ထံးစံအတိုင်း ဖြစ်နေသည့်ဇာတ်လမ်းတပုဒ် (၂၀၁ဝ ရွေးကောက်ပွဲ အကြိုသတင်း)

True FaithJuly 15, 20101min1378

ပြီးသွားပြီလား ၂၀၁ဝ ရွေးကောက်ပွဲ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပ မြို့နယ်ရှိ ရပ်ကွက်တခု တွင် ဖြစ်ပါသည်။ ရပ်ကွက်လူကြီးများက တအိမ်ထောင်လျှင် တဦးနှုန်း ဖြင့် လွန်ခဲ့သော တပတ်ခန့်က စုစည်းခိုင်းသည်။

ထုံးစံအတိုင်း ဘုမသိ ဘမသိ ဖြင့် ရပ်ကွက် ရယက ရုံးတွင် စုကြရသည်။
ထုံးစံအတိုင်း အစည်းအဝေး အချိန်ကြ သည် အထိ ဘာကိစ္စ ဆိုတာ မသိသေး။
ထုံးစံအတိုင်း တယောက်နှင့် တယောက် ထင်ကြေးများ ကို ဆွေးနွေးနေကြသည်။
ထုံးစံအတိုင်း အချိန်လွန်မှ ရပ်ကွက် ရယက ဥက္ကဋ္ဌ ရောက်လာသည်။
ထုံးစံအတိုင်း ရောက်တတ်ရာရာများကို ခဏ ပြောသည်။
ထုံးစံအတိုင်း ရပ်ကွက် မည်မျှ တိုးတက်နေသည်ကို ဥက္ကဋ္ဌက ပြောသည်။
ထုံးစံအတိုင်း စစ်အစိုးရ၏ ကျေးဇူးချီးမွမ်းခန်း ဖွင့်သည်။
ထုံးစံအတိုင်း မြို့တော်ဝန် (ဦး/ဗိုလ်ချုပ်) အောင်သိန်းလင်း၏ ကျေးဇူးချီးမွမ်းခန်း ဖွင့်သည်။
ထုံးစံအတိုင်း မြို့တော်ဝန် (ဦး/ဗိုလ်ချူပ်) အောင်သိန်းလင်း၏ အထ္တုပ္ပတ္တိ နှင့် တောင်ဥက္ကလာပသား ဖြစ်ကြောင်း အကျယ်တဝင့် ပြောကြားသည်။
ထုံးစံအတိုင်း (ဦး/ဗိုလ်ချုပ်) အောင်သိန်းလင်း ရွေးကောက်ပွဲ ဝင်မည့် အကြောင်း အကျယ်တဝင်ါ ပြောကြားသည်။
ထုံးစံအတိုင်း မိမိ၏ ရပ်ကွက်ကို ကောင်းအောင် ကြိုးစားသော၊ မိမိရပ်ကွက်သား (ဦး/ဗိုလ်ချုပ်) အောင်သိန်းလင်းကို မဲထည့်ကြရန် ပြောကြားသည်။
ထုံးစံအတိုင်း တတ်ရောက်လာသူများ တီးတိုးပြောကြသည်။
ထုံးစံအတိုင်း ကန့်ကွက်ရန် မရှိဟု ယူဆကြောင်း ဥက္ကဋ္ဌက ပြောကြားသည်။
ထုံးစံအတိုင်း တရပ်ကွက်လုံးက (ဦး/ဗိုလ်ချုပ်) အောင်သိန်းလင်းကို ကန့်ကွက်သူမရှိ ထောက်ခံကြောင်း အစည်းအဝေးတွင် ဆုံးဖြတ်ချက် ချသည်။
ထုံးစံအတိုင်း ဥက္ကဋ္ဌက နိဂုံးချုပ် မိန့်ခွန်းပြောကြား၍ အစည်းအဝေးကို ရုတ်သိမ်းလိုက်သည်။
ထုံးစံအတိုင်း ၂၀၁ဝ ရွေးကောက်ပွဲကြီး အဆုံးသတ်သွားပြီလား?

(မှတ်ချက် – ဖြစ်ရပ်မှန် အခြေခံ …)

လမ်းပေါ်က မြန်မာပြည်သား
(မိုးမခ မီဒီယာက ကူးယူဖော်ပြသည်။)

8 comments

  • Pyaung Gye

    July 15, 2010 at 9:39 am

    အရေးကြီးတာက စောံရူးတွေနောက်လိုက်ပြီး မရူးကြဘို့ဘဲ

  • khinmintatthu

    July 15, 2010 at 12:03 pm

    ဒီလိုပါပဲ……

  • intro

    July 15, 2010 at 12:23 pm

    ထုံးစံအတိုင်း ဘာမှလုပ်လို့မရပဲ ကြည့်ရုံသာ ကြည့်နေရသည်… 😀

  • cobra

    July 16, 2010 at 5:52 am

    ထုံးဆံအတိုင်းပြည်သူတွေဘဲကျွန်ဖြစ်နေတယ်။
    ထုံးဆံအတိုင်းပြည်သူတွေဘဲအဖြည့်ခံဖြစ်နေတယ်။

  • khaung shan

    August 3, 2010 at 11:24 am

    ထုံးစံကိုမပြစ်ပယ်ခြင်းဖြစ်ပါသည်….။

  • hinthada

    August 12, 2010 at 6:22 am

    ထိုင်ပဲ ကြည့်နေတော့ပါမည်။နားတွေတော့ ပိတ်ထားလိုက်ချင်တယ်။ဒါပေ့မဲ ………….

  • fatty

    August 12, 2010 at 7:04 am

    One of the rules and regulations of 2008 constitution law ..is …. for the new governor, taking any action is not allowed when they do according to their duties. That means if we strike, they can fire, arrest , violence to the public , but no action for them.

Leave a Reply