ဒေါ်အောင်ဆန်းစုကြည်၏သူထောက်ပံထားသော ရံပုံငွေဖြင့်ဖွင့်လစ်ထားသည့် နယူးဒေလီရှိ Prospect Burma အခမဲ့သင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစဉ်…

စောင့်ကြိုနေကြသည့် ကျောင်းသားကျောင်းသူများ…

အိန္ဒယပြည်ရောက်မြန်မာပြည်သူားများနှင့်တွေ့ဆုံစဉ်….

နယူးဒေလီမြို့ရှိ Lady Sri Ram ကောလိပ်သို့ရောက်ရှိစဉ် ဖွင့်ပွဲအခမ်းအနားကိတ်လှီးဖြတ်နေခိုက်…

မြန်မာပြည်သူပြည်သားများအတွက် ကမ္ဘာ့အရပ်ရပ်သို့ မမောမပန်းနိုင်ပဲ ခရီးတွေထွက်နေရသူ…အဖေ့သွေး၊အဖေ့စိတ်ဓါတ်နဲ့အဖေ့ခြေရာနင်းနိုင်သူ…အမေထာဝရ ကျမ်းမာအသက်ရှည်နိုင်ပါစေ…

အမေစုရဲ့ အိန္ဒိယခရီးစဉ်မှတ်တမ်း ဓါတ်ပုံများကို …ဒေါင်းမာန်ဟုန်မှ ပြန်လည်ရယူမျှဝေပါသည်။။။။။။။။

မန်းဂဇတ်ရွာသူားအားလုံးလည်း ထာဝရပျော်ရွှင်နိုင်ကြပါစေ….

လွန်ခဲ့သောနှစ်(၅၀)ခန့်က သူတက်ရောက်ခဲ့သော နယူးဒေလီမြို့ရှိ Lady Sri Ram ကောလိပ်ကိုသွားရောက်လည်ပတ်ခဲ့ပါတယ်။ထိုကောလိပ်မှ ၁၉၆၄ခုနှစ်မှာ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ဘွဲ့ရခဲ့ပါတယ်။

ယခုအိန္ဒယခရီးစဉ်အတွင်း မိမိပညာသင်ယူလာခဲ့တဲ့ ကျောင်းတော်ဟောင်းကိုပြန်ရောက်လာတာဟာ ကိုယ့်အိမ်ကိုပြန်ရောက်လာသလိုပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်ပါတယ်…

ဒေါ်အောင်ဆန်းစုကြည်ကိုကောလိပ်ကျောင်းအုပ်ကြီး၊ဆရာဆရာမတွေနဲ့ ကျောင်းသူတွေကလှိုက်လှဲစွာကြိုဆိုခဲ့ကြပါတယ်။

မိမိတို့အတွက်နက်နက်ရှိုင်းရှိုင်း ခံစားရတဲ့အခိုက်အခါပါပဲလို့ ကျောင်းအုပ်ကြီးက ဂုဏ်ပြုကြိုဆိုပွဲအခန်းအနားမှာပြောဆိုလိုက်ပြီး၊ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝေဒနာကိုမိမိတို့ထပ်တူထပ်မျှခံစားရပါကြောင်း၊ဒေါ်အောင်ဆန်းစုကြည်ဘေးဘယာဝေးကွာစေဖို့ ဆုတောင်းပါကြောင်းပြောကြားခဲ့ပါတယ်…။

ဒေါ်အောင်ဆန်းစုကြည်ကလည်း မိမိရဲ့ကျောင်းကိုတစ်နေ့ပြန်ေ၇ာက်အုံးမယ်ဆိုတာသိနေပါတယ်လို့ပြောဆိုပြီး၊မြန်မာနိုင်ငံဟာ ဒီမိုကရေစီပြည့်ဝတဲ့အဆင့်ကို မရောက်သေးပါဘူး၊ဒီမိုကရေစီအခွင့်အရေးတွေဆိုတာ အလွန်တရာတန်ဖိုးရှိမှန်း အဲဒီအခွန့်အရေးတွေမရရှိသေးတဲ့သူတွေသာ သိကြပါတယ်လို့ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာအိန္ဒိယနိုင်ငံတောင်ပိုင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို သါားရောက်ကြည့်ရငငလေ့လာမှာဖြစ်ပြီး တနင်္ဂနေ့မှာ မြန်မာနိုင်ငံကိုပြန်လည်ထွက်ခွါမှာဖြစ်ပါတယ်။

ပိုစ့်..သတင်းကို RFA မှပြန်လည်မျှဝေပါသည်။

 

About ခေတ်သစ်ပေါက်ကျိုင်း

zaw min has written 92 post in this Website..