နံနက်ခင်းမှာတွေ့ရတဲ့မန္တလေးတောင်အလှ

1 မနက်ငါးနာရီခွဲ မန်းလေးတောင် ဓါတ်တော်တိုက်အရောက် ပထမဆုံးခလုပ်နှိပ်ချက်ပါဘဲ

 

2 နံနက်အာရုံဦးရောင်နီများအောက်က ရှမ်းရိုးမ

 

3 လှပသောရောင်စဉ်များနဲ့ ရှမ်းရိုးမ

 

4 အရှေ့မြောက်ဘက်က ကောင်းကင်

 

5 အလင်းရင့်လာတော့ ဘုရားတွေကိုမြင်လာရပြီ
6 ရောင်စုံယှက်ဖြာသန်းလာတဲ့ ကောင်းကင်

 

7 အုဌ်ရိုးကြားကမြင်ရတဲ့ ကောင်းကင်
8 အနီရောင်ပိုများလာတဲ့ ကောင်းကင်

 

9နှစ်သက်ဖွယ်ကောင်းကင်
10 လိမ္မော်ရောင်ပြောင်းသွားတဲ့ကောင်းကင်

 

 

11 အလင်းတန်းများ ကုသိုလ်တော် စန္ဒာမုနိနဲ့ ရွေကျောင်းကြီး
12 ကျုံးရယ် ကျောက်တော်ကြီးရယ်
13 ကျောက်တော်ကြိးနဲ့ နန်တွင်းအနီးအဝေး

 

14 ကျုံးပေါ်ကျတဲ့နေခြည်

 

15 အရောင်တွေက ပုစွန်ဆီရောင်သမ်းလာတဲ့ကောင်းကင်

 

16 အရောင်နုနုကောင်းကင်အောက်က ကုုသို်လ်တော်

 

17နှစ်သက်စရာကောင်းကင်ဝါဝါ

 

18 လှပသောဆေးရောင်များ ကြာ်းမှာ စန္ဒာမုနိ
19 ကျနော်လိုဘဲ ဝါသနာရှင်နိုင်ငံခြားသူ

 

20 နေထွက်ခါစ ကောင်းကင်ပြာ

 

21 ဒီလက်ဆော့သူကတော့ကျနော်နဲ့အတူပါတဲ့သူ

 

22လှပစိမ်းစို
23 ကျနော်အနှစ်သက်ဆုံးသော ပုံ

 

 

“နံနက်ခင်း မန်းလေးတောင်ကမြင်ကွင်း ”

 

ပုံမှန်ရက်တွေမှာ တော့မနက်လမ်းလျောက်ထွက်ရင်းတက်သိမ်းအင်းတစ်ဝိုက်လက်ဆော့ဖြစ်ပါတယ်။

နေ့စဉ်နဲ့အမျှ ကင်မရာတစ်လုံးနဲ့ဟိုနားလျောက်လက်ဆော့ဒီနားလက်ဆော့နေတာကမြင်နေကျမြင်ကွင်းပါဘဲ။

ကျနော်ကလည်း ဒီနေရာတွေမှာရိုက်ရတဲ့အခါ စိတ်ထဲမှာဘယ်လိုမှမနေပါဘူး။

ဒါပေမယ့်တစ်ခါတစ်ရံ အခြားနေရာတွေကိုသွားလက်ဆော့တဲ့အခါမှ တစ်ယောက်ထဲဆိုနည်းနည်းလေးတော့

စိတ်ထင့်ပါတယ်။

လူလူခြင်းပြဿနာတက်မှာကိုတော့မစိုးရိပ်ပါဘူး။

မတော်တဆ အန္တရာယ်ဖြစ်မှာကိုစိုးရိမ်မိတာပါ။

ကျနော်တို့ ဓါတ်ပုံရိုက်သူများက ကိုယ်စိတ်ဝင်စားတဲ့မြင်ကွင်းလေးကို ရောက်သွားရင်ပုံလေးကိုရဘို့

လွဲလို့ ဘာမှသိပ်ခေါင်းထဲမှာ မရှိတတ်လို့ပါ။

တစ်ခါတစ်ရံမှာလဲ အမြင့်တွေဘာတွေတက်ရိုက်။

တစ်ခါတစ်ရံအစွန်အဖျားမှာတက်ရိုက်။

အဲလိုမျုးိတွေရှိတတ်တော့ အဖော်ပါရင်ပိုကောင်းပါတယ်။

 

တစ်ရက် ဘိုသော့ကမနက်စောစောမန်းလေးတောင်သွားရိုက်ဘို့ပြောပါတယ်။

အဲဒါနဲ့Mလုင်နဲ့တစ်ခါသွားဘူးတဲ့ မန်းလေးတောင်ဓါတ်တော်တိုက်ကနေရိုက်မယ်လို့စိတ်ကူးလိုက်ပါတယ်။

အဲဒါနဲ့မနက်ငါးနာရီအိမ်ကထွက်မယ် သူကကျနော်ကိုလာခေါ်မယ်ဆိုပြီးချိန်းလိုက်ကြပါတယ်။

အဲဒီနေ့မနက်ငါးနာရီအိမ်ကလမ်းလျောက်ထွက်သူနဲ့ကျနော်လမ်းမှာဆုံပြီး မန်းလေးတောင်ဘက်ကိုချီတက်။

အဲဒီတောင်ခြေရောက်တော့ ဘိုးဘုးိကြီးနန်းနားက ပန်းဆိုင်တွေကိုပြောပြီးဆိုင်ကယ်ထားပြီးခြေလျင်တက်ပါတယ်။

မှောင်မဲမဲ ထဲမှာလှေခါးထစ်တွေပေါ်မချော်အောင်တက်။

တက်နေရင်း မောတော့ ခနနားပါတယ်။

လမ်းတစ်ဝက်မှာ မြင်ရတဲ့ဘုရားလေးကနေအောက်ကြည့်တော့အလင်းမသဲကွဲတော့ရိုက်မရ။

အပေါ်ရောက်ခါနီးလှေခါးထစ်နားမှာတော့ လူနှစ်ယောက်အိပ်နေပါတယ်။

ကျောက်တော်ကြီးပွဲကြည့်ပြန်ပြီးတက်အိပ်နေတာနဲ့တူပါတယ်။

ထိပ်ရောက်ခါနီးလှေခါးထစ်အထစ်နှစ်ဆယ်လောက်ရောက်တော့

ကျနော်ခဏ နားရပါတယ်။

မမောဘူး ခြေထောက်တွေညောင်းလာလို့ပါ။

အမောပြေတော့ တောင်ပေါ်ဆက်တက်။

မနက်အရုဏ်ဦးရဲ့လှပတဲ့မြင်ကွင်းတွေကို မမှီမှာလဲစိုးပါတယ်။

ကျနော်တို့အပေါ်ရောက်တော့ ကမ္ဘာမြေကိုအလင်းရောက်စ။

ဒါပေမယ့် အရောင်ကရဲရဲတောက်နီစွေးစွေး။

ဘိုသော့ကတော့ ဒေါက်တွေပြင်တင်လို့ရိုက်။

ကျနော်ကတော့ ဟိုအပေါ်တက် ဒီအပေါ်တက်လို့ရိုက်.

ခဏနေတော့ ဧည့်လမ်းညွန်နဲ့ နိုင်ငံခြားသူ အမျုးိသမီး ဓါတ်ပုံဆရာမရောက်လာ။

သူကလဲဒေါက်တွေဆင်။

ကင်မရာတွေ ပြောင်းတိုပြောင်းရှည်တွေထုတ်လို့တဖျပ်ဖျပ်ဆော်ပါတော့တယ်။.

နောက်ပြီးသူမှာကျနော်တို့မမြင်ဘူးတဲ့ ကင်မရာမျိုးနဲ့ ပါတ်လည်ပုံတွေရိုက်။

ခဏနေတော့ တိမ်အမျှင်သေးသေးလေးတွေက တောင်စွယ်မှာကွယ်နေတဲ့နေရောင်

အဟပ်ကြောင့် ပုဇွန်ဆီအရောင်အသွေးကိုပြောင်းသွားပါတယ်။

အဲတော့လဲ ရိုက်လို့နှက်လို့မဝနိုင်အောင်။

နောက်တော့ အလင်းနုတွေပျောက်ပြီး နေရောင်ထွက်လာတော့ အောက်ကိုပြန်ဆင်းလာခဲ့ပါတယ်။

အောက်ရောက်တော့ တစ်ခါ ဓါတ်တော်တို်က်ကိုအောက်က ပင့်ရိုက်။

နောက်တော့ကျောက်တော်ကြိးဘုရားကို အမြင့်ကစီးမြင်ရတဲ့စေတီလေးနားမှာရပ်ပြီးတစ်ခါရိုက်ကြ။

ရိုက်လို့မဝနိုင်အောင်ပါဘဲ။

နောက်တော့ အောက်ကိုပြန်ဆင်းလာခဲ့ကြပါတယ်။

အိမ်လဲအမြန်ပြန်ရောက်ချင်ပြီ။

လက်ဆော့ထားတာလေးတွေလဲကိုလဲ လှတယ် မလှဘူး  ကြည့်ချင်လှပြီ။

 

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

(18-11-2012)

 

 

 

 

 

 

 

 

17 comments

  • Hnin Hnin

    November 21, 2012 at 10:39 am

    မီးပွင့်ကျဲကျဲ မြို့က မဲမဲ၊ တောင်တန်းပြပြာ ကောင်းကင်နီစွေးစွေး နဲ့အရုဏ်ဦးအလှက လှလိုက်တာ…

  • ဦးခင်ခ

    November 21, 2012 at 11:09 am

    တစ်မိုးသောက် အာရုံလင်းလို့
    တစ်နေ့တာခရီး စရအုံးမည်
    ကိုပေါက်ပုံများ ခံစားကာအတည်
    တွေးမိလိုက်သည်။

  • ခိုင်ဇာ

    November 21, 2012 at 11:17 am

    ပုံတွေကြည့်သွား၏။ လွမ်းသွား၏။ (မန်းလေးကိုပြောတာ။) :harr:

  • juu juu

    November 21, 2012 at 2:31 pm

    ဦးပေါက် စောလှချည်လား …………..

  • aye.kk

    November 21, 2012 at 3:15 pm

    ှရှာဖွေလေလေ၊တွေ ့ရှိနေတဲ့၊သဘာဝရှုခင်းအလှတွေကို
    မရိုးနိုင်အောင်၊အနုပညာဖန်တီးခံစားစိတ်မျက်စိအမြင်ရှိပြီး
    (မြူးမြူးကြွကြွ၊အမြင်လှအောင်၊ပြောင်မြောက်စွာနဲ ့သာ)
    အမြဲရိုက်ပြနိုင်တဲ့ကိုပေါက်ကို ချီးမွမ်းထောပနာပြုမိရပါကြောင်း ပြောပြလိုက်ပါရစေ။။

  • aye.kk

    November 21, 2012 at 3:17 pm

    ကြိုက်လွန်းလို ့ပုံများကူးယူသွားပါတယ်။
    လက်ရာများကိုအမြဲမျှော်နေအောင်စွဲဆောင်ထားနိုင်တာလည်းကိုပေါက်အစွမ်းပါဘဲ။

  • myanmarcitizen

    November 21, 2012 at 4:55 pm

    ကောင်းကင်ကရောင်နီတွေကအရမ်းလှတယ်။

  • MaMa

    November 21, 2012 at 6:58 pm

    နိုင်ငံခြားသူကို ရိုက်တဲ့ပုံမှာ တိုင်လုံးကို နေပျောက်လေးတွေ ထိုးနေတာ မီးဆလိုက်ထိုးထားသလိုပဲနော်။
    မြန်မာပြည်ရဲ့ အလှတရားတွေကို ခံစားသွားပါတယ်။ :hee:

    • မမရေ အဲဒါက မှန်စီရွှေချတွေက အလင်းပြန်တာ.။
      အဲဒါလေးမြင်လို့လဲရိုက်လိုက်တာပါဗျ။

  • Mobile

    November 21, 2012 at 8:04 pm

    ၁၃- ၁၈- ၂၂
    အဲ့ဒီသုံးပုံကို ကြိုတ်သဗျာ
    ကျနော် မင်္ဂလာဆောင်ရင် ကိုပေါက်ကို ဓာတ်ပုံရိုက်ပေး ဖို့အကူအညီတောင်းမယ်ဗျာ။
    ဒါကဖြစ်လာဖို့ မလွယ်တဲ့ကိစ္စပါ ကျနော် မန်းလေး ကိုရောက်တဲ့အခါ ကိုပေါက်နေရာအနှံလိုက်ပို့ပြီး
    ဓာတ်ပုံတွေရိုက်ပေးဗျာ။
    ရိုက်ပေးမယ်ဆိုရင် ကိုပေါက်ကို မန်းမြို့တော် ပေါက်စီတစ်လုံး ဝယ်ကျွေးမယ်ဗျာ . . . . .

  • မိုဘိုင်းရေ
    မင်္ဂလာဆောင်ဓါတ်ပုံအပ်ရင် အစအဆုံးအပ်မှလက်ခံတာနော်။
    မန်းလေးလာရင် အားချိန်တဲ့ကြုံရင်ပို့ပေးပါမယ်။
    မန်းမြို့တော်ပေါက်စီကတော့ ကျနော်က တစ်ခါစားနှစ်လုံးဗျ။

  • uncle gyi

    November 21, 2012 at 10:46 pm

    ဒီလိုအလှအပလေးတွေကြောင့်နေထွက်နေဝင်ကိုတမင်စောင့်ကြည့်ကြ
    ဓါတ်ပုံတွေစောင့်ရိုက်ကြကိုယ်ဝါသနာပါတာလုပ်နေကြတာ
    ကိုယ့်ကျမ်းမာရေးလည်းကိုယ်ဝါသနာပါဖို့လိုသနော်
    ခြေထောက်နာလာတယ်ဆိုတာသွေးအရောက်နည်းလို့ဖြစ်နေအုန်းမယ်
    ကိုယ့်ခြေထောက်လည်းကိုယ်စောင့်ကြည့်အုန်းကိုပေါက်ရဲ့

  • blackchaw

    November 21, 2012 at 11:48 pm

    မနက်စောစော ပုံလေးတွေ ကျွန်တော်လည်း ရိုက်ခဲ့ဘူးပါတယ်ကိုပေါက်ရေ…။
    အခု ပုံလေးတွေကတော့ ပိုလှနေတယ်လို့ ထင်မိပါတယ်ဗျာ…။

  • Mလုလင်

    November 22, 2012 at 12:40 am

    မန်းလေး ကို ထပ်လာချင်ပြီဗျာ .. စိတ်ထဲ တော်တော် သတိရ မိပါတယ် … အပြေးအလွှားတက်ခဲ့ ကြတဲ့ မန်းလေးတောင် က လှေကား ထစ်လေး တွေကို လဲ အောက်မေ့ မိတယ် ..။

  • နောက်ရက် စစ်ကိုင်းတံတားအောက် ကနေသွားရိုက်ထားတာလေးတွေရှိတယ်
    စစ်ကိုင်းဘက် တံတားအရှေ့ဘက်ကနေရိုက်ထားတာပါ

  • Mr. MarGa

    November 22, 2012 at 11:01 am

    မန့် စရာမလိုလောက်အောင် ပြည့်စုံနေသောပုံများဖြစ်ပါသည်

Leave a Reply