ဝေးခဲ့ပြီ ပန်းခရမ်းပြာ၏ နောက်ဆုံးခရီး….

ကိုတိုးကြီးရဲ့ နောက်ဆုံးခရီးစဉ်…

ဤဓါတ်ပုံများကို …ဒေါင်းမာန်ဟုန် မှ ပြန်လည်ရယူဖေါ်ပြခြင်းဖြစ်ပါသည်…။

အခုတော့…ကျနော်တို့ ပန်းခရမ်းပြာဟာ…ကျနော်တို့ကိုကျော်ခိုင်းသွားခဲ့ပြီပေါ့နော်…

ကိုတိုးကြီး ဂီတလောကကြီးကို ကျော်ခိုင်းစွန့်ခွါသွားခဲ့ပေမယ်…ကိုတိုးကြီး ရဲ့ အေးမျှလှတဲ့ ဂီတ သံစဉ်တွေကတော့ ဟော် ဒီ ကမ္ဘာလာကြီးထဲမှာ ဆက်လက်ရှင်သန်နေအုံးမှာပါပဲ…

ကျနော်တို့ လူပျိုပေါက်အရွယ်မှာ ကိုတိုးကြီး ဂီတသံတွေနဲ့ရှုးသွပ်ခဲ့ရသူတွေပါ…ကျနော်နဲ့ ရင်းနှီးခဲ့တဲ့ ကိုမျိုးခင်ကတော့ ကိုတိုးကြီးတို့ကို အရင်ဆုံးကျော်ခိုင်းခဲ့သူပေါ့…

ကိုတိုးရဲ့နောက်ဆုံးဖျော်ဖြေပေးခဲ့တဲ့ (၈၈)ကျောင်းသားများဂီတရန်ပုံငွေပွဲမှာ သီဆိုခဲ့တဲ့ ကြိုးကြာသံ ဟာ ကျနော်တို့အားလုံးကို နှတ်ဆက်ခဲ့လေတာလား…

ဝေး..ခဲ့ပြီပန်းခရမ်းပြာ…

ဟိုတုံးက ညနေခင်းများ….ကြည်ပြာကန် နဘေးမှာ..သံစဉ်လှိုင်းခတ်…

တေးဖွဲ့လွန့်ပျံ့နေတတ်စဉ်…ရေပြင်ပေါ်မှာ မှီရာတည်ရာ…စွန့်ခဲ့မျောလို့နေတော့တယ်…

ကြွေသွားတဲ့ နုပျိုခြင်းများ…လှောင်ရယ်သံကြားမှာ မတည်ငြိမ်သေးခဲ့…

ငြီးငွေ့စိတ်ပျက်နေရစဉ်…အပြစ်မဲ့အလွမ်းခြေရာများ…

နာကျင်စေသူရင်မှာထင်ကျန်…တယုတယ ထွေးပိုက်နေခဲ့တယ်…

ဝေး..ခဲ့ပြီပန်းခရမ်းပြာရေ..တခါတစ်ရံမှာ အိမ်မက်လို…

ပင်ညှိညှိရိပ်တွေ..မြမျက်စိမ်းစိမ်းတွေ ဘယ်ဆီမှာလည်းမသိတော့ပါ…

မျှော်လင့်ချက် မနက်ဖန်ရက်များ…အစဉ်မပြေနိုင်သေးခင် ယုံကြည်တမ်းတ…

အသိစိတ် လမ်းလျှောက်ရယ်ဖြစ်စဉ်…စခန်းမဲ့နားခိုရာလည်း…ဘယ်ဆီဘယ်မှာ …ရည်ရွယ်ရာကို အခုထိ လက်မလျှော့နိုင်ဘူးကွယ်…

ဝေးခဲ့ပြီ ပန်းခရမ်းပြာရေ…တစ်ခါတစ်ရံမှာ အိမ်မက်လို…ပင်ညှိညှိရိပ်တွေ…မြမျက်စိမ်းစိမ်းတွေ..ဘယ်ဆီမှာလဲ မသိတော့ပါ….

ဝေးခဲ့ပြီ….ဝေးခဲ့ပြီ….ဝေးခဲ့ပြီ ပန်းခရမ်းပြာရေ..

ဝေးခဲ့ပြီ…ဝေးခဲ့ပြီ…ဝေးခဲ့ပြီ  ပန်းခရမ်းပြာရေ…

ဝေးခဲ့ပြီး..ဝေးခဲ့ပြီ…ဝေးခဲ့ပြီ ပန်းခရမ်းပြာရေ….

ေဩာ်….ထာဝရ ခွဲခွါခြင်းပေါ့ ပန်းခရမ်းပြာရေ…………………………………….

ကိုတိုးကြီး ကောင်းရာသုဂတိ ဘုံသို့ရောက်ပါစေ…..

ကိုတိုးကြီး မိသားစုနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်းကျေကွဲရပါသည်…..။။။။။။။။။။။။

 

19 comments

  • kai

    November 16, 2012 at 5:55 am

    “ဝေးခဲ့ပြီ ပန်းခရမ်းပြာ” .. ဆိုတာမို့.. ခင်ဝမ်းကိုလည်း.. သတိရမိပါတယ်..။
    အင်း..
    ၆ဝကျော်ဆိုတာ.. ငယ်ပါသေးတယ်..။
    ကိုတိုးကြီးကိုသတ်လိုက်တဲ့.. အသည်းရောဂါစီပိုးဘယ်ကနေကူးစက်ခံရတယ်.. တွေးနေမိတယ်..။
    သွေးကနေကူးတတ်တာမို့.. လွန်ခဲ့တဲ့. ၁ဝနှစ်အတွင်း.. “သွား”များလုပ်မိ.. နှုတ်မိ.. ဆေးခန်းသွားတခုခုလုပ်သလားပေါ့…

    မြန်မာ့အနုပညာသည်တွေဟာ.. ခရီးထွက်ရတာများတာမို့.. ခရီးတွေမှာ.. အဆင်ပြေသလို..စားသောက်နေထိုင်ကြရပြီး..
    အဲဒါတွေကြောင့်… ကူးစက်ရောဂါတွေရလွယ်..
    ဒီလိုနဲ့.. ငယ်ငယ်နဲ့ ကြွေကြရတယ်လို့.. ထင်တာပါပဲ..။

    မြန်မာတွေ.. အသည်းရောဂါနဲ့.. ကူးစက်အသက်ဆုံးတာ များလှတယ်..
    .. ပညာပေးတွေ..နိုင်ငံအတိုင်းအတာနဲ့.. ထပ်ခါလုပ်သင့်လှပါတယ်…

  • thit min

    November 16, 2012 at 6:05 am

    ဓာတ်ပုံတွေမြင်ရသလောက်တော့ အရမ်းငိုကြွေး(သို့)ငိုကြွေးနေကြတဲ့ပုံမတွေ့မိဘူး။

    မျှော်လင့်ထားပြီးသားမလို့လားဘဲ။ (ဒီလ ၈ ရက်နေ့ကတည်းကသေပြီဆိုပြီးပြောနေကြတာ)
    ကလေးတွေကငယ်ငယ်ဘဲရှိသေးတာနော်။

    မသေခင် အမေရိကားမှာ ဒေါ်ဆွေဇင်ထိုက်နဲ့ တွေ့ဆုံခန်းလေးမှာ။
    တည်တည်ညိမ်ညိမ်လေး စကားပြောတတ်တဲ့ ကိုတိုးကြီးကိုတွေ့ရတယ်။

    ပုံမှန်စကားနည်းပုံရတယ်လို့ ထင်မိတယ်။

    ကြည့်ချင်ရင်လင့်ခ်လေးပါ။

    http://shwevideos.net/watch_local.php?v=XoMd0FbuDqOS&title=Pan Chit Thu Ei Atway Ba Chi By Khin Mg Toe and Me Me Win Phay

  • blackchaw

    November 16, 2012 at 7:18 am

    ကိုတိုးကြီးအတွက် အားလုံး စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ကြတဲ့အထဲက
    ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့
    ကိုတိုးကြီးနဲ့ ပတ်သက်လို့ ပြောသွားတဲ့ စကားအပိုင်းအစလေးကို
    အမှတ်တရကွန်းမန့်လေးအဖြစ် ပြန်ရေးခွင့်ပြုပါဗျာ…။

    သူက ကျွန်တော်တို့ ငယ်ငယ်ကတည်းက…
    ကျွန်တော်တို့ရဲ့…အနုပညာ…အထူးသဖြင့် ဂီတမှာ သူရဲကောင်းတစ်ယောက်ပေါ့..။
    သူ့ရဲ့သီချင်းအများစုဟာ အတွေးအခေါ်ပါတယ်…၊
    နောက်ပြီးတော့ လောကကို ဓမ္မအမြင်တွေနဲ့ ချည်းကပ်တာတွေပါတယ်…၊
    နောက်… သိင်္ဂါရရသများစွာ ပေးနိုင်ခဲ့တယ်..၊
    ပြီးတော့ ကျွန်တော်တို့ဟာ သူ့သီချင်းတွေနဲ့ပဲ ကြီးပြင်းရတယ်ပဲ ပြောပါတော့…၊
    ကျွန်တော်တို့တတွေရဲ့ အားလပ်ရက်နွေညတွေဟာ…
    သူ့သီချင်းတွေကို ကျွန်တော်တို့ သံပြိုင်ဆိုခဲ့ပြီးတော့…
    ကျွန်တော်တို့ရဲ့ လူငယ်ဘဝရဲ့ နုပျိုမှုရသတစ်ချို့ကို ခံစားနိုင်ခဲ့ပါတယ်…။

    အဲဒါကတော့ ကိုတိုးကြီးကွယ်လွန်တာနဲ့ ပတ်သက်လို့…
    စကိုင်းနက် မှာ ကိုမင်းကိုနိုင်ပြောသွားခဲ့တဲ့ စကားတွေပါ…။
    အစပိုင်းဘာတွေပြောသလဲဆိုတာ ကျွန်တော်မမီလိုက်ပါဘူး…။
    မီသလောက်လေး အသံဖမ်းထားလိုက်တာကို ပြန်ရေးပြလိုက်တာပါ…။

  • Mon Kit

    November 16, 2012 at 9:18 am

    ဦးတိုးကြီး အေးချမ်းစွာ နဲ့ ကောင်းမွန်တဲ့ ဘုံဘဝကို ကူးပြောင်းနိုင်ပါစေ။
    နောက် ဦးတိုးကြီးလို အေးချမ်းတဲ့ အသံပိုင်ရှင်.. ပါရမီရှင်မျိုး နောက်ထပ် ပေါ်ထွက်နိုင်မယ် မထင်ဘူး..
    မိသားစုနဲ့ ထပ်တူဝမ်းနည်းခံစားမိပါတယ်…..

  • ဟိုတမလွန်မှာရှိတဲ့ ဂီတဗိမ္မာန်လေးထဲမှာ
    မြန်မာပြည်က ကိုယ်ပိုင်သံစဉ်သမားတွေအတော်စုမိနေပြီနော်။
    စိုင်းထီးဆိုင် ထူးအိမ်သင် လွှမ်းမိုး ဖိုးချို ဒိုးလုံး
    ………………………………………………………….
    ………………………………………………………………….
    အခုတော့ ခင်မောင်တိုး…………………………………

  • ဦးကြောင်ကြီး

    November 16, 2012 at 11:02 am

    သုည
    ကြုံရ
    ပုံပြ
    ယုံစွ
    ဂုဏ်လှ
    မုန်ထ
    ဆုံကြ
    ဘုံဝ…။

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 16, 2012 at 12:02 pm

    နောက်ထပ်ပြန်မရနိုင်တော့မယ့် အဆိုတော်တစ်ယောက်…
    အတိုင်းမသိ ဝမ်းနည်းကြောင်းမှတ်တမ်းတင်အပ်ပါသည်…

    ကိုတိုးရဲ့ပရိတ်သတ်…
    ကြောင်ဝတုတ်

  • koyinmaung

    November 16, 2012 at 2:42 pm

    အေးအေးငြိမ့်ငြိမ့်သီချင်းလေးတွေနဲ့သီဆိုခဲ့ကြတဲ့
    ကိုစိုင်းထီးဆိုင် ကိုထူးအိမ်သင်တို့ကွယ်လွန်သွားကြပြီး
    ခု ကိုခင်မောင်တိုးကြီးထပ်ကွယ်လွန်သွားပြန်ပြီ…
    နှစ်မြောတသမိပါရဲ့…..
    ကိုခင်မောင်တိုးကြီး ကောင်းရာသုဂတိ ဘုံသို့ရောက်ပါစေလို့ဆုတောင်းလိုက်ပါတယ်……

  • ချစ်တတ်သူ

    November 16, 2012 at 3:44 pm

    ဝမ်းနည်းလျှက်ပါ ဦးတိုးကြီးရယ်… အရမ်းကြိုက်ရတဲ့အဆိုတော်တစ်ယောက်ပါ.. သူ့သီချင်းတွေနဲ့ အိပ်ခဲ့ဘူးပါတယ်.. ကောင်းရာမွန်ရာရောက်ပါစေ

  • မောင်သုည

    November 16, 2012 at 4:09 pm

    ဟုတ်တယ်…သူကြီးဦးခိုင် ကျနော်တို့တိုင်းပြည်မှာ စီပိုးနဲ့အသက်ဆုံးရှုံးရသူတွေများနေပြီ။ ကျနော်တို့ ဒီရွာထဲက တတ်သိနားလည်သော ဆရာဝန်များက စီပိုး ကူးဆက်တတ်ပုံနဲ့ပါတ်သက်ပြီးဆောင်းပါးများ ရေးနိုင်ရင်ရေးပေးစေချင်ပါတယ်၊ရှောင်ရန်၊ဆောင်ရန်အတွက်လေးပေါ့ဗျာ…လူရွှင်တော်ကိုပိုးဖြူလည်း စီပိုးရှိခဲ့ဘူးတယ်တဲ့၊ဒါပေမယ့် အသက်ကိုဒုက္ခမပေးလိုက်နိုင်ဘူး…
    ေဩာ်…ဆရာသက် တောင်ရွာထဲပြန်ရောက်နေပြီးကိုး….ဝမ်းသာတယ်ဗျို…အင်အားတောင့်တင်းလာတာပေါ့ဗျာ…
    ကိုတိုးကြီးက အပြင်မှာလည်း သူရဲ့ သူချင်းတွေလိုပဲ…အေးအေးဆေးဆေးပြောတတ်ဆိုတတ်သူပါပဲ…သူနဲ့ တံတားဖြူရှေ့က ခရမ်းပြာ လက်္ဘရည်ဆိုင်မှာဆုံဖူးပါတယ်…။
    ကိုချောရေ…ကိုမင်းကိုနိုင်ရဲ့ အင်တာဗျူးလေး ထပ်ဖြည့်ပေးတာကျေးဇူးပါနော်…
    အသံတည်ငြိမ်စွာနဲ့ အေးမျှလှတဲ့ ကိုယ်ပိုင်သံစဉ်တွေကို ဖန်တီးပေးတတ်တဲ့သူ…
    ***သွားနှင့်လိုက်တော့…သွားနှင့်တော့…နောက်မှလိုက်ခဲ့ မယ်နော်…ကိုတိုးရေ…***
    ကိုပေါက်ပြောမှပဲ …ကိုယ်ပိုင်သံစဉ် သမားတွေ တော်တော်စုမီနေပြီနော်…ဘယ်ဘုံ မှာလည်းလို့ ဖုံးနံပါတ်လေးများရရင်တောင်းထားပေးပါအုံးဗျာ…

    • kai

      November 17, 2012 at 1:27 pm

      အသည်းရောဂါဗိုင်းရပ်စ်တွေထဲ.. နာမည်ကြီး.. အေ၊ဘီ၊စီ စသဖြင့်မှာ.. စီက.. ကာကွယ်ဆေးမရှိဘူးလို့သိထားတယ်..
      အေ၊ဘီက ကာကွယ်ဆေးရှိပါတယ်…
      ယူအက်စ်မှာ..ကာကွယ်ဆေး ၃လုံး.. လခြားထိုးရပြီး.. တလုံး ၇၅ဒေါ်လာကျတယ်..။
      မြန်မာပြည်မှာ.. ဈေးသက်သာမယ်ထင်ပါတယ်..။

      မြန်မာအနုပညာရှင်တွေထဲ.. ဘီ၊စီနဲ့.. သေကြတာများလှတယ်..။
      .. အနုပညာသည်တိုင်း.. အေ၊ဘီကာကွယ်ဆေး ထိုးထားကြဖို့.. ရုပ်ရှင်၊ဂီတ အစည်းအရုံးတွေက.. စည်းကမ်းထုတ်.. ကြပ်မတ်လုပ်သင့်ပြီထင်မိတယ်..

      ခင်ဗျားတို့မလုပ်ရင်.. ကျုပ်က.. ယူအက်စ်လာတဲ့.. အနုပညာသည်တိုင်း.. ကာကွယ်ဆေးထိုးဖြစ်အောင်ပြောမယ်.. သတင်းစာထဲထည့်ရေးမယ်တွေးထားတယ်..။
      ယူအက်စ်သံရုံးကိုလည်း.. ယူအက်စ်လာတဲ့..အနုပညာသည်တွေ.. ကာကွယ်ဆေးမထိုးထားရင်.. ဗီဇာထုတ်မပေးဖို့.. ပြောမှ..။

      ဆိုတော့..
      စိုင်းထီးစိုင်၊ မောင်မောင် တို့လည်း အသည်းရောဂါနဲ့ကွယ်လွန်ကြတာလို့ သိထားပါတယ်..။

      (နားကြီးမျက်စိကြီးသူတွေ.. အသည်းရောဂါနဲ့ ကွယ်လွန်သူ.. အနုပညာသည်များ စာရင်းရေးပေးစေလိုပါတယ်..။)

      • kai

        November 17, 2012 at 4:13 pm

        အသည်းရောဂါနဲ့ ကွန်လွန်သူ.. ဂီတအနုပညာရှင်တွေဘယ်သူတွေလည်းလို့.. လေဒီခိုင်ကိုမေးတော့..
        ခင်မောင်တိုး (အသက် ၆၁ နှစ်)၊ စိုင်းထီးစိုင်၊ မောင်မောင် (အဉ္စလီ)(အသက် ၄ရ နှစ်) ၊ ဒိုးလုံး၊ ခင်ဝမ်း(အသက် ၅၃ နှစ်)တို့ပါတဲ့..
        ကိုပေါက်ပိုသိမယ်ထင်ပါတယ်..
        စာရင်းလေး ပြုစုပေးပါဦး…

  • ကိုငြိမ်းချမ်း

    November 17, 2012 at 12:19 pm

    ကိုတိုးကြီးက မာဖလာဝတ်ရတာကို အရမ်းကြိုက်တယ်နော်.. သူ ့ပုံအတော်များများမှာ မာဖလာလေးနဲ ့..

  • ရွှေ ကြည်

    November 17, 2012 at 1:05 pm

    ဪ ကြယ်တပွင့်ကြွေလွင့်ပြန်ပေါ့..။
    ဂီတသမား အနုပညာသမားစစ်စစ်ကြီးတွေ တယောက်ပြီးတယောက်လောကကိုနှုတ်ဆက်သွားကြပြီ..။
    တကယ်ပါ အခုနောက်တက်ဂီတသမားတွေကိုကြည့်ရတာ အချိုးကိုမပြေဘူး သီချင်းဆိုမှာလား
    ဖက်ရှင်ပဲထွင်နေကြတာလားမသိ ရွှေကြည်ကတော့ ဂီတသမားအဆိုတော်ဆိုရင် ပရိတ်သတ်ကို ခံစားချက်အပြည့်နဲ့ ဂီတအရသာအပြည့်ပေးနိုင်သူတွေပဲကြိုက်တယ်..။
    ခင်မောင်တိုးကွယ်လွန်ခြင်းအတွက်စိတ်မကောင်းဖြစ်ရပါတယ်..။

  • ဂန္ဓာရီ ဆြာအုပ်

    November 17, 2012 at 2:29 pm

    စိတ်မကောင်းပါဘူး.. ကြွေလွင့်သွားပြန်ပြီပေါ့ တစ်ယောက် ..
    အင်း ပြန်ဆိုသမားတွေအတွက်တော့ တစ်ဂွင်ရသွားပြန်ပြီပေါ့..

  • မောင်သုည

    November 17, 2012 at 3:35 pm

    ဆြာခိုင်ရေ…ကျနော်တို့ ဆီကအဆိုတော်တွေ၊အနုပညာရှင်တွေမှတဆင့် ဆင်းရဲနွမ်းပါးတဲ့ပြည်သူတွေကို အသိပညာပေးပြီး၊ကာကွယ်ဆေးထိုးကြဖို့ လှုံဆော်သင့်တယ်လို့ထင်ပါတယ်…

  • manawphyulay

    November 17, 2012 at 6:18 pm

    တဖြည်းဖြည်းနဲ့ အနုပညာရှင်တွေ တစ်ဖြုတ်ဖြုတ်ကြွေကုန်ပြီနော်။ သူတို့ရဲ့ မျိုးဆက်တွေ ကျန်ခဲ့ဖို့ပဲ မျှော်လင့်နေမိတယ်။ ခုတစ်လော ဘာဖြစ်မှန်းမသိဘူး။ ခင်မောင်တိုးသီချင်း၊ စိုင်းထီးဆိုင်၊ စိုးလွင်လွင် သီချင်းတွေပဲ နားထောင်ဖြစ်နေတယ်….. ဘာပဲဖြစ်ဖြစ် အနုပညာတွေ ဆက်လက်ရှင်သန်နေခဲ့ကြတယ်။

  • မောင်သုည

    November 17, 2012 at 8:16 pm

    သူကြီးရေ…ထင်တာလေး ထပ်ဖြည့်လိုက်အုံးမယ်…စိုးလွင်လွင်၊ဗဒင်၊ဖိုးချို၊ထူးအိမ်သင်….အင်း…အားလုံး
    က Own Tune သမားတွေပဲ…ဗဒင် ကို သတိရသွားပြန်ပြီ…
    (ဒို့ ကတော့..ဒို့ကတော့ ဝေး..ဝေး ကနေဆုတောင်းပေးမယ်…မင်းတစ်ယောက်လွှတ်မြောက်နိုင်ပါစေ….)။။။။။

  • Mobile

    November 18, 2012 at 5:14 am

    တစ်နေကွယ် သေနယ်သို့တစ်ခါကူး
    မေ့လျှော့ကာ မသေဘူးရယ်လို့ မထင်ပါနဲ့
    နေကွယ်တာ အကြိမ်အဖန်များရင်
    ဖြင့်သေနယ်ရွာ တစ်ခါသွားရလိမ့် တားမရဘူး။

Leave a Reply