မ = မိန်းမ လိုချင်တဲ ့ အလင်းဆက် / သို ့မဟုတ် / အလင်းဆက် လိုချင်တဲ ့မိန်းမ

alinsettNovember 16, 20121min33955

အခုတလော အလင်းဆက်လေးးတစ်ယောက် အချစ်တို့

မေတ္တာ တို ့က်ိုပဲ အပြောများနေတယ် လို ့ ထင်နေကြပြီလား မသိ ။

အမှန်တကယ်လည်း အချစ်နဲ့ မေတ္တာကိုပဲထွေရာ လေးပါးမက တွေးနေမိတာပါ။

အခုလည်း မေတ္တာ တရားအကြောင်း / အလင်းဆက် မိန်းမတစ်ယောက်ကို ထားချင်တဲ့ မေတ္တာ …အကြောင်း

အလင်းဆက် လိုချင်တဲ့ မိန်းမ တစ်ယောက်မှာ ….ရှိသင့်တယ် ထင်တဲ့အချက်ကလေးတွေအကြောင်း…… ပြောကြည့်ပါရစေ ဦး။

==================

အလင်းဆက်နှင့် မေတ္တာ

ကျွန်တော်က ချစ်ရမယ့် ချစ်သူ ဆိုတဲ့ မိန်းကလေးကို မတွေ့ရသေးပေမယ့်

အဲဒီမိန်းကလေးကို ဘယ်လိုပုံစံမျိုးနဲ့ ချစ်ရမယ် ဆိုတာတော့ ကြို တွေးထားပြီးပါပြီ။

ကျွန်တော်က အချစ်ဆိုတာကို ပေးဆပ်ခြင်း….လို ့ပဲ သတ်မှတ် ယူဆပါတယ် ။ အချစ်လို့ လည်း သ်ိပ်မသုံးချင်ပါ ဘူး။

မေတ္တာ တရား လို့ပဲသုံးချင်တာပါ ။ ……….

ကျွန်တော် ချစ်မယ့် မိန်းမကို ကျွန်တော်က ဘာနဲ့ မှဆွဲဆောင် ထားမှာ မဟုတ်ပါဘူး ။

အဲဒီမိန်းမ ကွန်တော့်ကိုပဲ တမ်းတမ်းစွဲ ချစ် နေအောင်……

မလုပ်ချင်ပါဘူး ။ သူ …… ကျွန်တော့်ကို ပဲအားကိုးပြီး…..တွယ်တာ နှောင်ဖွဲ ့ မနေစေချင်ဘူး ။

ကျွန်တော်မှ မရှိရင် သူ ့ ဘဝ ဟာ အဓိပ္ပါယ် မဲ့ သွားရလောက်အောင် / သူ ….. ကျွန်တော့် ကို လိုအပ်နေအောင် ……. မလုပ် ချင်ပါဘူး ။

ကျွန်တော် သူ ့ ကို ပေးမယ့် မေတ္တာဟာ………………………………….

ကျွန်တော် မရှိလည်း သူ ့ဘဝ ကိုသူ ….. ရဲရဲ ဝံ့ဝံ့ ရပ်တည်နိုင်အောင် လမ်းပြပေးမယ့် မေတ္တာ ဖြစ်တယ် ။

ကျွန်တော် ပြပေးတဲ့လမ်းကို သူ ့ဉာဏ်နဲ ့သူ…. သိပြီး……သူ ့ခြေ သူ ့လက်နဲ့ သူကိုယ်တိုင် လျှောက်လှမ်း ဝင်ရောက်သွားနိုင်အောင် ညွှ ှန်ပြ ကူညီပေးချင်တဲ့ မေတ္တာ ပါ ။

ကျွန်တော်မှ…..မရှိရင် သူ….. ဘာမှ မလုပ်တတ် မကိုင်တတ် / ဘာမှမဆုံး ဖြတ်နိုင်တဲ့ ခပ်ညံ့ ညံ့ မိန်းမတစ်ယောက် အဖြစ် ……

လောက အလယ်မှာ မျက်နှာ မငယ်ရအောင် ….(လိုအပ်သလောက်ကိုသာ ) ဖြည့်ဆည်းပေးမယ့် ….. မေတ္တာ ဖြစ် ပါတယ် ။

=====================

သူ ကျွန်တော် ့က်ို ချစ်ပါလိမ့်မယ် ။

ဒါပေမယ့် သူ ကျွန်တော့်ကို ချစ်တဲ့ အချစ်ဟာ လူသားတစ်ယောက်ကို လွတ်လပ် ရှင်းလင်းစွာ သံယောဇဉ် တွယ်တာ ခြင်းပဲ ဖြစ်စေချင်ပါတယ် ။

ချိုင်းထောက် တစ်ခုကို လို အပ်လွန်း…..သလိုမျ်ိုး …သူ…….ကျွန်တော့်ကို မလိုအပ်စေချင်ဘူး။

ကျွန်တော်ဟာ သူ ့ရဲ့ ချိုင်းထောက် မဖြစ်ချင်ပါဘူး ။

သူ ့ကို……. လည်း ချိုင်းထောက်လို… မှီ စရာ တစ်ခုခု ရှိမှ ရပ်တည်လ်ို ့ ရမယ့် သူ မဖြစ်စေချင် ဘူး ။

==================

ကျွန်တော် ..သူ့ကို ချစ်မှာပါ ။

ဒါပေမယ့် အချစ် အချစ်နဲ ့… အော်ဟစ်နေပြီး…

အချစ်တော….မှာ.. မျောချင်တိုင်း မျောနေမှာတော့မဟုတ်ပါဘူး ။

အချစ်တစ်ခုတည်းးကို… ထည့်တွက် စဉ်းစားနေရင်…တခြား..အရေးကြျီးတဲ ့…

..အရာ…တွေ…ဘက်မှာ..လစ်ဟင်းသွားမှာပေါ့ .။

ဒါကြောင့်…

ချစ်တာဟာ..ချစ်တာပဲ..ဖြစ်ပြီး….

စည်း …. ကမ်းနဲ ့ချစ်တာ..ပဲ..ဖြစ်ရမယ် ။

==================================

စွဲလမ်းတမ်းတ နေအောင် / ချစ်ခင်တွယ်တာနေအောင်… / မရှိမဖြစ် လိုအပ်တောင့်တနေအောင်…

ဘာနဲ ့မှ…..( ဘယ်လို နည်းမျိ်ုး နဲ ့မှ…) ချည်နှောင်မထားတဲ ့…..

ုကျွန်တော့်မေတ္တာကို…

သူ..နားလည် နိုင်ပါစေ…..

အခု …..နားမလည်နိုင်ရင်တောင်……

နောင်…တစ်နေ ့နေနေ ့တစ်ချိန်ချိန်မှာ.. နားလည် လာနိုင်မှာပါ….။

===========================================

ကျွန်တော့်မေတ္တာဟာ….

သူ့ကို ကြိုးတစ်ချောင်းနဲ ့ တုပ်နှောင်ထားသလို…မတင်းကျပ်ဘူး..ဆိုတာ……

ကျွန်တော့်မေတ္တာဟာ….. သူ ့အစွမ်းအစကို….. အပြည့်အဝ အသိအမှတ် ပြုပေးစထားတယ်..ဆိုတာ….

ကျွန်တော့်မေတ္တာ ဟာ…….. လွတ်လပ် ဖြူစင်သော…. နှောင်ကြိုးမဲ ့မေတ္တာ ..ဆိုတာ……

ကျွန်တော့်မေတ္တာဟာ…. ကိုယ့် အားး..ကိုယ် ကိုး တတ်အောင်….. လမ်းပြ ပေးချင်တဲ ့…. အလင်းရောင်..လိုမေတ္တာ..ဆိုတာ…

သူ…………………………………

နားလည်..လာမှာပါ ။

အခု မဟုတ်ရင်တောင်…တစ်နေ ့နေ့ပေါ့ ။

========================

အလင်းဆက် နှင့်..ထို မိန်းမ

ယောကျာ်းတစ်ယောက်ဟာ..ယောကျာ်း ပီသ ဖို ့….

ရင်ဆိုင်ရဲ…ဆုံးဖြတ်ရဲ..ဖို ့….

တာဝန်ယူ ရဲ …စွန့်လွတ် အနစ်နာ ခံရဲ ဖို့……

သဘောထားကြီးကြီးနဲ ့… အမြင် ကျယ်ကျယ်…ပြန့်ပြန် ့ရှိဖို့….

……………………

စတာတွေ…လိုအပ်ပါလိမ့် မယ် ။

……………………
ဒါဖြင့်…မိန်းမတွေမှာရော…..

ဘာတွေများ..အရေးတကြီး..လိုအပ်ပါသလဲ…..

ဒီလိုလား…

လိမ္မာရေးခြား ရှိဖို ့…..

ကိုယ်ကျင့်တရားနဲ ့ ဂုဏ်သိက္ခာကို.. တန်ဖိုးထား…. ပြီး….

သိမ်မွေ ့သော…. ဖြူစင် မြင့်မြတ်သော… နှလုံးသား…. ရှိဖို ့….

လိုအပ်ပါလိ်မ့်မယ် ။

ဒီထက် တစ်ဆင့် တက်ပြော ရရင်……………………..

မိန်းမတစ်ယောက် ဘဝမှာ….

သားကောင်းမိခင် တစ်ယောက် ဖြစ်ဖို ့…… လည်း..လိုအပ်ပါသေးတယ် ။

ဒါလည်း… ( သားကောင်းမိခင် တစ်ယောက် ဖြစ်ဖို့ဆိုတာလည်း.. ) မိန်းမ တစ်ယောက် ဘဝ မှာ..တော်တော်လေးတော့..

အရေးကြီးပါတယ် ။

မိန်းမတွေ .သာေးကာင်း မိခင် ဖြစ်နေမှ…………………..

အဲဒီ သားကောင်း မိခင်တွေ ရဲ ့သား / သမီးတွေ..ဟာ…. လူ …. နဲ ့လောက. .ကို အကျိူးပေးကောင်း တဲ ့…..

လူသား အဖိုးတန်လေးတွေ..ဖြစ်လာမှာ….လေ..။

( လူကောင်း..လူတော်လေးတွေ.. ဖြစ်လာအောင်…. ဖန်တီးပေးနိုင်မှ……

သားကောင်းမိခင် အဖြစ်… ဂုဏ်ယူစ ရာ…… ဖြစ်လာမှာ… )

=====================================================

အလင်းဆက် လိုချင်တဲ ့မိန်းမ

သားကောင်းမိခင် ဖြစ်ဖို ့…… ..လိုအပ်တာတွေ..မနည်း နိုင်ပါဘူး ။

လောလောဆယ်…ဒါလေးတွေ..လို အပ်တယ်..လို ့ စဉ်းစားမိလို ့..ပြောကြည့်ပါ့မယ် ။

…………………………………………………………..

( အင်း..ပြောသာ ပြော ရတာ.. ။ အခုပြောမယ့် အချက်တွေ.ကို…. သာေးကာင်းဖခင် ဖြစ်ချင်သူတွေ..လည်း…

လေ့လာ ကြည့်ဖို ့တော့… လိုမယ်..ထင်တာပါပဲ ။ )

=================================================

ဒီလို..အချက်တွေပါ ။

—————————————————————–

၁ ။ ။ ကလေးတစ်ယောက်လို တွေးတတ်တဲံ့ အကျင့် ရှိရမည် ။

ဒါမှ………………………….

ကလေးတစ်ယောက်ရဲ ့ခံစားချက်ကို…. မျှဝေ ခံစား…. နားလည် ပေးနိုင်မယ် ။

ကလေးတစ်ယောက်ရဲ ့. ခံစားချက်နဲ ့…လူကြီးတစ်ယောက်..ခံစားချက်တွေ..မတူ နိုင်ပါဘူး ။ မတုူတာ နှစ်ခု ကို…

အတင်းကြီး..ဇွတ်ကြိုးစားပြီး.ညှိ နေတဲ ့အခါ..နှစ်ဦ းစလုံး..ပင်ပန်း နိုင်ပါတယ် ။

ဒါကြောင့်…ကလေးတစ်ယောက် ရဲ ့ ခံစားချက်ကို မျှဝေ ခံစားနားလည်ပေး နိုင်မှ………………

အဲဒီ ကလေးရဲ ့အနာဂတ် ဘဝ ကို..တည်ဆောက် ရာမှာ…..

ကလေးငယ်ရဲ ့စိတ်ခံစားမှု… / ကလေး ရဲ ့ဆန္ဒ …. အချိုးကျကျ ပါဝင်မှု. .နဲ ့ သင့်လျော်စွာ….

အနာဂတ်ကို ပုံဖော်ပေးနိုင်မှာပါ ။

ပန်းချီဆရာ … ဖြစ်ချင်တဲ ့ ကလေးတစ်ယောက်ကို……………….

ဆရာဝန် ဖြစ်အောင်……..ဇွတ်အတင်း..ဖန်တီးပေးမိ တာမျိုး…………………

( ဆရာဝန် လုပ်ရင်း… အားတဲ ့အချိန်မှာ..ပန်းချီ ဆွဲလို ့တော ့ရတာပေါ ့။ ဒါပေမယ့်..သူ ့တကယ်..တန်ဖိုးထားတာက…တခြား..သူ..လုပ်နေရတာက တခြားနဲ ့..

မလျော်ညီတဲ ့ဘဝမှာ..သူပျော်မှာတော့မဟုတ်ပါဘူး ။ အဲ ဒီလိုနဲ ့ပန်းချီဆရာသာ.ဖြစ်ချင်တဲ ့ ကလေးငယ်ဟာ..ဆရာဝန် ဘဝမှာလည်း….

( စိတ်မပါလို ့ ) ပီပြင် အောင်… နေနို်င် မယ် မထင်ပါဘူး ။ )

ကျောင်းဆရာ ဖြစ်ချင်တဲ ့ကလေးငယ်ကို…….

ရှေ ့နေ ဖြစ်အောင်….( မိဘတွေက…ကိုယ်ဖြစ်ချင်တာကိုရှေ ့တန်းတင်ပြီး ) အတင်း..ဖန်တီးပေးမိမှာ မျိုး……

မဖြစ်ဖို ့လိုပါတယ် ။

Antoine De Saint Exupery ရဲ ့ မိဘတွေ..လိုမျိုး…. မဖြစ်ဖို ့လိုပါတယ် ။

===========================================================

၂ ။ ။ မေးခွန်း တွေ ….. ကလေးက မေးတဲ့ အခါ စိတ်ရှည်ရှည် …… ဖြေဆိုပေးနိုင်ရမယ် ။

ကလေးငယ်…ဟာ…… စုူးစမ်းလေ့လာမှု… အရှိန်အဟုန် …နဲ ့..ကြီးပြင်းလာမှာပါ ။

ဘာကြောင့်လဲ…. ဘာလဲ.. ဆိုတဲ ့မေးခွန်းတွေ……ဟာ…..

သူတို ့…. ဥ ာဏ်ရည်…. နဲ ့သိမှတ် မှု… အတွေ ့အကြုံ ကို…

မေးခွန်းမေးတိုင်း…အဖြေကြား ရပြီးတိုင်း….ပို…ပို …ပြီး….. ပြည့်ဝ…. တိုးတက်..လာစေပါတယ် ။

မေးခွန်းတွေ …..များများ..မေးးတတ်တဲ ့……

သား ../သမီးတွေ… ကို… လိုအပ်ပါတယ် ။

ပြီးတော့………………..

မေး သမျှ ကို…. သဘာဝ ကျကျ / မှန်မှန်ကန်ကန်… သင့်လျှော် တဲ ့ အဖြေ…. ပြန်..ဖြေ ပြနိုင်တဲ ့….

ရင့်ကျက် ပြည့်ဝ သော…. မိခင် ..( ဖခင်ပါ..ပါတယ် ) တွေ… လိုအပ် ပါသေးတယ် ။

===================================================

၃။ ။ ဆပွားယူတဲ့ အတွေးအခေါ် ( REPRODUCTIVE THINKING ) ထက် ……

ထုတ်လုပ် ဖန်တီးနိုင်တဲ့ အတွေးအခေါ် (Productive Thinking ) က ပိုပြိီး ထိရောက် လိုအပ်ကြောင်း ပြောပြနိုင် ရမယ် ။

အတိတ် ဖြစ်ရပ်တွေ ဆီက..ဖြေရှင်း ပုံစံမျိုး…. နဲ ့ပြဿနာကို…. ဖြေရှင်းတာက… မမှားတော့ မမှား နိုင်ပါဘူ း။

ဒါပေမယ့်……………………………………..

ကိုယ်ပိုင်ဉာဏ်နဲ ့… ကိုယ့် အတွေး အခေါ်နဲ ့ကိုယ်…. ဖြေရှင်းနိုင်လေလေ……

အဲဒီ လူ ဟာ……. အသစ်အသစ် တွေကိ်ု ဖန်တီးန်ုိင်သူ အဖြစ်…. ကျေနပ်စရာ..လူသားဖြစ်လာလောလေပါပဲ ။

ပြဿနာတွေကို… ဖြေရှင်းနည်း..အသစ်တွေ…နဲ ့ဖြေရှင်းး တတ် ဖို ့..လိုပါတယ် ။

ဒါကြောင့်……………………..

ဒီ….. (Productive Thinking ) ကို…..အသုံးပြု တတ်အောင်…..

သင်ကြားပေးနိုင်ရမယ် ။

=====================================================

၄ ။ ။ အတိတ်အတွေ ့အကြုံဆီကနေ လွတ်ကင်းစွာ တွေးတော နိုင်ဖို ့ လေ့ကျင့် သင်ကြား ပေးနိုင်ရမယ် ။

အမှတ် သုံး..အချက်နဲ ့… မကွာ ပါဘူး ။

(Productive Thinking ) ထုတ်လုပ် ဖန်တီးနိုင်တဲ ့အတွေးအခေါ် ကို…. မသုံးပဲ……

(ReProductive Thinking ) ဆပွါး ယူတဲ ့ အတွေးအခေါ် ကိုပဲ..သုံးနေမယ် ဆိုရင်…………………….

အသုံးပြုနေတဲ ့အခါ…………………………..

ကျွန်တော်တို ့ ရဲ ့အတွေး….နယ်ပယ် ချဲ ့ ထွင်နိုင်မှု… တွေ.မရှိတော့ပဲ….

အတွေး အခေါ်..ကျဉ်မြောင်း ကုန်ပါတယ် ။

အတွေးအခေါ်…ဆင် းရဲ မွဲတေမှု..ဖြစ်လာတယ်ပေါ့ဗျ ာ..။

ကိုယ် ့သား /သမီး..ကို…………….

အရင်တုန်း က… အတွေးတွေ ကိုပဲ…အခြေခံပြီး…. တွေးခိုင်းနေရင်……………….

အရင်တုန်းက..သူများတွေ. .ရဖူးတာတွေ..ပဲ..ရလာမှောပါ့ . ။

ဒါကြောင့်……………………………..

သား ../ သမီးကိုလည်း………………….. လေ့ကျင့်ပေး ရမယ် ။

ကိုယ်တိုင်လည်း….. လေ့ကျင့် ရဦးမယ် ။

-==========================================================

၅ ။ ။ အစဉ်အလာစည်းမျဉ်းတွေကို ချိုးဖောက်ရဲ ဖို ့…….. တိုက်တွန်းပေးနိုင်ရမယ် ။

အသစ်တစ်ခုကို… ဖန်တီးဖို ့……………….

အပိတ်ပင်ဆုံး… အတားဆီး..ဆုံး …အရာဟာ… အစဉ်အလာ…စည်းမျဉ်းတွေပါပဲ ။

အဲဒီ စည်းမျဉ်းတွေ … အစဉ်အလာတွေကြောင့်….. တော့….

အဟောင်းတွေ… နဲ ့ချည်း..ပိတ်လှောင် ပြီး..ဆွေးမြေ ့…..သံချေး……..တတ် မနေသင့်ပါဘူး ။

အများ နဲ ့မတူ တာ တစ်ခုကို…… လုပ်ရင်…..

လုပ် တဲ ့သူ ကို… ဝေဖန်ကြမယ် /..ကဲ ့ရဲ ့ကြမယ် …. ။ အများကြီး..အတိုုက် အခိုက်ခံရနိုင်ပါတယ် ။

ဘာပဲ.ဖြစ်ဖြစ်…. အသစ်တွေ..ဖန်တီး…. နိုင်ဖို ့… ခံနိုင်ရည်..လည်း .ရှိနေရမှာပါ ။

အဲဒီလို… …ခိုင်မာတဲ ့လူသားတစ်ယောက်..ဖြစ်အောင်… လေ့ကျင့် ပေးနိုင်ရမယ် ။

======================================================

၆ ။ ။ ဒါပေမယ့် စိတ်ကူး အသစ် တစ်ခု ရလာဖို ့ ပုံ မှန် အတွေး တွေကိုပဲ ထပ် မေး ခွန်း ထုတ်ပြီး အဖြေ ရှာ နိုင်သေးတယ် ။

အဲဒီ နည်း အတွက် မေးခွန်း ရ ခုကို S C A M P E R လို ့ အစ … စာလုံးတွေပေါင်းထားတယ် ။

ဒါက်ို ပြောပြ နိုင်ရမယ် ။

စိတ်ကူးသစ် တွေ ရလာဖို ့…………………………………….

အစဉ် အလာ အတွေးတွေ ကို… ဒီလို… မေးခွန်းတွေ… ထပ် ထုတ်လို ့ရပါသေးတယ် ။

ှS = Substitute = အစားထို းကြည့်မလား….

C = Combine = ပေါင်းစပ် ကြည့်မလား…

A = Adapt = နေသားတကျ လိုက်လျောညီထွေ ရှိအောင်… ပြောင်းလဲ.နိုင်မလား …

M = Modify , Magnify = ပြုပြင် မွမ်းမံ ကြည် ့မလား ၊ ထူးခြားအောင်လုပ်ကြည့်မလား…

P = Put to other uses = တခြား..အသုံးဝင်မယ့် အထဲ ကို ထည့် ကြည့်မလား…..

E = Eliminate = ပယ်ဖျက်လိုက် မလား../ ရှင်းလင်းပစ်မလား…

R = Rearrange , Reverse = ပြန် စီစဉ်ကြည့်မလား… / ပြောင်းပြန် လှန် ကြည့်မလား…..

====================================================

ကလေး ငယ.်တိုင်း ဟာ………………………….

Genius ဖြစ်လာနိုင်ပါတယ် ။

ဖြစ်ခွင် ့ပေးဖို ့ပဲ..လိုတာပါ ။

ဖြစ်ခွင့်ပေးမယ့်….. သားကောင်းမိခင် ( သားကောင်းဖခင် ) တွေ..တော့…

လိုတာပေါ ့။

=====================================================

ရ ၊။ ။ အများကြီး…..မျော်လင့်ထားပေမယ့် ကိုယ် တိုင်းတာထားတဲ့……..စံကို လျော့ ချပစ်နိုင်ရမယ် ။

သား /သမီးအပေါ်…..ကိုယ်မျှော်လင့်ထားတာက…… ဘယ်နည်းနဲ ့မဆို…ကြီးကျယ် ခမ်းနားနေနိုင်ပါတယ် ။

ဒါပေမယ့်……….ကိုယ်မျှော်လင့် ထားသမျှ ကို….. သူ..တို့.. လုပ်နိုင် ပါ့မလား …

လုပ်နိုင်ရင်တောင်… လုပ်ချင်ပါ့မလား…………။

င်္ဒီမေးခွန်းနဲ ့အတူ…………………………………. ကိုယ်တိုင်းတာ ထားတဲ့ “ စံ ” ကို…. ခဏ ဘေး ဖယ်ပြီး…..

သူ….. ဘာ ဖြစ်လာနိုင်သလဲ…. / သူ….ဘာ ဖြစ်သင့်တာလဲ.. ../ သူ…ဘာဖြစ်ချင်နေတာလဲ….. လို ့ အရင် ..မေးတတ်ရမယ် ။

==========================================================

၈။ ။ သားသမီး တစ်ယောက် ဟာ လူ လေးယောက် ဖြစ်ဖို ့ ….. လိုပါတယ် ။

အရည်အချင်း လေးမျိုး ရှိ ရမယ် လို ့ ဆိုလ်ိုတာပါ ။

Roger Von Oech ဆိုတဲ ့ပုဂိ္ဂုလ်ကြီင်္းတစ်ယောက်…. သတ်မှတ်ပေးထားတာလေးတွေပါ ။

1 . အချက်အလက်တွေကို…ရှာဖွေ.ဖော်ထုတ်တဲ ့အခါ……

Explorer = ( နယ်မြေသစ်ကို …ရှာဖွေနိုင်သူ ပေါ့ )

2 . ကိုယ့်အတွေးအခေါ်..ရဲ ့ကောင်းကျိုး..ဆိုးကျိုး ကို..စစ်ဆေး ချင့်ချိန် တဲ ့အခါ…..

Judge = ( တရားသူကြီး… ) ( တကယ့်ကို တရား မျှတ တဲ ့သူကြီး..ပေါ့ )

3 . တွေးတော ကြံဆ ရယူ ထားသမျှတွေကို… ခံစားပြီး…

အသစ် ဖန်တီး..ဝေမျှ တင်ပြတဲ ့အခါ…. မှာ….

Artist = ( အနုပညာသမား….)

4 . ကိုယ့်ပန်းတိုင် ရည်မှန်းချက် ကို… မှန်ကန်စွာ… ဆုံးဖြန်ရွေးချယ်ပြီး…

အရောက်သွားနိုင်အောင် လှုပ်ရှားဆောင်ရွက်… / အကောင်အထည်ဖော် တဲ ့အခါမှာတေ့ာ…..

Warrior = ( စစ်တိုက်ထွက်တဲ ့ သူရဲကောင်း )

======================================

သားကောင်းမိခင်ဆိုတာ…………….

အဲဒီ အချက်တွေ……….

သား / သမီးတွေမှာ… ပြည့်စုံနေအောင်…….

လေ့ကျင့်ပေးနိုင်ရ မယ် ။

========================================================

အကြောင်း အမျိုးမျိုးနဲ ့….. လဲကျ သွားတဲ ့အခါ…. ပြန်ထ နိုင်အောင်…ထူ..မတ်ပေး နိုင် ရမယ် ။

လဲကျ သူ..ကိုယ်ကိုယ်တိုင်… ဘေးက ထူ စရာမလိုတော့ပဲ.. သူ ့အားနဲ ့သူ..ပြန် ထ လာ..နိုုင် ကျင့်.. ရှိအောင်လည်း..

သား / သမီး ကို..သင်ကြားပေးနိ်ုင် ရမယ် ။

ဒါမှ… သားကောင်းမိခင်… ။ ( သားကောင်းဖခင် )

လဲကျ..တယ်..ဆိုတာ လည်း….. အကြောင်း မမဲ ့သလို..အကျိုးလည်း.. မမဲ ့ပါဘူး ။

နောက်တစ်ခါ…. ဒီလို ဒီနည်းနဲ ့… ထပ် လဲ မကျ စေ ရဘူး…. လို ့….

သင်ခန်းစာ… တစ်ခု ရပါတယ် ။

တစ်နည်းပြော ရရင်…. အရှုံး..ဆိုတာ… နောက်တစ်ခါ နိုင်ဖို ့.. အင်အားပါ…. ။

ဒါကြောင့်……………………….

သား …သမီး ကို..အားအင် အပြည့်..ဖြည့်ပေးနိုင်ရမယ် ။

===============================================================================

မ = မှာ…. မိခင်တစ်ယောက်နဲ ့ဆိုင်တာ တွေ. ./

မေတ္တာတရားနဲ ့ဆုင်တာလေးတွေ…. တွေးပြီး..ချ ရေး မိတာလေးတွေပါ ။

မိခင်နဲ ့ဆိုင်တာလေးတွေ..လို့တွေးပြီး…. ရေးခဲ့ပေမယ့်..ရေးပြီး.မှ ပြန်ဖတ်ကြည့်မိတော့…..

ငါတို့ယောကျာ်းတွေ..သားကောင်း ဖခင်တွေ ဖြစ်လာဖို ့….

ဒါလေးတွေ..ဖြည့် ကျင့်ဖို ့..လိုသေးတယ်..ထင်တယ်..လို ့ တွေးမိပါတယ် ။

ဒီ အချက်တွေက မှားတာလည်း. ရှိမယ်..မှန်တာလည်း. .ရှိမယ် ။

ဘာပဲ.ပြောပြော…. ဒီ အချိန်မှာ.. ဒီလိုတွေးမိရေးမိတဲ ့…

ကျွန်တော် ့အတွေးအရေး..သာ ဖြစ်ပါတယ် ။

ဆရာကြီး.ပုံစံနဲ ့.. ငါ သိ ငါတတ် ..ပြောနေသလိုလည်း..ဖြစ်မှာစိုးပါတယ် ။

ဒါကြောင့်.ပြောမှား ဆိုမှား… ပါခဲ့ရင်လည်း..တစ်လက်စတည်း..တောင်းပန်ပါဒယ်..ဗျာ ့။

===============================================================

ဖခင်မေတ္တာ နဲ ့မော်ဒန် အဇာတသတ်တွေ.အကြောင်း….

တင်ပြ ခဲ့ပြီးပြီမို ့…..

အခုလည်း….

မိခင်မေတ္တာကို..ဖွဲ ့င်္န်ွဲ ့သီကုံး ရာမှာ…..

ကျွန်ေတော်တွေးမိတာကို…တွေးမိသလို..သာ.ချရေးးးမိတာပါ ။

သာမန် ….. တင်ပြ ပုံမျိုးနဲ ့ မတူ ပဲ..ထော်လော်ကန့်လန့်ဖြစ်နေရင်..တော့…..

မိခင်မေတ္တာနဲ ့ မေတ္တာတရားကို.မော်ဒန် ဆန်ဆန်..တင်ပြ သွားတယ်..လိုပဲ….

မှတ်ယူပေးကြပါ ခည ။

:kwi:

===========================================

မ ….မှာ… သူတို့အကြောင်း…ပါအောင်ရေးရမည်..ဆိုသော……

အန်တီမမနှင့်…

မိုးမင်းသား……

တွေ့ ့ ရာ..နေရာမှာ..ကျွန်တော့်ကို ့ အုတ်ခဲကျိုးနှင့်… ထု နိုင်ပါကြောင်း……

မ…မှာ… ထို နာမည်တွေနှင့် ဆိုင်ရာကို.. မရေး..မိ၍

အပြစ်ရှိပါကြောင်း…..

:kwi:

==================================================

လေးစားစွာ……

အလင်းဆက်

=============================

ဤစာ မရေးမီ…ဖတ်ခဲ့သော..စာများ….

ဆရာတော် ဦးဇောတိက ( မဟာမြိုင်တောရ ) ၏ မေတ္တာတရား

ဂျူး ၏ ဖန်တီးခြင်းအနုပညာ

Thinking like a Genius By Michael Michalko

( The Futurist , May , 1998 )

Thinking The Unthinkable By Bill Costello

( Futurist , May , 1999 )

A Kick in the seat of the pants By Roger Von Oech

(အင်္ဂလိပ် ဘာသာတွေက… သူများ..ဘာသာပြန်ပေးတာ..ကိုဖတ်တာ..အထင်မကြီးနဲ ့ ။ 🙂

=====================

Word count: 1238 တဲ ့…

အဟိ ။
ဖတ်တဲ ့သူလည်း.. မျက်စိညောင်း../ ရေးတဲ ့သူလည်း….

အင်းးးးးးးးးးးးး

ညောင်းမှန်းတောင်… မသိလိုက်ဘူး .။

:kwi:

.

55 comments

  • Moe Z

    November 23, 2012 at 1:45 pm

    အူးလေးအလင်းဆက်ရေ …
    နောက်ကျနေပေမယ့် သတိရတာလေးရှိလို့ မန့်ပြီ
    အရင်က မိုးစက် ဖိုရမ်မှာရေးဖူးတဲ့ ဘာသာပြန်ဟာသလေးပါ …
    အသက်၄ဝနားနီးတဲ့အထိ မိန်းမမယူသေးတဲ့ လူပြိုဂျီးတစ်ယောက်ကို သူ့မိတ်ဆွေတွေက ဘာလို့အိမ်ထောင်မပြုသေးတာလဲလို့မေးတော့ သူလိုချင်တဲ့အချက် ၃ ချက်နဲ့ညီတဲ့မိန်းမမျိုးမတွေ့သေးလို့တဲ့ … သူလိုချင်တဲ့အချက်တွေက
    ၁. ဧည့်ခန်းဆောင်မှာ ပွဲတက်မယား
    ၂. မီးဖိုဆောင်မှာ ကပ်စေးနှဲတဲ့သူ
    ၃. အိပ်ခန်းထဲမှာတော့ မိန်းမသွမ်းဖြစ်ရမယ်တဲ့
    တစ်ရက်တော့ အဲ့လူဂျီးအိမ်ထောင်ပြုပါလေရော
    သူ့မိတ်ဆွေတွေက အရမ်းကိုစိတ်ဝင်တစားနဲ့ သူလိုချင်တဲ့အချက် ၃ ချက်နဲ့ကိုက်ညီလားလို့မေးကြတာပေါ့ ..
    သူပြန်ဖြေတာက အခုယူထားတဲ့မိန်းမက
    ၁. ဧည့်ခန်းဆောင်မှာ မိန်းမသွမ်း
    ၂. မီးဖိုဆောင်မှာ ပွဲတက်မယား
    ၃. အိပ်ခန်းထဲမှာတော့ ကပ်စေးနှဲတဲ့သူဖြစ်ပါသတဲ့ :mrgreen:

    ပြောချင်တာက သိပ်ပြီးကန့်သတ်ချက်မများနဲ့ 👿

  • အလင်းဆက်

    November 23, 2012 at 6:52 pm

    မိုးဇက်ရေ…

    ပုံဝတ္ထုလေးက…ရယ်ရတယ်. ။

    အဲဒီလို..အဖြစ်မျိုး…တော့…မကြုံ..ချင်ပါဘူးဗျာ ။

    ————

    အဟိ ။ အဟိ ။
    :kwi:

  • အလင်းဆက်

    November 23, 2012 at 6:54 pm

    အဲ…

    မနန်းတော်ရာသူ….
    လိုက်ရိုက်လို ့..
    ပြေးပေါက် မှားတော့မှာပဲ..။

    :kwi:

Leave a Reply