Android သုံး တဲ့ သူ တွေ အတွက် Offline Map အသုံးပြု နည်း

Mobile HouseNovember 16, 20127min50016

http://www.mobilehouse.co.nr 

 

Mobile House

ဖုန်း အထူး ပြု ပြင် ရေး နှင့် အရောင်း ဆိုင်

 

လမ်း ၃ဝ . ၇၃ -၇၄ လမ်း ကြား ။ဆေးကျောင်း ရှေ့ ။မန်း လေး မြို့ ။

မှ

Android သုံး တဲ့ သူ တွေ အတွက် Offline Map အသုံးပြု နည်း တင်ပေးလိုက် ပါတယ်

Android သုံးတဲ့သူ အများစု  ဒါ တွေ ကို သိပ် မသိ ကြ သေးလို့ ပါ ။ ဒါ တွေ သုံး တက် မှ Android သုံးရတာ ဖုန်း အကောင်း သုံး ရတာ တန် ပါမယ် ။ကျွှန်တော် ခရီး ထွက် တယ် ဆို အသုံး များ ပါတယ် ။ သူ က မြေပုံ ကြည့် ရုံ မှ မဟုတ် ဘူး လမ်း လဲ ညွန် ခိုင်း လို့ ရပါတယ် ။

ဒီတစ် ခေါက် တောင် ကြီး သွား တော့ တချို့ မြို့ တွေ ဆို မသွား တက် ရင် မြေ ပုံ ကြည့် ပြီး သွားခဲ့ ရတယ် ။ အသုံး အရမ်း တည့် လို့ ဆိုဒ် ထဲ မှာ တင် ဖို့ အချိန် ကုန် ခံ ပြီး သေချာ ပြန် စမ်း ပြီး ခု မှတင် ပေး နိုင် တော့ တယ် ။

 

Samsung တွေ ဆို ရင် တော့ နဂို ပါ ပြီး သား ပါ ။မပါ သေး တဲ့ ဖုန်း တွေ မှာ လဲ ထည့် သုံး လို့ ရပါတယ် ။ ကိုက် တာ မကိုက် တာ တော့ ရှိ ပါတယ် ထည့် စမ်း ကြည့် တာ မမှား ပါဘူး ။

ရှိ ပြီး သား ဖြစ် လဲ နောက် ဆုံး version ဖြစ် တဲ့ ဒီ application ကို အရင် ဒေါင်း လော့ ဆွဲ ပြီး သွင်း ထားလိုက် ပါ ။

ဒီမှာဒေါင်းပါ ။

Download Here

 

၁။ ဒေါင်းလော့ ဆွဲ ပြီး ဖုန်းထဲ အရင် သွင်း ပါ ။done နဲ့ open ပေါ် လာရင် done အရင် နိုပ် ပါ ။

 

၂။ Settings ထဲ က Location and security ထဲ ဝင် ပါ(ဗားရှင်း ပေါ် မူတည် ပြီး နည်းနည်း ကွာမည် )

 

၃။ Use GPS satellites ကို အမှန် ခြစ် ပေးလိုက် ပါ ။

 

၄။ offline map ယူဖို့ wifi ဖြစ်ဖြစ် 3g အင်တာနက် ဖြစ်ဖြစ် ဖွင့် ထားပါ ။

 

၅။ အိမ် အပြင် အမိုးလွတ် တဲ့ နေရာ ကို ထွက် ပါ ။ ပြီးရင် စောစော ကသွင်းတဲ့ App ကို ဖွင့် လိုက် ပါ ။ loading လုပ် နေ ပါမယ် ။ခဏ စောင့် ပါ ။ခဏ နေ အောက်က ပုံ လိုစ တွေ့ ရပါမယ် ။

 

 

၆။ ခဏ ထပ် စောင့် ပါ အောက်က ပုံ လို နိုင်ငံ တွေ စတွေ့ ရပါမယ် ။

၇။ ညာဖက် ပေါ် ထောင့် စွန်း က အဝိုင်း ပျောက် က လေး နိုပ် လိုက် ပါ.။ခဏ နေ ရင် မိမိ ရှိ တဲ့ နေ ရာ ကို အလိုလျောက် ရောက် သွား ပါ မယ် ။

 

 

၈။ ညာ ဖက် အောက် မှာ တွေ့ တဲ့ + –  နဲ့ ဖြစ် စေ ကို မြေ ပုံ အကြီး ချဲ့ချင် တဲ့ နေ ရာ ကို နှစ် ချက် တို့ ခြင်း ဖြင့် ဖြစ် စေ ။ အကြီး ချဲ့ ကြည့် နိုင် ပါတယ် ။

 

၉။ တစ် မြို့ လုံး မြင် ရတဲ့ ထိ နည်းနည်း လေး ကျုံ့ လိုက် ပါ ။တစ် မြို့ လုံးမြင် ရရင် menu နိုပ် လိုက် ပါ ။

Make available offline ဆို တာ တွေ့ ပါမယ် ။ အဲ့ ကောင် နိုပ် လိုက် ပါ ။

 

၁၀။ အပေါ် က လို လေးထာင့် ကွက် း နဲ့ ပေါ် လာ ပါ မယ် ။ အဲ့ အကွက် ထဲ ကို မြို့ ဝင် အောင် ချိန် လိုက် ပါ ။ ပြီးရင် ခဏ စောင့် နေရင် Done ဆို တာ လေး လင်း လာ ပါမယ် ။နိုပ် လိုက် ပါ ။ခဏ ထပ် စောင့် ပါ သူ ဘာသူ စ ဒေါင်း ပါလိမ့် မယ် ။

ဒေါင်း ပြီး သွား ပြီ ဆို ရင် စမ်းချင် ရင်  ထွက် ပြီး GPS နဲ့ အင်တာနက် ပိတ် လိုက် ပါ ။ ပြီးရင်  ပြန်ဝင် ရင် ကွန်နက် ရှင် မရှိ ဘူး ပြော မယ် ။ ကိစ္စမရှိ ပါဘူး ။ တခြား မြို့ တွေ ကြည့် လိုက် ပါ ဝါးဝါး ကြီး နဲ့ ဘာ မှ မမြင် ရ ပါ ဘူး ။ကိုယ် ဆွဲ ထားတဲ့ မြို့ ကြည့် လိုက် ပါ ။ရှင်း ရှင်း နဲ့ ဘာ မှ ပြန် ကြည် အောင် တောင် စောင့် စရာ မလို တာ တွေ ရ မှာ ပါ ။

 

၁၁။ GPS ဖွင့် ထား ရင် တော့ တခြား မြို့ တွေ ကို ကြည့် လို့ ရပါတယ် ။သို့ အဲ့ လို ဖွင့် ကြည့် ရင် ဓာတ်ခဲ ပို စား ပါတယ် ။ပြီးတော့ ကြည်အောင် လဲ စောင့် ရတယ် ။ အဲ့ တော့ ကိုယ် သွား နေ ကြ မြို့ တွေ လိုက် offline ဆွဲထား လိုက် ရင် GPS လဲ မလို တော့ ဘူး ….

 

၁၂။ ကဲ ခု ပြော မဲ့ ဟာ တွေ က တော့ အင်တာ နက် ချိတ် ထား မှ အသုံးပြု နိုင် ပါမယ် ။အဲ့ တော့ အင်တာနက် ပြန် ဖွင့် ထားပါ ။

ခု ပြောမဲ့ နည်း ကတော့ Satellite ကနေ ကြည့် တဲ့ ပုံ ပါ ။အိမ် တွေ သစ်ပင်တွေ အကုန် တွေ မြင် ရမယ် ။ ကွန်ကောင်း ရင် မြန်မြန် ကြည် ပါမယ် ။

ညာဖက် အပေါ် က စာရွက် ၃ခု ထပ် ထားတဲ့ ပုံ မျိုးလေး နိုပ် လိုက်ပါ ။ပေါ်လာတဲ့ ထဲက Satellite ကိုရွေးလိုက် ပါ ။ခဏ နေ ရင် ကြည်သွားပြီး အောက် ဆုံးက ပုံ မျိုး လေး  မြင် ရပါမယ် ။

 

 

 

၁၃။ ကဲ ပြီးရင် စောစော က Satellite လေးပြန် နိုပ် ပြီး ပိတ် လိုက် ပါ ။ ရိုးရိုး လမ်းတွေ ပြန် မြင် ရပါမယ် ။ ေ နာက် တစ် မျိုး ထပ် ပြ ပါမယ် ။

ဒီနည်း ကတော့ ကိုသွားချင် တဲ့ နေ ရာ ကို လမ်း ညွန် ပေး မဲ့ နည်း ပါ ။

Menu ပြန် နိုပ် လိုက် ပါ ။

Directions ဆို တာ နိုပ် လိုက် ပါ ။

 

အောက် ကပုံ မျာ ပြထား တဲ့ end point ဘေး နား ကဟာ လေး နိုပ် လိုက်ပါ ။

point on map ကို နိုပ် ပါ ။

 

ပြီးရင် ကို သွားချင် တဲ့ နေ ရာ ကို တို့ ပြီး tap to select this point ကို နိုပ် လိုက် ပါ ။

 

 

ပြီးရင် စောစော က နိုပ် တဲ့  end point ဘေး နား ကဟာ လေး နိုပ် လိုက်ပါ ။

 

 

ခဏ နေ ရင် သူ ဘာ သူ လမ်း ကျောင်း ဆွဲ ပေးသွားပါမယ် ။စိတ် ချ လိုက် ချ မသွား နဲ့ နော် သူ က အနီး ဆုံး နဲ့ လွယ် တဲ့ နေ ရာ ဆွဲ ပေး တာ။ကျွှန်တော့ တုန်းက  စစ် တပ် ထဲ က ဖြတ် သွား ခိုင်း တာ ။ဟဲဟဲ မဖြတ် ရတာ သူ မှ မသိ တာ ။

ထပ် ပြီးပြန် လမ်း ပြန် ရှာ ခိုင်း ရတာ ပေါ့ ။

 

၁၄။ နောက် တစ် ခု ထပ် ပြ ပါမယ် ။

ဒီတစ် ခါ က တော့ မိမိ ရောက် နေ တဲ့ မြို့ ရဲ့ စား သောက် ဆိုင် တို့ Hotel တို့ ကို   ကို သိရှိ နိုင် မယ့် နည်း ပါ ။ဖုန်း နံ ပတ် တို့ လိပ် စာ တို့ ပါ ကြည့် နိုင် ပြီး တစ် ခါ တည်း လမ်း ပါ ညွန်ပြ ပေးမှာ ပါ ။

ကဲ စ မယ် .. ဘယ် ဖက် အပေါ် က G ဘေး က မျျှားလေး နိုပ် လိုက် ပါ ။

အဲ့ ထဲ က local ကို ရွေး လိုက် ပါ ။

 

ခု Hotel ကို ရှာ ပြ ပါမယ် ။တခြား ဟာ တော့ ကိုယ့် ဘာကို စမ်းကြည့် ပေါ့ ။ hotel နိုပ်ပါ။

ကဲ ပုံ မှာ တွေ့ တဲ့ အတိုင်း Sedona Hotel က ထိပ် ဆုံး မှာ ပေါ် လာ  ပြီ ဝင်ကြည့် လိုက် ရအောင် ။

 

 

 

Map နိုပ် ရင် Hotel  ရှိ တဲ့ နေရာ ပြ ပါ မယ် ။Directions နိုပ် ရင် သွားရမဲ့ လမ်းပြ ပါ မယ် ။ call က တော့ ဖုန်း ခေါ် ဖို့ ပါ ။

 

 

ကဲ ကျန်တော တွေ တော့ စမ်း ကြည့် တော့ နော် ။ကျွှန်တော် တင် တဲ့ ပိုဒ် တစ် ခု က Android သုံးတဲ့ သူ တွေ တွက် အသုံး တည့် မယ် စိတ် ကျေ နပ် မယ် ဆို ပင်ပန်း ရကြိုး နပ် ပါ ပြီ …..

 

http://www.mobilehouse.co.nr 

 

Mobile House 

ဖုန်း အထူး ပြု ပြင် ရေး နှင့် အရောင်း ဆိုင်

 

လမ်း ၃ဝ . ၇၃ -၇၄ လမ်း ကြား ။ဆေးကျောင်း ရှေ့ ။မန်း လေး မြို့ ။

 

16 comments

  • မောင်ပေ

    November 16, 2012 at 12:00 pm

    အခုလို ပုံတွေနဲ ့ရှင်းပြပေးတဲ့အတွက် ၊ ပိန်းတိန်းတိန်းကျုပ်အဖို ့အရမ်းအဆင်ပြေပါတယ်
    http://www.mobilehouse.co.nr ကို ဝင်ကြည့်တော့ အပလီကေးရှင်းတော်တော်များများကို တွေ ့လို ့ ဖြေးဖြေးချင်း စမ်းကြည့်ပါဦးမယ်
    အပလီကေးရှင်းတွေ ဂိမ်းတွေ လိုချင်ရင် ကျုပ်သုံးနေကြဟာကတော့
    ““ Blackmart Alpha ””” ဆိုတဲ့ ဟာလေးပါ
    အရမ်းကောင်း အရမ်းစုံပါတယ်
    အဲဒီ Blackmart Alpha ကို ဖုန်းဆိုင်တိုင်း ထည့်မပေးပါဘူး

  • သကြားလုုံးကြော်

    November 16, 2012 at 2:42 pm

    “၅။ အိမ် အပြင် အမိုးလွတ် တဲ့ နေရာ ကို ထွက် ပါ ။” ဆိုုတာအကောင်းဆုုံးပဲ။
    Google လုုပ်ရမှာပျင်းလိုု့ ဒီမှာပဲ ကြုံတုုန်းမေးလိုုက်တော့မယ်။ Andriod os ပေါ်မှာ root လုုပ်စရာမလိုုဘဲ မြန်မာစာ ဖတ်ရအောင် လွယ်တဲ့ နည်းလေးများရှိလားဟင်။

    • Mobile House

      November 17, 2012 at 12:21 am

      Samsung galaxy စီးရီးတွေမှာ တော့ရပါတယ် ။

      • သကြားလုုံးကြော်

        November 17, 2012 at 1:53 am

        ဟုုတ်။ Galaxy Nexus နဲ့ Nexus 7 မှာဖတ်ချင်လိုု့ပါ။

        • သကြားလုုံးကြော်

          November 17, 2012 at 1:32 pm

          ကျေးဇူးပါ။ install လုုပ်လိုု့ရပြီးမှ setting-> Language & input -> Language list ထဲမှာ Zawgyi One မပါဘူးဖြစ်နေတယ်။ (တခြား ဖုုန့်တွေတော့ရှိပါလျက်နဲ့)။ Setting -> Display -> Font မရှိဘူး။ os 4.2 မှာ menu မတူတော့လိုု့ မရတာလား။
          အရင့်အရင်အခေါက်တွေလိုုပဲ တဝက်တပျက်နဲ့ လက်လျှော့လိုုက်ပါပြီရှင်။ ဒီပုုံစံနှင့်ဆိုု မြန်မာစာကိုု ဖုုန်းထဲကနေ ဖတ်ရကိန်းမမြင်ဘူး။

        • Mobile House

          November 18, 2012 at 12:22 am

          အကောင့် အပ် လိုက် ပါ ။တခြား နည်း တွေ ရှိ ပါ တယ် ။

  • kai

    November 16, 2012 at 3:54 pm

    ကျုပ်တို့ဆီမတော့.. ဂျီပီအက်စ်လေးဖွင့်.. ပါးစပ်က.. ပေါ့အိုင်စ်းပြောလိုက်တာနဲ့.. အနီးနားက Popeyesဆိုင်နေရာတွေပြနေတာ…
    အဲဒါနဲ့.. သူ့လမ်းညွှန်အတိုင်း.. သွားပြီးစားလိုက်တယ်..။

    အင်း..
    မြန်မာပြည်လည်း.. ဖြည်းဖြည်းချင်းဖြစ်လာမယ့်သဘောရှိပါတယ်..။
    စကားမစပ်..
    တောထဲတောင်ထဲသွားမယ်ဆိုရင်ရော.. ဂျီပီအက်စ်မြေပုံက… မြင်ရသလားဟင်င်…

    • Mobile House

      November 17, 2012 at 12:35 am

      internet ရ တယ် ဆို ရင် တော့ Satellite ပြောင်းထား ရင် တော့ ကြည့် လို့ ရပါတယ် ။တောတောင် တွေ ကို သေသေချာချာ မြင် ရမှာ ပါ ။

  • ကျေးဇူပါပဲ ..
    စမ်းကြည့်လိုက်ပါဦးမယ် …

    ဒါနဲ့ စကားမစပ် ..
    Google Map ထဲမှာ ကြည့်ရင် အချို့ မြန်မာပြည်ရဲ့ နေရာတွေဟာ
    ဝါးသွားတယ်၊ မကြည်ဘူး ပြောပါတယ် …
    အဲဒါကတော့ဖြင့် အတော်လေး ညစ်ဖို့ကောင်းသား …
    ကျုပ်တို့ ရွာကို မက်ထဲမှာ ရှာကြည့်တော့ ..
    ရွာ မရောက်ခင် ၈ မိုင်လောက် အလိုမှာ မြေပုံက ဝါးသွားရော …
    ဒါက Google Map အကြောင်း ကြုံတုံး ပြောပါတယ် ..

    • Mobile House

      November 17, 2012 at 12:53 pm

      သဘာဝ သလင်း ကျောက် နဲ့ တခြား သတ္တု တွေ ကြောင့် နဲ့ တပ် နယ် မြေ ဆို ဝါး ပါတယ် ။

  • ဂန္ဓာရီ ဆြာအုပ်

    November 17, 2012 at 11:58 am

    Thanks for apps, but your site is blocked in Google Chrome. They said “malware distributor, has been inserted into this web page.” You need to check and fix it. But nothing problem in Mozilla and IE.

  • နွေဦး

    November 17, 2012 at 12:39 pm

    http://www.mobilehouse.co.nr
    အဲဒါကြီးက ဒီလိုကြီးလား
    Danger: Malware Ahead!
    Google Chrome has blocked access to this page on http://www.mobilehouse.co.nr.
    Content from http://www.csalim.com, a known malware distributor, has been inserted into this web page. Visiting this page now is very likely to infect your computer with malware.
    Malware is malicious software that causes things like identity theft, financial loss, and permanent file deletion. Learn more

Leave a Reply