Save Street Children

ムラカミNovember 16, 20125min16016

ခုတလော အန်ကယ်ဖော ပို့စ်နဲ့ ဆက်စပ်ပြီး ဆင်းရဲမွဲတေမှု နဲ့ ပါတ်သတ်ပြီး အတွေးပွားစရာများ တာကနေပြီးတော့ ..

ဆင်းရဲမွဲတေမှုကို တပိုင်တနိုင်တိုက်ဖျက်နေတဲ့ အဖွဲ့လေး တစ်ခုအကြောင်း မိတ်ဆက်ချင်လို့ပါဗျာ…

ရွာထဲမတော့ ပန်းသီးအုံးနှောက်ဆေးခံထိထားတဲ့ ကကြောင်ဝတုတ်ဆိုလား ..သူလုပ်နေတဲ့

ဒိုဇင်ပလွတ် အဖွဲ့တော့ ရှိတယ်ဗျ.. သူတို့အဖွဲ့က ကလေးတွေ ပညာရေးအတွက်

အန်ဂျီအိုတွေ- ဘကကျောင်းတွေကို စုပြီးလှူတာ ..သည်တခုကတော့ နည်းနည်း ခြားနားသဗျ…

စောင့်ရှောက်တဲ့အဖွဲ့အစည်းတွေကို ထောက်ပံ့တာသက်သက် မဟုတ်ဘဲ ကိုယ်တိုင်

တပတ်မှာ ၁ရက်၊ တလမှာ ၄ရက်၊ တနှစ်မှာ ၄၈ ရက် တနင်္ဂနွေနေ့တိုင်း ချာ့ချ် တခုမှာ မနက်စာကျွေးပြီး

စာခေါ်သင်ပေးတာ ဖြစ်ပါတယ်။ (ကလေးတွေကို စာသင်ပေးနေတဲ့ ဘုန်းကြီးကျောင်း တွေကိုလည်း

ရံခါ သွားလှူတဲ့ အလုပ်လည်း လုပ်တယ်ဗျ)

ဆိုတော့ ဘာသာရေး မျက်မှန် တပ်မကြည့်ကြပါနဲ့လို့တော့ .. မေတ္တာရပ်ခံချင်ပါတယ်ဗျာ။

အစောင့်ရှောက်ခံ ကလေးတွေကို ထောက်ပံ့တာထက် ပိုပြီး တကယ်ကို လမ်းဘေးတောင်းစားနေတဲ့

ကလေးတွေကို ကိုယ်တိုင် တာဝန်ယူ ပညာသင်ပေး အဟာရကျွေး ပေးနေတဲ့ အလုပ်မို့လို့ပါ။

သူတို့ လုပ်နေတဲ့ နေရာကတော့ မဲဆောက်နယ်စပ် မှာဖြစ်ပါတယ်။ ဘာသာတူ ဘာသာခြား လူမျိုးတူ လူမျိုးခြား

ခြားချင်ရာခြား မိဘမဲ့ လေလွင့် လမ်းပေါ်ရောက် နေတဲ့ (အတိတ်ကံဆိုလားဗျာ) အဲ့ဒါအကျိုးပေးမကောင်းခဲ့တဲ့

ကလေးငယ်တွေကို သည်ဘဝကလွတ်အောင် တတ်စွမ်းသမျှ ကြိုးပမ်း နေတဲ့ အဖွဲ့တခု အကြောင်း

ဖော်ပြလိုက်ရပါတယ်။

Save Street Child

慈善基金会

慈善団体

ငွေ ၁၀၀ဝ နဲ့ အဝတ်တထည်လောက် မရပေမယ့် သနားစရာ သူတို့ ဝမ်းဝနေပါတယ်…. ။

အားလုံး မင်္ဂလာပါရှင်….

အဖွဲ့ တည်ထောင်ရခြင်း အဓိက ရည်ရွယ်ချက်ကတော့ လမ်းဘေးရောက်နေသော တောင်းစားနေသောမိဘမဲ့ကလေးများ ဝမ်းစာဝရေး၊

အခြေခံပညာနှင့် လေလွင့်နေသောဘဝမှ လွတ်မြောက်အောင် တတ်စွမ်းသလောက် ကူညီဖေးမခြင်းဖြစ်ပါတယ်…

မဲဆောက်နယ်စပ်မှာနေသော ဂါးဂါးမှ ကလေးများအား Sunday School အနေဖြင့် ကလေးများ၏မနက်စာ၊ စာသင်ကြားပေးခြင်းကို

အောက်တိုဘာလ ရရက် ၂၀၁၂ ခုနှစ်မှ စပြီး တာဝန်ယူလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ လမ်းဘေး ကလေးများ အတွက်

စာသင်ပေးနိုင်သော ဘုရားကျောင်းရှိနေခဲ့ပြီး.. ကလေးများအား ဆုံးဝဩဝါဒ မရှိပဲ ဘေးလွတ်ထားတာထက် အသိတရားတခုခု

ဝင်အောင်

တဘက်တလမ်းမှ ကူညီပေးကြမှာပါ။

ရွေချယ်ခွင့်မရခဲ့ပဲ လမ်းဘေးရောက်ခဲ့တဲ့ ကလေးငယ်များကို တရက်တာ တောင်းစားတဲ့ဘဝမှလွတ်မြောက်ပြီး တတ်စွမ်းသလောက်

ကူညီပေးရာတွက် အသက်မွေးဝမ်းကြောင်းအတတ်ပညာတစ်ခုခု ကိုတတ်ကျွမ်းစေပြီး လမ်းဘေးဘဝမှ နေရာတနေရာစာကို

ဖန်တီးပေးလိုသော စိတ်စေတနာဖြင့် ရည်ရွယ်ခြင်းဖြစ်ပါတယ်……..

ကလေးများအား လက်ရှိအခြေအနေအရ ရည်ရှည်စီမံကိန်းဖြင့် တပတ်လျှင် စာသင်မည့်ရက် အတွက် ဝမ်းစာဖူလုံရေးအတွက်

တယောက်လျှင် ဘတ်ငွေ ၃၀(မြန်မာငွေ-၁၀၀၀) သာကုန်ကျမည်ဖြစ်ပြီး အပတ်စဉ်အတိုင်း ကူညီပေးနိုင်ရန်အတွက် မန်ဘာအဖြစ်

သတ်မှတ်ထားချင်ပါကြောင်း နှင့် ကောက်ခံရသော အလှူငွေများမှ ဖိနပ်၊အဝတ်အထည်၊ အသုံးအဆောင် တချို့နှင့်

အနွေးထည်များကို ထောက်ပံ့သွားမည်ဖြစ်ပါသည်။

ကျမတို့ကိုယ်စီ စိတ်ကူးယဉ်တတ်ကြသည် မိဘမဲ့ဂေဟာမှာ အလှူအတန်းတွေလုပ်မည်။ ကဗျည်းမှတ်တမ်းတွေထိုးမည်။

အမှန်စင်စစ်တော့ တာဝန်ယူ စတင် လုပ်ဆောင်နိုင်ကြဖို့ ခက်ခဲပါတယ်။ ရေစက်ပါလို့ ကျမတို့တွေ တထောင့်တနေရာကနေ

ကူညီခွင့် လူသားချင်း စာနာထောက်ထားမှုတချက်တည်းဖြင့် သာ ကူညီချင်သော စိတ်စေတနာပြင်းထန်သော သူငယ်ချင်းကြောင့်

ကောင်းမှုကုသိုလ် လုပ်ဖို့ မုန့်ဖိုးသာသာဖြင့် ငတ်မွတ်ဆာလောင်နေသော ဘဝကို ပြည့်စုံသွားအောင် တပတ်မှာ ၁ရက်၊ တလမှာ ၄ရက်၊

တနှစ်မှာ ၄၈ ရက် သူတို့မွေးမိခင်ကိုယ်စား ကျွေးမွေးစောက်ရှောက်လိုက်ကြပါစို့လား…။

ဤအဖွဲ့သည် မည်သည့်အဖွဲ့အစည်း၊ မည်သည့်ဘာသာရေး ကိုမျှ မရည်ရွယ်ဘဲ လမ်းဘေးကလေးများအတွက် ရည်ရွယ်ပြီး

သူငယ်ချင်း မိတ်ဆွေများနှင့် လက်ကမ်းမီရာ ကူညီနိုင်စေရန်သာ ရည်ရွယ်ပါသည်….

ကျေးဇူးတင်လေးစားစွာဖြင့်

လှူဒါန်းချင်သူများ ဆက်သွယ်ရန်
(၁) မကေဇင်လှိုင်

(ဂါဂါး) Facebook- Tiger lily

အကောင့်နံပါတ်-052-121-001-2255

၃/ကကရ(နိုင်)၁၂၇၃၃၀

KBZ ဘဏ် မြဝတီမြို့

ဖုန်း။ ။ +၆၆၈၃၉၅၁၉၉၉၀

Email – tigerlily.tone@gmail.com

(၂) မသနာ္တဝင်း

(အိုင်း) Facebook-Sweetscorpion.ai

အကောင့်နံပါတ်-001-121-026-5727

ဖုန်း။ ။ +၉၅ ဝ၉ ၅၂၁၃၀၂၃

KBZ ဘဏ်-၁ တောင်ကြီးမြို့

(၃) သန်းနိုင်ဝင်း (စင်ကာပူ)

အကောင့်နံပါတ်- 020-9-081661

DBS Saving plus

ဖုန်း- +65 8233 6482

(၄) ခင်ထက်လွင် (ဂျပန်)

(pAuKsA ) Facebook-moezattlaypyae

အကောင့်နံပတ်- 0005-282-0045535

UFJ

ဖုန်း- 080 3625 1286

***ပြည်ပရောက် အနယ်နယ်အရပ်ရပ်မှ ငွေလွဲအဆင်ပြေစေရန်

Western Union

Ms.kay zin hlaing

maesot,tak,thailand

Ms. KAY ZIN HLAING

A/C NO. 212-2-78178-2

KASIKORN BANK

မှတ်ချက်။ ။ငွေလွဲထားသည့်သူများ အက်မင်များသို့ မက်စေ့ပို့ရန်(သို့)ကွန့်မန့်ပေးထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

မှတ်တမ်း ဒါ့ပုံ တချို့.

 

1

 

2

 

3

 

4

 

5

 

6

 
Save Street Child
You can’t buy clothing with a thousand kyat but those poor ones can dine their meals with that amount of money.

Hello everyone,

The purpose of foundation of this group is to aid orphans who are begging along streets for their livelihood

We would like to support for foodstuff, basic education and also their waifs and strays lives as much as we can.

One of our member: Ga Ga who is living in Mae Sai border region will take responsibility to feed breakfast

And will teach education to those children as “Sunday School” program from October 7th 2012.

There is a church for education of those children. Please help in your possible ways to support for the mission.

Those children had no chance to choose their lives and being waifs and strays and we would like to save their lives

by giving them certain professional skills.Currently, we have planned that cost for food at the

education day per child will be 30 Baht (~1000 Kyat).

We would like to make membership program for weekly support for these children. We also planned to support

slippers, clothing, some living materials and sweaters for them with donated money.

Each of us sometimes dreamed of making donations in reformatories and making records. However,

it is hard to start to take the responsibility for those children.

We have a chance to support them with our pocket money for a day in a week, 4 days in a month and

48 days in a year for being their step-moms and step-dads.

This group is made up of friends and is not belonging to any society or any religion but just indented to support

children of waifs and strays as much as we can.

With best regards,

https://www.facebook.com/groups/savestreetchild/

 

စိတ်ပါဝင်စားပါက အဆိုပါအဖွဲ့နဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါကြောင်း လက်တို့လိုက်ရပါသည်

 

 

တော်သေးပြီ
ခင်တဲ့
ဂီ

 

16 comments

  • ခိုင်ဇာ

    November 16, 2012 at 9:49 am

    ကြည့်ရတာ သနားလိုက်တာအေ။ 🙁
    ဖေ့ဘုတ်မှာ လည်း ရှယ်လိုက်ဦးမယ်။ စင်ကာပူနံပတ်က ခုထိဆက်လို့ရလောက်ပါသေးတယ်နော်။

  • Shwe Ei

    November 16, 2012 at 10:26 am

    စေတနာသုံးဒန် ပြဌာန်းပြီးလှူတဲ့ မည်သည့်အလှူမဆို မြတ်သောအလှူဖြစ်ကြောင်း။
    သူ့နည်းသူ့ဟန်နဲ့ အခြေခံကျကျ လက်တွေ့ကျကျ လမ်းဘေးခလေးတွေ ကို အကျိုးပြုနေတဲ့ စေတနာရှင်များကို
    လေးစားချီးကျူးမိပါကြောင်း။

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 16, 2012 at 12:00 pm

    ဂီဂီရေ…
    ကိုယ့်ရဲ့ ဒါဇင်ပလပ်လေးကိုတောင် အနိုင်နိုင်မို့ လောလောဆယ်တော့ မဆက်သွယ်နိုင်သေးဘူးကွယ်…
    မတော်လို့များ သိန်းတစ်ထောင်းငါးရာဆုကို (၁၀)ကြိမ်ဆက်တိုက်ပေါက်ခဲ့ရင်ဖြင့် နှစ်ကြိမ်စာကို ဒါဇင်ပလပ်ကိုလှူပါ့မယ်… နှစ်ကြိမ်စာကို ဒီအဖွဲ့လေးဆီလှူပါ့မယ်…
    နောက်ထပ် နှစ်ကြိမ်စာကို အခမဲ့ကွန်ပျူတာသင်တန်းဖွင့်ပေးမယ်… MCSE ကနေ CCNA အထိ အခမဲ့ပညာသင်ပေးမယ်… ငွေကြေးချို့တည့်သူများအတွက်သီးသန့်… စာမေးပွဲဖြေဆိုကြေးပါ…လှူဦးမယ်…
    ကျန်တဲ့လေးကြိမ်စာကိုပဲ ကျွန်တော့မိသားစုအတွက်… နောင်ရေးအတွက်သုံးပါ့မယ်…
    ဖြစ်ချင်တာပြောတာပါ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • Inz@ghi

      November 16, 2012 at 12:06 pm

      ဟုတ်ပါပြီဗျာ ..သိန်းတသောင်းခွဲမှာ သိန်း၆ထောင်ပဲ ကိုယ်ကျိုးသုံးမှာဆိုတော့
      ၆၀% ကြီးများတောင် လှူမယ့်သဘောပေါ့နော..
      သာဓုပါတော်…

      :harr:

      အဲ့အဖွဲ့လေးကိုကျုပ်က အွန်လိုင်းကနေပဲ ကူညီနိုင်တာမို့ ရှဲလိုက်တာပါဗျာ…
      အဲ့မှာဦးစီးလုပ်ကိုင်နေတာ အမျိုးသမီးတွေချည်းပဲဗျ။
      ငွေကြေးပိုင်း ပြင်ဆင်မှုပိုင်း ဝယ်ခြမ်းရေးပိုင်း ချက်ပြုတ်ရေး သင်ကြားရေး
      အကုန်လုံး နိုင်နင်းစွာနဲ့ စီမံခန့်ခွဲကြတာတွေ့ရတော ့ လေးစားမိကြောင်းရယ်ပါ…

  • blackchaw

    November 16, 2012 at 1:44 pm

    လှူချင်တဲ့လူ လှူနိုင်တဲ့လူတွေကို
    လက်ဆင့်ကမ်းပြောပြပေးလိုက်ပါ့မယ် ဂီဂီရေ…။
    ဆက်သွယ်ရမယ့် လိပ်စာလေးတွေ ကူးထားလိုက်ပါတယ်…။
    ဒီပို့စ်လေးအတွက်
    သာဓုခေါ်သွားပါတယ်ဗျာ…။
    လေးစားခင်မင်တဲ့…
    ဘဘဘလက်…။

    • Inz@ghi

      November 16, 2012 at 10:52 pm

      ကျေးကျေးပါကျေးကျေး ဘဘဘလက်ရေ.
      လက်လှမ်းမီသလောက်ကနေ စမယ်ဆိုရင်.
      အနည်းနဲ့အများ. ဖူလုံမှုရှိလာမယ်ထင်ပါကြောင်း.
      သူတို့ လက်လှမ်းမီသလောက် လေးကို
      အတွေးအခေါ်ကောင်းကောင်း လက်တွေ့ကျကျနဲ့
      တာဝန်ယူပြီး ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ဆောင်ရွက်တာကို အရမ်း သဘောကျမိလို့
      ကျနော် ပူးပေါင်း ဖြစ်နေတာပါဗျ.

      ကျေးကျေးပါဗျားးးး
      ခင်တဲ့
      ဂီ

  • MaMa

    November 16, 2012 at 5:01 pm

    ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်မယ့် နည်းလမ်းကောင်းလေးပဲ။
    ဦးဆောင်သူတွေကို ချီးကျူးမိပါတယ်။
    လုပ်ချင်စိတ်ရှိတာ၊ ဖြစ်အောင်လုပ်နိုင်တာ၊ လုပ်တတ်တာတွေဟာ အားကျအတုယူစရာကောင်းပါတယ်။ :hee:
    အရင်ကတော့ ကိုယ့်လက်တကမ်းမှာ မြင်တွေ့နေရတာတွေကို လူ့ဘောင်အကျိုးပြုလို့ သဘောထားပြီး ပိုစ့်တွေရေးတင်ထားခဲ့မိတာကို သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်တော့ အပြောချည်းပဲ အလုပ်မဖြစ်ဘူးလို့ ခံစားရပြီး စာရေးချင်စိတ် ပျောက်သွားတယ်။ :eee:

    • Inz@ghi

      November 16, 2012 at 5:11 pm

      ဟုတ်ပါတယ်မာမားရေ

      သူတို့ အတွေးလေးက အတော်လှတယ်
      ၁နှစ်လောက် လုပ်မယ်ဆိုရင် ကလေးတွေလည်း စာသင်ချိန် တနေ့၂နာရီနဲ့ နာရီတရာဝန်းကျင်မို့
      အခြေခံ ကျွမ်းကျင် မှုအဆင့်လောက်ရှိတဲ့ လက်မှုပညာ တခုခု တတ်သွားမှာပါ
      အနည်းဆုံးပေါ့လေ

      သူတို့ပြောပြတာကတော့
      တပါတ်တခါ အငှားမိခင် လုပ်တာပါတဲ့

  • အရီးခင်လတ်

    November 16, 2012 at 10:28 pm

    အရီးနေတဲ့အရပ်မှာတော့ မိဘဆင်းရဲလို့ဖြစ်စေ၊ မိဘမဲ့လို့ဖြစ်စေ စာမသင်နိုင်တဲ့ ကလေး ဆိုတာမရှိပါဘူး။
    မိဘမဲ့ ဂေဟာတွေက မိဘမဲ့ကလေးတွေ အတွက် တာဝန်ရှိယူပါတယ်။

    ဒါပေမဲ့ ခြေသားလုံးအိမ်တိုင် ခေါ်မလား အိမ်ခြေမဲ့သူတွေ (Homeless People) ရှိကြတယ်။
    အများစုက မူးယစ် ဆေးစွဲသူတွေ နဲ့ စိတ်မမှန်သူတွေပါ။
    အဲဒါကို Church တွေက တစ်ပါတ်လုံး အလှည့် နဲ့ ညနေစာ ကျွေးပြီး တရားဟောပေးတယ်။
    အဲဒီလူတွေက တစ်ချို့က ရသမျှပိုက်ဆံ ဆေးသုံးပစ်တာ၊ တစ်ချို့က စိတ်ရောဂါကြောင့် အလုပ်မလုပ်နိုင်တာ။
    ဒီတော့ အဲဒီ ညနေစာဘဲ အဟာရ အဖြစ်စားကြရတယ် ပြောတာဘဲ။
    ညစာ ဆိုတာက Sandwiches ၊ ဘီစကစ်၊ အာလူးကြော်၊ စွပ်ပြုတ်၊ ကော်ဖီ၊ လဘက်ရည်ပေါ့။

    အရီး က အဲဒီလို လုပ်ပေးတဲ့ အဖွဲ့အစည်း တစ်ခုမှာ အဂါင်္နေ့တိုင်း အဲဒီလူတွေအတွက် Sandwiches လုပ်ပေးတဲ့ လုပ်အား ကူပါတယ်။
    ၂နာရီလောက် အချိန်ပေးပြီး လုပ်ရပါတယ်။
    အဲဒီလို လုပ်အားလှူပေးတာ ၅နှစ် နီးပါးရှိပြီ။
    သူတို့ မှာလဲ ရံပုံငွေ လိုတာပါဘဲ။

    မြန်မာပြည်မှာ အရက်သမား၊ ဆေးသမား ဆို လူတွေ ဝေးဝေးရှောင်တယ်။
    တော်ရုံလဲ အရေးလုပ်ပြီး သူတို့ ကို အရက်ဖြတ်၊ ဆေးဖြတ်ဖို့မကူညီ ပေးလိုကြဘူး။

    ဒီမှာတော့ အစာကျွေးပြီး တစ်ယောက်ပြတ်ပြတ် နှစ်ယောက်ပြတ်ပြတ် စည်းရုံးတယ်။
    သူတို့ကို အဲလို ဘဝက လွတ်အောင် ဆုတောင်းပေးတယ်။
    အဲဒီဘဝက နေ လွတ်ရင် အလုပ်ရှာလို့ရအောင် အသက်မွေးဝမ်းကျောင်းပညာတွေ သင်ပေးဖို့ ကမ်းလှမ်းတယ်။
    စီစဉ်ပေးတယ်။
    အမြင်မတူတာလေးတွေ သိအောင်ပါ။

    • Inz@ghi

      November 16, 2012 at 10:47 pm

      ဟုတ်တယ် အရီး. သဂျီးမိန့်လေ့ရှိတဲ့ ငါ့လက်ကလွတ် ဗြွတ် အလှူမျိုး မဖြစ်ဘဲ
      ငွေပေးပြီး မှတ်တမ်းယူတာလောက်မဟုတ်ဘဲ
      ကိုယ်တိုင် ပါဝင်ပတ်သတ်ကြိုးပမ်းတဲ့ အလှူမျိုးတွေ ကျနော်တို့ပိုလိုနေတာပါ
      ကိုကြောင်ဝတုတ်တို့ မှတ်တမ်းပုံထဲမှာပါတဲ့ စေသနာဆရာမလေး လို ပုဂ္ဂိုလ်လေးတွေ ကအစ
      ကိုကျော်သူလို လူတွေအဆုံး. တကယ်ကို အများကြီးလိုနေတာပါ

      ဒီကလေးတွေ ကို ကူဖို့ဆိုတာထက် ကယ်ဖို့. နည်းလမ်း လိုနေတာပါ
      သူတို့ချာ့ချ် ကတော့ လက်လှမ်းမီသလောက် လုပ်နိုင်မယ် ထင်ပါတယ်ဗျာ.

      ကျနော် ဘာသာရေးမျက်မှန်ချွတ်ကြည့်ဖို့ရေးထားတာ
      တခြားကြောင့်တော့မဟုတ်ပါဘူးး

      တချို့တလေ. အလကားပါကွာ သူတို့ခရိယာန် တွေ ဘာသာပျံ့ပွားဖို့
      မားကတ္တင်း သက်သက်ပါ လို့ ယူဆကြမှာ စိုးလို့ပါ
      တကယ်တမ်း စာသင်ပေးနေတဲ့ မလီလီ ကလွဲရင်ကျန်တဲ့လူတွေက ဗုဒ္ဓဘာသာဝင်တွေပါ

      သည်ကလေးတွေကို ချာ့ချ်က စာခေါ်သင်ပေးလို့ ထမင်းကျွေးလို့
      ခရိယာန် ပြောင်းသွားသည်ထားဦးဗျာ.
      ဗေုဒ္ဓဘာသာကိုးကွယ်တဲ့ လမ်းပေါ်က အပေအတေ ကြုံရင်နှိုက်တဲ့ ချာတိတ်တယောက် ဖြစ်လာမှာထက်
      ခရိယာန် ဘာသာဝင် လက်မှုလုပ်ငန်း ကျွမ်းကျင်လုပ်သားငယ်တယောက် ဖြစ်လာမှာက
      လောကကို ပိုအကျိုးပြုမယ် ယူဆပါတယ်.

      သူတို့လည်းတဖက်စောင်းနင်ုး့ပ်နေတာ မဟုတ်ဘဲ
      ဘက ကျောင်းတွေ လှူတာတွေရော. တွဲလုပ်နေတဲ့အတွက်.
      ဘာသာရေးဆိုတဲ့ အစွန်းအောက်က လွတ်တဲ့ လွတ်လပ်တဲ့ သူငယ်ချင်းအဖွဲ့ လို့ပဲ မြင်မိပါတယ်ဗျာ.

      ကျနော်လည်း အွန်လိုင်းကနေ ကူနိုင်သလောက် ကူပေးတဲ့သဘောပါ

      P.S အဖွဲ့ ဒစ်စ်ခွစ်ရှင်း ဘိုလိုက ဟောသည့် မိဂီ မီးကြိုးမောင်းပျက်ရေးပေးထားတာခည.
      လွဲတာ ချော်တာလေးတွေ ကူပြင်ပေးပါအုံး. ရွာသူားတွေခညား
      ဂါးဂါး တို့က သည်အတိုင်း တင်ထားလို့. အမှားပါရင် သများအရှက်သည်းရမှာမို့
      ဟီး

      တော်သေးဘီ
      ခင်တဲ့
      ဂီ

  • မောင်သုည

    November 16, 2012 at 11:47 pm

    လူသားချင်းရိုင်းပင်း ကူညီတာ၊စိတ် စေတနာက အဓိကပါပဲလို့မြင်မိတယ်…။ဘာသာဆိုတာက ခေါင်းစဉ်တစ်ခုအောက်ရောက်သွားတာပါ။
    တကယ်လုပ်ပေးနိုင်တာကို မိမိရဲ့အားလပ်အနား ယူရမယ့်အချိန်ကို ဖဲ့ပြီး လုပ်ဆောင်ကြတာကိုတွေ့ရတာ ဂုဏ်ယူမိပါတယ်…။
    ကျေးဇူပါဂီရေ…ဆက်လက်မျှဝေပေးလိုက်ပါအုံးမယ်…

  • ဝင့်ပြုံးမြင့်

    November 17, 2012 at 2:58 am

    poorly donated (ညံ့ဖျင်းစွာလှူဒါန်းခြင်း) ကို ဂီ ဘယ်လိုမြင်လဲတော့မသိ။ မပြုံးကတော့ လှူတာထက် စံနစ်ပြောင်းတာကိုပဲ ကြိုက်တယ်။ ဥပမာ မြန်မာပြည်မှာ မွေးစားခြင်းဥပဒေ ကို နည်းနည်းပြောင်းသင့်တယ် မထင်ဘူးလား။ လှူတဲ့နေရာမှာ ဝန်နဲ့အားနဲ့ မျှဖို့ဆိုတာ စိတ်မောစရာကြီးပါ။ မွေးစားခြင်းဥပဒေကို နည်းနည်းလျှော့ပေးရင် ဘာဖြစ်သွားနိုင်လဲ။ ဥပမာ သားရင်းသမီးရင်းနဲ့ တန်းတူ အမွေ ဆိုတာမျိုး။ ဒါမျိုးက ပြောတော့ကောင်းတယ်။ တကယ်ပေးရမယ့် မိဘအနေနဲ့ကတော့ မလွယ်။ တခြားစည်းကမ်းတွေလည်း အင်မတန် တင်းကျပ်တယ်။ ဒီကိစ္စကိုကြောက်လို့သာပဲ ကလေး မမွေးစားတဲ့လူတွေများခဲ့တာ။ ဒါကို အဖွဲ့အစည်းတွေနဲ့ ကျယ်ပြန့်စွာ ကိုင်တွယ်သင့်တယ်လို့မထင်ဘူးလား ဂီရေ။ ဂီက ဉာဏ်ကောင်းလို့ မေးတာနော။

    • Inz@ghi

      November 17, 2012 at 10:52 am

      သည်လိုပါ မမပြုံးရေ

      ကျနော်တို့တွေလည်း ဥပုသ်နေ့ဗော်လန်တီယာ ဆိုပြီး သည်လိုကလေးတွေကို
      တပါတ်မှာတရက် စာသင်ပေးပြီး ထမင်းကျွေးတဲ့ ပရိုဂရမ်လေးတွေ
      လုပ်နိုင်ရင် ဆိုတာမျိုးလေး တွေးမိကြောင်းပါဗျာ.

      မွေးစားတဲ့ကိစ္စကိုပြောရင် အမွေကိစ္စက စကိုင်တွယ်ရမယ်လို့
      မြင်မိတယ်ဗျ

      ကျနော့်မှာ ရေးပြီးမှ မတင်ရဲခဲ့တဲ့ ပိုစ့်တပုဒ်ရှိဖူးတယ်
      အကြောင်းအရာကတော့ သည်လိုပါ
      အိမ်ထောင် ဆက်များခဲ့တဲ့ စီးပွားရေးပိုင်းမှာအောင်မြင်ခဲ့သူတယောက်
      ဇရာကြောင့် သေငယ်ဇောနဲ့မျောတဲ့အချိန်
      ပူပန်ရတဲ့ ကိစ္စလေးပါဗျာ.

      ကြည့်ပါအုံးဗျာ တသက်လုံးကိုယ်ရှာလာတဲ့ ပစ္စည်း ဥစ္စာကိုကိုယ်
      စီမံခန့်ခွဲခွင့် မရှိဘူး. (အမွေကြိုခွဲထားရင်တော့ တမျိုးပေါ့လေ)

      သူသိနေတယ်. ကျန်ရစ်သူတွေ တရားတဘောင် ဖြစ်မှာ
      သူသိနေတယ် တရားမမှုနဲ့ နှစ်ပေါက်အောင် တိုင်ပါတ်ကြမှာ
      သူသိနေတယ် အမျိုးအရင်းတွေ တုတ်တပြတ် ဒါးတပြတ် ဖြစ်မှာ
      သူသိနေပြန်တယ်. ဖွတ်လျှောလိပရှောနဲ့ ထိုးရောင်းပြီး ထုခွဲ ဝေပုံကျ ယူကြမှာ

      ရှင်းပါတယ် ကျနော်တို့ ဓလေ့ဆိုလား. အဲ့ဒါကြီး အခြေပြုပြီးရေးထားတဲ့
      ဥပဒေအရ သေတမ်းစာ ကိုခွင့်မပြုထားလို့ ပါပဲ
      အော်. ရယ်.
      သားသမီး ရယောက်ရှိ ရနဲ့စား. ၈ယောက်ရှိ ၈နဲ့စား.

      ခက်ပါ့ကွယ်. ကွန်မြူနစ် စနစ်နဲ့တောင်တူသေး.
      အဟေးဟေး နွားထီး တကျပ်နွားမတကျပ်

      အရာရှိကြီး တယောက်နဲ့ ညားလို့ကြီးပွားသွားတဲ့ သမီးကြီး လည်း တကျပ်
      လူပျိုကြီးအဖြစ် အဖေ့လုပိငန်းကို တသက်လုံးကူလုပ်လာတဲ့ သားကြီးလည်း တကျပ်
      ကလေကချေနဲ့ လိုက်ပြေးလို့ မွဲတေနေတဲ့ သမီးငယ်လည်း တကျပ်
      ကျောင်းတက်ရင်း သုံးဖြုံးနေတဲ့ သားငယ်လည်း တကျပ်.

      တယ်ဟုတ်ပါလားကွယ်.
      ကိုယ်တသက်လုံးရှာခဲ့တာတွေကို
      ဘယ်သူဘယ်လောက် ယူစေ
      သာတူညီမျှဆိုတာထက် လိုတဲ့နေရာမှာ လိုသလောက် ပေးနိုင်ဖို့
      ပြည့်တဲ့အိုးကို ထပ်မလောင်းမိဖို့
      ကိုယ်တိုင် စီမံခန့်ခွဲခွင့်မရဘဲ. ကိုယ်သေတဲ့နောက်မှာ ချစားနေတဲ့
      ဟိုတိုင်လုံးကြီးကဆြာတွေက ကိုင်တွယ်မယ် ဆိုတာကတော့ အင်းးးး
      Just unfair.

      မွေးစားတဲ့ကိစ္စလက်တွန့်တာလည်းမပြောနဲ့ဗျို့.
      အဲ့ဒါကြီး အခရာကျနေတယ် ထင်မိပါကြောင်း.

      • pooch

        November 18, 2012 at 4:14 pm

        ကြားဖူးတာတော့ သွားလေသူ ရုပ်ရှင် မင်းသားဝင်းဦးက သူမသေခင်မှာ သူ့ပိုင်ဆိုင်မှုတွေကို သူပေးချင်တဲ့သူကို ပေးလို့ရအောင် ( သေတမ်းစား တရားဝင်ရေးလို့ရအောင် ) ခရစ်ယာန်ဘာသာကို ပြောင်းသွားခဲ့တာလို့ ကြားဖူးတယ် ။ အဲ့ဒါ တကယ်ဟုတ်လားတော့မသိဘူး။

        ရသွားသူက သွေးမတော် သားမစပ်တဲ့ အမျိုး သမီးတယောက်ထင်တယ်။ နာမည်ပါးစပ်ဖျားတင်မေ့နေလို့ ။

        နီးစပ်ရာများလည်း လက်တို့ထားပါတယ်။ အိမ်မှာ ပုံမှန်ပိုက်ဆံလတိုင်း လာကောက်တဲ့ အဖွဲ့ ၂ ဖွဲ့တော့ ရှိတယ် ။ သူတို့လည်း တော်တော်လေး ကို လုပ်ပေးကြပါတယ်။

        ဒါနဲ့ ပုံထဲက မုန့်ဟင်းခါးဖတ်ပေါ်က ပန်းရောင်က ဘာမုန့်လည်း မသိဘူး အကြော်လည်းပါတယ်။

        • pooch

          November 18, 2012 at 4:15 pm

          သေတမ်းစာမှာ ဝစ္စနှစ်လုံးပေါက် ပါသွားလို့ သေတမ်းစာလို့ ပြင်ဖတ်ပေးပါ။

Leave a Reply