— ရခိုင်အရေးနိုင်ငံတော်သမ္မတကြီးနှင့် ဘာသာရေးခေါင်းဆောင်များဆွေးနွေးချက်မှအဖြေများ၊ – Deleted by Admin

Yel KaungNovember 17, 20121min81

နေပြည်တော် နိုဝင်ဘာ ၁၆

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့ မွန်းလွဲ (၂) နာရီတွင် နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင် ဆရာတော်ကြီး အမှူးပြုသော ဆရာတော် ကြီးများ၊ အစ္စလာမ် ဘာသာဝင် အကြီးအကဲများနှင့် တွေ့ဆုံ၍ ရခိုင်ပြည်နယ် တည်ငြိမ် ရေး၊ အေးချမ်း သာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ညှိနှိုင်း ဆွေးနွေးကြသည်။

ယင်းသို့ တွေ့ဆုံရာတွင် ရခို်င်ပြည်နယ် ဖြစ်စဉ် အခြေအနေဆိုင်ရာများနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတ၏ ရှင်းလင်းပြောကြားချက်မှာ အောက်ပါအတိုင်းဖြစ်သည်-

အမျိုးဘာသာ သာသနာကို စောင့်ရှောက်ကြကုန်သော ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စင် ဆရာတော်ဘုရားများနှင့်တကွ အစ္စလာမ်ဘာသာကို ယုံကြည်ကိုးကွယ်ကြသော အစ္စလာမ် ဘာသာဝင် အကြီးအကဲများအား ယခုကဲ့သို့ ပင့်ဖိတ်ရခြင်းသည် ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအပေါ် သင်ခန်းစာများ ရယူပြီး နောင်တွင် အလားတူ ဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားစေရန် နိုင်ငံတော် အစိုးရမှ ဥပဒေနှင့်အညီ ဆောင်ရွက်နေမှုများနှင့် ကြွရောက်လာကြသော ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များထံမှလည်း အကြံဉာဏ်ကောင်းများ ရယူရန် ယခုကဲ့သို့ ဖိတ်ကြား တွေ့ဆုံ ရခြင်း ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် အတွင်း ရခိုင်ပြည်နယ်တွင် အတူတကွ နေထိုင်ကြသည့် သူများ အချင်းချင်း အကြမ်းဖက်တိုက်ခိုက်မှုများ၊ အကြမ်းဖက် သတ်ဖြတ်မှုများနှင့် နေအိ်မ်များကို အကြမ်းဖက် မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ် (၂) ကြိ်မ် ဖြစ်ပွားခဲ့ပြီး ထိုပြည်နယ်အတွင်း စုစုပေါင်း သေဆုံးသူ ယောင်္ကျား မိန်းမ (၁၆ရ ) ဦး၊ ဒဏ်ရာရသူ ယောင်္ကျား မိန်းမ (၂၂၃)ဦး ရှိခဲ့ပြီး မီးရှို့ ဖျက်ဆီးခံရသည့် အိုးအိမ်နှင့် အခြား အဆောက်အဦ ပေါင်း (၁၀၁၀၀) လုံး ရှိခဲ့ပါတယ်။ ထိုသို့အိုးအိမ်များ မီးရှို့ဖျက်ဆီး ခံရမှုကြောင့် အိမ်ထောင်စုပေါင်း (၁၆၉၈၀)၊ လူဦးရေ (၁၁၁၀၀၀) တို့သည် အိုးမဲ့၊ အိမ်မဲ့ ဖြစ်ပြီး အတိဒုက္ခများစွာ ရောက်ခဲ့ကြရသဖြင့် နိုင်ငံတော် အစိုးရနှင့်အတူ စေတနာရှင် ပြည်သူများ ကမ္ဘာ့ကုလသဂ္ဂဌာနေ အဖွဲ့အစည်းများ၊ နိုင်ငံအချို့နှင့် အသင်းအဖွဲ့ အချို့တို့မှ အကူအညီများ ရယူပြီး လတ်တလော အဆင်ပြေစေရန်အတွက် ကျွေးမွေး စောင့်ရှောက်ထားရပါတယ်။

ဤကဲ့သို့ ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းမှာ ရာဇဝတ်မှု ကျူးလွန်ဖြစ်ပွားခဲ့သည့် ဖြစ်ပွားမှု တစ်ခုအပေါ် မကျေမနပ်ဖြစ်ပြီး ဥပဒေကြောင်းအရ အရေးယူမှုကို လက်ခံ လိုက်နာရမည့်အစား ဒေါသအလျောက် အုပ်စုတစ်ခုနှင့်တစ်ခု သတ်ဖြတ်မှုများ ဖြစ်ပွား ကျူးလွန်ရာမှ ကြီးမားကျယ်ပြန့်သည့် အကြမ်းဖက်မှုအသွင်သို့ ကူးပြောင်းရောက်ရှိကာ ယခုကဲ့သို့ သေဆုံးမှု၊ ပျက်စီးမှုနှင့် အတိဒုက္ခရောက်မှုများ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ပါတယ်။ ဤ ဆုံးရှုံးမှုအားလုံးသည် နိုင်ငံတော်၏ ဆုံးရှုံးမှုများပင် ဖြစ်ပါတယ်။

ဤကဲ့သို့ ဒေသအတွင်း အကြမ်းဖက် သတ်ဖြတ်မီးရှို့မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွား လာစေရန် လူမျိုးစွဲ၊ ဘာသာစွဲ ပြင်းထန်သူ အချို့မှလည်း နောက်ကွယ်မှ မမှန်ကန်သော နည်းလမ်းများဖြင့် မြှောက်ပင့် သွေးထိုး လှုံ့ဆော်ပေးမှုများ ရှိခဲ့သည့်အပြင် ပြည်ပအဖွဲ့ အစည်း အချို့နှင့် နိုင်ငံအချို့တို့မှလည်း မမှန်မကန် လုပ်ကြံသတင်းများ ထုတ်လွှင့်၍ ပြဿနာပိုမို ကြီးထွားလာအောင် လုပ်ဆောင်မှုများလည်း ရှိခဲ့ပါတယ်။

မည်သို့ပင်ဖြစ်စေ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်၊ သတ်ဖြတ်၊ မီးရှို့၊ ဖျက်ဆီးမှုများသည် မိမိတို့ အစိုးရသစ်လက်ထက် အဖက်ဖက်မှ ပြောင်းလဲတိုးတက်နေသည့် အရှိန်အဟုန်ကို များစွာ ထိခိုက်စေပြီး ကမ္ဘာ့အလယ်တွင် မျက်နှာပျက်ဖွယ်ရာ ဖြစ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံအပေါ် စွပ်စွဲ ပြစ်တင်မှုများလည်း ဖြစ်ပေါ် ခဲ့ပြီး ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံအချို့နှင့်လည်း ပြဿနာများကို မိမိတို့ အစိုးရမှ ယနေ့တိုင် ရင်ဆိုင် ဖြေရှင်း နေရဆဲ ဖြစ်ပါတယ်၊

ရခိုင်ပြည်နယ်တွင် အစ္စလာမ် ဘာသာ ကိုးကွယ်သည့် ဘင်္ဂါလီလူမျိုးများသည် ဗြိတိသျှတို့ အုပ်စိုးစဉ်ကပင် ရှိခဲ့ပြီး ၁၈၇၂ ခုနှစ်၊ ဗြိတိသျှတို့ ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ မဟာမေဒင် (၅၈,၂၅၅) ဦးရှိခဲ့ပါတယ်။ ၎င်းတို့သည် လယ်ယာလုပ်ငန်းခွင်တွင် လာရောက် လုပ်ကိုင်ကြခြင်းဖြစ်ပြီး မူလက လယ်ယာလုပ်ငန်းခွင် ပြီးသည်နှင့် တစ်ဖက်နိုင်ငံသို့ ပြန်သွားကြသော်လည်း နောက်ပိုင်းတွင် မပြန်ကြတော့ဘဲ အတည်တကျ နေထိုင်လာခဲ့ ကြပါတယ်။ အတည်တကျ နေထိုင်သူများမှ ပေါက်ဖွားလာကြသူများ၊ တစ်ချို့ တရားမဝင် ဝင်ရောက်လာကြသူများ ရှိခဲ့သဖြင့် ယခင်အစိုးရအဆက်ဆက် လက်ထက်တွင် ဤကိစ္စကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် စနစ်တကျ စီမံဆောင်ရွက် တားဆီးခဲ့သည်များ ရှိခဲ့ပါတယ်။

၂၀၁၂ ခုနှစ်၊ ဇွန်လနှင့် အောက်တိုဘာလ ဖြစ်စဉ်များအတွင်း ရခိုင်ပြည်နယ်၏ မြို့နယ် (၁၇) မြို့နယ်အနက် (၁၁) မြို့နယ်၌ ပဋိပက္ခကြောင့် ပြည်သူများ ဒုက္ခခံစားခဲ့ကြရပါတယ်။ ဒုက္ခခံစားရသည့် ပြည်သူများတွင် အမျိုးသမီး (၅၃.၈%)၊ အမျိုးသား (၄၆.၂ %) နှင့် (၁၂) နှစ်အောက် ကလေး (၄၂.၉ %) ပါဝင်ကြောင်းတွေ့ရှိရသဖြင့် အဓိက ထိခိုက် ခံစားရသူများမှာ အမျိုးသမီးများနှင့် ကလေးများသာ ဖြစ်ကြောင်းတွေ့ရှိရပါတယ်။

ဒုက္ခသည်များ အသက်ရှင် ရပ်တည်နိုင်ရေးအတွက် လတ်တလော လိုအပ်သည့် လူသားချင်း စာနာမှု အထောက်အပံ့များ ပေးအပ်ရန် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှ ၂၀၁၃ ခုနှစ်၊ ဇွန်လအထိ တစ်နှစ်စာအမေရိကန် ဒေါ်လာ (၆၆.၅) သန်းခန့် လိုအပ်မည်ဟု ခန့်မှန်း တွက်ချက်ပါတယ်။ ၂၀၁၂ ခုနှစ်၊ ဇွန်လပဋိပက္ခအတွင်း ဒုက္ခရောက်ခဲ့ရသည့် ဒုက္ခရောက်ခဲ့ရသည့် ဒုက္ခသည် (၇၅,၀၀၀)အတွက် စားနပ်ရိက္ခာဖိုး သက်သက်ပင်လျှင် တစ်လလျှင် အမေရိကန်ဒေါ်လာ (၁) သန်းကုန်ကျခဲ့ပါတယ်။

ယင်းလူမှုပဋိပက္ခ ဖြစ်စဉ်များကြောင့် ဒုက္ခသည် (၁၁၁၀၀၀) ခန့်မှာ အတိဒုက္ခနှင့် ရင်ဆိုင်နေရသည် သာမက ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည့် ပြည်သူ (၃၂) သိန်း မှာလည်း စိတ်ချလုံခြုံမှုမရှိဘဲ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ကူးသန်း ရောင်းဝယ်မှု လုပ်ငန်းများအားလုံး ရပ်ဆိုင်းလျက်ရှိသည့် အခြေအနေနှင့် ရင်ဆိုင် နေရပါတယ်။ ပဋိပက္ခဖြစ်စဉ် မရှိခဲ့သော ရခိုင်ကျေးရွာများနှင့် ဘင်္ဂါလီကျေးရွာ အချို့တွင်လည်း ကူးသန်းရောင်းဝယ်မှု ရပ်ဆိုင်းခြင်းကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပါတယ်။

ဗုဒ္ဓဘာသာအခြေခံနှင့် လူမျိုးရေးစိတ်ဓါတ် ပြင်းထန်သော ရခိုင်တိုင်းရင်းသား လူငယ်အချို့နှင့် အစ္စလာမ်ဘာသာရေး အခြေခံ ဘင်္ဂါလီလူမျိုးအချို့တို့၏ အပြန်အလှန် အနှောက်အယှက် ပြုမှုများသည် ကုလသမဂ္ဂ ဝန်ထမ်းများနှင့် ပရဟိတဝန်ထမ်းများ၏ စားနပ်ရိက္ခာ ပြတ်လပ်သည့် ဒေသများသို့ ရိက္ခာဖြန့်ဝေမှုများကို နေ့စဉ်နှင့်အမျှ အနှောက်အယှက်ပြု ဟန့်တားလျက်ရှိသဖြင့် ပြည်သူများ၏ စားဝတ်နေရေးမှာ ပိုမိုကြပ်တည်းသော အခြေအနေသို့ ဆိုက်ရောက်လျက် ရှိပါသည်။ ယင်းသို့သော အခက်အခဲကြားမှပင် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှ အောက်တိုဘာလအထိ (၄) လ ကာလအတွင်း ဆန်အိတ် (၁၀၈၀၀၀) ခန့်ကို လက်ဝယ်ရောက်ရှိအောင် ဖြန့်ဝေခဲ့ရပါတယ်။

ရခိုင်ပြည်နယ်၏ လက်ရှိအနေအထားကို သုံးသပ်ပါက လက်ရှိဖြစ်ပွားနေသည့် လူမှုပဋိပက္ခ များ၏ အကျိုးဆက် အတိဒုက္ခများအပြင် မူလကပင် ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်း ( ၄၃.၅ %) ရှိပြီး ဒုတိယအများဆုံး ပြည်နယ် ဖြစ်နေခြင်း ၊ ၂၀၁ဝ ခုနှစ်အတွင်း ဘူးသီးတောင်မြို့နယ်၌ ရေကြီးမှုနှင့် ဂီရိမုန်တိုင်း တိုက်ခတ်မှုခံစားရသော မြို့နယ်များမှ ဒုက္ခသည်စုစုပေါင်း (၂၈၉,၀၀၀) ခန့် ရှိနေခြင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အာဟာရချို့တဲ့သူ ( ၂၀၀, ဝ၀၀) ခန့် ရှိနေခြင်းတို့သည် ပကတိစိန်ခေါ်မှုအဖြစ် တည်ရှိနေပါတယ်။ ခြုံငုံသုံးသပ်ပါက ရခိုင်ပြည်နယ်ရှိ ပြည်သူ (၃၂)သိန်းခန့် အနက် ပြည်သူ ( ၆ )သိ်န်း (၁၉%)ခန့်မှာ ဒုက္ခသည်များအဖြစ် ရောက်ရှိနေသည့် အခြေအနေ ဖြစ်ပါတယ်။ ယင်းဒုက္ခသည်များ အတွက် အစိုးရနှင့် ပြည်သူများ ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ အားလုံးမှ စုပေါင်း၍ ညီညီညာညာ ဝို်င်းဝန်း ဆောင်ရွက်ပေးနိုင်မှသာ ဒုက္ခသည်
( ၆ )သိန်းခန့်၏ အသက်ရှင် ရပ်တည်ရေးကို ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ အမှန်တစ်ရပ်ကို သုံးသပ်တွေ့ရှိရမည် ဖြစ်ပါတယ်။

၁၉၄၂ခုနှစ်ခန့် မှစတင်၍ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စတင်ဖြစ်ပွားခဲ့သည့် လူမှု ပဋိပက္ခ ဖြစ်စဉ်များမှာ စုစုပေါင်း ( ရ )ကြိမ် ခန့် ရှိပြီ ဖြစ်ပြီး ၂၀၁၂ ခုနှစ် ဖြစ်စဉ်များမှာ ယခင်ဖြစ်စဉ်များထက် ပိုမို ပြင်းထန်လာပြီး သာမန်လူမှုရေးဖြစ်စဉ်များမှ နိုင်ငံရေးဖြစ်စဉ် များသို့ ကူးပြောင်းအောင် ကြိုးပမ်း လှုံ့ဆော်မှုများ ပါဝင်လာသည်ကို တွေ့ရှိရပါတယ်။ လူမျိုးစုနှစ်စု အကြားရှိ မူလကပင်တည်ရှိနေသော လူမျိုး၊ ကိုးကွယ်မှု၊ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ ကွဲပြားခြားနားမှုကို အခြေခံလျက် လူမှုရေးတံတိုင်း ခြားနားအောင် ပိုမို လုပ်ဆောင်ခဲ့ခြင်းကြောင့် ပဋိပက္ခများ ဖြစ်ပွားရခြင်းဖြစ်ပါတယ်။

ယင်းကဲ့သို့ လူမျိုးစုနှစ်ခု၏ ကွဲပြားခြားနားမှုကို အခြေခံလျက် ပိုမို ကွဲပြားခြားနားအောင် တစ်ဖက်နှင့်တစ်ဖက် အသာစီးရအောင် ကြိုတင်စီမံ လုပ်ဆောင်နေကြသဖြင့် ပဋိပက္ခဖြစ်စဉ်များဆိသို့ ဦးတည်စေလျက် ရှိနေကြောင်း သုံးသပ်တွေ့ရှိရပါတယ်။ စင်စစ်အားဖြင့် ယနေ့ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကွဲပြားခြားနားသည့် လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများကိုပင် နိုင်ငံ၏ ကြွယ်ဝသော စွမ်းအားအဖြစ် ပြောင်းလဲကာ အသုံးချနေသည့် သာဓကများကို သင်ခန်းစာ ရယူရမည်ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းရှိ သာမန်ပြည်သူများ အနေဖြင့်မူ နိစ္စဓူဝ စားဝတ်နေရေး အဆင်ပြေရေး၊ အလုပ်အကိုင် ရရှိရေး၊ ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင် လုပ်ကိုင်စားသောက်လိုသည့် သဘောဆန္ဒများသာ ရှိနေပြီး ပဋိပက္ခကြောင့် အတိဒုက္ခ ရောက်နေရသည့် အခြေအနေမှ လွတ်မြောက်အောင် အစိုးရမှ ဆောင်ရွက်ပေးစေလိုသည့် ဆန္ဒများရှိနေကြောင်း တွေ့ရှိရပါတယ်။

လူမှုပဋိပက္ခဖြစ်စဉ်များ၏ အရင်းခံ အကြောင်းတရားများကို သုံးသပ်ရာတွင် သမိုင်းဖြစ်စဉ်နှင့် လူမျိုးရေးခံစားမှု၊ န်ိုင်ငံရေး အခြေအနေများ သာမက ပကတိမြေပြင် အခြေအနေနှင့် လူမှုစီးပွားရေးဘဝ အခြေအနေများသည်လည်း အရင်းခံအကြောင်းတရား ဖြစ်တည်မှုများအနေဖြင့် တွေ့ရှိရပါတယ်။ ပဋိပက္ခဖြစ်စဉ်များ၏ အရင်းခံ အကြောင်း တရားတွင် အောက်ပါ လူမှုစီးပွားရေး အချက်အလက်များက ပြဿနာ၏ အဓိက ရေသောက်မြစ်များ အဖြစ် တည်ရှိနေပါတယ်-

(က) လမ်းပန်းဆက်သွယ်မှု ခက်ခဲ၍ အထီးကျန် သီးခြား တည်ရှိနေခြင်း။

(ခ) ဆင်းရဲနွမ်းပါးမှု မြင့်မား၍ ပညာရေးနိမ့်ကျခြင်း။

(ဂ) စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း။

စင်စစ်အားဖြင့် ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးဝ ဖြစ်ပါတယ်။ အနောက်နိုင်ငံများနှင့်လည်းကောင်း၊ အရှေ့အလယ်ပို်င်း ဒေသနှင့် လည်းကောင်း၊ အာဆီယံနို်င်ငံများနှင့် လည်းကောင်း၊ အိနိ္ဒယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများ နှင့် လည်းကောင်း ကူးသန်းရောင်းဝယ်မှု အခွင့်အလမ်းကောင်းများ ရှိနေပါတယ်။ မြန်မာနိုင်ငံသာမက တရုတ်နိုင်ငံနှင့် အိန္ဒိယအရှေ့မြောက် ကုန်းတွင်းပိတ် ပြည်နယ်များ ကပါ ရခိုင်ပြည်နယ် ဆိပ်ကမ်းထွက်ပေါက်များကိုအသုံးပြုရန် စိတ်ဝင်စားမှုအပေါ် မိမိတို့က ကူးသန်းရောင်းဝယ်မှု ဗဟိုချက် ဖြစ်လာအောင် ဆောင်ရွက်ရမည် ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင် စစ်တွေဆိပ်ကမ်းနှင့် ကျောက်ဖြူရေနက် ဆိပ်ကမ်းတို့သည် ၂၀၁၃ ခုနှစ်တွင် နိုင်ငံတကာ ဆိပ်ကမ်းများအဖြစ် စတင် အသက်ဝင်လာတော့မည် ဖြစ်ပါတယ်။ အလားတူ သံတွဲလေဆိပ်၊ ကျောက်ဖြူ လေဆိပ်နှင့် စစ်တွေ လေဆိပ်များကိုလည်း နိုင်ငံတကာလေဆိပ်များ ဖြစ်လာအောင် အစီအမံများချမှတ် ဆောင်ရွက်လျက် ရှိပါတယ်။ တရုတ်နိုင်ငံ ကူမင်းမြို့မှ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အထိ မြန်မာနိုင်ငံကို ဖြတ်သန်းလျက် ဓါတ်ငွေ့ပိုက်လိုင်း၊ ရေနံပိုက်လိုင်းများ သွယ်တန်းထားပြီး ၎င်းတို့နှင့် အပြိုင် ကားလမ်း၊ ရထားလမ်းများ ဆောက်လုပ်ပြီးစီးပါက ရခိုင်ပြည်နယ်၏ လမ်းပန်း ဆက်သွယ်မှုမှာ ပြည်မနှင့် သာမကအရှေ့အနောက် ကမ္ဘာ့နိုင်ငံများ၏ စင်္ကြံလမ်းကြောင်း အဖြစ် ကူးသန်းရောင်းဝယ်မှု ဗဟိုချက် ဖြစ်လာမည် ဖြစ်ပါတယ်။

ကူးသန်းရောင်းဝယ်မှု ဗဟိုချက်ဖြစ်လာသည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများ စီးဆင်းလာပြီး ရခိုင်ပြည်နယ်၏ စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ဖွံ့ဖြိုးလာမည့် အခြေအနေကောင်းကို ပိုင်ဆိုင်လျက် ရှိပါတယ်။

စီးပွားရေးတိုးတက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းတိုးတက်မှုမှတစ်ဆင့် ပြည်သူများ၏ ပညာရေး၊ လူမှုရေးအဆင့်အတန်း တိုးတက်မြင့်မားအောင် ဆောင်ရွက်ပြီးစည်ပင် သာယာဝပြောသော ပြည်နယ်တစ်ခု ဖြစ်လာအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါတယ်။

သို့ရာတွင် ယင်းမျှော်မှန်းချက်များ၏ အဓိကသော့ချက်မှာ တည်ငြိမ်ရေး၊ အေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ဖြစ်ပါတယ်။ ယင်းသည်လည်း လူမှုပဋိပက္ခများ ချုပ်ငြိမ်းမှသာ ဖြစ်ထွန်းနိုင်မည် ဖြစ်ပါတယ်။

ယနေ့ ကမ္ဘာသည် Globalization ဖြစ်စဉ်ကြောင့် ကမ္ဘာတစ်ခုလုံးသည် ရွာကြီးတစ်ရွာ သဖွယ် ဖြစ်တည်လျက် ရှိနေပါတယ်။ ကမ္ဘာ့တစ်နေရာတွင် ဖြစ်ပွားသည့် ဖြစ်စဉ် မှန်သမျှကို မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း၌ တစ်ကမ္ဘာလုံးသို့ အလျင်အမြန် ပြန့်နှံ့ စေလျက် ရှိပါတယ်။ မည်သည့် ဖြစ်စဉ်ကိုမျှ ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့သည်ကို သတိပြုဖွယ်ရာ ဖြစ်ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂဝင် နိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံသည် ကမ္ဘာ့ နိုင်ငံအားလုံးနှင့် ထိတွေ့ ဆက်ဆံနေရသည့် အားလျော်စွာ လူသားများနှင့် သက်ဆိုင်သောကိစ္စ အရပ်ရပ်တွင် နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ဖြေရှင်းလိုက်နာဆောင်ရွက်ရန် တာဝန် ရှိနေပါတယ်။ နိုင်ငံအများအပြားက လက်ခံကျင့်သုံးလျက်ရှိသော လူ့အခွင့်အရေးစံချိန် စံညွှန်းများ၊ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက် ပါက ကမ္ဘာ့အလယ်တွင် မျက်နှာပျက်ဖွယ်ရာ အခြေအနေများနှင့် ရင်ဆိုင်ရမည် ဖြစ်ပါတယ်။ ရခိုင်ဒေသတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် ကိုယ့်ပြည်နယ်၊ ကိုယ့်လူမျိုးစု၏ အကျိုးစီးပွားကို ရှေးရှုရမည် ဖြစ်သော်လည်း မိမိအကျိုးစီးပွား တစ်ခုတည်းကိုသာကွက်၍ ရှုမြင်ခြင်းမပြုဘဲ ပိုမိုကျယ်ပြန့်သော အမြင်တရားဖြင့် ရှုမြင်ပြီး မြန်မာနိုင်ငံနှင့် တစ်မျိုးသားလုံး၏ အကျိုးစီးပွားနှင့် ကမ္ဘာ့မိသားစုဝင် နိုင်ငံများအပါအဝင် လူသားအားလုံး၏ အကျိုးစီးပွားကိုပါ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင် ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ လူမျိုးစုနှစ်ခုအကြားကွဲပြားခြားနားမှုအပေါ် အပြန်အလှန် နားလည်ရေး၊ သီးခြားတည်ရှိသော ရပိုင်ခွင့်များကိုလေးစားမှု၊ ပဋိပက္ခ အသွင်မဆောင်ရေးနှင့် သဟဇာတ ဖြစ်သော လူမှုအသိုက်အဝန်း ဖြစ်ထွန်းရေးတို့အတွက် အစိုးရနှင့်အတူ ရဟန်းရှင်လူ ပြည်သူလူထုတစ်ရပ်လုံးက လူမျိုးဘာသာမခွဲခြားဘဲ တန်းတူရည်တူ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါရန်နှင့် ရခိုင်ပြည်နယ်နှင့် ပြည်နယ်သူ ပြည်နယ်သားများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံဉာဏ်ကောင်း များ ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်
အဆိုပါ နိုင်ငံတော်သမ္မတကြီးဆွေးနွေးပြီးနောက်ဆရာတော်ကြီးများ၊အစ္စလာမ်ဘာသာဝင်အဖွဲ့များကလည်းပါဝင်ဆွေးနွေးကြပါသည်။ထိုသို့ဆွေးနွေးချက်များမှ အဓိကအချက်များကို တင်ပြပေးပါမည်။-
(၁)အလို့တော်ပြည်ကျောင်းမှဆရာတော်ကြီးများမှလည်း မေတ္တာတရား၊သည်းခံခြင်းတရားများထားရှိကြခြင်းခြင်းဖြင့်အေးချမ်းသာယာနိ်ုင်ကြောင်း
၊ပြောကြားပါသည်။၊ရဟန်းသည်ရဟန်းဝိနည်းအတိုင်းနေထိုင်ကြရမည်ဖြစ်ကြောင်း၊လူသည်လည်းတရားဥပဒေအတိုင်းနေထိုင်ဆောင်ရွက်ကြရမည်
ဖြစ်ကြောင်းပြောကြားပါသည်။
ဆရာတော်ကြီးသုစိတ္တာဝံသကလည်း
— အိနိ္နယ ကိုဥပမာပေးကာ အစွန်းရောက်စိတ်ဓါတ်ဖြင့်ဘာသာ၊သာသနာနှင့် နိုင်ငံကိုမဖြိုခွဲဖို့အကြောင်းတင်ပြပါသည်၊
— ဝိဝါဒါန်းနှင့်အဝိဝါဒါန်၊ငြင်းခုံခြင်းနှင့်ညီညွတ်ခြင်းသည် သုခဖြစ်ကြောင်းအစွန်းရောက်စိတ်ဓါတ်မထားသင်ကြောင်း၊တစ်ဦးနှင့်တစ်ဦးစော်ကားမော်ကား
မပြောကြရကြောင်း
—တစ်ဘာသာနှင့်တစ်ဘာသာ လူမျိုးစွဲဘာသာစွဲ ကင်းရှင်းပြီးအစွန်းရောက်စိတ်ဓါတ်ကင်းရှင်ကြရန်တင်ပြပါသည်။
ရခိုင်ပြည်နယ်ဥက္ကဌဆရာတော်ကြီးမှလည်း-
— ဘုရားဟောတရားဖြစ်သောအစွန်းရောက်အစွန်းထွက်ခြင်းကိုမကောင်းကြောင်း၊ဘာသာရေးကိုအာရုံစိုက်လုပ်ဆောင်သင့်ကြောင်း၊
— လုံခြုံရေး၊တရားဥပဒေစိုးမိုးမှုသည်အရေးကြီးကြောင်း၊တရားသပဒေဖေါက်ဖျက်ခြင်းဖြစ်ပေါ်လာပါက ထိထိရောက်ရောက်အရေးယူရမည်ဖြစ်ကြောင်း
ပြောကြားပါသည်။
— မှန်မှန်ကန်ကန် ဘက်မလိုက်ဘဲဆောင်ရွက်ကြရမည်ဖြစ်ကြောင်း
— အပြင်ကလူမဝင်နိုင်ကြောင်း
— ဘုန်ကြီးတို့ စကားလည်း သွေးဆူနေချိန်တွင်နားမထောင်ကြောင်းပြောကြားသွားပါသည်။
ထို့နောက်သံအမတ်ကြီးဦးလှမောင်ကလည်း-
–တည်ငြိမ်ရေးတရားဥပဒေစိုးမိုးရေး၊ ပြဿနာဖြစ်လျှင်၊ရာဇဝတ်မှုဖြစ်လျှင်ဖြစ်ချင်းအရေးယူရမည်ကို အဓိကထားပြောကြားသွားပါသည်မုဒီန်းမှု၊၊လူ(၀၀)ဦးအသတ်ခံရမှု၊ဆူပူမှုအစရှိသည်များကို
အရေးမယူခြင်းဖြင့် ပြဿနာပိုကြီးနိုင်ကြောင်း၊ပညာရေး၊အလုပ်အကိုင်ရရှိရေး၊ဆင်ရဲမှုလျောချရေး၊တို့ကိုပြောကြားသွားပါသည်။
ကမ္ဘာဇဘဏ်ဒုဥက္ကဌ ဦးသန်းလွင်မှလည်း-
လူမျိုးစွဲဘာသာစွဲကြောင်းပြဿနာဖြစ်ပွါးရပုံ၊အိန္နိယ နိုင်ငံ၊စင်္ကာပူနိုင်ငံတို့တွင်တည်ငြိမ်အောင်ထိမ်းသိမ်းနိုင်ပုံတို့ကိုပြောကြားသွားပါသည်။
ထို့နောက် နိုင်ငံတော်သမ္မတကြီးပြောကြားသော ရခိုင်ပြည်နယ်တွင် အစ္စလာမ် ဘာသာ ကိုးကွယ်သည့် ဘင်္ဂါလီလူမျိုးများသည် ဗြိတိသျှတို့ အုပ်စိုးစဉ်ကပင် ရှိခဲ့ပြီး ၁၈၇၂ ခုနှစ်၊ ဗြိတိသျှတို့ ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ မဟာမေဒင် (၅၈,၂၅၅) ဦးရှိခဲ့ပါတယ်။ ၎င်းတို့သည် လယ်ယာလုပ်ငန်းခွင်တွင် လာရောက် လုပ်ကိုင်ကြခြင်းဖြစ်ပြီး မူလက လယ်ယာလုပ်ငန်းခွင် ပြီးသည်နှင့် တစ်ဖက်နိုင်ငံသို့ ပြန်သွားကြသော်လည်း နောက်ပိုင်းတွင် မပြန်ကြတော့ဘဲ အတည်တကျ နေထိုင်လာခဲ့ ကြပါတယ်ဟုမှားယွင်း စွတ်စွဲပြောကြားချက်များကိုရှင်းလင်း
ရာတွင်– ရခိုင်ပြည်နယ်တွင်အစ္စလာမ်ဘာသာဝင်များမှာ နှစ်ပေါင်းရာထောင်ချီကပင်များစွာကပင်နေထိုင်လာခဲ့သောအစ္စလာမ်ဘာသာဝင်များရှိကြောင်း၊
တိုင်းရင်းသားကမန်လူမျိုးအစ္စလာမ်ဘာသာဝင်များလည်းရှိကြောင်း။တင်ပြပြောဆိုသွားပါသည်။

(အဆိုပါ နိုင်ငံတော်သမ္မတကြီပြောကြားချက်များရှိ အစ္စလာမ်ဘာသာဝင်များ အကြောင်းသမိုင်းကိုမသိဘဲပြောကြားချက်များဖြစ်နေပါသည်၊
ရခိုင်ပြည်နယ်တွင်အစ္စလာမ်ဘာသာဝင်များသည်ရခိုင်ဘုရင်များလက်ထက်ကပင်နေထိုင်လာခဲ့ကြသူများဖြစ်ကြပါသည်။AD 7 ရာစုက ပင်ရခိုင်
ကမ်းရိုးတန်းတွင် အခြေချနေထိုင်လာခဲ့ကြကြောင်း သမိုင်းကို သေချာစွာလေ့လာပြီးမှ တင်ပြသင့်ပေသည်။ရခိုင်ပြည်ရှိအစ္စလာမ်ဘာသာဝင်၏များမှ
ပင် ရခိုင်ဘုရင်များလက်ထက်နေထိုင်အမှုထမ်းခဲ့ကြောင်းရခိုင်ရာဇဝင်သစ်ကျမ်း၊ရခိုင်ရာဇဝင်၊မြန်မာရာဇဝင်များတွင်ထင်ရှားစွာလေ့လာနိုင်ပါသည်။
ရခိုင်ဘုရင်များလက်ထက်တွင်လည်း၊ဘင်္ဂလား(စစ်တကောင်း)အထိရခိုင်နယ်နမိတ် ဖြစ်သည်ကိုလည်းလေ့လာနိုင်ပါသည်။
ပုဂံနေပြည်တော်မှ AD 1364 တွင်မင်းရဲကျော်စွာဦးဆောင်ပြီး ရခိုင်ပြည်နယ်ကိုသိမ်းပိုက်ခဲ့ရာရခိုင်ဘုရင်သည်ဘင်္ဂလားဘုရင်ထံ(၂၆)နှစ်တိုင်ခိုလှုံခဲ့ရသည်။
ဘင်္ဂလားဘုရင်ခံစစ်ဗိုလ်ချုပ်စီဒီခါန်တိုအကူအညီဖြင့် ရခိုင်ပြည်ကို မြန်မာတို့လက်ထက်မှ ပြန်တိုက်ယူခဲ့ပြီး မြောက်ဦးမြို့တွင် ထိုစစ်သည်များ
အားနေရာချပေးခဲ့ပြီးအခြေချနေထိုင်စေခဲ့သည့်သမိုင်းကိုလည်းခြေပြမြန်မာနိုင်ငံသမိုင်းပထမတွဲစာ ၃၈ရ တွင်လေ့လာနိုင်ပေသည်။ သမိုင်းတွင်ထင်ထင်ရှားရှားလေ့လာနိုင်ပေသည်။(အခြေပြမြန်မာနိုင်ငံရေးသမိုင်း ပထမတွဲ စာမျက်နှာ ၃၈၇)
ရခိုင်မင်းဆက် ပထမမြောက်ဦးခေတ်မင်းဆက် ဘုရင်(၁၁)ပါးစလုံးအစ္စလာမ်ဘွဲ့အမည်များဖြင့်နန်းဆက်ခံခဲ့သည်။
(၁)စူလိုင်မာရှား (၂)အလီခါန်း(၃)ကလီမာရှဟ်(၄)မဂိုရှဟ်(၅)မုဟမ္မဒ်ရှဟ်(၆)နူရီရှဟ်(၇)ရှိတ်အဒူလာရှဟ်(၈)အီလ်လီရှဟ်(၉)အီလ်ယာစ်ရှဟ်
(၁၀)ဂျလာဟ်ရှဟ်(၁၁)အလီရှဟ်ဒုတိယမြောက်ဦးမင်းဆက်(၁၅၃၁-၁၆၃၈)တွင်လည်းမင်း(၅)ပါးအစ္စလာမ်အမည်များဖြင့်တွေ့ရှိရသည်။
မင်းဗာကြီးလက်ထက်တွင် ကါဒီဦးဆောင်သောသံအဖွဲ့၏ဟောပြာချက်ကြောင်ရခိုင်တိုင်းရင်းသားများအစ္စလာမ်ဘာသာသို့အုပ်စု့လိုက်ကူး
ပြောင်းကြသည်သမိုင်းကိုလည်းရခိုင်လူမျိုးသမိုင်းဆရာဦးလှထွန်းဖြူရေးရခိုင်ပြည်နယ်တိုင်းရင်းသားလူမျိုးများစာ၄၈ နှင့်ဦးအောင်သာဦးရေး
history of arakan စာ ၁၃၂တွင်လေ့လာနိုင်ပါသည်။ရခိုင်ဘုရင်စန္နသုဓ္ဓမမင်းလက်ထက်တွင် ရခိုင်ဘုရင်ထံတွင်ကမန်(အစ္စလာမ်ဘာသာဝင်)များ
အားလေးသည်တော်တပ်တွင်အမှုထမ်းစေပါသည်။ရခိုင်တိုင်းရင်းသားလူမျိုးများ၊ဦးထွန်းလှဖြူနှင့် ဦးဘသန်းရေးမြန်မာရာဇဝင်၊ရခိုင်ပြည်နယ်ရှိအစ္စ
လာမ်ဘာသာဝင်များအတွက်ဓမ္မသတ်မှူးချုပ်ခန့်အပ်သောပြန်တမ်းကိုလည်း ဘိုတော်ဘုရား၏ပသိများအတွက်ပြန်တမ်းတွင်လေ့လာနိုင်ပါ်သည်။
အင်္ဂလိပ်အစိုးရလက်ထက်တွင်သူတို့အင်ပါယာဘင်္ဂလားဒေရှ်မှအစ္စလာမ်ဘာသာဝင်များ၊ဟိန္ဒူများ၊ဗုဒ္ဓဘာသာဝင်ကိုအလုပ်လုပ်ကိုင်ရန်ခေါ်ဆောင် လာခဲ့မှုရှိသည်မှာမှန်ကန်သောလည်းရခိုင်ပြည်ရှိအစ္စလာမ်ဘာသာဝင်များကိုသူတိုူ့နှင့်ရောချကာသမိုင်းဖျောက်ဖျက်၍မရနိုင်ပေ၊
ထို့အပြင်ရခိုင်ငွေဒင်္ဂါးများပေါ်တွင် အစ္စလာမ်တို့ယုံကြည်ချက် ”“အလ္လာဟ်အရှင်မှတပါးခဝတ်ကိုးကွယ်ရာမရှိ“ဟုစာသားက်ုအာရဗီဘာသာဖြင့်ရေးထိုး
ထားကိုတွေ့ရသည်ကိုလေ့လာနိုင်ပါသည်ကို သာမန်ကျောင်းသူ ၆ကျောင်းသားတစ်ဦးပင်သင်ကြားလေ့လာသိရှိနိုင်ပါလျှက်
နိုင်ငံတော်သမ္မတတစ်ဦးအနေဖြင့် အနေဖြင့် မှားယွင်စွာ ပြောဆိုခဲ့သည်မှာရှက်ဖွယ်ဖြစ်နေပါသည်။ ရခိုင်ပြည်နယ်ရှိအစ္စလာမ်ဘာသာဝင်အားလုံးကို
၁၈၇၂ နှစ်ခုအင်္ဂလိပ်လက်ထက်မှလယ်လုပ်ရန်ဝငရောက်လာသယောင်လိမ်လည်ပြောဆိုပြီး၊ လူမျိုးကိုလည်း ထို့အချိန်ကမသုံးစွဲသောလူမျိုးအမည်
ထို့အချိန်တွင်စစ်တန်းကောက်ယူခဲ့သောလူမျုးိအမည်ကိုမသုံးဘဲ ဦးနေဝင်းလက်ထက်မှအတင်းအဓ္ဓမပေးထားသောအမည်( ဘင်္ဂါလီ)ဟုမှားယွင်းစွာ
ရုပ်ပျက်ဆင်းပျက်လိမ်လည်ထားကြောင်း၊စာပေမနှံစပ်ကြောင်းနိုင်ငံတကာစာမျက်နှာတွင်အရှက်ရဖွယ်တွေ့ရှိခဲ့ရပါသည်။သမိုင်းဆိုသည်မှာဖျောက်ဖျက်
မရနိုင်သော ကိစ္စဖြစ်သည်ကို နားလည်သင့်ပါသည်။
နောက်တစ်ခုက-
ဤကဲ့သို့ ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းမှာ ရာဇဝတ်မှု ကျူးလွန်ဖြစ်ပွားခဲ့သည့် ဖြစ်ပွားမှု တစ်ခုအပေါ် မကျေမနပ်ဖြစ်ပြီး ဥပဒေကြောင်းအရ အရေးယူမှုကို လက်ခံ လိုက်နာရမည့်အစား ဒေါသအလျောက် အုပ်စုတစ်ခုနှင့်တစ်ခု သတ်ဖြတ်မှုများ ဖြစ်ပွား ကျူးလွန်ရာမှ ကြီးမားကျယ်ပြန့်သည့် အကြမ်းဖက်မှုအသွင်သို့ ကူးပြောင်းရောက်ရှိကာ ယခုကဲ့သို့ သေဆုံးမှု၊ ပျက်စီးမှုနှင့် အတိဒုက္ခရောက်မှုများ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ပါတယ်။ ဟုသမ္မတကြီးပြောကြားချက်မှာလဲ လွဲချော်နေပါသည်။
အမှန်မှာ-
ပြဿနာအစက ပါတီအာဏာရအောင်စလုပ်ရာကစတင်ခဲ့ကြတာဘဲ။အခုအချိန်မှာအစိုးရကိုမတည်ငြိမ်အောင်လုပ်ရာမှာ
လူမျိုးရေးဘာသာရေးသွေးထိုးပေးတာကိုပါတီအာဏာရရေးအတွက်ဖြတ်လမ်းနည်း(လူထုအုံကြွစေတဲ့နည်းကို)သုံးတော့တာဘဲ။ ဇာတ်လမ်းစလို့အကောင်းဆုံးနည်း၊အရေးအခင်းစလို့ကောင်းတဲ့နည်းက ဘာသာခြားမိန်းကလေးကိုမုဒိန်းကျင့်တယ်ဆိုပြီးဝါဒဖြန်တာပါဘဲ ၊ဗုဒ္ဓလက်ထက်က စိနတ္တမာဏသုံးခဲ့တဲ့နည်းနဲ့ဘုန်းကြီးကိုရိုက်တယ်၊ဘုရားကိုဖျက်တယ်အဖန်တရာအပ်ကြောင်းထပ်တဲ့ ဒီနည်းကိုရွေးပြီးလူထုအုံကြွပါလာအောင်လုပ်တော့တာဘဲ…..။နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာလည်းနိုင်ငံရေးဘက်ကိုလူထုဦးမလှည့်နိုင်အောင် စိတ်ပြောင်းလုပ်တဲ့အခါဘာသာရေးလူမျိုးရေးတွေဖက်ကိုမြှားဦး လှည်ပေးလိုက်တော့တာဘဲ။ အနီးစပ်ဆုံးကြည့် နဝတ တစ်ခေတ်လုံး ဘာပြသနာပေါ်ခဲ့လို့လဲအခုမှဘာကြောင့်ပြသနာပေါ်ကြရတာလဲ ။ဘာကြောင့်လဲ(ဒိမိုကရေစီ)ကိုအခွင့်ကောင်းယူ၊လူအုပ်စုစုပြီး
ပထမလေးငါး(၁၀)ယေက်စုပြီးလုပ်ချင်တာလုပ်အရေးမယူမှန်းလဲသိရောနောက်ရာနဲ့စုအကြမ်းဖက်၊
နောက်ထောင်နဲနောက်သောင်းနဲနောက်သိန်းနဲ့၊ဗိုလ်ချုပ်အောင်ဆန်းပြောသလို လွတ်လပ်ရေးရပြီးဆိုပြီး
လမ်းပေါ်မယ်ဆေးခြောက်လှမ်းနေကြတာ။အခုလဲ ရခိုင်ပါတီRNDP ကပထမရွှေသဘာဓါတ်ငွေအတွက်
အင်အားစမ်းတယ်လူစုတယ်၊နောက်တစ်တက်ပြီးအုံကြွမှုဖြစ်လာအောင်ဘာသာလူမျိုးရေး
သွေးထိုးလှုံ့ဆော်မှုလုပ်လာပြီး၊ နောက်တစ်နိုင်လုံးပါလာသယောင်ရခိုင်ကအရှိန်အဝါရှိတဲ့ ဘုန်းကြီးကိုပါဝင်လာအောင်စည်းရုံးပြီး ရသေ့တောင်ကြေငြာချက်ဆိုပြီး တစ်နိုင်ငံလုံးဘုန်းကြီးတွေပါဝင်လာအောင်လုပ်လာတယ်။ဝါတွင်းကာလ
ကိုတောင်မရှောင်ပါဘူး၊ အစ္စလာမ်ဘာသာဝင်တွေကိုမောင်းထုတ်သတ်ဖြတ်ပွဲကြီးလုပ်တော့တာပါဘဲ၊
အနည်းငယ်အေးချမ်းသွားတာကိုတောင်မလိုလားတော့ဘဲမဆီမဆိုင် ဒုက္ခရောက်လို့အစိုးရကိုယ်တိုင်
(သမ္မတ)ကအကူအညီတောင်းလို့ရောက်လာတဲ့ OIC အဖွဲ့ဆိုလား အဲ့ဒီအဖွဲ့ကလည်း ဒုက္ခရောက်နေတဲ့
နှစ်ဖက်စလုံးကို အညီအမျှမျှတတ အကူအညီငွေကြေးပစ္စည်း ရခိုင်ပြည်နယ်အစိုးရကတစ်ဆင့်ပေးတာ
တောင် အစ္စလာမ်ဒုက္ခသည်တွေကိုဆန်တစ်ဗူးပေးတာကိုတောင်မနာလိုဘူးတဲ့။
OICကိုအကူအညီအတောင်းလို့ဟိုကဒေါ်သန်း(ရာနဲ့ချီလာလှူတာ)။အစထဲကမလို့ချင်အကူအညီ မတောင်းနဲ့၊ငါတို့ပြည်နယ်ဒုက္ခသည်ကိုငါတို့လုံလောက်အောင်ကူညီမယ်လို့ကြေငြာ လိုက်ပေါ့။ သမ္မကိုတော့ထောက်ခံတယ်OICကိုတော့
ကန့်ကွက်တယ်တဲ့ သမ္မတက OICကို ပိတ်ထားပြီးလို့ကြေငြာထားတာတောင် သမ္မစကားနားထောင်တဲ့ လူ (၁၀၀) ဆန္ဒပြမယ်လို့ပြောပြီးပါမစ်တယ်၊နောက်ပြီးရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုယ်တိုင်ရခိုင်ရွာတွေမှာတစ်အိမ်တစ်ယောက်မလိုက်မနေရ
မလိုက်ရင်အရေးယူမယ်၊သစ္စာဖေါက်သတ်မှတ်မယ်ချိန်းခြောက်၊လိုက်တဲ့သူဆန်တစ်ပြည်နဲ့ ငွေ၃၀၀ဝိ/
ပေးမယ်ပြောမဲဆွယ်လိုမဲဆွယ်၊လူ(၁၀၀)ပြောပြီးလူ(၁)သိန်းစုပြီး ဆန္ဒပြတာအကြောင်းပြလူစု၊
လူနဲ့နဲ့စုလာရင်ဘဲ အရက်တိုက်၊သွေးထိုး အစ္စလာမ်တွေ့ရဲ့ဗလီတွေသွားဖျက် မီးရှို့ ၊အစ္စလာမ်ရွာတွေ
သွားဝိုင်းပြီးရွာလုံးကျွတ်မီးရှို့ လူတွေသတ်၊ပစ္စည်တွေလု၊ ရွာတွေအိမ်တွေကမောင်းထုတ်လိုက်ကြပါတယ်
ပြီးတော့အရှက်မရှိ အစ္စလာမ်တွေကိုယ်အိမ်မီးရှိုတယ်၊ကိုယ်ဗလီကိုယ်မီးရှိုတယ်ဆိုပြီးဗြောင်လိမ်ပြီးရခိုင်
အစွန်းရောက်သတင်းဌာနတွေကဖွလိုက်တော့တာပါဘဲ၊ သတင်းဌာနတွေက တဆိပ်ရှိမေးတာ
အစွန်းရောက်RNDPကအေးမောင်၊သူတို့ပြောချင်သလို့လိမ်ပြောတာ၊သတင်းထဲပါလာတော့ပေါက်က ရတွေပါဘဲ၊ဒါအဖြစ်မှန်တွေပါဘဲ )

ဦးလှဝင်းမှလည်း
-စုံစမ်းစစ်ဆေးရေးအဖွဲလုပ်ဆောင်နေသည့်အကြောင်းအရာများ၊ဆရာတော်ကြီးများ၏သည်းခံစိတ်ထားရှိရမည့်တရားများကိုအလေးထားကြောင်း ၊မေတ္တာတရားခေါင်းပါးနေမှုအကြောင်းတရားများ၊လြုံခုံရေး၊တရားဥပဒေဖေါက်ဖျက်ကအရေးယူရမည့်အကြောင်းများကိုပြောကြားသွားပါသည်။
ဦးတင်မောင်ဝင်းမှလည်း
–ရခိုင်ပြည်နယ်ပြည်နယ်အစိုးရမှ ယခုပြဿနာများတွင် ချက်ချင်းအရေးယူဆောင်ရွက်မှုနေးကွေးကြောင်း၊ပြဿနာဖြစ်သည်နှင့်ချက်ချင်းအရေးယူထိမ်း
သိမ်းရမည်ဖြစ်ကြောင်း၊ ယခင်အစိုးရများလက်ထက် ယခုကဲ့သို့ အရေးအခင်းများမပေါ်ပေါက်ခဲ့ကြောင်း၊ ယခင်အစိုးရလက်ထက် ချက်ခြင်းအရေးယူဆောင်ရွက် တတ်ပုံနှင့် ယခုလုပ်ဆောင်နေသည်များနေးကွေးနေကြာင်၊ ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေးကော်မရှင်သည်လည်းလုပ်ဆောင်နေသည်မှာနေး
ကွေးနေကြောင်း ။ မြန်မြန်ဆန်ဆန်လုပ်ဆောင်သွားရမည့်အကြောင်းများကိုတင်ပြပြောဆိုဆွေးနွေးသွားပါသည်။ သတင်းမှန်များကိုအများပြည်သူများသိရှိနားလည်အောင်ထုတ်ပြန်ကြရမည်အကြောင်း၊
စုံစမ်းရေးကော်မရှင်များ၏ဆောင်ရွက်နေမှုမှာလည်းအလွန်နှေးကွေးအချိန်ယူနေကြောင်းမလိုလားအပ်ဘဲအချိန်ဆွဲနေလို့ပြသနာပိုမိုဆိုးဝါး လာကြောင်းယခုလဲအစီရင်ခံစာအားရက်(၉၀)နေ့ထိအချိန်တိုးတောင်းထားကြောင်း အချိန်ယူလွန်းနေကြောင်းဆွေးနွေးသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေနှင့်လည်းတရားဥပဒေစိုးမိုးရေးကိုထိထိရောက်ရောက်မြန်မြန်ဆန်ဆန်လုပ်ဆောင်သွားကြရန်၊လိူ့အပ်ပါကသင်တန်းများစေလွတ်ပြီးအရည်အသွေး မြှင့်တင်စေချင်ကြောင်းအကြံပြုဆွေးနွေးသွားပါသည်။
ထိုဆွေးနွေးချက်များကို ကောက်နုတ်ခြင်းအားဖြင့်အောက်ပါအချက်များ ကို လုပ်ဆောင်ကြရန်လို့ကြောင်းအဖြေထွက်ရှိပါသည်.-
၁။ တရားဥပဒေစိုမိုးရေးမရှိကြောင်းဆရာတော်ကြီးများနှင့်ပါဝင်ဆွေးနွေးသူများအားလုံး တင်ပြပြောကြားသဖြင့်တရားဥပဒေစိုမိုးမှုကို
အလျှင်အမြန်အလေးထားဆောင်ရွက်စေလို့ကြောင်း —
၂။ ပြဿနာ ဖြစ်လျှင်ဖြစ်ချင်း အရေးယူဆောင်ရွက်သွားရမည့် ကို ထောက်ခံဆွေးနွေးသဖြင့် ချက်ခြင်းအရးယူဆောင်ရွက်ရမည်အစီအစဉ်ကို
အလေးထားဆောင်ရွက်ရန်လို့ပါသည်။( ယခုပြဿနာ၏အစသည်လည်း တရားဥပဒေချိုးဖေါက်မှုများကို အရေးမယူဘဲမီးမွေးထားခြင်း၊အစီရင်ခံ
စာဖတ်ပြီးအရေးမယူခြင်းဖြင့် ပိုမို့ကြီးထွားလာသည်ကို သတိပြုရမည်ဖြစ်ပါသည်။)
၃။ဘုန်းကြီး၊ရဟန်းသည်ဘုန်းကြီး၊ရဟန်းဝိနည်းတရားတော်အရ နေထိုင်ကြရမည်ဟုဆရာတော်ကြီးများပြောကြားချက်အရဝိနည်းတရားတော်အ
ရနေထိုင်ကြပါရန်အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါသည်၊ (ယခုအရေးအခင်းတွင်ကြေငြာချက်များထွက်ပေါ်သောနေရာများကို
ဝိနည်းအရနေထိုင်ကြရန် ပြောကြားရမည်ဟု ဆရာတော်ကြီးများဩဝါဒအရသိရှိနိုင်ပါသည်။ သာသနာတော်သန်ရှင်းတည်တန့်ရေးကို
အလေးထားဆောင်ရွက်ကြရမည်ဖြစ်သည်)ရခိုင်ပြည်နယ်မှ အခြားမြို့ရွာများသို့ပဋိပခကူးပြောင်းမှုမရှိစေရန်တားဆီးခဲ့ရခြင်းမှာဘုန်းကြီးကျောင်း
များတွင် ဆန္နပြပွဲများကို တားဆီးခဲ့ရကြောင်းသံအမတ်ကြီးဦးလှမောင်ပြောကြားချက်ကိုလည်းသတိရမိပါသည်။
၄။ လူမျိုးစွဲ။ဘာသာစွဲ။အစွန်းရောက်သောစိတ်ဓါတ်များကို တို်က်ထုတ်ပြီးနိုင်ငံတော်ကိုမပြိုကွဲစေရန်ထိမ်းသိမ်းဟောပြောဆွေးနွေးရန်ပညာပေးရန်
သက်ဆိုင်ရာအာဏာပိုင်များနှင့် လူသားတိုင်းတွင်တာဝန်ရှိသည်။
(ထိုအချက်သည် ပညာရေးမြင့်မားအောင်၊ဆောင်ရွက်ကြရမည်အချက်ဖြစ်ပါသည်။ ထိုမှသာ လူမျိုးဘာသာများ၏အစသမိုင်းကြောင်းကိုသိရှိ
နားလည်းနိုင်ပေမည်၊ ပညာမတတ်ပါ လူများမြောက်ပေးတိုင်း လုပ်ချင်သော၊အကောင်းအဆိုးမစဉ်းစားနိုင်သော၊တစွတ်ထိုးစိတ်ဓါတ်ဖျောက်ဖျက်
ကြရမည်ဖြစ်ပါသည်။)
၅။ မလို့လားအပ်သောငြင်းခုံမှုများ၊ဟောပြောချက်များ၊ဆန္နပြပြီး လုစုသွေးထိုးမှုများကို ထိမ်းသိမ်းဆောင်ရွက်ကြပါရန်-
(ယခုနောက်တကြိမ်ဖြစ်ပေါ်သော ဆန္နပြဆူပူမှုသည် မလို့လားအပ်ဘဲ ဆန္ဒပြ ပွဲပြုလုပ်ခိုင်းရာမှလူစု့ပြီးပြန်လည်ဖြစ်ပွါးလာသည့်အမှန်
တရား ကို သတိပြုမိစေရန်လို့ပါသည်။)
၆။ ရှေးယခင်ကပင် အတူနေထိုင်လာခဲ့ကြသောသူများအချင်းချင်းဘာသာရေး၊လူမျိုးရေးကို အကြောင်းပြုပြီး ပြဿနာမဖြစ်ပွါးစေရန်နှစ်ဖက်စလုံး
မှသတိထားထိမ်းသိမ်းကြရပါမည်၊
၇။ ရခိုင်ပြည်ရှိလူအဖွဲ့အစည်းဝင်များသည်ဆရားတော်ကြီးများပြောကြားသကဲ့သို့မိမိတို့သက်ဆိုင်ရာဘာသာတရားများကိုလေးစားလိုက်နာသော
ဘာသာတရားအဆုံးအမအောက်တွင်မေတ္တာတရား၊သည်းခံခြင်းတရားဖြင့်ယဉ်ကျေးသောလူအဖွဲ့အစည်း၊လူနေမှုဘဝကိုထူထောင်ရန်
လို့အပ်ပါသည်။ဘုရားဟောအဆုံးအမများကို သိရှိနားလည်သဘောပေါက်အောင်ပြောကြားဆုံးပေးရမည်ဖြစ်ပါသည်။
ရခိုင်ပြည်နယ်သံဃာနာယကဥက္ကဌဆရာတော်ကြီး ပြောကြားထားသကဲ့သို့ဘုန်းကြီးတရားများကိုလိုက်နာမည်မဟုတ်ကြောင်းပြောကြားချက်သည်
အလကားပြောကြားချက်များမဟုတ်ပါ၊ဘာသာတရားကို အလေးမထားသူများရှေမှောက်တွင် တရားဟောပြဲအကျိုးမရှိဆိုသည်ကို တင်ပြခြင်း
ဖြစ်သဖြင့် အလေးထားပြီး ဘာသာရေးရိုသေကိုင်းရှိုင်းမှုရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။
၈။ ပညာရေးတိုးတက်အောင်၊လူမျိုးစွဲဘာသာစွဲ ကင်းဝေးအောင်သမိုင်းကြာင်းကိုသိရှိအောင်
၉။ အဖြစ်အပျက် သတင်းများကို အမှန်တရားအတိုင်းဘက်လိုက်မှုကင်းစွာဖြင့်တင်ပြပြောဆိုကြရပါမည်(၊နိုင်ငံတော်သမ္မတကြီးပြောကြားသကဲ့သို့
ယနေ့ ကမ္ဘာသည် Globalization ဖြစ်စဉ်ကြောင့် ကမ္ဘာတစ်ခုလုံးသည် ရွာကြီးတစ်ရွာ သဖွယ် ဖြစ်တည်လျက် ရှိနေပါတယ်။ ကမ္ဘာ့တစ်နေရာတွင် ဖြစ်ပွားသည့် ဖြစ်စဉ် မှန်သမျှကို မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း၌ တစ်ကမ္ဘာလုံးသို့ အလျင်အမြန် ပြန့်နှံ့ စေလျက် ရှိပါတယ်။ မည်သည့် ဖြစ်စဉ်ကိုမျှ ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့သည်ကို သတိပြုဖွယ်ရာ ဖြစ်ပါတယ်။) မှန်ကန်တဲ့သတင်းစကားစိတ်ဓါတ်ပျောက်နေတာရခိုင်အရေးအခင်းမှာတွေ့နေရပါတယ်၊သူများအိမ်တွေဖျက်ဖို့ရသေ့တောင်ကြေငြာချက်ထုတ်၊သွားပြီး အိမ်တွေဖျက်၊လိုက်သတ်ပြီးတော့ပေါက်ကရရေးနေတော့တာပါဘဲ၊ သတင်းကြေငြာတာမှာလဲ တကယ်ကအခုအရေးအခင်းမှာဗလီ(၁၄)လုံးဖျက်ခံ
ရတယ်၊အစ္စလာမ်ဘယ်နှစ်ယောက်အသတ်ခံရတယ်ဒီလို့ပြောလိုက်ရင် ဘယ်သူဘာလုပ်တယ်ဆိုတာသတင်းနားထောင်ရံနဲ့သိနိုင်တာကိုသာသနိက
အဆောက်အဦးဆိုပြီးနှစ်ဖက်စလုံးလို့ရောချပြီးသတင်းမှားထုတ်လိုက်တော့တာပါဘဲ၊အမှန်တ ရားတွေပျောက်ပြီးဒေါ်စု့ပြောသလို့ ဆို ထွက်ပြေးသူကအကြမ်းဖက်သူဖြစ်လို့၊အိမ်ရှင်ကသူခိုးဝင်လို့ဖမ်းခံရလိူက်နဲ့ ပေါက်ကရတွေပါဘဲ
၁၀။ သို့ဖြစ်ပါ၍ လူမျိုးစုနှစ်ခုအကြားကွဲပြားခြားနားမှုအပေါ် အပြန်အလှန် နားလည်ရေး၊ သီးခြားတည်ရှိသော ရပိုင်ခွင့်များကိုလေးစားမှု၊ ပဋိပက္ခ အသွင်မဆောင်ရေးနှင့် သဟဇာတ ဖြစ်သော လူမှုအသိုက်အဝန်း ဖြစ်ထွန်းရေးတို့အတွက် အစိုးရနှင့်အတူ ရဟန်းရှင်လူ ပြည်သူလူထုတစ်ရပ်လုံးက လူမျိုးဘာသာမခွဲခြားဘဲ တန်းတူရည်တူ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါရန်ဆိုသည်အချက်များကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်
ကြောင် တင်ပြလိုက်ရပါသည်။

One comment

  • kai

    November 17, 2012 at 5:08 pm

    သတင်းအနေနဲ့မဟုတ်ပဲ.. ကိုယ့်အထင်အမြင်ကို သတင်းထဲ.. ရောထွေးရေးထားတာမို့.. မရိုးသားဘူးလို့..ယူဆပါတယ်..။
    ဒီလို ၂ဖက်ဘာသာရေးခေါင်းဆောင်တွေနဲ့.. နိုင်ငံသမ္မတအဆင့်ထိ.. ပါဝင်ဆွေးနွေးညှိနှိုင်းနေချိန်မှာ.. ဒါမျိုးမလုပ်သင့်ပါ..။
    ကိုယ့်ဖက်က.. သတင်းအမှန်သိတယ်..ရထားတယ်..ယူဆရင်.. ဆိုင်ရာဘာသာရေးခေါင်းဆောင်ဆီ အကြောင်းကြားခွင့်.. တင်ပြခွင့်ရှိပါတယ်..။
    အဲဒီလမ်းကြောင်းက သွားနိုင်ပါတယ်..။

    ဒါကြောင့်.. ဒီပို့စ်ကို.. ဖျက်မည်ဖြစ်ပါကြောင်း…

Comments are closed.