အင်း လေ လံ

မိုခ်ိဳNovember 17, 20121min1139

သစ် ထူ လွင် ဆိုဒ်မှာ ဖတ် လိုက် ရတဲ့ မပြည့် စုံ တဲ့ သတင်း တစ်ပုဒ် ကို ဆင့် ပွား ပြီး တွေး မိ လိုက်ခြင်း ပါ။ သစ်ထူးလွင် ပရိတ်သတ် တွေ လည်း ဖတ်ပြီး လောက် ရော ပေါ့ ။ဘို ကလေး မြို့ နယ် ၊ ကဒုံ ကနိ အုပ်စု ထဲက မရမ်း ချောင်း ရွာ မှာ လူ ၃၃ ယောက် က မိသားစု ၃ စု ကို အကြမ်း ဖတ် တယ် ဆိုတဲ့ သတင်း လေး ပါ။ သတင်း မှာ ဘာ ကြောင့် ဖြစ် ရ တယ် ဆို တဲ့ အကြာင်း ပြ ချက် မပါ တာ နဲ့ ကိုယ့် ဘာသာ ကိုယ် ဆက်တွေး လိုက် မိ တာ က ငွေ တိုး ချေး စား တဲ့ မိသား စု များ လား ၊ ဒါ မှ မဟုတ် ဟို တခါ ကျုံ ပျော် မှာ ဖြစ် သလို အင်း လေ လံ နဲ့ များ ပတ်သက် နေ သလားပေါ့ ။ (မဟုတ် ခဲ့ ရင် တော့ ကာယကံ ရှင် မိသားစု တွေ ကို တောင်း ပန်ပါတယ်) ။

အတွေး လေး ဆက် ပါရစေ။ တော တွေ မှာ အင်း တွေ ကို လေလံ နဲ့ လုပ် ခွင့် ပေး တာ ဟာ ဒေသခံ ဆင်း ရဲ သား တွေ အတွက် လုံး ဝ မတရား ဘူး လို့ မြင ်ပါတယ်။ သဘာ ဝ က ပေး ထားတဲ့ အရင်း အမြစ် ကို ငွေကြေး တတ် နိုင်တဲ့ တစ် ဦး တစ်ယောက် တည်း ကို လက်ဝါး ကြီး အုပ် ခွင့် ပေး ထား တာ ပါ ပဲ။ ဒေသ အာ ဏာ ပိုင် တွေ နဲ့ ငွေကြေး ချမ်း သာ သူတွေ ပေါင်း ပြီး အများ နဲ့ သက်ဆိုင်တဲ့ ရ ပိုင် ခွင့် တွေ မောင် ပိုင် ဆီး ထား တာ လို့ မြင် ပါတယ်။ အဲဒီ အင်းတွေ လေ လံ ဆွဲ လို့ ရ တဲ့ ငွေ က ဒေသ ကောင်း ကျိုး အတွက်၊ ( ဥပမာ ကျောင်း ဆောင် တစ်ဆောင်၊ ဆေးပေး ခန်း တစ်ခု ၊ စာကြည့် တိုက် တစ်ခု )၊ ဖြစ် လာ ခဲ့ ရင် မပြော လို ပေ မယ့် အာ ဏာ ပိုင် တွေ ရဲ့ အိတ် ထဲ ပဲ ရောက် သွား မှာ သေချာ သလောက ်ဆိုတော့ ဒေသခံ တွေ အတွက် နစ်နာ လှ ပါတယ်။

ကျေး လက် နေသူ တွေ ကို ဆင်း ရဲ တွင်းက ဆွဲ ထုတ် ရမယ့် အစား ဆင်း ရဲ တွင်း ထဲ တွန်း ပို့ နေ သလို ပါ ပဲ။ ဒီအင်း တွေ မှာ အိမ်စား ဖို့ တပိုင် တနိုင် ငါး ရှာ၊ ဖား ရှာ လုပ် ရတဲ့ သူတွေ ၊ တချို့ လဲ ပိုလျှံ တာ လေး ရောင်း ချ ပြီး အိမ် စရိတ် လုပ် ရတဲ့ သူ တွေ အတွက် ဘဝ ရပ်တည် မှု တွေ ခက်ခဲ သွား စေ တယ်။ သား သမီး တွေ ကို ကျောင်း ထား ဖို့ နေနေ ထမင်း တောင်ဝအောင် မကြွေး နိုင် တဲ့ ဘဝ တွေ ရောက် ရရော။ ငါ့ ဝမ်း ပူဆာ မနေသာတော့ မြင်သာမြင် ရ မကြင် ရ တဲ့ ရင်း နှီး ပြီး သား အင်း ထဲ ငါး ဝင် ဖမ်း မိတော့ အင်သူ ကြီး ရဲ့ တပည့် လူ မိုက် တွေ နဲ့ ရိုက် ပွဲ တွေ ဖြစ် ၊ အသိဉာဏ်ပညာ ချို့ တဲ့ ရ တဲ့ အထဲ ဒေါသ၊ လော ဘ တွေ နဲ့ ဖြေ ရှင်း ကြ တော့ မလို လား အပ် ပဲ လူ့ အသက်တွေ ဆုံး ရှူံး ရ ။ ဒီကြား ထဲ မျက် နှာ ကြီး ရာ ဟင်း ဖက် ပါ တဲ့ ဒီ ခေတ် ကြီး ထဲမှာ ငွေ များ တရား နိုင် ဆို သလို ဆင်း ရဲ သား ဒေသခံ တွေ မှာ နာ ဘက် က ချည်း ပဲ။ မခံမရပ် နိုင် လွန်း လာ တဲ့ အခါ ကျ တော့ ရုန်းရင်း ဆန်ခက် အကြမ်း ဖက် မှု တွေ ဖြစ် ကြရ ရော။

အဲဒါတွေ ကြောင့် ကျ မကတော့ ကျေး လတ် တွေ မှာ သဘာ ဝ အင်းတွေ ကို လေလံ မပေး ပဲ ဒေသခံတွေ ကို ပဲ မျှမျှ တတ ရှာဖွေ စား သောက် ခွင့် ပြု သင့် တယ် လို့ ထင် မိ တယ်။ ဟိုတလော ကျုံ ပျော် ၊ ရှားခဲ အင်း ကိစ္စ ဖတ် ရ တည်း က ရေး ချင် ခဲ့ တာ ။ ခုတလော ရွာ လဲ လည်း ချမ်းသာ ၊ ဆင်း ရဲ ပြသနာ ကလည်း ဟော့ နေ လို့ ဒီနေ့ သစ်ထူး လွင် က သတင်း နဲ့ ဆက်စပ်ပြီး ရေး လိုက် ပါတယ်။

9 comments

  • ခိုင်ဇာ

    November 17, 2012 at 11:12 am

    မမိုချို ဆက်တွေးတဲ့ အတွေးကလည်း စိတ်မောစရာ။
    ကိုယ့်ရပိုင်ခွင့်ဆိုတာတွေ ကိုယ်တိုင်မခံစားရတဲ့ အကြောင်းတွေ တွေးရရင်လည်း ဆုံးမှာမဟုတ်တော့။
    ကိုယ့်ဒေသထွက် ပစ္စည်း ကိုယ်မသုံးရတဲ့ ဘဝကလည်း ကြာပြီပေါ့။ 🙁

  • မောင်ပေ

    November 17, 2012 at 2:03 pm

    အဲဒါ ခရိုနီအသေးစားတွေ သောင်းကျန်းကြတာကလား

  • အလင်းဆက်

    November 17, 2012 at 7:38 pm

    ဆက်….. တွေးယူသွားတာလေး….

    ရေးတတ်လိုက်တာ.အစ်မရေ…..

  • အင်းလေလံဆိုတော့ ဆရာသိပ္ပံမောင်ဝရဲ့စာလေးတွေသွားသတိရမိတယ်။
    အင်းသူကြီးနဲ့ အင်းလေလံ တပေကုလားဆိုတဲ့ စာလေးတွေပေါ့။
    ဒီအဖြစ်အပျက်ကခေတ်အဆက်ဆက်ရှိနေခဲ့ကြတာပါ.
    အရင်းရှိသူနဲ့ အရင်းမဲ့သူကြားက ပြဿနာတွေပါ

  • Foreign Resident

    November 18, 2012 at 11:42 am

    အင်း ။ တစ်ခုရှိတယ် မိုချို ရဲ့ ။

    အခု ၊ ပြည်ထောင်စု အစိုးရကော ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် အစိုးရအားလုံးကော ၊
    ( အားလုံး ) ဘတ်ဂျက် လိုငွေ ပြနေကြတယ်ကွဲ့ ။
    ဒီမိုကရေစီ အစိုးရဆိုရင် ၊ ဝင်ငွေဆိုလို့ အခွန်ပဲ အားကိုးစရာ ရှိတာကွဲ့ ။
    အခုဆို အစိုးရ မွဲနေတာ တဖြေးဖြေး သိသာလာပြီကွဲ့ ။

    ဒီလိုသာ ဆက်သွားရင် အစိုးရ ဘတ်ဂျက် လျှော့ပြီး ၊
    လမ်း တံတား ဆောက်တာတွေရပ် ၊ ပညာရေး ကျန်းမာရေး တွေ လျှော့ ၊
    အစိုးရ ဝန်ထမ်း နှင့် ကုမ္ပဏီ ဝန်ထမ်းတွေ အလုပ် ဖြုတ်ရလိမ့်မယ် ။

  • မိုချို

    November 18, 2012 at 1:04 pm

    အဘရေ
    ဘက်ဂျက် လို ငွေ ကမပြ ပဲ နေ မလား နော်၊ ချ ပေး လိုက် တိုင်းအဆင့် ဆင့် ဖြတ် ခုတ်ကြရင်း ပြည် သူ့ အတွက် တကယ် သုံး ဖြစ် တာ က ဆယ် ရာခိုင် နှုန်း လောက်ပဲ ရှိ လိမ့် မယ်။ အစိုး ရ လည်း မွဲတယ်၊ ပြည် သူ လည်း မွဲ တယ်၊ ကြား ထဲ ကချမ်း သာ သွား တဲ့ သူ တွေ က ထား စရာ တောင် မရှိဘူး။ အတူတူ ကျောင်း ပြီး တဲ့ သူ တွေ ထဲ မှာတောင် ပရော ဂျက် ကိုင် ရတဲ့ သူငယ်ချင်း တချို့ ဆို စင်ကာပူ ထွက်လုပ် နေတဲ့ သူလောက် တော့ ပျင်းတောင် ပျင်း သေး တယ်တဲ့။ ဒါတာင် သူ တို့ က အရိုး အရင်း လောက် စား ရတာ။
    အဲ တော့ လမ်းတွေ တံတားတွေ ဆောက် လုပ် တဲ့ ကုန် ကျ စရိတ် တွေ က များ ၊ ပြည်သူတွေ က အရည် အသွေး မပြည့် တဲ့ ဟာတွေ ကို အသုံး ပြု ခ တနင့် တပိုး ပေး ပြီး သုံး ရ တယ်။ ပညာရေး ၊ ကျန်း မာရေး ဆို လည်း ဒီ ထက် နိမ့် စရာ မရှိ တော့ ဘူး။ ဆက်ပြော ရရင် နိုင် ငံ ရေးတွေ ပါကုန် တော့ မယ်။
    ဝန် ထမ်း ကိစ္စ ကတော့ ကိုယ် တိုင် လည်း ဝန် ထမ်း လုပ် ခဲ့ တဲ့ သူ ဆိုတော့ ပြောချင်တာ တွေ ရှိ ပေမယ့်အ ငြင်းပွား စရာ တွေပါ နိုင်တော့ နောက် မှ ပြော တော့ မယ်။
    အခွန် အ ခတွေ က မကောက်နဲ့ မဟုတ်ဘူး ကောက်ပါ။ ဥ ပမာ စီး ပွား ဖြစ်ချမ်း သာနိုင်တဲ့ ရွှေ လုပ် ကွက်တွေ၊ ကျောက် မျက် လုပ် ကွက် တွေ လို ဟာမျိုးပေါ့ ။ ပြီး ရင် ကြား ထဲက ဖြတ်စား ကြတဲ့ ဟာကွက် တွေ ကို သေချာ စိစစ် ပြီး ပြည်သူတွေ အတွက် လည်း ထိထိ ရောက်ရောက် ပြန် လုပ် ပေး ပေါ့။
    တောသူ တောင်သား ဆင်း ရဲ သားတွေ မှီခို အသက်မွေး ရတဲ့ အင်းတွေ လောက် ကို လွှတ် ထားပေး ရုံနဲ့ အခွန် တွေ ဘယ်လောက် မှ နစ်နာ မသွားလောက် ပါဘူး ။ ဒေသခံ ဆင်း ရဲ သား တွေ အတွက် တော့ အကျိုး များ ပါတယ်။

    • Foreign Resident

      November 18, 2012 at 1:26 pm

      ” ဒါတောင် သူ တို့ က အရိုး အရင်း လောက် စား ရတာ ”

      ဟုတ်တယ် ၊ အဘ ကြားတာကတော့ ။
      ဝန်ကြီးလာစစ်ရင် လက်ဆောင် ပေးလေ့ရှိတဲ့ တံတား ပုံစံတူ အရုပ် က ၊
      ရွှေသား အစစ်နှင့်ကို လုပ်ပြီးပေးရတယ်ပြောတယ် ။
      အဲလို Chief Engineer ကိုမှ တံတား စီမံကိန်း Project အသစ်ထပ်ပေးတယ် ကြားတယ် ။

  • မိုချို

    November 18, 2012 at 5:39 pm

    ခိုင်ဇာရေ
    တွေး ရင် မောလို့ မတွေး ချင် ပေမယ့် ဖတ် မိရင် တွေး မိပြန် ရော။
    ကိုပေ
    မှန် လိုက် လေ။ ပိုဆိုး တာ က သူတို့ တွေ က ပညာ မတတ် တဲ့ သူ၊ လက်ရဲ ဇတ်ရဲ တွေ ဖြစ် နေ တတ်တာ များတယ်။
    အလင်း ဆက် ရေ
    တွေး မိတော့ လည်း ရေး မိ ရော။
    လေးပေါက်
    မရှိသင့် သင့် တဲ့ ပြသနာ တွေ ပါ။

  • MaMa

    November 18, 2012 at 6:48 pm

    အင်းတွေလည်း လေလံခေတ်ကနေ ကုမ္ပဏီခေတ်ကို ပြောင်းသွားပြီး နီးစပ်ရာ နီးစပ်ရာ ချပေးပြီး လုပ်စားလာကြတဲ့ခေတ်ကို ပြောင်းသွားတာနဲ့အမျှ လုပ်ကိုင်/ပိုင်ခွင့်တွေလည်း ပြောင်းသွားကြတယ်။
    အင်းသူကြီးအပိုင်၊ ရှာစားဖွေစားပေးတဲ့အချိန်ခွဲခြားမှုတွေ မရှိတော့ပဲ အင်းသူကြီးကချည်းပဲ တစ်နှစ်ပတ်လုံး အပိုင်သိမ်းတဲ့စနစ် ဖြစ်သွားတယ်။
    ခုတော့လည်း အင်းတွေကို လေလံစနစ်နဲ့ ပြန်ချပေးမယ်လို့ ပြောနေတာ ၂နှစ်လောက်ရှိပြ
    အင်းလေလံခေတ်ကလို ရှာစားဖွေစားတွေကလည်း ရှာချင်၊
    ကုမ္ပဏီခေတ်ကလို အင်းသူကြီးကလည်း ပိုင်ချင်၊
    ခေတ်၂ခုအပြောင်းအလဲမှာ ဘယ်သူ့ကမှားလို့ ဘယ်သူကမှန်တယ်ဆိုတာတောင် သဲသဲကွဲကွဲ မသိတော့ဘူး။ :eee:

Leave a Reply