စိတ်မာဆတ် ၂

black chawNovember 17, 20121min24224

ကြားပြီးကြပြီလားဗျ…။
ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတဲ့…။
လှလိုက်တဲ့ စကားလုံး…။
ဘယ်လိုပုဂ္ဂိုလ်အကောင်းစားကြီးတွေက တီထွင်သုံးစွဲသွားတာတဲ့လဲ…။
ခုရှုပ်မှနောင်ရှင်း…
မှတ်တမ်းလေးတော့ တင်ထားသင့်တယ် ထင်မိပါတယ်…။
နောင်တစ်ချိန်…ဂုဏ်ပြုသင့်ရင်လည်း နာမည်တတ်ပြီး ဂုဏ်ပြုရအောင်ပေါ့…။
အဲ…အဲ ငါ နဲ့ ကိုင်တုတ်စရာရှိရင်လည်း နာမည်တတ်ပြီး ကိုင်တုတ်လို့ရတာပေါ့ နော့်…။
ဟေးဟေး…။
:mrgreen:
အဲဒါနဲ့ ပတ်သက်လို့ ကာတွန်းလေးတစ်ကွက် ဖတ်မိဘူးတယ်…။
ရေးသူအမည်မမှတ်မိတော့တာကိုတော့ ခွင့်လွှတ်ပေးပေါ့ဗျာ…။
ဆင်းရဲတဲ့လူတွေက အများစု…၊ ချမ်းသာကြွယ်ဝသူတွေက အနည်းစုဆိုတော့
ဆင်းရဲမွဲတေမှုကိုတိုက်ဖျက်တာထက် ချမ်းသာကြွယ်ဝမှုကို တိုက်ဖျက်တာက ပိုလွယ်ပါလိမ့်မယ်တဲ့…။
ဟုတ်တော့လည်း အဟုတ်သားဗျ…။
ဆင်းရဲမွဲတေသူတွေအနေနဲ့ ဖုန်းတောင်မကိုင်နိုင်ကြသေးတဲ့အချိန်မျိုးကြီးမှာ…
နံပတ်အပူးနဲ့ ကျပ် ၂ သိန်းတန် GSM ဖုန်းတစ်လုံးကို ကျပ် ၄ရ သိန်းနဲ့ လေလံဆွဲဝယ်ယူသွားတယ်ဆိုတဲ့ သတင်းကလည်း
ခုရက်ပိုင်း လူပြောများလို့ နေပါတယ်ဗျာ…။
အော်…မုဒိတာပွားနိုင်ပါတယ် ကျောင်းဒကာရယ်…။
သူ့ဒေါသနဲ့သူ…၊ သူ့ငွေနဲ့သူ…၊ သူ့ရူးသွပ်မှုနဲ့သူ…၄ရ သိန်းမကလို့ သိန်းတစ်ရာပဲပေးဝယ်ဝယ် ဘလက်ကြီးတို့က
အနေသာကြီးပါ…။
အဲဒီသတင်းအပေါ် ခင်ဗျားတို့ကရော ဘယ်လို မှတ်ချက်မျိုးပေးမယ်တဲ့လဲ…သိချင်မိပြန်တယ်ကျောင်းဒကာရေ…။
နောက်ထပ်လူပြောများနေပြန်တာက…
ပျင်းထန်တဲ့ Sexy အလှပိုင်ရှင် မိုးဟေကို ရဲ့ အိမ်ထောင်ရေး အကြောင်းပါဗျာ..။
အချစ်ရေးအကြောင်းမေးရင် အေးဆေးပါ လို့ ဖြေလေ့ရှိတဲ့ မိုးဟေကိုတစ်ယောက် သူမရဲ့ယောက်ျားဖြစ်သူ
ကိုညီညီထွန်း နဲ့ အိမ်ထောင်ရေးအဆင်မပြေ ဖြစ်နေကြတဲ့ သတင်းလေးပါဗျာ…။
နိုင်ငံပိုင်သတင်းစာကြီးတွေထဲမှာ သူမနဲ့ သူမယောက်ျားဖြစ်သူတို့ရဲ့ ရှေ့နေတွေ
အပြန်အလှန်ကြော်ညာနေကြတာကိုဖတ်ပြီး ပရိသတ်က အံ့ဩချင်သလိုနဲ့ မအံ့ဩကြဘူးတဲ့ဗျာ…။
ဟုတ်တယ်လေ…၊ မိုးဟေကို မှာ ယောက်ျားရှိတယ်ဆိုတာ ပရိသတ်တွေအားလုံးနီးပါး သိထားပြီးသားပဲ…။
ဟင်းဟင်း…ပရိသတ်က အချဉ်မဟုတ်ပါဘူးကွယ်…။
အဲဒီမိုးဟေကိုကြီးရဲ့အလှကမှ ပျင်းထန်တဲ့ Sexy အလှပါလို့ ကိုနိုဇိုးမိကြီးပြောခဲ့ဘူးတာ အမှတ်ရနေမိပါတယ်ဗျာ…။
အော် ကိုနိုကြီးရယ်… ဖြစ်မှဖြစ်ရလေ…။
:mrgreen:
နောက်ထပ်လူပြောများလို့နေပြန်တာကတော့ New Watch ဂျာနယ်ထဲပါခဲ့တဲ့ ဆရာသရဝဏ်(ပြည်) ရေးခဲ့တဲ့
ဆောင်းပါးထဲက သုံးကြောင်းကျက် သံအမတ်ကြီး ဆိုတာလေးပါဗျာ…။
ဟိုတုန်းကတော့ ကြားခဲ့ဖူးပါတယ်…။
ဘာတဲ့ ဝန်ကြီးတစ်ယောက်က ရေသန့် စက်ရုံတစ်ရုံရဲ့ ဝန်ထမ်းတွေကိုပြောတာတဲ့
PH7 ကနေ PH8 တို့ PH9 တို့ ထုတ်လုပ်နိုင်အောင် ကြိုးစားကြဆိုလား..ဟေးဟေး..ဟုတ်မဟုတ်တော့ မသိဘူးနော်…။
အခုက သုံးကြောင်းကျက် သံအမတ်ကြီး တဲ့…။ အထူးအဆန်းတွေဗျာ…။
“—————- နိုင်ငံမှာရှိတဲ့ မြန်မာသံအမတ်ကြီးဟာ အင်္ဂလိပ်စကားပြောရင် အမြဲတမ်းသုံးကြောင်းပဲပြောတယ်…။ ပြီးရင် ဘာမှ ဆက်မပြောတော့ဘူး” တဲ့…။
ဥပမာ…

ကျွန်တော်ဟာ မြန်မာနိုင်ငံက သံအမတ်ကြီးပါ…။
မြန်မာနိုင်ငံဟာ အရမ်းကိုသာယာပါတယ်…။
မြန်မာနိုင်ငံကိုလာလည်ဖို့ ဖိတ်ခေါ်ပါတယ်…။

အဲဒီသုံးခွန်းပြောပြီးရင် ဘာမေးမေး ဆက်မပြောတော့ဘူးတဲ့…။
အကြောင်းရင်းကတော့ စကားပြန်ခန့်ထားရင် အင်္ဂလိပ်လိုမပြောတတ်တာကို နေပြည်တော်က လူကြီးမင်းတွေ သိကုန်မှာ စိုးရိမ်လို့ပါတဲ့…။
အဲဒါကြောင့် ဘယ်သူနဲ့တွေ့တွေ့ အလွတ်ကျက်ထားတဲ့ သုံးကြောင်းကိုချည်း ပြောနေလို့ သုံးကြောင်းကျက် သံအမတ်ကြီးရယ်လို့ နာမည်ရသွားတာပါတဲ့…။
အဲဒါလေးဖတ်ပြီး ဘလက်ကြီးကတော့ အားတော်တော်တက်သွားတယ်…။
ဘယ်…သုံးကြောင်းလောက်ကျက်ထားရင် သံအမတ်ကြီးလုပ်လို့ရတယ်ဆိုတော့…
Broken နဲ့ ကိုယ်ဟန်အမူအရာအကူအညီနဲ့ နားမလည်…လည်အောင်ပြောတတ်တဲ့ ဘလက်ကြီးဆိုရင်
နိုင်ငံခြားရေးဝန်ကြီးလောက်တော့ အသာလေး..ဟေးဟေး။
အော်…အလိုလိုနေရင်းအကုသိုလ်စိတ်ဖြစ်နေပြန်ပါပြီ…။
ကိုယ်မတတ်ဘူးထင်လို့ အားငယ်နေတာ…ကိုယ့်ထက်ပိုဆိုးတဲ့လူရှိနေသေးတာပဲဆိုပြီး ဝမ်းသာစိတ်ဖြစ်နေမိတယ်ဗျာ…။
ခွင့်လွှတ်ပါ…။
:mrgreen:
မန်းဂဇက် ရွာထဲမှာတော့ Foreign Resident ဆိုတဲ့ ရွာသားကြီးတစ်ယောက်နဲ့ ရွာသူရွာသားအချို့ရဲ့
ချစ်ကြည်ရေးငြင်းခုန်ပွဲလေး ကျင်းပလို့ နေလေရဲ့ဗျာ…။
အော်…သူကြီးစကားငှားပြောရရင် ငြင်းခုန်ခြင်းကအနုပညာပေါ့နော့…။
လွှတ်သာထားလိုက်…
စိတ်ကြိုက်သာ ငြင်းကြပလေ့စေ…
ငြင်းကြခုန်ကြရင်း အဖြေတစ်ခုတော့ ထွက်ချင်ထွက်လာနိုင်ကောင်းပါရဲ့…။
သေချာအောင်ထပ်မေးချင်တာက ငြင်းခုန်ခြင်းက အနုပညာလား အတတ်ပညာလား သူကြီးရေ…။
:mrgreen:
ဒီရက်ပိုင်းတင်ခဲ့တဲ့ ပို့စ်တွေထဲမှာတော့ နန်းတော်ရာသူ ရဲ့ သူ့နေရာနဲ့သူ ဆိုတဲ့ ရသပို့စ်လေးက တန်ဘိုးကြီးလို့ နေပါတယ်ဗျာ…။
သူမတင်ခဲ့တဲ့ … ပို့စ်လေးကို ဗဟိုပြုပြီး ဆွေးနွေးငြင်းခုန်စရာပို့စ်လေးတွေ တက်လာနေတာကြောင့်ပါ…။
ဗရာဘိုပါ နန်းတော်ရာသူ ရေ…။
ထပ်ပြီးထူးခြားပြန်တာက မန်းဂဇက်ထဲ လူချစ်လူခင်များတဲ့ ရွာသားတစ်ဦးဖြစ်တဲ့
ကိုရှုံး တစ်ယောက် စိုင်းကွမ်းခေး ဆိုတဲ့ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ ကလောင်နာမည်ကို
ပြောင်းလိုက်တာပါပဲ…။
ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ် ကိုစိုင်းရေ…။
ကိုစိုင်းလို့ ခေါ်ခွင့်ပြုပါဗျာ…။
သတင်းထပ်ပေးချင်တာက ရွာသားဟောင်းကြီး ကိုပေါက်တစ်ယောက် ပွိုင့်တစ်သိန်းပြည့်လုပြည်ခင် ဖြစ်နေပြီဆိုတာရယ်…
ကိုပေ နဲ့ Etone တို့က ပွိုင့်ကိုးသောင်းကျော် တစ်သိန်းနီးပါးနဲ့ နောက်မှာ ကပ်ပါလာနေတယ်ဆိုတာရယ်…
အဲဒါလေးပါဗျာ…။
ကိုစံလှကြီးရဲ့ ကျနော်နဲ့ မန်းဂေဇက်ရဲ့ စည်းကမ်းချက် အမှတ် ၁၃ ပို့စ်နဲ့ ကွန်းမန့်တွေကလည်း
စိတ်ဝင်စားဖို့ကောင်းလို့ စောင့်ဖတ်နေကြတယ်ဆိုတဲ့အကြောင်း…။
ဒီလောက်ပါပဲ ကျောင်းဒကာတို့ရေ…
စိတ်အညောင်းပြေနိုင်ကြပါစေ…။

ချစ်ခင်လေးစားတဲ့
ဘလက်ချော…။

24 comments

  • ခိုင်ဇာ

    November 17, 2012 at 4:29 pm

    ခုရက်ပိုင်း စိတ်အညောင်းပြေချက်ကတော့ မပြောချင်ဘာဘူး ကိုဘလက်ရယ်။
    ခုဖတ်ပြီးရလိုက်တာတွေကတော့ဖြင့် ကိုနိုကြီးရဲ့ မိုးလေးအလှဖွဲ့ကို ထောက်ခံပါတယ်။
    ကျနော်အရင်က သံတမန်တို့ နိုင်ငံခြားရေးဝန်ကြီးတို့လည်း အင်မတန်ဖြစ်ချင်တာပါ့။ အဟိ။ ဒီ သုံးကြောင်းကိုသိရတာ အတော်နောက်ကျလေခြင်း။ :mrgreen:
    ရသ စာပေတွေကတော့ များလေ ကြိုက်လေပဲ။ ငြင်းတော့ ငြင်းချင်ဘူးရယ်။ ဖတ်ပဲ ဖတ်ချင်တာ။
    ခုလို ဖတ်လိုက်ရေးလိုက်ရတော့ စိတ်အညောင်းပြေဖြစ်သွားပါပေါ့။ လက်နည်းနည်း ညောင်းလို့။

    ဒါနဲ့ စကားမစပ် ကျနော် ရန်ကုန်ကို လာစရာရှိပါ၏။ ဘယ်လို ဆက်သွယ်ရမည်နည်း။

  • myanmarcitizen

    November 17, 2012 at 4:38 pm

    သူ့ feeling နဲ့သူပေါ့ဗျာ။ နံပါတ်က ၄တွေချည်းပဲဆိုတော့လဲ မိုက်တော့အမိုက်သားဗျ။ နှစ်လုံးပူးစာတပ်နိုင် သူကနှစ်လုံးပူး၊ ၃ လုံးတပ်နိုင်သူက ၃လုံးပူး၊ ၄လုံးတပ်နိုင်သူက ၄လုံး၊ အကုန်အပူးတပ်နိုင်သူက အကုန်လုံး ပူးကြလေသတည်းပေါ့။
    ကားနံပါတ်ပူးတာတော့သပေါမကျဘူးဗျ တစ်ခုခုဆို ကိုယ့်နံပါတ်က အသိသာကြီးရယ် စာရွက်နဲ့ဘောပင်တောင်မလိုဘူး 🙂

  • aye.kk

    November 17, 2012 at 5:46 pm

    အားပေးဖတ်ရှူသွားပါ၏
    စိတ်အညောင်းပြေလို ့ကျေးဇူးပါ။
    သုံးကြောင်းတတ်ထိုလူများအတွက်သာ…။
    (စိတ်မာဆတ်တတ်သည့်သုံးကြောင်း
    မပြောင်းဇနပုဒ်မကောင်းအမှန်သိကြရန်)

  • nozomi

    November 17, 2012 at 6:06 pm

    ဆရာ များများ ရေး မရ လို ့ နောက် မှထပ်လာခဲ့မယ်

    ဆရာ သရဝဏ်(ပြည်) လို ့ တော့ လုပ်ပါ ဆရာ ရယ်
    သက်မွန်မြင့် မြင်မှ. မိုးလေး ကို လာထိုး ပေး လို ့ တော့ မရဘူးနော

  • pazflor

    November 17, 2012 at 6:16 pm

    ညစာ စားပွဲဖိတ်တော့ လာတဲ့ သံတမန်ဧည့်သည်တော်များကို တံခါးဝကနေ
    “Good night. Welcome” ဆိုတဲ့ သံအမတ်လည်းရှိဖူးတယ်တဲ့ ခင်ဗျ။ :hee:

  • စိန်ဗိုက်ဗိုက်

    November 17, 2012 at 7:28 pm

    ဆိတ်တော့ အညောင်းပြေသွားပြီဗျ
    လူအညောင်းပြေဖို ့ ကေတီဗီလိုက်ပို ့တော့

  • မောင်ပေ

    November 17, 2012 at 7:56 pm

    ဆီလေးပါ လူးပြီး ဆွဲလိုက်ရင်
    ပိုအညောင်းပြေမယ်ဗျ
    အဲဒါ..အဲဒါ

    • ကထူးဆန်း

      November 17, 2012 at 9:10 pm

      ဘာဘဲပြောပြော အရင်က ဆြာကြီးတွေ ငါ့ ဟိုနံပါတ် ချန်ထား စမ်း ဆိုတာလေး မလုပ်နိုင်တော့တာတော့ ကြိုဆိုရမလား မသိ .
      ကိုး ဂဏန်း ကားနံပါတ်တွေ ရှိသေးတယ် ။ ဗိုလ်ချုပ် အဆင့် နဲ့ အထက် အပေါင်းအပါ ကိုပေပြောပြေော နေတဲ့ ခရိုနီ တွေလောက်မှ အဲ့ဒီ့ကား နံပါတ်ရနိုင်တာ ဆိုတော့ နောက်ထပ် အရေးအခင်းဖြစ်ရင် အဲ့ဒီ့ကားတွေထုရုံဘဲ … :harr:
      ဇုန်ထုတ် ၈ / တော့ ယူမစီးကြဘူး ..

  • စိုင်း ကွမ်းခေး

    November 17, 2012 at 9:54 pm

    ဘ ဘလက်ရေ..

    မန်းဂဇက်ထဲ လူချစ်လူခင်များတဲ့ ရွာသားတစ်ဦးဖြစ်တဲ့ ဆိုတဲ့စကားထက်
    လူတစ်ကာကို ဖင်ပိတ်ငြင်းနေတဲ့သူတစ်ယောက်ဆို ပိုမှန်မယ်ထင်ပါတယ်..

    ဘာပဲပြောပြော ခုလိုသတိထားမိတဲ့အတွက် ကျေးဇူးတင်ပါကြောင်း

  • myanmar oscar

    November 18, 2012 at 12:14 am

    အခုလို ကိုဘလက်ရဲ့ အရေးလေးကိုဖတ်လိုက်ရတော့လဲ
    အပြင်းလဲအတော်ပြေသား၊အညောင်းလေးတော့မိသွားပြီ
    ဘေးနားမှာလဲခပ်ချောချောကောင်းမလေးနှစ်ယောက်ရောက်နေပြီ
    သူတို့ကျွန်တော့်ကိုနှိပ်ပေးတော့မယ်၊အရသာရှိလိုက်တာ
    ဇိမ်ပဲ ကိုကို ဘလက်ကိုတစ်ယောက်တစ်ယောက်သွားနှိပ်ချည်တော့………
    (စိတ်ကူးကြည့်တဲ့ စိတ်မာဆတ်)….။

  • kyeemite

    November 18, 2012 at 6:08 am

    ကိုဘလက်တစ်ယောက်
    အရေးသွက်လာတာတွေ့လို့ဝမ်းသာပါ၏။
    စိတ်ကို နှိပ်နယ်ပေးလို့ကျေးဇူးပါဗျာ…

  • thit min

    November 18, 2012 at 9:17 am

    ကိုဘလက်ရေ

    မိုးဟေကို ဆိုလို့ သူတို့ အဆင်ပြေစဉ်က အဖြေပေးတဲ့ပွဲဆိုလား(တကယ်က ဘာဒ်ဒေးပါတီပါ)
    ယူကျူ့ ကြည့်ချင်ရင်
    http://www.youtube.com/watch?v=GL_KbOiMshM

    နောက်တခုက
    ကိုဘလက်က အမြဲလိုလို ကိုနိုဇိုးမိ ကို မင်းသမီးတွေပေးလေ့ရှိတယ်။
    ကိုနိုဇိုးမိနဲ့ ကိုဘလက်တို့ အဲဒီလိုဖြစ်ရတဲ့အကြောင်း စာတပုဒ်ဖတ်ချင်တယ်ဗျာ။
    ဝန်ခံချက်ခေါ်မလား အကြောင်းရင်းခေါ်မလား ဘယ်လိုဘဲခေါ်ခေါ် ရေးစေချင်ပါတယ်။

    နောက်တခုကတော့
    ကိုနိုဇိုးမိရေ (ကိုနို ခေါ်နေကြဆိုရင်တော့ရှိပါစေနော်)
    မိုးကြီး ဆိုတာ ထက်ထက်မိုးဦး ။
    မိုးလတ် ဆိုတာမှ မိုးဟေကို။
    မိုးလေး ဆိုတာ က မိုးယုစံ။
    လို့ ဆယ်လီဘရစ်တီ ဂေါ့ဆစ်တွေမှာ တွေ့ဘူးပါရဲ့။
    ဆိုတော့ မိုးဟေကို ကမိုးလတ် ပါတဲ့ဗျ။
    ပါးရိုက်နာမည်ကြီး မမိုးကြီး။
    အိမ်နဲ့အမှုပါတ် မမိုးလတ်။
    သူ့ဟာသူအေးဆေး မမိုးလေး။ လို့ ဆိုချင်တယ်ဗျာ။

    • Inz@ghi

      November 19, 2012 at 10:41 am

      ဟာဂျာ … ဟာဂျာ …
      မိုးမပါဂျေးဗျာ …

      :'(

      ဟိ

      :kwi:

  • Foreign Resident

    November 18, 2012 at 9:52 am

    ” နံပတ်အပူးနဲ့ ကျပ် ၂ သိန်းတန် GSM ဖုန်းတစ်လုံးကို
    ကျပ် ၄ရ သိန်းနဲ့ လေလံဆွဲဝယ်ယူသွားတယ် ”

    ဒီလို မြင်သာ ထင်သာ လေလံတွေကို များများ လုပ်ပေးရမယ် ။
    ဒါမှ သူဋ္ဌေးတွေဆီက ပိုက်ဆံ အစိုးရကတဆင့် ပြည်သူဆီ ရောက်မှာပေါ့ ။
    အခု သူဋ္ဌေးကလည်း ဖုန်းနံပါတ် လှလှလေးရလို့ ကျေနပ် ။
    ရတဲ့ ပိုက်ဆံကလည်း အစိုးရဆီကနေ တဆင့် ၊
    ပညာရေး ၊ ကျန်းမာရေး ၊ ကာကွယ်ရေး သင့်သလိုရောက် ။
    အဲဒါမှ Win – Win Situation ခေါ်တယ် ။

    အစိုးရဆီ တရားဝင်ရောက်တာ မလိုချင်ပဲ ၊
    ဝန်ထမ်းက လာဘ်စားပြီး လုပ်ပေးတဲ့ခေတ် ပြန်သွားချင်လို့လား ။

    ကားနံပါတ်ပါ လေလံတင်သင့်တယ် ။

    • ဦးဦးပါလေရာ

      November 19, 2012 at 11:09 am

      ဟင့်… 🙁

      ကိုယ်မန့်မယ့်ဟာကို သူကအရင်ဦးအောင်မန့်သွားတယ်…
      အခုမှတော့ ကိုယ့်အတွေးနဲ့ကိုယ်ပြောလဲ သူပြောတာနဲ့တူလို့
      သူ့ဂိုဏ်းထဲဆွဲသွင်းပြီး ရောယောင်သွေးကြွေးဆပ်ခံရဦးမယ်…….

      ပြောတော့ဘူးဗျာ…

  • ဦးဦးပါလေရာ

    November 19, 2012 at 11:14 am

    ((((စိုင်းကွမ်းခေး ဆိုတဲ့ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ ကလောင်နာမည်))))

    အဲဒါလေးတော့ သဘောကျတယ်
    အရင်နာမည်ဟောင်းက ခေါ်လို့လဲမကောင်းဘူး
    ကိုစိုင်းကွမ်းခေးက အောင်မြင်နေတဲ့လူမို့လို့
    (သူဌေးဖြစ်နေတယ်လို့မဆိုလို၊ ကိုယ့်ဝီရိယ် ကိုယ့်စိတ်ဓါတ်က အကျိုးပေးပြီး ကိုယ့်ရည်မှန်းချက်အတိုင်းအကောင်အထည်ဖေါ်နိုင်နေတာကို ဆိုလိုပါသည်)
    အရင်နာမည်နဲ့လဲ မလိုက်ဖက်ပါကြောင်း…
    လူတော်တွေကို မုဒိတာပွားပါကြောင်း……

  • jullies cezer

    November 19, 2012 at 5:10 pm

    ကိုရင်ရူံးက နာမည်ပြောင်းကမွန်းတပ်လဲမလုပ်ဘဲနဲ့ ခပ်တည်တည်ပဲ
    နာမည်ပြောင်းပစ်တယ်နော် ကောင်းပါတယ် ရှုံးပါတဲ့နာမည်ကြီးကို
    မကြိုက် စကားမစပ် စိုင်းကွမ်းခေး ဆိုတော့ ကွမ်းကြိုက်လို့လားဟင် 🙂

  • Shwe Ei

    November 19, 2012 at 5:32 pm

    ချမ်းသာကြွယ်ဝမှုကို တိုက်ဖျက်မဲ့အစား ဝေမျခံစားကျရင်ရော
    မကောင်းဘူးလား အူးဘလက်ရေ။
    *အချောင်ခိုချင်သူဟု မယူဆစေလိုပါ :mrgreen:

    ခင်တဲ့
    မရွှေအိ

  • blackchaw

    November 20, 2012 at 9:16 am

    @ ခိုင်ဇာ :
    ဘလက်ချော ရဲ့ စိတ်အနှိတ်ခန်းကို ပထမဆုံးကြွရောက်အားပေးတဲ့
    Customer မခိုင်ဇာ ကို ကျေးဇူးအထူးပါဗျာ…။
    အခုတလော သိတ်လေးနက်တာကြီးတွေ တွေးဖို့ ရေးဖို့
    စိတ်ရောကိုယ်ရော မအားလှပါဘူးဗျာ…။
    ဒါကြောင့် ဂျာနယ်ထဲကသတင်းလေးတွေကို ပေါ့ပေါ့ပါးပါး ဖတ်လို့ရအောင်
    ပြန်ရေးလိုက်တာပါ…။
    နောက်လည်း ဝင်ရင်လည်း ကြုံပါဦးဗျာ…။
    :mrgreen:

    @ myanmarcitizen :
    ဟုတ်ပါတယ် ကို myanmarcitizen ရေ…။
    သူ့ဖီလင်နဲ့ သူပဲပေါ့ခင်ဗျာ…။
    ကျွန်တော်ကလည်း ခင်ဗျားတို့ရဲ့ အခုလို မှတ်ချက်မျိုးလေး ဖတ်ချင်လို့ ထည့်ရေးလိုက်တာပါဗျာ…။
    ကွန်းမန့်လေးအတွက် ကျေးဇူး အထူး…။
    :mrgreen:

    @ မိုးသောက်ချိန် :
    အင်…မိုးသောက်ချိန်က မာဆတ်ပါးဝလွန်းတယ်နော်…
    ၂ ဆက်ရှင် ယူရင် ၁ ဆက်ရှင် ဖရီးတဲ့…။
    ဘာတွေလာပြောနေမှန်းလဲ မသိဘူး…လူဆိုး….။
    :mrgreen:

    @ aye.kk :
    အားပေးဖတ်ရှုသွားတာအတွက်ရော…
    စိတ်အညောင်းပြေသွားတယ်ဆိုတာအတွက်ရော…
    ကျေးဇူးပါ အစ်မ aye.kk ရေ…။
    :mrgreen:

    @ nozomi :
    နောက်မှထပ်လာခဲ့မယ်ပြောပြီး အပျော်ကြံသွားတာကို စိတ်မကောင်းဖြစ်မိပါတယ်…။
    :mrgreen:

    @ pazflor :
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ ဗျာ…။
    :mrgreen:

  • MaMa

    November 20, 2012 at 9:31 am

    စိတ်မာဆတ်ဆိုလို့ ၁ဆက်ရှင် အဆစ်တောင်းတဲ့သူက တောင်းနေပြီ။
    မောဖို့သာပြင်ပေရော့။ :hee:

    ခုရက်ထဲ ငြင်းခုံသံတွေကြားထဲမှာ စိတ်မာဆတ်ကြောင့် တကယ်ကို စိတ်အမောပြေသွားပါတယ် မာဆတ်ဆရာကြီးရေ။
    (ကျောင်းဒကာ နာမည်တော့ ပျက်ပြီ) :kwi:

  • blackchaw

    November 20, 2012 at 9:52 am

    @ စိန်ဗိုက် :
    ဘယ့် နှယ့် လူအညောင်းပြေဖို့ ကေတီဗီ လိုက်ပို့ရမလဲဗျာ…။
    နင်ပြောတော့ ကေတီဗီ က ကိုယ်က ပြန်နှိတ်ပေးရတာပါဆို…။
    :mrgreen:

    @ မောင်ပေ :
    ဆီလူးချင်ရင် အမတ်မင်းကို ဆက်သွယ်ပါ ညီလေးရေ…။
    အခုလက်ရှိ အမတ်မင်းကြီး ရုံးထိုင်တဲ့နေရာမှာ ဆီလူးလို့ရတယ်ဆိုလား…
    နားစွန်နားဖျားကြားရတာပဲဗျာ…။
    :mrgreen:

    @ ကထူးဆန်း :
    ဗိုလ်ချုပ်အဆင့်နဲ့ အထက်ဆိုတော့ ကိုပါလေရာကြီးတို့ လို လူတွေပေါ့နော့…။
    နောက်ထပ်အရေးအခင်းဖြစ်ဖို့ များ သူကမျှော်နေသေးတယ်…။
    လူဆိုး…။
    :mrgreen:

    @ စိုင်းကွမ်းခေး :
    ကွန်းမန်လေးဝင်ချီးမြှင့်ပေးသွားတာကျေးဇူးပါ ကိုစိုင်းရေ…။
    ဘာရယ်မဟုတ်ပါဘူးဗျာ…။
    အဲဒီ ကိုရှုံးဆိုတာကြီးကို ဖီလင်မလာလို့ပါ…။
    အခုကတော့ ကိုစိုင်းဖြစ်သွားပြီဆိုတော့ ရှိုင်း တယ်ဗျာ…။
    :mrgreen:

    @ myanmar oscar :
    စိတ်ကူးယဉ်လေးနဲ့တင် ချိုပါတယ် ဗျာ…။
    ဒါပေမယ့်…
    ကိုကိုဘလက်က မညောင်းတတ်ဘူးဗျာ…။
    အဲဒါ…။
    :mrgreen:

    @ kyeemite :
    စိတ်တွေ ညောင်းညာကိုက်ခဲနေတာ ပြေရဲ့လား ကိုကို…။
    နည်းနည်းအားထည့်ရဦးမလား ဟင်င်င်င်င် ?
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ ကိုမိုက်ရေ…။
    :mrgreen:

  • blackchaw

    November 20, 2012 at 10:12 am

    @ thit min :
    ကိုသစ်ကြီးက မြန်မာ့ရုပ်ရှင်လောကက မိုး တွေအကြောင်းလည်း သိနေပြန်ရောဗျာ…။
    ကိုသစ်ဖတ်ချင်တဲ့ ကိုနိုကြီးနဲ့ ကျွန်တော့် ကြားက ဆက်ဆံရေးလေးတစ်ခုကို
    ပို့စ်အဖြစ် ပြန်ရေးတင်ပါမယ်ဗျာ…။
    ကွန်းမန့်လေးအတွက်ကျေးဇူးပါ ကိုသစ်ရေ…။
    :mrgreen:

    @ ဂီဂီ :
    ဒါနဲ့ မိုး နဲ့ ညီလေးနဲ့ ကဘယ်လို ပတ်သက်နေတာလဲဗျာ…။
    မိုးနဲ့ ဂီဂီ ဆိုတဲ့ ပို့စ်လေးတစ်ပုဒ် ဖတ်ခွင့်ရရင် ဖတ်ချင်ပါကြောင်း…။
    :mrgreen:

    @ Foreign Resident :
    အဲဒီလို မှတ်ချက်လေး ကို မြင်ချင်လို့ထည့်ရေးလိုက်တာပါ အဘရေ…။
    အစိုးရဆီ တရားဝင်ရောက်တာကို မြင်ချင်ပါတယ်အဘရေ…။
    အရင်ကလည်း အဆမတန်တင်ထားတဲ့ဈေးနဲ့ အစိုးရကို ပေးခဲ့ကြပြီးပြီဗျာ…။
    အမြတ်ငွေတွေ နည်းနည်းနောနောလားဗျာ…။
    အခုကျတော့..
    လူမှုရေး၊ ကျန်းမာရေး ရန်ပုံငွေတစ်ခုခု ခေါင်းစဉ်တတ်ပြီး…
    လေလံပွဲကျင်းပရင် မကောင်းဘူးလားလို့ တွေးမိပါတယ်ဗျာ…။
    ဉာဏ်မီသလောက်လေး တွေးမိတာပါ အဘရေ…။
    ကွန်းမန့်လေးအတွက်ကျေးဇူးပါဗျာ…။
    :mrgreen:

    @ ဦးဦးပါလေရာ :
    ကိုရှုံးနာမည်ပြောင်းလိုက်တာကို ရွာသူားတော်တော်များများ
    အပြုသဘောဆောင်တဲ့ အမြင်နဲ့ ဝမ်းသာအားရဖြစ်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်
    ကိုပါကြီးရေ…။
    :mrgreen:

    @ jullies cezer :
    ကွန်းမန့်လေးအတွက်ကျေးဇူးပါ ဗျာ…။
    စိုင်းကွမ်းခေး ဆိုတော့ မြန်မာလိုအဓိပ္ပါယ်ရှိပါလိမ့်မယ်ဗျာ…။
    ကိုစိုင်း ဖတ်မိရင် ဖြေပါလိမ့်မယ်နော့…။
    :mrgreen:

    @ Shwe Ei :
    ချမ်းသာကြွယ်ဝမှုကို ဝေမျှ ခံစားကြမယ် တဲ့လားဗျာ…။
    ဆိုရှယ်လစ်စံနစ်ဆီ ပြန်သွားမလို့လား ရွှေအိရေ…။
    :mrgreen:

  • blackchaw

    November 20, 2012 at 10:16 am

    @ Ma Ma :
    နောက်ကျနေတဲ့ ကွန်းမန့်လေးအတွက် ကျေးဇူးပါ မမရေ…။
    စိတ်အမောပြေတယ်ဆိုလို့လည်း မာဆတ် ဖွင့်ရကျိုုးနပ်ပါတယ်ပေါ့ဗျာ…။
    :mrgreen:

Leave a Reply