Myanmar လား Burma လား အိုဘာမား ..

ကထူးဆန္းNovember 17, 20121min23540

ဘာရယ်မဟုတ ်။ တစ်ကျော့ပြန် မေးခွန်းလေးပါ ။

လင်းယုန်တို့ မြန်မာပြည်မှာ ခြေချတော့မှာပါ ။

မြန်မာနိုင်ငံ တံခါး ဖွင့်လာ တဲ့ ရှစ်လ အကြာမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ခြေချခဲ့ပါသည် ။ အဲ့ဒီ့တုန်းက Myanmar ဆိုတဲ့ အခေါ်အဝေါ်ကို ရှောင်ကွင်းခဲ့ပါသည် ။
အခု လ ၂ဝ အကြာမှာ အမေရိကန် သမ္မတ မြန်မာပြည်ကို ခြေချပါတော့မယ် ။ အခြား ပြောင်းလဲ ခဲ့တဲ့ နိုင်ငံတွေဆီ အမေရိကန် သမ္မတ သွားရောက်ခဲ့တာ နဲ့ ဆိုရင် အရမ်း မြန်လွန်းနေပါတယ် ။

လမ်းကြုံလို့ဘဲဝင်ဝင် ၊ သူ့ နိုင်ငံကစီးပွားရေး ကုမ္မဏီတွေ မြန်မြန်ဆန်ဆန်ဝင်နိုင်အောင် အားပေးတာဘဲဖြစ်ဖြစ် ၊ အစိုးရ စားရိတ်နဲ့ လာ နိုင်တုန်းလာတာ ဘဲထားထား၊ မြန်မာနိုင်ငံသားတွေက တော့ အားတက်သရော ကြိုဆိုနေကြပါတယ်။

ရောက်လာတဲ့ အခါ Burma ဘဲ ပြောဦးမလား ။ Myanmar လို့ ပြောင်းသုံးတော့ မလား သိချင်စမ်းပါရဲ့ …
တစ်ကျော့ပြန် ငြင်းခုန်မှု့လေးတွေပေါ့ဗျာ။

မနေ့ က အင်းယားလမ်းက ဖြတ်လာတော့ ဘွဲ့နှင်း သဘင်ခန်းမကြီး ကို ပြင်ဆင်နေတာတွေ ထဲက နေ Yangon University Campus ရယ်လို့ မီးထိုးထားတာ တွေ့လိုက်တော့ ဒီမေးခွန်းလေး ခေါင်းထဲရောက်လာလို့ ပါ ။

နောက်ပြီး ဘယ်သူတွေကို တက်ရောက်နားထောင်ခွင့်ပေးမှာလဲ ။ တက္ကသိုလ်မှာ လုပ်လို့ တကယ်ဘဲ တက္ကသိုလ်ကျောင်းသား တွေ တက်ရောက်ခွင့် ရမှာ လား ။ ကြံ့ဖွတ် အဖွဲ့ဝင်တွေ ဘဲလား .တက်ရောက်ခွင့် ရသူတွေကကော ပြန်လှန် မေးခွန်း ထုတ်နိုင်ကြပါ့မလား သိချင်မိပါသည်။

မြန်မာသတင်းထောက်တွေ ထဲ Myanmar လို့ မသုံး Burma လို့ သုံးလို့ဆိုပြီး ဖိနပ်နဲ့ ပေါက်မဲ့ သူလည်း မရှိလောက်ပါဘူး နော် ။။။ :harr:

40 comments

  • kai

    November 17, 2012 at 12:35 pm

    အိုင်စီထဲမတော့.. မြန်မာဖြစ်နေတာကြာပြီထင်ပါတယ်..
    အော့ဖ်ဖစ်ရှယ်တော့.. မြန်မာလို့.. မဖြစ်သေးပါ..။
    ဒါပေမယ့်.. အိုဘားမားက.. သူ့နာမယ်နဲ့ တူလို့.. ဘားမားလို့သုံးမယ်ထင်ပါကြောင်း…

    မြန်မာတွေက.. တိုင်းပြည်..လူမျိုးနဲ့.. နိုင်ငံသားအမည်.. အင်္ဂလိပ်လိုရေးရမှာ.. တူတူဖြစ်နေတော့.. အင်္ဂလိပ်လိုခေါ်လို့.. မဖြစ်နိုင်လို့တဲ့လေ…။

    ဆိုတော့… Deal အနေနဲ့..
    မြန်မာပြည်ကို.. မြန်မာလို့ သုံးစေချင်ရင်.. “အမေရိကား”ကို.. မြန်မာတွေက.. “အမေရိကန်နိုင်ငံ”လို့..ခေါ်နေတာတွေ… အမေရိကန်သမ္မတတွေ.. အမေရိကန်သွားမယ်တွေ.. စသဖြင့်.. ထစ်ဆို.. လှမ်းလှမ်း”ကန်”နေတာတွေ.. မလုပ်မှတဲ့..
    =
    ပြောသာပြောတာပါ…

    မြန်မာစာကို.. မြန်မာစကားနဲ့ပြောရင်.. …အမေရိကားက.. အမေရိကန်-မြန်မာတွေအတွက်မပြောနဲ့… မြန်မာပြည်က. မြန်မာတွေအနေနဲ့တင်.. မြန်မာနဲ့.. မြန်မာပြည်နဲ့..
    မြန်မာနိုင်ငံနဲ့.. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနဲ့.. မြန်မာသမ္မတနဲ့.. မြန်မာ့သမ္မတနဲ့..
    မြန်မာ့..မြန်မာ.. မြန်မြန်ပြောရင်…. မြန်မာလိုတောင်မပြောနိုင်သလိုဖြစ်ပြီး.. ရှုပ်ထွေးနေတာ…
    မြန်မာလူမျိုး..ဘာသာ..သာသနာအကြောင်း…. မြန်မာသမိုင်းကြောင်း..ရှေးကဘားမင်န်းအကြောင်း.. နောက်တော့.. ဘားမီစ်းအကြောင်း..ဘားမား-မြန်မာအကြောင်း.. မြန်မာလိုသာပြောရင်. မြန်မြန်မြန်းရမှာ.. သေချာတယ်..
    မြန်မာအမျိုးသားတို့ရဲ့.. မြန်မာ့စိတ္တဇဆေးရုံ…

    အော်..
    မြန်မာမြန်မာစကားမကြွယ်ပုံ.. :gee:

    • Inz@ghi

      November 17, 2012 at 12:45 pm

      Action noun တွေ 動詞 တွေအကြောင်း ဆက်တူးရင် စာတမ်းတပုဒ်ရလောက်ရဲ့.
      ခိခိ

      Ordessy: My name is “No one”.
      And beats cyclops.

      Cyclop shouts: No one kills me.

      ဟီဟိ. ဘာသာပြန်ကြည့်ပါလား.
      အနှီ ဂွတီးဂွကျ အခြေအနေကို.

      အိုဘယ့်. ပါဠိကိုဇမ်းတင်လွန်းခဲ့ပြီး. ပကတိ တန်ဖိုးလျော့ကျခဲ့တဲ့
      တိုင်းပြည်မဖွံ့ဖြိုးလို့ ခေတ်သုံး စကားလုံးတွေ ချို့တဲ့ နေခဲ့ရတဲ့
      ကျုပ်တို့ရဲ့ မြန်မာစာ

    • လုံမလေးမွန်မွန်

      November 18, 2012 at 5:03 pm

      သဂျီးရေ..အဲ့လိုဆိုရင် France ကို ပြင်သစ်၊ China ကို တရုတ်၊ Europe ကို ဥရောပ၊ အဲ့လိုခေါ်နေတာတွေကိုရော…
      ကျန်တာတော့ မသိပေမယ့် France ကို ရှေးမြန်မာများက ဖရန်စစ် လို့ လိုက်ခေါ်ကြရင်းနဲ့ အချိန်ကြာလာတာနဲ့အမျှ ပြင်သစ် လို့ ပြောင်းလဲသွားတယ်လို့ မြင်ပါတယ်..

      လုံမတို့က အသံထွက်မှားပြီး ခေါ်နေတာမှ မဟုတ်တာ..မြန်မာမှုပြုထားတာလေ…အင်္ဂလိပ်လိုပြောလို့ မှားရင်တော့ တစ်မျိုးပေါ့… America လို့သာ ပြောတာပါ လုံမသင်ရသလောက်ဆို နိုင်ငံကို United State of America လို့ အပြည့်အစုံခေါ်တာမို့လား…
      ဘာပဲဖြစ်ဖြစ် မြန်မာစာမှာတော့ United State of America ကို အမေရိကန်နိုင်ငံလို့ပဲ ခေါ်ပါကြောင်း… 🙂

  • ဦးဦးပါလေရာ

    November 17, 2012 at 12:58 pm

    ရွာဆူရတဲ့အထဲ သူကြီးက ပြဿနာရှာပြန်ပလား….

    မြန်မာစာက မြန်မာသဒ္ဒါအရ ရေးတာပြောတာလေ
    အင်္ဂလိပ်စာက အင်္ဂလိရှ့် ဂရမ္မာ အရ ရေးတာ ပြောတာလေ
    ဘယ်တူမှာလဲ…

    မြန်မာဘာသာမှာတော့ မြန်မာဆိုတဲ့စကားလုံးကို အဓိပ္ပါယ်အပြည့်အစုံနဲ့သုံးတာမဟုတ်ပါဘူး…
    နာမ် ရှေ့က ကပ်ထည့်တဲ့ နာမဝိသေသန အဖြစ်ပဲသုံးတာဖြစ်ပါတယ်။
    မြန်မာသဒ္ဒါရဲ့သဘောကိုက ယေဘုယျနာမ်တွေကို ရှေ့က နာမဝိသေသနကပ်ပြီး သီးခြားနာမ်ပုဒ်တွေဖြစ်အောင်တွဲစပ်ယူတဲ့စံနစ်ဖြစ်ပါတယ်။
    ဒါကြောင့် မြန်မာလူမျိုး ဆိုတာနဲ့ မြန်မာနိုင်ငံ ဆိုတာမှာ မြန်မာချင်းတူလဲ နောက်ကနာမ်ကမတူလို့ ဘာမှ မှားစရာမရှိပါကြောင်း
    အသံထွက်ပြီးဆိုလို့မကောင်းရင်တော့ အောင့်ပြီးသာဆိုသင့်ပါကြောင်း
    :kwl:

  • ရွာသူ jujuma .

    November 17, 2012 at 1:06 pm

    ” သမ္မတအိုဘားမားရဲ့ ဒီခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံက လူမှုအခြေပြုအဖွဲ့အစည်း ကိုယ်စားလှယ်တွေကိုလည်း တွေ့ဆုံပြီး၊ သူတို့ရဲ့အမြင်ကိုလည်း ကြားနာဖို့ရှိပါတယ်။ မြန်မာနဲ့ ပတ်သက်လို့ အင်္ဂလိပ်လို Burma ခေါ်မလား Myanmar ခေါ်မလား ကိစ္စမှာတော့ – Burma ဆိုတာကိုပဲ ဆက်ပြီး ရည်ညွှန်းသုံးသွားမယ်လို့ သမ္မတအိမ်ဖြူတော်အရာရှိတွေက ပြောခဲ့ပါတယ် ”

    အဲလိုဆိုတော့ Burma ပဲ ခေါ် ဖြစ်အုံးမယ်ထင်ပါတယ် …

  • အိုဘားမား က ပြောတွားဒယ် ..
    သူက မြန်မာ လို့ ကြောမှာဘာဒဲ့ ..
    ဗားမား လို့ ကြောဘာဘူးဒဲ့ … :mrgreen:

  • ဦးဦးပါလေရာ

    November 17, 2012 at 1:17 pm

    လိုရင်းကို မန့်ပါဦးမယ်

    အမေရိကန်သမ္မတကြီးလာမယ်ဆိုတော့
    ကိုယ့်နိုင်ငံအကျိုးလဲ ကျွဲကူးရေပါ ဆိုသလို ရှိသင့်သလောက်ရှိမှာမို့ ကြိုဆိုပါတယ်…။

    သို့သော်
    အဲဒါ သက်သက်ဂျီးတော်နွားလာကျောင်းတာ လို့တော့ဖြင့်
    မထင်ရေးချ မထင်ပါကြောင်း……

    • kai

      November 17, 2012 at 1:37 pm

      အောက်ကကော်မန့်စာက.. အရောင်ရင့်မှတ်တမ်းမှာ.. 11/15/12 ကရေးထားတာ…
      အိုဘားမားဘာပြောတယ်ကြည့်ပြီး.. ဘာဖြစ်လာနိုင်မယ်.. အဆုံးသတ်.. မှတ်ချက်ချပါမယ်..။
      (မ)မျှော်.. :kwi:

      kai says:

      အိုဘားမားသမ္မတဖြစ်တော့.. ကိုင်ရိုသွားပြီး.. ကမ္ဘာကျော်မိန့်ခွန်းပြောတယ်..။
      အဲဒီကိုင်ရိုမိန့်ခွန်းအကျိုးဆက်အဖြစ်.. အာရပ်စပရင်းပေါ်လာတယ်ဆိုကြပါတယ်..။
      အာရပ်စပရင်းကြောင့်.. အီဂျစ်အပါအဝင်.. အာရပ်အာဏာရှင်တွေတော်တော်များများ ပြုတ်ကြကုန်ပါတယ်..
      ဒီတခေါက်.. သူသမ္မတပြန်ရွေးခံရတာမှာ.. အာရပ်စပရင်းရဲ့ ခရက်ဒစ်လည်း.. အပြည့်ပါပါတယ်….။

      အခု..
      မြန်မာပြည်မှာ.. မိန့်ခွန်းပြောမယ်ဆိုရင်တော့…
      သေချာတယ်..
      အရှေ့တောင်အာရှမှာ.. နောက်၄နှစ်အတွင်း. အပြောင်းအလဲ.. ဒါမှမဟုတ်.. တိုးတက်မှုတွေကြီးကြီးမားမားဖြစ်ပါလိမ့်မယ်…။
      ကံကောင်းရင်.. အာစီယံဟာ.. ကမ္ဘာတန်း..တန်းဝင်သွားလိမ့်မယ်..။

      • myanmarcitizen

        November 17, 2012 at 2:40 pm

        စကားမစပ် သဂျီးကောဘာမှာချင်သေးလဲ အိုဘားမားအပြန်မှာထဲ့ပေးလို်က်မယ်လေ 🙂
        ကျွန်ုပ်နာမည်ကိုလဲ ဘာမားစီတီဇင်ခေါ်နေမှ ဒွတ်ခ … :mrgreen:

      • အရီးခင်လတ်

        November 17, 2012 at 5:10 pm

        ကျွန်မ နားလည်မိလိုက်သလောက်ကတော့ အဲဒီ အာရပ်စပရင်း အပြီး ပြုတ်သွားတဲ့ အာရပ်အာဏာရှင်တွေ နေရာမှာ ဝင်လာသူတွေက ဘာသာရေး အင်မတန် အစွန်းရောက် တွေ ဆိုရှင့်။
        ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက် ဆိုးသလို ဖြစ်ကုန်သလား။
        ကျွန်မ အမြင်ပါ။

        အိုဘားမား ကတော့ စကားပြော ညံ့သူမဟုတ် တဲ့အပြင် အခြေအနေ အရိပ်အကဲခတ် လဲတော် သူမို့ သူ့ကို ကျသွားအောင် စည်းရုံးနိုင်မယ် ထင်တာပါဘဲ။
        ဒါလဲ ကျွန်မ အမြင်ပါ။

        • kai

          November 17, 2012 at 5:17 pm

          ဟုတ်ပါတယ်..
          ပြန်ဝင်လာတဲ့နေရာတွေမှာ.. မွတ်စလင်ဘရားသားဟုဒ်ကလူတွေများပါတယ်..
          ဆိုတော့..
          အခု..ဒါမှမဟုတ်.. မကြာခင်.. အရှေ့အလယ်ပိုင်းဒေသမှာစစ်ဖြစ်သွားနိုင်ကြောင်း..
          သူတို့.. ရေနံရောင်းပြီး.. ဝယ်ထားတဲ့လက်နက်တွေ.. အားရပါးရ.. သုံးကြ..ချကြမယ်ထင်ကြောင်း…
          ယူအက်စ်၊ ရုရှား၊ ချိုင်းနား၊ (စီးပွားကျနေတဲ့)အီးယူတို့.. လက်နက်တွေ… ထိုးရောင်းကြမယ်ထင်ကြောင်း..။

          ကျန်တာဘာဖြစ်မလည်းတော့.. ပိတ်ကားပေါ်ကြည့်စေလိုကြောင်း.. ရယ်..။
          အနိစ္စ၊ဒုက္ခ၊အနတ္တ… :kwi:

        • ကထူးဆန်း

          November 17, 2012 at 7:45 pm

          အခု လည်း အစ္စရေးနဲ့ ဟာမတ် နဲ့ ပြန်ဆော် ကြလို့ အီဂျစ် ဝန်ကြီးချုပ်က ဟာမတ်စ်တွေကို သွား အားပေးတယ် ဆိုတော့ ..
          အင်း .. ဒီဇင်ဘာ ၂၁ လည်း နီးလာပြီ..
          အစ္စရေးတွေ ပါလက်စတိုင်းတွေ တော်တော် ပျင်းပြီး တုံးကြတာဘဲ .. ဒီလိုနေရာ ဘာလို့ နေနေကြလဲ မသိဘူး .. ပြောင်း သွားကြပါလား ..
          ဟဲ ဟဲ ဟဲဟဲ .. :kwi:
          အနိစ္စ၊ဒုက္ခ၊အနတ္တ… :kwi:

  • thureinmaung

    November 17, 2012 at 1:34 pm

    မြန်မာကို ဒီလိုခေါ်ကြတယ်…
    ဂျပန်က ဘိရုမာ
    ယိုးဒယားက ဖမာ့
    တရုတ်က မြန်တန့်
    ရှမ်းက မန်
    ကရင်က ပရော
    ရှမ်းကသူတို့ကိုယ်သူတို့ တိုင်း English လိုခေါ်မယ်ဆိုရင် Shan လို့ဆက်သုံးမလား Tai လို့သူတို့ကိုယ်သူတို့ခေါ်တဲ့အခေါ်အဝေါ်တရားဝင်ပြောင်းသုံးရမလား..
    ကရင်ကသူတို့ကိုယ်သူတို့ပါကညော Karen လို့ဆက်သုံးမလား Kayin လို့သုံးမလား
    ဂျပန်တွေကသူတို့ကိုယ်သူတို့” နိဟွန်း” သူများတွေခေါ်တာကျလူမျိုးနဲ့စာကJapanese နိုင်ငံက Japan
    တရုတ်ကသူတို့ကိုယ်သူတို့ “ကျုံးကို” သူများတွေခေါ်တဲ့လူမျိုးနဲ့စာက Chinese နိုင်ငံက China
    ယိုးဒယားတွေသူတို့ကိုသူတို့ခေါ်တာ “ထိုင်း”သူများတွေခေါ်တဲ့လူမျိုးနဲ့စာက “Thai” နိုင်ငံက”Thailand”
    ASEAN နိုင်ငံအချို့ကိုဆက်ကြည့်ရအောင်
    နိုင်ငံနာမည် Vietnam လူမျိုးနာမည်Vietnamese
    နိုင်ငံနာမည် Indonesia လူမျိုးနာမည် Indonesian
    နိုင်ငံနာမည် Laos လူမျိုးနာမည် Laotian
    နိုင်ငံနာမည် Cambodia လူမျိုးနာမည် Cambodian
    ကဲ….မြန်မာကိုကော..ဘယ်လိုခေါ်ကြမှာလဲ..
    မြန်မာလူမျိုးနဲ့မြန်မာစာကို Myanmar လို့သုံးရမလား Myanmarian လို့သုံးရမလား Myanmese လို့သုံးရမလား
    လူမျိုးလဲ Myanmar နိုင်ငံလဲ Myanmar စာလဲ Myanmar ဆိုရင်တော့ကမ္ဘာမှာဒီလိုတူတဲ့ စကားလုံးရှိတဲ့နိုင်ငံကျွန်တော်လဲမလေ့လာဖူးသေးဘူး၊ညဏ်မမှီလို့ဘဲလားတော့မသိဘူး..
    နောက်ပြီး ရှိသေးတယ် မြန်မာ့စိုက်ပျိုးရေး ကို Myanma agriculture service တဲ့
    မြန်မာ့လေကြောင်း ကိုMyanma Airways တဲ့ အနောက်က r တစ်လုံးကိုဖြုတ်ထားလိုက်သေးတယ်
    မာဆိုတဲ့နေရာမှာ မာ့ဖြစ်သွားတော့ r ပြုတ်သွားတယ်..မျက်စိကိုလည်ရော..
    အဲဒါတော့တကယ့်မြန်မာမှုပြုတဲ့အင်္ဂလိပ်စာလုံးစစ်စစ်တွေဘဲပြောရမလား…
    တကယ့်ကိုအင်္ဂလိပ်မှုပြုလိုက်တဲ့မြန်မာစာလုံးစစ်စစ်တွေဘဲပြောရမလား….
    တိကျတဲ့ သတ်မှတ်ချက်တော့ရှိသင့်နေပြီမဟုတ်လား ပညာရှင်ကြီးများ..စဉ်းစားပေးကြပါ..

  • မောင်ပေ

    November 17, 2012 at 1:56 pm

    ခရိုမာ လို ့ခေါ်ရင် ပိုမကောင်းဘူးလား
    ကမ္ဘာမှာ ဗမာ/မြန်မာတွေ နာမည်ကြီးစေတဲ့အကြောင်းထဲမှာ သူရို ့တွေကြောင့်လဲ ပါတာပဲကိုး
    :kwi:

  • cobra

    November 17, 2012 at 4:31 pm

    ဗမာနဲ့မြန်မာ(၂)ခုထဲတောင်ရှုပ်နေရတဲ့ကြားထဲ
    ကိုသူရိန်မောင်လုပ်မှပိုဆိုးနေတယ်ထင်တယ်။

  • manawphyulay

    November 17, 2012 at 6:09 pm

    အင်းနော် … အိုဘားမားကို မွေးစဉ်က အရင်စစ်ဖြစ်တုန်းက မြန်မာပြည်ကို သူ့မိဘတွေကများ ရောက်လာလို့လား မသိဘူး။ ဒီမှာ မွေးခဲ့လို့များ အိုဘားမားရယ်လို့ နာမည်ပေးသလားဆိုတာ သူလာတုန်းလေး အင်တာဗျူးမယ့်သူရှိရင် သိချင်ပါရဲ့။

  • ကထူးဆန်း

    November 17, 2012 at 8:00 pm

    သူ့ကို တကယ်တော့ အိုဘမ လို့ ခေါ်ရမယ် ထင်တယ် ( Barack Hussein Obama, Jr. )သူ့ကို Honolulu, Hawaii မှာ မွေးတာပါ . အင်ဒိုနီးရှားမှာ နေခဲ့ဖူးပါတယ် ။

  • ဦးကြောင်ကြီး

    November 17, 2012 at 9:32 pm

    ကထူးဆန်းရေ နင့်အဘရှိတဲ့ နေပြည်တော် မသွားဘဲ ရန်ကုန်ကိုပဲ အိုဘားမား လာမှာသာ ကြည့်ပေတော့ ဘားမားခေါ်မလား မြန်မာခေါ်မလားဆိုတာ…
    စစ်တပိုင်းအစိုးမရရဲ့ တုံ့ပြန်မှုအနေနဲ့ တနေ့က လွှတ်ပေးတဲ့ အကျဉ်းသား လေးရာကျော်မှာ နိုင်ငံရေးအကျဉ်းသား တဦးမှ ပါမလာတာ တွေ့ရတယ်…
    သမဒရုံးကတော့ အရှက်ပြေ အလုပ်သဘော လာရောက်လည်ပတ်တယ် ဆိုလေရဲ့…
    အလုပ်သဘော
    အလောသဘုတ်
    ကျောမပုတ်နဲ့
    တောထုတ်ခံရမှာ
    သိပ်မကြာတော့…။။

  • Foreign Resident

    November 18, 2012 at 12:09 pm

    မှန်တာပြောရရင် ။

    နေပြည်တော် ကို မသွားဘဲ ၊ ရန်ကုန်ကိုပဲ အိုဘားမား က လာမှာဆိုတော့ ။
    အဘ သိန်းစိန်က အိုဘားမား ကို ၊ ဖနွမ်းပင် ကနေ ရန်ကုန်ထိ လာတွေ့ရမယ် ။
    အိုဘားမား က အမေစု ကိုကျတော့ အိမ်တောင်သွားတွေ့မှာ ဆိုတော့ ။

    အဘတို့ သမ္မတကြီး အဘ သိန်းစိန် ရဲ့ Role က နဲနဲ ကျ သွားပြီး ။
    အမေစု ရဲ့ Role က နဲနဲ ပိုမြင့်လာသလိုပဲ ။

    အဘတို့ သမ္မတကြီး သနားပါတယ် ။ ဟန်ဆောင် ပန်ဆောင်လေးတောင် မ ငြင်းနိုင်ဘူး ။
    ဖနွမ်းပင်မြို့ကနေတောင် ပြန်လာပြီး ၊ အိုဘားမား ကို ရန်ကုန်ကို လာတွေ့ရမယ် ။

    အဘ သာဆိုရင် ၊ ဖနွမ်းပင် ကနေ ရန်ကုန်အထိ ပြန်လာပြီး လာမတွေ့ပါဘူး ။
    ကိုယ် ရုံးစိုက်တဲ့ နေပြည်တော်ကို လာတာဆိုရင်တော့ ထားပါ ။
    အင်း ၊ တိုင်းပြည်များ ဆင်းရဲတော့ မျက်နှာ ငယ်လိုက်တာ ။

    • ဦးကြောင်ကြီး

      November 18, 2012 at 12:26 pm

      ဘဖောရေ ……ဒေါ်စုကိုယ်တိုင်က သမတဂျီး အိုဘားမား နေပြည်တော် သွားမှာကို မလိုလားကြောင်း ပြောထားတာပါ။ တနေ့က ဦးဝင်တင်နဲ့ အင်တာဗျူးတခုမှာလည်း အိုဘားမားကို အောင်ပွဲခံဖို့ အချိန်မဟုတ်သေးကြောင်း၊ အကယ်၍ ဦးသိန်းစိန်ကို သာဓုခေါ်မယ်ဆိုရင် သူ့တို့ကြောင့် နစ်နာဆုံးရှုံးခဲ့ရသူများကိုလည်း အမျှလေးတော့ ဝေပေးသွားပါလို့ ပြောသွားတယ်။ ဒီလို အခင်းအကျင်းတွေကြောင့်ပဲ အိုဘားမားအနေနဲ့ ရှဉ့်လည်းလျောက်သာ ပျားလည်းစွဲသာ ဖြစ်အောင် မြန်မာပြည်မှာ ၆နာရီလောက်ပဲ နေဖို့အစီအစဉ် ဆွဲလိုက်ပုံရတယ်။ အကယ်၍ ရက်နဲ့ချီနေရင် သံတမန်ထုံးတမ်းအရ မြို့တော် နေပြည်တော်ကို သွားဖို့စဉ်းစားရတော့မှာကိုး…။ ဒါဆိုရင် တိုင်ပြည်ပိုက်ဆံတွေ မတရားရယူပြီး အတင်းအဓမ္မ တည်ဆောက်ထားတဲ့ နေပြည်တော်မြို့ တည်ရှိမှုကို သဘောတူသလို ဖြစ်သွားပြီ။ အာဏာရှင်ဟောင်း ဦးသန်းရွှေခေတ်ကိုလည်း အသိအမှတ်ပြုတဲ့သဘော ဆောင်သွားနိုင်တယ်။ တကယ်တော့ မြန်မာ့အာဏာရှင် အဆက်ဆက် စစ်ဗိုလ်များ အမေရိကန်ကို ကပ်လို့မရလို့ နင်ပဲငဆ ဆဲရေးတိုင်းထွာနေခဲ့တာပါ၊ သူတို့ အနေအထား သူတို့ကောင်းကောင်း သိပါတယ်။ သိလို့လည်း ရာစုနှစ်တဝက်ကျော် ရှင်သန်နေနိုင်ခဲ့တာပေါ့…။

      • Foreign Resident

        November 18, 2012 at 1:16 pm

        ” ဦးသိန်းစိန်ကို သာဓုခေါ်မယ်ဆိုရင် သူ့တို့ကြောင့် နစ်နာဆုံးရှုံးခဲ့ရသူများကိုလည်း
        အမျှလေးတော့ ဝေပေးသွားပါလို့ ပြောသွားတယ် ”

        ကောင်းလိုက်တဲ့ အသုံးအနှုန်းလေးတွေ ။

        ” မြန်မာ့အာဏာရှင် အဆက်ဆက် စစ်ဗိုလ်များ အမေရိကန်ကို ကပ်လို့မရလို့
        နင်ပဲငဆ ဆဲရေးတိုင်းထွာနေခဲ့တာပါ ”

        ကပ်ခွင့်လဲရရော ၊ ပလူးလိုက် ဖါးလိုက်ရတာ ၊
        ဘေးလူ ( အဘတို့ ပြည်သူား ) တောင် အမြင်ရှက်တယ် ။

        • ကထူးဆန်း

          November 19, 2012 at 12:33 pm

          ဘဖော ရေ ၊ ပလူးကျတာတော့ တစ်ဘက်ထဲ မဟုတ်ပါဘူး .. လ၂ဝ အတွင်းရောက်လာတယ် ဆိုကထဲ က ဟိုဘက်ကလည်း ပလူးခံချင်နေတာဘဲလေ..

  • မြန်မာလို့ဆိုဆို
    ဘားမားလို့ ဘဲ ဆိုဆို
    အောက်ကျနောက်ကျ နိုင်ရတာတော့ အတူပါဘဲဗျာ။
    အုပ်ချုပ်သူအဆက်ဆက်
    ုတိုင်းသူပြည်သား အဆက်ဆက်(ကျနော်အပါအဝင်)
    ညံ့ခဲ့တော့ သူများအောက်ရောက်တာ ဘာဆန်းမလဲနော်

  • pooch

    November 18, 2012 at 12:58 pm

    ဘားမားပဲ ခေါ်ခေါ် မြန်မာပဲ ခေါ်ခေါ် သူဘယ်လို မိန့်ခွန်းပြောမလဲ ဆိုတာပိုုစိတ်ဝင်စားတယ် ။
    ကထူးဆန်း သွားဖြစ်အောင် သွားပြီးနားထောင်ခဲ့ပါ။ live လွှင့်ရင်လည်း ကောင်းသား နော်။

    • Mr. MarGa

      November 18, 2012 at 4:00 pm

      ဦးမာဃလည်း အဲဒါကို live လွှင့်လိမ့်မယ်လို့ ထင်တယ်။
      မြန်မာက မလွှင့်ရင်တောင် နိုင်ငံခြား သတင်းဌာနတွေက လွှင့်ပေးနိုင်တယ်

      • MaMa

        November 19, 2012 at 8:13 am

        တိုင်းရေးပြည်ရေး အရေးကြီးနေတာ နတ်သမီး တစ်ဖက် ၅၀ဝ ခဏထား၊
        သတင်းသွားယူပြီး ရွာထဲမှာ ပြန်မျှဝေမလားလို့ မျှော်လင့်နေတာကို……
        မစ္စတာမာဃ ကိုယ်တိုင်က မီဒီယာတွေက လွှင့်တာကို အားကိုးနေပါလား။ 😆

        • Mr. MarGa

          November 19, 2012 at 12:46 pm

          ကဲကဲ
          မသွားနိုင်တော့ မိန့်ခွန်းပဲတင်ပေးလိုက်မယ်
          http://myanmargazette.net/156985
          ရပြီလား

    • ကထူးဆန်း

      November 19, 2012 at 12:35 pm

      သွားချင်ပါရဲ့ အဲ့ဒီလောက် လူရာမဝင်တော့ ခက်သား..

  • Thanlwinoo

    November 18, 2012 at 4:41 pm

    Obama ရဲ့အဘိုး Onyango Obama က ၁၈၉၅ မှာ မွေးတယ်လို့ဆိုတော့ Burma နဲ့ မဆိုင်လောက်ဖူးထင်ပါတယ်..။

    Onyango Obama က ဒုတိယကမ္ဘာစစ်တုန်းက အင်္ဂလိပ်စစ်တပ်မှာ ထမင်းချက်အနေနဲ့ လိုက်လာဖူးပြီး မြန်မာမတစ်ယောက်နဲ့အိမ်ထောင်ကျဖူးတယ်ဆိုဘဲ…။

    သူ့မြေးကတော့ အဘိုးထမင်းချက်အနေနဲ့ ရောက်ခဲ့ဘူးတဲ့ နိုင်ငံကို Air Force One စီးပြီး ရောက်လာတော့မှာပါ…။

    http://www.nytimes.com/2012/11/18/world/asia/in-myanmar-obama-will-see-land-that-shaped-his-grandfather.html?hp

  • စိန်ဗိုက်ဗိုက်

    November 18, 2012 at 6:48 pm

    အိုဘားမားက ပေါဒယ်.
    မြန်ဗာလို ့ပဲခေါ်မယ်ဒဲ့…

  • Silver Twig

    November 18, 2012 at 8:24 pm

    Fuck it. Burma or Myanmar, it is just a name. nothing else. Try to develop the country first, then we talk about the name.

  • Silver Twig

    November 18, 2012 at 8:53 pm

    I’m always on a move, traveling all over the world. I always get the problem at each air port immigration counter with my Burmese passport. Most of the countries don’t know what is Burma or Myanmar. My country code is not in the list. I feel embarrassed. So I really sick of hearing of people talking about Burma or Myanmar. I really want to give up my passport. So please stop talking about the name of Burma or Myanmar for god sake

  • thit min

    November 19, 2012 at 7:12 am

    ကိုထူးဆန်းရေ
    ရဲရင့်ငယ်ရဲ့ ဆိုဒ်မှာတွေ့လို့ မဖတ်ရသေးသူများဖတ်နိုင်အောင် ဒီမှာလာ ရှယ် လိုက်တယ်ဗျာ။
    ဟိုတုန်းကဆို ဖိုရမ်မှာ တင်ရမဲ့ ဟာမျိုးပေါ့နော်။
    ~~~~~~~~~~~~~
    ခရက်ဒစ်တူ ရဲရင့်ငယ် နှင့် (ရေးသားသူ) ကို မင်းကျော်စွာ။
    =================================
    Minn Kyaw Swar
    မြန်မာနိုင်ငံသို ့ November 19 ရက်နေ ့ မနက်၉ နာရီ ၃ဝ မိနစ် ခန် ့တွင် ကိုယ်ပိုင်လေယာဉ် (air force one)ဖြင့် ရောက်ရှိမည်ဖြစ်သော Mr. President Obama သည် မြန်မာနိုင်ငံ ရန်ကုန်မြိ ု ့တွင် ့ ၆ နာရီ ကြာ လာရောက်မည်ဖြစ်ပြီး ညနေ ၃နာရီ ၅ဝ တွင် ပြန်လည်ထွက်ခွာမည်ဖြစ်သည်။ Mr president နှင်ံ့ အတူ လုံခြံ ုရေး အတွက် အပါအဝင် လူပေါင်း ၂၂ဝ လောက် လာရောက်မည်ဖြစ်ပြီး Mr presidentလုံခြံ ု ရေးအတွက် လူပေါင်း ၆၀ဝ ကျော် ကြို တင်ရောက်ရှိနေပြီး Sedona နှင့် chatrium hotel တို ့တွင် တည်းခိုပြီး, chatrium hotel ကို အပြတ်ယူ ထားပြီး ၆နာရီ စာလာရောက်မည် ့ သူတို ့၏အကြီးအကဲ အတွက် လုံ ခြံ ုရေးအရ လိုအပ်သည် ့ security device ကြိုတင်တပ်ဆင်ခြင်း ၊လမ်းကြောင်းလုံခြံ ုရေး ,လာရောက်စဉ်တွေ ့ဆုံမည် ့ လူများ ၊ media များ စာရင်းများ နှင့် ထိုသူတို ့ ၏အချက်အလက်များကို လုံခြံ ုရေးအတွက်အမေရိကန် သံရုံးနှင့်ပူးပေါင်းပြီး အတည်ပြ ုပြ ုစုကာကာ white house သို ့ အချိန်နှင် ့ တပြေးညီ တင်ပြခြင်း စသည် တို ့ ကို ပြ ုလုပ်ခဲ့ ပြီး လုံခြံ ုရေးအတွက် မြန်မာနိုင်ငံ ၏ တပ်ဖွဲ ့အင်အားကိုလုံးဝမသုံး ဘဲ သူတို ့ လူတွေ ကပဲ တာဝန်ယူသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ဘက်မှ အပြင်စည်းမှသာ တာဝန်ယူဆောင်ရွက်ပေးကြရမှာ ဖြစ် သည်။ Mr president က ကိုယ်ပိုင် ကားကို သယ်ယူလာမှာဖြစ်ပြီး လာရောက်စဉ် ဝေဟင် ရေပြင် ဘက် တွေ ကပင် လုံခြံ ုရေးအတွက် စီစဉ်ထားသောကြောင် ့ American နိုင်ငံမှ လုံခြံ ုရေး လေယာဉ် ၊ သဘော တို ့ပါရောက်ရှိနေပြီး လာရောက်စဉ် လေယာဉ် ကကောင်းကင်မှလုံခြံ ုရေးယူမည်ဖြစ် သည်။ ထို ့အပြင် mr Obama လုံခြံ ု ရေးအရ ရန်ကုန်မြိ ု့ လွတ်တော် အဝင်ကို ကာပေးရခြင်း ၊ မူလကစီစဉ်ထားသော သစ်ပင်စိုက်ခြင်း အစီအစဉ်ကို ဖျက်သိမ်းလိုက်ခြင်း ၊ လာရောက်စဉ် နေ ့လည် တွေ ့ဆုံပွဲ ့တွင် စကားပြောရန်အတွက် လူဦးရေ စာရင်း နှင့် ထိုသူတို ့ data များကို white house သို ့ ကြိုတင် သတင်းပေးထား ပြီး ဖြစ် ပြီး စကားပြော စဉ်ကို နောက်ဖက်မှတက်မည်ဖြစ်ပြီး ရှေ့တွင်လည်းကာထားကြောင်း နှင့် မူလက စီစဉ်ထားသော ရွေတိဂုံ ဘုရားသွားရောက်မည် ့ အစီ အစဉ်ကို ဖြတ်သိမ်းလိုက် ခြင်း အကြောင်းမှာ mr president Obama က ဖိနပ်ချွတ်နိုင်ပါသော်လည်း သူ ့လုံခြံ ုရေးလူများ ကတော ့ ထိုသူတို ့ လုံခြံ ုရေးကာကွယ် ပေးသူတိ ု့ စည်းမျဉ်း ( code of contact ) အရ ဘယ်လို မှ ဖိနပ်ချွတ်ခြင်းမဖြစ် နိုင်ကြောင်းပြောကြားလာသောကြောင် ့ မြန်မာနိုင်ငံ ဘက်မှ ယခု အခါတော့ ဘယ်လိုမှ မလိုက်လျောနိုင်သောကြောင့် shwedagon သွားရောက်ခြင်းကိုဖျက်သိမ်းလိုက် ခြင်းဖြစ်သည်။ Mr president သည်လာရောက်စဉ် မြန်မာနိုင်ငံမှ အထွေထွေ စီစဉ်စရာမလို ကြောင်း နှင့် သောက်ရေ ကို ပင် မြန်မာနိုင်ငံ မှ မဟုတ်ဘဲAmerican ကပင် တာဝန် ယူမည်ဖြစ်သည်။

    • aye.kk

      November 19, 2012 at 8:06 am

      ကိုထူးဆန်းရောကိုသစ်မင်းကိုပါကျေးဇူးပါဘဲနော်။

  • Inz@ghi

    November 19, 2012 at 7:41 am

    ကျောင်းနံရံတဝိုက်ကို
    အမ်ကယ်ဆမ် အလံစိုက်ပီ အဘရေ ….
    ဟီဟိ…..
    ခါတော်မီလေး…

    :harr:

    • Foreign Resident

      November 19, 2012 at 8:47 am

      အခုပဲ ဥက္ကာကိုကိုရဲ့ Face Book မှာ ဓါတ်ပုံတက်လာတယ် ။

      ““အော်… အော်.. ကျယ်ကျယ်အော်… နိုင်ငံတော်သီချင်းဆိုသလို ကျယ်ကျယ်အော်”” တဲ့။
      အမေရိကန်သမ္မတကြီး ကျန်းမာပါစေဆိုတဲ့ ကြွေးကြော်သံတွေကို လိုက်အော်ခိုင်းနေတဲ့
      ရန်ကုန်အစိုးရ လူမှုရေးဝန်ကြီး။ Photo by- Oakkar Ko Ko

      ဝန်ကြီး ကိုယ်တိုင် နိုင်ငံတော်သီချင်းဆိုသလို ကျယ်ကျယ်အော် ဖို့ လိုက်ပြောနေတယ်တဲ့ ။
      အော် ၊ ဒုက္ခ ၊ ဒုက္ခ ၊ အခုကျတော့လည်း ၊ ပိုလွန်းနေပြန်ပြီ ။
      အရင်တုန်းကတော့ နင်တို့ပဲ ” ပြည်ပ အားကိုး ပုဆိန် ရိုး ” ဆို ၊ အညိုးညိုးပဲ ။
      ချက်ချင်းကို ပြောင်းကြတာကိုး ၊ အိန္ဒြေကို မဆည်နိုင်ကြဘူး ။ စိတ်လေတယ် ။
      😛

      • Inz@ghi

        November 19, 2012 at 9:00 am

        ဟိ…ပါပါကြီး အူးနေဝင်းနဲ့ပဲတန်တဲ့ ငတိရီးပါလားဗျာ…
        ခိခိ…

        :kwi:

  • ဦးဦးပါလေရာ

    November 19, 2012 at 8:47 am

    မြန်မာနိုင်ငံရဲ့ လက်ရှိအစိုးရကို ချီးကျူးဂုဏ်ပြုထောမနာစရာ မလိုဘူးဆိုတာတော့
    သူမပြောနဲ့ သူ့သမီး ညိုချောလေးတောင်သိတယ်။(ထင်တာပဲ)
    မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှု့တွေကို အသိအမှတ်ပြုတာ ချီးကျူးတာကလဲ ဝေါဟာရတော်တော်စုံနေပါပြီ… ဥပမာဘီလိုက်ဘားမားတို့ဘာတို့…..
    ဆိုတော့…….

    ဘာပဲဖြစ်ဖြစ် ပါပါကြီးခြံစည်းရိုးနား လူအလာခံတဲ့ risk ကို ယူခြင်းအားဖြင့်
    ကုန်သွယ်ရေးအတားအဆီးလေးဘာလေးဖွင့်ပေးတယ်ဆိုတော့လဲ တန်တယ်ဆိုလဲပြီးတာပါပဲ
    မထူးလဲ နောင်ကို မျက်နှာပျက်မယ့်အတူတူ….

    ဒါနဲ့… ကျုပ်တို့ဆီမှာ အမေဒိကားကို ဘာများရောင်းစရာရှိပါလိမ့်မလဲ….
    ရှိတာအကုန်ထုတ်….
    ဘိန်းမုန့်….

    :kwi:

  • kai

    November 19, 2012 at 2:56 pm

    မြန်မာနိုင်ငံ၊ မင်္ဂလာပါ …

    • Inz@ghi

      November 19, 2012 at 2:59 pm

      နိုက်စ်တူ မိယူ အမေရိကား…

      :hee:

Leave a Reply