အင်းကြီးတောင်သမန်ရဲ့ ရင်ခွင်ထဲက နံနက်ခင်းလေး တစ်ခု

1 ဆောင်းဝင်စနံနက်ခင်းလေးက မူန်ရီဝိုးတဝါး ဦးပိန်တံတား

 

2ရောင်နီလာခါစ အောက်က တောင်သမန်

 

3 ရောင်နီဦးအောက်က တောင်သမန်

 

4 အလင်းရင့်စပြုလာတော့ ပန်းနုရောင်အသွေးလေးဖြစ်လို့နေပါပြီ
5 တောင်သမန်ကဘုရား ဒီပေါ်မှာလဲ ကျနော်လိုလက်ဆော့သူတွေရောက်နေတယ်လေ

 

6 နံနက်ခင်းလေးမှာဦးပိန်ကိုမော့အကြည့်

 

7 လွမ်းးစရာ့တိမ်နဲ့ဦးပိန်

 

8 ရောင်နီအပက်မှာ လှပလွန်းတဲ့တိမ်ကလေးနဲ့ဦးပိန်
9 ဝိုးတဝါးနံနက်ခင်းလေး

 

10 တံတားပေါ်ကမြင်ရတဲ့နံနက်ခင်းအလင်းနဲ့တောင်သမန်အင်းရေပြင်

 

11 နံနက်ခင်းနေခြည်မှာတွေ့ရတဲ့ဦးပိန်
12 ပန်းနုရောင်ကောင်းကင်အောက် တောင်သမန်မြင်ကွင်း
13 ရောင်ခြည်ခ( ရွာထဲကနေပျောက်နေတဲ့ ကလေးမြို့ကရွာသူလေးနဲ့ နာမယ်ကို အမှတ်တရ)

 

14 တောင်သမန်ငှက်ဆိပ်နဲ့နံနက်ခင်းနေခြည်
15 ရေလည်က စေတီ

 

16 နေခြည်ဖြာရောင်လင်းလဲ့နေတဲ့ဦးပိန်
17 လွမ်းစရာ……………….

 

18နံနက်ခင်းမှာတွေ့ရတဲ့ ငှက်ဆိပ်
19 ကျနော်စက်ပေါ်က ကျနော်လက်ရာ ကိုယ်တိုင်ပြန်အားပေးထားတာပါ

 

20နံနက်ခင်းရဲ့လှေကလေး

“နံနက်ခင်း လင်းစ တောင်သမန်”

 

တစ်ရက်မှာတော့ တောင်သမန်အင်းကိုသွားဘို့ စိတ်ကူးရကြပါတယ်။

ကျနော်အလုပ်ပိတ်တဲ့ဥပုဒ်တစ်ရက် မနက် ငါးနာရီလောက်မှာအိမ်ကထွက်ခဲ့ပါတယ်။

ဘိုသော့က ဆိုင်ကယ်နဲ့လာပြီး ကျနော့်ကိုဝင်ခေါ်ပါတယ်။

အဲဒါနဲ့ ကပ်ကျော်ကွေ့ကနေပြီး တောင်သမန်အင်းဖက်မြောက်ဘက်ကိုလာ

အဲဒီကမှ အနောက်ဘက်ကန်ဘောင်အတိုင်း တောင်သမန်အင်းကိုလာခဲ့ကြပါတယ်.။

ကျနော်တို့ရောက်ချိန်မှာတော့မှောင်မှောင်မဲမဲ ရောင်နီကတော့ အစပျုးိနေပါပြီ။

နည်းနည်းစောသေးတာနဲ့ တောင်ခွင်မင်းကြိးနားကလက်ဖက်ရည်ဆိုင်မှာခဏထို်င်ကြပါတယ်။

ပြီးတာနဲ့ တံတားကိုအပေါ်စီးကြည့်လို့ရတဲ့ တောင်သမန်အင်းအနောက်ဖက်မယ်ဇယ်ပင်တွေနားက

ဘုရားအမြင့်ကနေတက်ရိုက်မယ်ဆို အဲဒီဘက်ကိုသွားခဲ့ကြပါတယ်။

တံတားတောင်ဘက်က ဆို်င်တွေကြားကလဆင်းလဲဆင်းရော ခွေးတွေကဝိုင်းဟောင်ပါတော့တယ်။

အဲဒါနဲ့လက်ဖျောက်လေးတီး ပါးစပ်ကလဲ တကျွတ်ကျွတ်လုပ်ပြီး ခွေးကိုမိတ်ဆွေဖွဲ့ရပါတယ်။

ဘယ်မှမသွားဘဲရပ်ပြီး တကျွတ်ကျွတ်လုပ်တဲ့အခါမှ သာ ခွေးတွေက အမြီးတနှံ့နှံ့နဲ့လုပ်ပြီးအနားကပ်လာပါတော့

တယ်။

ပညာတတ်ခွေးနဲ့တူပါတယ် နားလည်သဘောပေါက်လွယ်တာ။

တစ်ခါကတော့ ကန်တော်ကြီးအနောက်ဘက်ကနေရပ်ကွက်ထဲကိုဖြတ်ပြီး ကန်ပါတ်လမ်းကို

သွားပြီး လက်ပန်ပွင့်တွေရိုက်မယ်ပေါ့။

အိမ်တွေကြားလဲရောက်ရော နောက်ကနေခွေးတစ်ကောင်ကပ်လိုက်လာပါတယ်။

မသိလိုက်လို့ကတော့ အပီခဲမယ့်ပုံ။

အဲဒါနဲ့ အနားက ခဲတစ်လုံကောက်ထုလဲထုလိုက်ရော၊

ဘယ်က ထွက်လာမှန်းမသိတဲ့ခွေးတွေကဝိုင်းဟောင်ပြီး တစ်ယောက်ထဲမှန်းသိတော့

တဖြည်းဖြည်းနဲ့ ကျနော်နားကပ်လာပါတယ်။

ကျနော်လဲ မြေကြီးပေါ်တွေ့တဲ့ သစ်ကိုင်းခြောက်တစ်ခုကိုကောက်ပြီး အဆင်သင့်စောင့်နေပါတယ်။

အဲတော့မှဆက်မလိုက်ဘဲ ရပ်ပြီးဟောင်နေပါတယ်။

ခဏနေမှ အိမ်ထဲက လူတစ်ယောက်ထွက်လာပြီး အော်တော့မှ ခွေးတွေထွက်သွားပါတယ်။

ကျနော်တို့လိုလက်ဆော့တဲ့ ဓါတ်ပုံသမားတွေကတော့ ခွေးနဲ့လဲ မိတ်ဆွေဖွဲ့ရပါတယ်။

 

ဘုရားပေါ်ရောက်တော့ ရောင်နီစပျို့နေပါပြီ။

ဘိုသော့ကတော့ ဒေါက်ပြင်။

ကျနော်ကတော့အပေါ်တက်ပေါ့။

ကျနော်ကတော့ တစ်ပုံနှစ်ပုံရိုက်ကြည့် အလင်းရောင်သိပ်အားမရ။

ဘိုသော့ကတော့ တစ်ဖျပ်ဖျပ်စရိုက်ပါတယ်။

နောက်တော့ အလင်းနည်းနည်းရင့်တော့ကျနော်လဲစရိုက်ပါတယ်.

ဦးပိန်တံတားအရှည်လိုက် ။

လယ်ကွင်းတွေနဲ့ ဂန္ထဝင်သစ်ခြောက်ပင်အစုံရိုက်ပါတယ်.။

ကျနော်တို့လက်ဆော့ကောင်းတုန်း ကျနော်တို့လိုဘဲ ဓါတ်ပုံရိုက်တဲ့သူနှစ်ယောက်တက်လာပါတယ်။

ကျနော်တို့က တံတားပေါ်သွားမယ်ဆို အောက်ဆင်း .။

အဲဒီမှာ တိမ်တောင်မဲမဲလေး တစ်စ တက်လာတော့ ကျနော်က အောက်ကနေစောင့်ရိုက်ဘို့နေခဲ့။

ဘိုသော့ကတော့ တံတားပေါ်တက်သွားပါတယ။်

ကျနော်တံတားကို ကန့်လန့်ဖြတ်မြင်ရတဲ့နေရာလေးကနေ စောင့်ရိုက်နေတုန်း နေထွက်လာတော့

အစောက မြင်နေရတဲ့ တိမ်အမဲတန်းလေးက အနီရောင်သန်းလာပါတယ်။

တံတားအောက်ကရိုက်ပြီးတဲ့အခါမှာတော့ တံတားပေါ်တက်လိုက်ပါတယ်။

ဘိုသော့ကတော့ ငှက် ကလေးတွေပျံနေတာကို အမိအရဖမ်းနေပါတယ်။

ကျနော်ကတော့ တံတားပေါ်နေရောင်ကျနေတာလေးကို ရိုက်ပါတယ်.။

နောက်တော့ ကျနော်က တံတားပေါ်ကနေ လှေတွေ လူတွေ အဝေးကသစ်ပင်တွေရိုက်နေတုန်း

ဘိုသော့ကတော့ အောက်ကိုဆင်းသွားပါတယ်။

ငှက်ဆိပ်ကိုသွားရိုက်တာပါ။

နေရောင်က တစ်ဖြည်းဖြည်းရင့်လာချိန်မှာတော့ ကျနော်လည်းလက်ဆော့လို့ဝပါပြီ။

အဲတာနဲ့ဘိုသော့ကိုဖုန်းလှမ်းဆက်တော့ လက်ဖက်ရည်ဆိုင်မှာရောက်နေပါပြီ။

 

 

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

(19-11-2012)

 

 

 

 

22 comments

  • ခိုင်ဇာ

    November 22, 2012 at 10:15 am

    ရေကျနေချိန်ပဲ ကိုကြီးပေါက်ရဲ့။
    မယ်ဇယ်ပင်တန်းရော ရိုက်ခဲ့ဘူးလား။ :hee:

  • Ma Ei

    November 22, 2012 at 10:26 am

    16 နေခြည်ဖြာရောင်လင်းလဲ့နေတဲ့ဦးပိန်
    လှလိုက်တာ…
    ဦးပိန်တံတားကို အစဆုံး လျှောက်ချင်ခဲ့တာ…
    တစ်ကန့်လောက်ဘဲ လျှောက်နိုင်တယ်
    လှုပ်ရမ်းနေလို့ ခေါင်းမူးလာသလိုဘဲ…
    ဆက်မလျှောက်နိုင်ဘူး…
    စိတ်ကူးနဲ့ဘဲ လျှောက်နေရတော့တယ်…

    • ခိုင်ဇာ

      November 22, 2012 at 10:29 am

      မွအိ။ တစ်ယောက်တည်း မလျှောက်နဲ့လေကွယ်။ :kwi:

      • Ma Ei

        November 22, 2012 at 10:54 am

        လျှောက်တာတော့ နှစ်ယောက်ပါ…
        မူးတယ်..ဆက်မလျှောက်တော့ဘူးဆိုတော့လေ…
        ကိုတော့ ဆက်လျှောက်လိုက်ဦးမယ်….
        ခဏထိုင်နေခဲ့နော်တဲ့လေ…
        :hee:

  • ခိုင်ဇာ

    November 22, 2012 at 10:58 am

    ဖစ်ရပလေတယ် မွအိရယ်။ :harr:
    တစ်ချို့တွေတော့ စက်ဘီးပါ စီးနိုင်ကြတယ်။

  • Novy

    November 22, 2012 at 1:08 pm

    လေးပေါက်
    “ရောင်ခြည်ခတဲ့ တောင်သမာန်အလှ” ကိုခံစားသွားပါတယ်
    ပုံ ၂-၇-၁၂ သဘောကျပါကြောင်း

  • မိုချို

    November 22, 2012 at 2:41 pm

    ရောက်ဖူးတယ် ဆိုရုံ ကတိုက် ကရိုက် ရောက်ခဲ့ ရတဲ့ တောင် တမန် နဲ့ ဦး ပိန် တံတား ကို ခုလို အာရုဏ်လင်း စနဲ့ ညနေ ဆည်းဆာ အချိန် အေးအေး ဆေးဆေး သွား ချင် လိုက် တာ။
    ခုတော့ ဓါတ်ပုံ ထဲ ကနေ ပဲ ခံစား သွား ပါတယ်နော်။

  • Hnin Hnin

    November 22, 2012 at 5:01 pm

    လှလို်က်တာ လေးပေါက်ရေ..
    တစ်ပုံချင်းစီ ခံစားလာလိုက်တာ..’ လွမ်းစရာ ‘ လည်း ရောက်ရော လွမ်းမလို့ ပြင်လိုက်တာ
    လေးပေါက် အမှိုက်ပုံပါ ထည့်ရိုက်လာတယ်ဂျို့ :kwi:
    (နောင်တော့ သတိထားနော်)

  • အမိူက်ပုံကရှောင်မလွတ်ဘူး မယ်နှင်းရဲ့
    နောက် အပေါ်ဘဲကြည့်နေကျ အောက်ကို သတိမထားမိတော့ဘူး
    နောက်
    ဆင်ခြင်ပါမယ့်ခင်ဗျ

  • ကိုရင်စည်သူ

    November 22, 2012 at 5:29 pm

    ဘပေါက် ဓါတ်ပုံတွေကြည့်ပီး မန်းလေးကို လာချင်လွန်းလို့
    ဒီမှာ အတွေးနဲ့ကို ရူးနေတာပါဗျာ.. ဒီတစ်ခေါက်ပြန်လာရင်
    မန်းလေးကို လာဖြစ်အောင် လာခဲ့မယ်ဗျာ.. မန်းလေးဂေဇက်မှ
    မန်းလေးရွာသူားများကိုလည်း လက်ဖက်ရည်တိုက်ချင်ပါတယ်ဗျာ။
    စကားလည်း ပြောချင်ပါတယ်။ နောင်နှစ်ဆောင်းဦး ဘပေါက်
    ရိုက်ချက်တွေကို ဘေးကနေ ကိုရင် လေ့လာခွင့်ရမလားမသိဘူးခင်ည…
    လူငယ်များအတွက် လျှို့ဝှက်နေရာများလဲ ဘပေါက် ညွှန်ပြပေးရင်
    သွားကြည့်ချင်ပါတယ်… အဟီးးး 😳 😳

  • ဂန္ဓာရီ ဆြာအုပ်

    November 22, 2012 at 5:37 pm

    လှလိုက်တာကိုပေါက်ရေ.. ရေရေလည်လည်လှ.. နာလိုဘူးဗျာ.. သများလဲ လာချင်တယ်ဗျို့

  • Mr. MarGa

    November 22, 2012 at 7:49 pm

    လေးပေါက် စက်ကလေးက ဘာတံဆိပ်လဲလို့ကြည့်တာ ကြည့်မရဘူးဗျ
    လေးပေါက် ဖြေပေးရင်ကောင်းမယ်

      • Mr. MarGa

        November 23, 2012 at 5:37 pm

        လေးပေါက်ရဲ့ ပေါက်စနဆို အထင်မသေးရဲဘူး
        ပေါက်စနနဲ့ တင် လက်ဖျားခါအောင် လုပ်လုပ်သွားလို့

  • weiwei

    November 22, 2012 at 9:04 pm

    မန်းလေးကို သွားလည်ချင်စိတ် အရမ်းကိုပေါက်စေတဲ့ ဓါတ်ပုံတွေပါပဲ …
    ဘယ်တော့ကြည့်ကြည့် မရိုးနိုင်အောင်လှတာ တောင်သမန်နဲ့ ဦးပိန်တံတားပါပဲ …
    ကိုပေါက်လက်ရာတွေ တစ်နေ့တစ်ခြား တိုးတက်လာလိုက်တာ အခုဆို ပြိုင်ပွဲဝင်အဆင့်တောင် ရောက်နေပါပြီ …

  • မောင်လေးရေ .. ထပါတော့ ..
    ရောင်နီ လာလှပေါ့ ..
    ညီမလေးရေ .. ထပါတော့ ..
    ရောင်နီ လာလှပေါ့ ……

    ရောင်နီသန်းနေတဲ့ ပုံလေးတွေကို အရမ်းခိုက်မိတယ် ဖေပေါက်ဂျီးရယ် …
    နံနက်ခင်းရဲ့ လှေကလေး ဆိုတဲ့ ပုံကတော့ ပန်းချီဆန်ဆန်လေးပဲ …
    အဲဒီပုံတွေ ရောင်းပြီး ကျုပ်ကို မိန်းမတောင်းပေးတော့ဗျာ ..
    ဒါဗြဲ …

    ဒါနဲ့ .. စကားမစပ် …
    ဦးစိန်သော့ကြီးက ဖေပေါက်ဂျီးနဲ့ အတူရှိနေတာဆိုတော့ ..
    ရွာထဲကို ဝင်ဖို့လေး ဘာလေး ပြောဘူးလားဂျ ..
    ပီးဒေါ့ .. ဖရဲသီး ကိုလည်း ပေါပေးဘာဦး ..
    အိုက်တောင်မကို သတိရဒယ်လို့ ….

  • မောင်ပေ

    November 22, 2012 at 9:55 pm

    အင်းကြီးတောင်သမန်
    မင်းကြီးအဆောင်ပြန်
    ပုလင်းကြီးထောင်ကန်
    အတင်းကြီးပေါင်နှံ
    ရှင်းပြီးနောင်မဟန်

  • Mobile

    November 22, 2012 at 10:31 pm

    ၂ . ၃ . ၄ . ၆ . ၁၂ . ၁၄
    အဲ့ဒီ ၆ ပုံကိုကြိုတ်သဗျာ။
    ကျနော် ကွန်ပျူတာမှာလဲ ဝေါပေပါ အဖြစ်နဲ့ အားပေးထားလိုက်ပါ့မယ်ဗျာ။
    ဒီရွာထဲမှ ရွာသူများအနေဖြင့် ဦးပိန်တံတားကို မရောက်ဘူးပါက
    သွားမည်ဆိုရင် ဒေါက်ဖိနပ် စီးပြီးဦးပိန်တံတားပေါ် လျှောက်ရသည့်မှာ
    အလွန်ဆိုဒ်ကျ လှသည်ဟု ကျနော်တို့ သူငယ်ချင်းတစ်သိုက် သွားရောက်လည်ပတ်စဉ်က
    ပါလာသော မိန်းကလေးသူငယ်ချင်းများမှ ပြောပြထားပါသည်။
    ရွာသူများ ဦးပိန်တံတား သွားပါက ဒေါက်ဖီနပ်စီးသွားရန် မမေ့ပါနှင့်

  • Green Rose

    November 23, 2012 at 8:39 pm

    ကိုပေါက်ရေ
    ကိုယ့်ဖာသာ သွားရင်တောင် ဒီလောက်လှတဲ့မြင်ကွင်းတွေကို မြင်အောင်ကြည့်တတ်ခဲ့မယ် မထင်ဘူး။ လှလိုက်တာ… ပုံ ၄ ရယ် ၁၆ ရယ်ကို အကြိုက်ဆုံးပဲ…

  • garuda

    November 24, 2012 at 5:53 am

    လှထှာ။ ထူးထူးခြားခြားပဲ။ ကိုယ်တိုင်သွားထိုင်ကြည့်နိုင်ရင် ကောင်းမှာပဲ။

Leave a Reply