ်။ ဘာဖြစ်လို့မယုံကြည်တာလဲဆိုတော့ သိမြင်နိုင်ခဲတဲ့ အတွက်ကြောင့်ပါပဲ။ ဘာဖြစ်လို့သိမြင်နိုင်ခဲလဲဆိုတော့ အဝိဇ္ဇာဖုံးနေလို့ပါပဲ။

    တချို့ဗုဒ္ဓဘာသာဝင်တွေဟာလည်း တခုတခုဖြစ်လာရင် အတိတ်ကံကြောင့်လိုု့ဆိုတဲ့သူတွေတော်တော်များပါတယ်။ အတိတ်ကံဆိုတာ ပြီးခဲ့တဲ့ဘဝကလုပ်ခဲ့တဲ့ကံလို့ ဆိုကြပါတယ်။ တကယ်တော့ ကိုယ်ယခု လုပ်လိုက်တဲ့ ကံဟာလည်းနောက်စက္ကန့်မှာ အတိတ်ဖြစ်သွားပြီး အတိတ်ကံမည်ပါတယ်။ နောက် စက္ကန့်မှာ အတိတ်ဖြစ်သွားမဲ့ ပစ္စုပ္ပန်မှာ လုပ်တဲ့ကံကို အကောင်းအဆိုး ဝေဖန်ပြီးလုပ်ကြမယ် ဆိုရင် ကောင်းသောကံတွေဖြစ်လာပါလိမ့်မယ်။

  • water-melon

    November 16, 2012 at 9:15 am

    လူငယ်ဆိုတော့လည်း ပြန်ပြောရင်လဲရိုင်းရာကျမယ်
    တကယ်တော့ရွာဆူအောင်လုပ်နေအောင် ဘုန်းကျော်မဟုတ်ဘူး
    မတောက်တခေါက် ဘဝင်မြင့်ဖင်အောက်ပန်ကာတပ်ပြီးထိ်ုင်နေတဲ့ဘဝရူးတွေကြောင့်
    တခါတခါ စိတ်ပျက်မိတယ်
    ကိုယ့်ကိုယ်ကိုလဲ မေးကြည့်အုန်း ဘာလူမျိုးလဲဆိုတာ
    မွန်ဖြစ်လိုက်ရခိုင်ဖြစ်လို်က်တရုတ်ဖြစ်လိုက် လူမျိုးကိုစုံလို့
    ရောသမှစပ်ပြီးမွေးလာတာလားမသိ
    မြန်မာနိုင်ငံမှာမွေး ကြီးပြင်းပြီး မနေ့တနေ့ကမှ ပြည်ပထွက်ပြီးအလုပ်လုပ်နေတာများ
    ဟင့်ဘာအထင်ကြီးစရာရှိလဲ
    မသိရင် wiki ထဲဝင်ကြည့် ဘာသာပြန်ပြီး ရွာမှာပို့စ်တင်နေတဲ့သူတွေကများ ဟာသဘဲ
    အေး သိအောင်ပြောလိုက်မယ် မသိလို့ငုတ်တုတ်ထိုင်နေတာမဟုတ်ဘူး
    မင်းတို့ထက် ခေါင်းတလုံးပိုတယ်ဆိုတာမှတ်ထား
    ဒီကြားထဲ အရူးလိုလို ကလေးအဖေလိုလိုကြပ်မပြည့်ကောင်ကလည်း ဘေးကနေ အရူးကိုလက်ခုပ်တီးပေးနေသေးတယ်
    ပြည်ပမှာ မနေနို်င်လို့ပြောတယ်ထင်မနေနဲ့
    မင်းတို့ဘယ်လိုနေထိုင်ရတယ်ဆိုတာသိပါတယ်
    လူအထင်ကြီးတယ် ဘာတွေညာတွေလာပြမနေနဲ့ မောတယ်

    ဒီပို့စ်နဲ့တော့မဆိုင်ပါဘူး
    ပို့စ်ပိုင်ရှင်ရော တောင်းပန်ပါတယ်

    • စည်းကမ်းချက်အမှတ် ၁၃ နဲ့ငြိနေလို့ တရားဝင် အနုတ်ပေးတယ်ဗျား..

      (ဒို့က ပွင့်ပွင့်လင်းလင်းသမားဖြစ်ပါကြောင်း)

      • water-melon

        November 16, 2012 at 10:17 am

        ပွင့်လင်းတာတော့ရပါတယ်
        သိပ်တော့မပွင့်လင်းနဲ့ပေ့ါ
        တော်ကြာပွင့်လင်းလွန်းလို့ သူများနိုင်ငံမှာ ရိုက်ခံနေရအုန်းမယ်

        (ဒို့က အလွန်ပွင့်ပွင့်လင်းလင်းသမားဖြစ်ပါကြောင်း)

      • San Hla Gyi

        November 16, 2012 at 9:52 pm

        ကိုရှုံးနိမ့်မှုများနဲ့လူရေ ကျနော် အဲဒါကို ပို့စ်တခုရေးတင်ထားတယ်ဗျာ။

        • စိုင်း ကွမ်းခေး

          November 17, 2012 at 6:12 am

          ဖြဲမကြီးရေ… သူများမြှောက်ပေးတိုင်း ဂွေးတက်အောင်ကမနေနဲ့ဦး
          စကား စကားပြောပါများ၊ စကားထဲက ဇာတိပြဖြစ်နေမယ်

          (ခင်လို့ပြောတယ်မှတ်ပါ)

        • မောင်ပေ

          November 17, 2012 at 12:36 pm

          စိုင်းကွမ်ခေးရေ
          ဒီလို ရှိပါတယ်
          လူဆိုတာ စကားပြောရင် ကြည့်ပြောရတယ်
          အသုဘ အိမ်သွားပြီးတော့ ၊ ပျော်ပွဲရွှင်ပွဲအကြောင်း ပြောလို ့မရဘူး
          ထို ့အတူပဲ မင်္ဂလာ ရှိတဲ့အလုပ်လုပ်နေတဲ့ နေရာမှာ လဲ အမင်္ဂလာ အကြောင်းတွေ လာပြောလို ့မရဘူး ဆိုတာ
          ထမင်းစားတဲ့လူမှန်သမျှ သင်စရာမလိုပဲတတ်ထားရမယ့် အကြောင်းတွေပါပဲ

  • တိမ်မည်း (ခရီးသွားနေည်)

    November 16, 2012 at 9:37 am

    မနန်းတော်ရာသူရေ…..

    ကံဆိုတာ အလုပ်… ကုသိုလ်ကြောင့် အစေ့ပေါက်တယ်လို ့ပြောလို ့ရပေမယ့်…..
    အခုပြောနေတဲ့ အသိုင်းအဝိုင်းက ကုသိုလ်ကြောင့် ဖြစ်တဲ့ အစေ့ထက်….
    အလုပ်ကြောင့် ဖြစ်တဲ့ ကံလို ့ ယုံကြည့်တဲ့သူပိုများတယ်လို ့ယေဘုယျနားလည်ပါတယ်……..
    ကိုယ်လုပ်ရင် ကိုယ်ရမယ်ပေါ့နော်……. Present သမားတွေပေါ့….. တနည်းအားဖြင့်…..

    မည်သို ့ပင်ဆိုစေကာမူ ဆက်မဆွေးနွေးသင့်တော့ တဲ့ ပိုစ်တခုလို ့မြင်ကြောင်း……
    ဒါမျိုးဆိုတာက အရင်က ပါလာပါတယ်လို ့ သက်သေလည်း ပြလို ့မရလို ့ပါ………
    ယုံကြည်မှူတခုသက်သက်သာဖြစ်ကြောင်း………….

    ဆင်းရဲခြင်းဆိုတာဖြစ်စေ ကုသိုလ်ဆိုတာ ဖြစ်စေ တိုင်းတာလို ့မရတဲ့အရာဖြစ်ကြောင်း…….
    တနေ ့ တထောင်သာဝင်ပီး ပြုံးနေတဲ့မျက်နှာကိုမြင်ဖူးသလို…..
    တနေ ့ တသိန်းဝင်ရာကနေ ရှစ်သောင်းလောက်ပဲဝင်လို ့ အီးမှန်နေတဲ့မျက်နှာကိုလည်း မြင်ဖူးကြောင်း……
    အားလုံးပြေးကြည့်မှ ၁၀ဝ ရှိလို ့ ၁၀ဝ လှူလိုက်တဲ့ အလှူမျိုးလည်း မြင်ဖူးသလို……
    အိပ်ကပ်ထဲမှာတင် နှစ်သိန်းလောက်ရှိတာကို ၁၀၀ဝ လောက်လှူဖို ့တွန် ့တိုနေတဲ့သူလည်း မြင်ဖူးကြောင်း……

    ဆင်းရဲခြင်း ချမ်းသာခြင်း လှူဒန်းခြင်း မလှူဒန်းခြင်း ကံကောင်းခြင်း ကံဆိုးခြင်း စသဖြင့် ဖော်ပြလို ့မရတဲ့ နာမ်တွေဟာ ဘာသာရေးတခုအပေါ်မှာတင် မူမတည်သလို လူမျိုးရေး ပေါ်မှာလည်း မူမတည်ကြောင်း……
    လူတဦးတယောက်ခြင်းစီရဲ့ လေ့လာမှူ ဆန်းစစ်မှူ ကြိုးစားအားထုတ်မှူမှာသာလျင် မူတည်ကြောင်း………

    မန် ့ခြင်းအမှူ လွန်တာရှိသော် အကျွန်တောင်းပန်ပါည်………

    လေးစားလျက်
    တိမ်မည်း

  • weiwei

    November 16, 2012 at 9:53 am

    ဒီလိုအကြောင်းအရာတွေ ဒီရွာထဲမှာ ငြင်းခုန်ခဲ့ကြပေါင်းလဲ များပါပြီ …
    ဘယ်တော့မှ အဆုံးမသတ်နိုင်တဲ့ အငြင်းအခုံအနေနဲ့ပဲ အဖြေမထွက်ခဲ့ဘူး …
    ကိုယ့်အယူအဆနဲ့ကိုယ် မှန်တယ်ထင်တဲ့ဝါဒတစ်ခုကို စွဲထားကြတာချည်းပါပဲ …
    ဆင်းရဲတာ ကံမကောင်းလို့လို့ သတ်မှတ်လို့ရတဲ့ သာဓကတွေကို တွေ့နိုင်သလို …
    ဆင်းရဲတာ အသုံးမကျလို့ဆိုတဲ့ သာဓကလဲ အများကြီးရှိလိမ့်မယ် ..
    ချမ်းသာတာ ကံကောင်းလို့ .. ချမ်းသာတာ အလုပ်လုပ်လို့ .. စသဖြင့် မတူ မတူ တဲ့ဘဝတွေမှာ မတူနိုင်တဲ့ အကြောင်းတရားတွေ ရှိနေတာမို့လို့ ကိုယ်ကြည့်တဲ့ ရှုဒေါင့်တစ်ခုကနေဆိုရင် အမှန်တွေချည်းပဲ ဖြစ်မှာပါ ..
    မတူညီသော အတွေးအခေါ်ရှိသူအားလုံးကို လေးစားအထင်ကြီးတဲ့အကြောင်း ဝင်ပြောရင်း ပို့စ်ပိုင်ရှင်ကို အားပေးလိုက်ပါတယ် …

  • Wow

    November 16, 2012 at 10:23 am

    ငယ်ငယ်တုံးက တင်အောင်နီကာတွန်းလေးတစ်ခုဖတ်ဖူးတယ် …..
    ဘေးအိမ်ကြီးကဟီးလို့ပေါ့ ချမ်းသာလိုက်တာ.. အဲဒီမှာ ကိုယ်ပိုင်ကားနဲ့ စတိုင်အပြည့်ကျောင်းသွားတော့မဲ့ မူလတန်းကျောင်းသားလေးတစ်ယောက်….
    တစ်ဘက်မှာတော့ ဆင်းရဲသားသားအဖနှစ်ယောက် တောင်းရက်နေတာလား (ဘာလုပ်နေတာလဲ သိပ်တော့မမှတ်မိ) စုတ်စုတ်ပြတ် ပြတ်ပေပေတူးတူးနဲ့ သားအဖတွေ အလုပ်လုပ်နေတာ… အဲဒီမှာ မူလတန်းအရွယ် ကျောင်းမနေနိုင်တဲ့ ကလေးက သူ့အဖေကို မေးတယ် “အဖေရယ် သူတို့က ဘာလို့ အရမ်းချမ်းသာတာလဲ ” အဖေက ပြန်ဖြေတယ် “သားရယ် သူ့အဖေက ဆရာဝန်ကြီးလေ အဲဒီတော့ ချမ်းသာတာပေါ့” တဲ့ အဲဒီမှာ ကလေးကပြန်ပြောတယ် “အဖေရာ အဖေ တော်တော်ညံ့တာပဲ၊ သူ့လို ဆရာဝန်ကြီးလုပ်ပါလား၊ ဒါဆို သားတို့ချမ်းသာမှာပေါ့…. အဖေဘာလို့ဆရာဝန်မလုပ်တာလဲ”……

    အဲ့လို…. အဲ့လို……

    ရုံးတစ်ရုံးမှာ ပြသနာတစ်ခုခုပေါ်လာခဲ့ရင်၊ မန်နေဂျာ… အရာရှိပေါ့လေ လူအမျိူးအစားပေါ်မူတည်ပြီး ပြသနာရှင်းနည်းကွာပါတယ်….
    မန်နေဂျာ အေ… (တာဝန်မခံသူ)
    – မင်းတို့ ငါ့ကို အစကတည်းက ဘာလို့မပြောတာလဲ။ ဒီကစ္စ ငါလုံးဝမသိရပါလား၊ အပြစ်ဖြစ်မှ ငါ့ခေါင်းလာမပုံနဲ့လေ… လျှော်မလား ထွက်မလားကြိုက်တာရွေး….

    မန်နေဂျာ ဘီ… (သူတစ်ပါးအပြစ် ပုံချသူ)
    – အဲဒီ့ကိစ္စက ဟိုကောင်မဟုတ်လား ငါသိတယ်၊ သူ့ အပြစ်ကြီးပဲ။ ငါ အထက်ကို ရီပို့တင်လိုက်မယ်.. ဘယ်လိုဖြေရှင်းမလဲ ကောင်းကောင်းစဉ်းစားထား။

    မန်နေဂျာ စီ… (ပြသနာရှင်းပေးသူ)
    – ဒီလိုလုပ်လိုက်ရင်တော့ ဒီကိစ္စက အဆင်ပြေသွားနိုင်တယ်။ အဆုံးအရှုံးလဲနဲမယ်… မောင်ကကြီး မင်းဒါလုပ်၊ မောင်ခခွေးမင်းက ဒီသွား၊ ငါက ဒါလုပ်မယ်။ အားလုံးအတွက် ဒါဟာ သင်ခန်းစာပဲ၊ နောက်မဖြစ်အောင်လုပ်။ ပြီးမှ ငါအပြစ်ရှိသူကို ထိုက်သင့်သလို အရေးယူမယ်။

    ဆိုတော့ကာ…. မန်နေဂျာ အေ နဲ့ မန်နေဂျာ ဘီကို ၊ အထက်က ကာတွန်းထဲက “အဖေ ဆရာဝန်ကြီးလုပ်ပါလား” ဆိုတဲ့ အဆင့်လောက်ပဲ ရှိတဲ့သူတွေလို့ သတ်မှတ်ပါတယ်။

    ကိုယ်က လူတွေကိုကူညီချင်၊ လူမှုရေးလုပ်ချင်ရင်၊ လူတွေကိုနားလည်ဖို့လိုပါတယ်…
    အပြစ်တင်ခြင်းက ပြသနာကိုဘယ်လိုမှ မဖြေရှင်းပေးပါဘူး… အထူးသဖြင့် သူတစ်ပါး အားနည်းချက်ကို ထောက်ပြတာ မရင့်ကျက်သေးသူတွေရဲ့ အလုပ်ပါ။ အားနဲချက်မရှိတဲ့လူ ဘယ်သူမှမရှိပါဘူး။ ဥပမာ ဘီလ်ဂိတ်က မင်းကွာ ဒီလောက်ဦးနှောက်နဲရလား အဲဒါကြောင့် ငါ့လို မဖြစ်တာ မင်းဒီဘဝကမတက်တာ… လာပြောရင် ခံနိုင်မလား… ဒါက ရွေဖော့ရိုးလေးနဲ့ သာသာလေး ရိုက်ပြတာပါ….

    ဗိုလ်ချုပ်က “ခင်ဗျားတို့ဖာနိုင်ငံဖြစ်သွားမယ်” ပြောတာ… ပြောလို့ရပါတယ်။ သူကိုယ်တိုင် ယူနီဖောင်းနှစ်စုံနဲ့ အသက်ပေးတဲ့ အထိ တိုင်းပြည်အတွက်လုပ်ပြသွားတာ။ ကြက်ချေးတန်းက အလယ်တန်းနဲ့ အထက်တန်းကို တက်ပြိုင်လို့မရသလိုပေါ့….

    တော်ပါပြီ ဆက်ပြောရင် နိုင်ငံရေးတွေပါကုန်မယ်… ဟီး ဟီး သိသလောက် တတ်သလောက် ပြောလို့လဲ ကုန်လုပါးနီးနီး :harr:

    စဂါးမစပ် Like လုပ်သွားပါဂျောင်း :kwi:

  • jullies cezer

    November 16, 2012 at 12:03 pm

    မနန်းတော်ရာသူရေ အစ်မ Post ကိုအရင်မဖတ်ပဲ ကိုရင်ရှုံးကို Post ကို အရင်ဖတ်မိလို့
    အခုပဲ အဲဒီ ကံမရှိဉာဏ်ရှိတိုင်းမွဲကို မန့်ခဲ့ရပြီးပြီ ဆင်းရဲပြီးအပျင်းထူအချောင်လိုက်
    မကြိုးစားချင်တဲ့သူတွေမချမ်းသာတာကိုမပြောလိုပါဘူး။ ဆင်းရဲပြီးကြိုးစားချင်ဆင်းရဲတွင်းက
    ရုန်းထွက်အောင်ကြိုးစားနေတဲ့အခြေခံလူတန်းစားတွေအတွက် ကံမရှိဉာဏ်ရှိတိုင်းမွဲတဲ့
    အစ်မရဲ့အဆိုကိုထောက်ခံတယ်ဗျာ ဘာလို့လဲဆိုတော့ ကိုယ်ကိုတိုင်လဲ အဲဒီထဲက
    တစ်ယောက်ဖြစ်ခဲ့လိုပါပဲ သူများထက်ပင်ပန်းကြိုးစားခဲ့ရတယ် ကြိုးစားမှုရလဒ်ကျလဲ သူများထက်နောက်ကောက်ကျပြီးမှ ရခဲ့တယ် ကိုယ့်ပတ်ဝန်းကျင်မှာလဲအစ်ပြောသလို
    သေကောင်ပေါင်းလဲကြိုးစားပြီးဘာမှဖြစ်မလာတာ ဖြစ်သင့်သလောက်မဖြစ်လာခဲ့ရတာ
    တွေအများကြီးတွေ့ကြုံခဲ့ရဖူးပါတယ် ကြားဖူးတာလေးပြောပြမယ် သစ်ပင်တစ်ပင်ကမျိုးစေ့
    တော့မှန်တယ် ဒါပေမဲ့လိုအပ်တဲ့ရေလောင်းပေါင်းသင် အခုခေတ်လိုပြောမယ်ဆိုရင်
    ဓါတ်မြေဩဇာပိုးသတ်ဆေးပေါ့ အဲဒါတွေမထောက်ပံ့နိုင်ဘူးဆို ဖြစ်ထွန်းသင့်သလောက်
    မဖြစ်ထွန်းနိုင်ဘူးတဲ့ဗျာ ကြားဖူးခဲ့တာ ….

  • တောတွင်းပျော်

    November 16, 2012 at 3:19 pm

    အတိတ်ရဲ ့ ကန်ချက်ကြောင် ့ အနာဂတ်ဆိုတဲ ့ ဟောဒီပစ္စုပ္ပန်ထဲကို
    ဘုန်းကနဲ ကိုရို ့ကားယား လေးဖက်မှောက် ကျနော် ပြုတ်ကျလာခဲ ့တယ်။
    အရသာကတော ့ ခါးသက်သက်၊ စပ်ဖျင်းဖျင်း၊ အောင် ့သက်သက်….
    ကပျာကယာ လူးလဲကုန်းထ ဘေးဘီဝဲယာ ပစ္စုပ္ပန်ဆိုတဲ ့နေရာကိုလေ ့လာကြည် ့မိတော ့
    ဒါ…ဒါ.. ငါနေရမယ် ့နေရာမယ် ့နေရာမဟုတ်ဘူး..
    ငါသွားရမှာက အနာဂတ်..
    ကဲ ကဲ ခရီးဆက်လိုက်အုံးမယ်။
    ပစ္စုပ္ပန်လို ့ထင်ရတဲ ့ အတိတ်ရေ…. တာ ့တာနော်

    • အမှန်ဆုံးပဲကျွန်မလိုချင်တာအဲဒါ။။။။ အဘဖောက အနာဂတ်ကို ပစ္စုန်ပ္ပန်မှတ်နေလို့ကျွန်မရှင်းရတာ အာပေါက်နေပါပေါ့ရှင်။
      တောတွင်းပျော်ရေရရရရ ကျေးဇူးတင်ပါကြောင်း။

      • San Hla Gyi

        November 16, 2012 at 9:53 pm

        မနန်းတော်ရာသူရေ အချို့က အသစ်ဆိုရင် ဦးကျိုးအောင် နှိမ်ချင်တဲ့ သဘောရှိတယ်ဆိုတာ ပြောထားချင်တယ်ဗျာ။ အမှန်တော့ ရသစာက အတည်လုပ်ပြီး ဆွေးနွေးလို့ မကောင်းပါဘူး။ ယေဘူယျလောက်ပဲ ရပါတယ်။ သူက စီမံကိန်း မဟုတ်ပါဘူး။ ကျနော် အဲဒီအကြောင်းကို ပြောခဲ့ပြီးပြီ။

  • အလင်းဆက်

    November 16, 2012 at 9:12 pm

    ဆင်းရဲ ခြင်း ချမ်းသာခြင်းဟာ…
    ဒါန ကုသိုလ်နဲ ့ဆိုင်တယ်..လို့ပြောတာကိုတော့…
    လက်ခံပါကြောင်း…

  • Silver Twig

    November 17, 2012 at 2:00 am

    My British colleague once told me that he could not understand why mother Treazer was helping poor in India. There are many Billionaires in India, even the richest one in UK is an Indian who are not showing concern of poor in their own country.
    I think it depends how you accept yourself.

    • kai

      November 17, 2012 at 3:51 am

      ဒီကော်မန့်လေးက.. ကျုပ်ကို.. တွေးစရာတွေ.. အဖြေတွေအများကြီးဖွင့်ပြလိုက်သလိုပါ..။
      ကမ္ဘာ့ဘာသာကြီးတွေ.. ခရစ်ယန်၊ အစ္စလမ်၊ ဟိန္ဒူ၊ ဗုဒ္ဓသာသနာတွေနဲ့.. သူတို့ရဲ့… ဘာသာဝင်တွေ.. လုပ်ကိုင်လှူတန်းပုံတွေ.. နှိုင်းယှဉ်ကြည့်..တွေ့မိစရာဖြစ်သွားတယ်..

      မြန်မာပြည်က.. ဗုဒ္ဓဘာသာဝင်..မီလီယံနာတွေ.. ဘယ်ကိုလှူနေကြသလည်း..
      ငွေတွေကို.. ဘာလုပ်ကြသလည်း..
      ဘယ်နေရာလည်ပါတ်သုံးစွဲကြသလည်း..
      ဆင်းရဲသားတွေအပေါ်..ဘာလုပ်ပေးသလည်း..

      ဂျပန်က.. ဇမ်ဗုဒ္ဓဘာသာဝင်တွေ.. ဘယ်လိုလုပ်ကြသလည်း..
      ဘယ်ကိုလှူကြသလည်း..
      ငွေကိုဘယ်လိုလည်ပါတ်စေကြသလည်း…

      အင်း..
      တိုတိုချုပ်ပြောလိုက်ရရင်…
      မြန်မာပြည်က.. ထေရဝါဒဗုဒ္ဓဘာသာဟာ.. ဟိန္ဒူနွယ်လွန်းနေမှန်း အရမ်းသိသာသွားတာပဲ..
      သာဓုပါခင်ဗျား…

      • ရွှေ ကြည်

        November 17, 2012 at 11:36 am

        စွပ်စွဲလှချည်လား ငါ့စိတ်ထဲမှာတောင်ကျွတ်ကျဲသွားတယ် :mrgreen:

        • kai

          November 17, 2012 at 1:12 pm

          တို့တိုင်းပြည်

          ထလော့မြန်မာ၊ အိုမြန်မာတို့
          တို့ရွာ၊ တို့မြေ၊ တို့ရွာမြေဝယ်
          စေတီ၊ စပါးများလည်းများ၏
          များပါလေလဲ၊ တမွဲမွဲနှင့်

          ဆင်းရဲကာသာ၊ ကာလကြာလျှင်
          ယာစကာမျိုး၊ တညှိုး့ညှိုးနှင့်
          ပုထိုး မြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား
          လှည့်လည်သွားလျက်

          မစားလေရ၊ ဝမ်းမဝ၍
          ဆွမ်းမျှ မတင်နိုင်ရှိမည်တည်း။
          ..
          :528:

        • ရွှေ ကြည်

          November 17, 2012 at 2:17 pm

          သူကြီးရေ နွယ်လွန်းနေတာမဟုတ်ဘူး ရောကိုရောကုန်တာကိုပြောချင်တာ။
          တချို့ ကဟိန္ဒူဆိုရင်ဗုဒ္ဓဘာသာပဲလို့တောင်ပြောကြတယ် ပြောချင်တာကအဲဒါလေးပါ..။
          ဒီမှာ ဗုဒ္ဓဘာသာတွေမီးတောင်နင်းကြတယ်သူကြီးရေ ကောင်းရော..။
          ကဗျာလေးအတွက်ကျေးဇူး..။

  • water-melon

    November 17, 2012 at 2:19 pm

    စိုင်း ကွမ်းခေးဆိုလား စိုင်း ကွမ်ဂွေးဆိုလား မသိတဲ့ကောင်ကြီးရေ
    သူများမြောက်ပေးတိုင်း မကတတ်ပေမဲ့
    သများနိုင်ငံမှာ ကြက်ဖင်ဆီဖူးရောင်းပြီး အေးရာအေးကြောင်းနေပါကွာ
    မင်းတို့လို့ သူများဂွေးပေါ်တာကို လိုက်ကြည့်ကြီး အူမမြူးတတ်ပါဘူး

    (ဂွေးပေါ်လို့ပြောတယ်မှတ်ပါ)

  • နွေဦး

    November 17, 2012 at 2:51 pm

    ဥပဒေသ။ ။
    သူတပါးကို နားလည်အောင် ရှင်းပြ ငြင်းဆိုနေမည့်အလုပ်ထက်
    မိမိကိုယ်ကို နားလည်အောင် ကြိုးစားနေခြင်းက ပို၍ အကျိုးကြီးပေသည် ။

  • ဖိုးထောင်

    November 17, 2012 at 4:41 pm

    အေး ကောင်းသဟ
    နန်းတော်ရာသူလေးကိုလည်း အားပေးနေတယ်
    ဖင်ဂေါင်းကျယ်တဲ့လူတွေကိုလည်း အားပေးနေတယ်
    အဓိကကတော့ ဘယ်သူမပြုမိမိမှု မိမိ၏ အရေးအသား အပြောအဆို အမူအယာ သို့တည်းမဟုတ် တစ်စုံတစ်ရာကြောင့် အများသူငါ ချစ်ခင်နှစ် သက်မြတ်နိုးတတ်ကြသလို စောက်မြင်လည်းကပ်တတ်ကြတယ် ဒါက လောကသဘာဝပဲ ညွှတ်ညွှတ်ညွှတ်

Leave a Reply