လွန်ခဲ့သော ၁ဝ နှစ်ခန့်က ၁ဝ တန်းကိုသတိရမိခြင်း -( ၃ )

ဦးသုNovember 17, 20121min603

လွန်ခဲ့သော ဆယ်နှစ် က ဆယ်တန်း ကိုသတိရမိခြင်း အပိုင်း (၃)

      ကျွန်တော့်ရဲ့ အရင်ကျူရှင်ဆရာ ၈တန်းကတည်းက လက်ဦးဆရာလဲ ဖြစ်သူနဲ့ ပွဲဈေးတန်းမှာ တွေ့ ဇက်ပိုး အအုပ် ခံရပြီး တော့ ပြသ၁နာ ကအဲဒီမှာတင် မပြီးသေးဘူးဗျ ဆရာက ပွဲဈေးတန်းမှာ အမေနဲ့လဲ တွေ့သွားတယ် သူအသင်အပြညံ့လို့ ကျွန်တော်ထွက်တာမဟုတ်ပဲ ကျူရှင်လခ သုံးလစာဖြောင်ပြီး ထွက်တာကိုလဲ အမေသိသွားတယ် ( မှတ်ချက်- အမေ မှ တဆင့် အဖေ ပါသိသွားသည် ) ။

      အိမ်လဲ ရောက်ရော အမေက ကျွန်တော် ဖိနပ်ချွတ်ရုံပဲ ရှိသေးတယ် နားကို Dryer နဲ့ မှုတ်ပါလေရော  အမေဆူတာကိုပြောတာနော် ။ ကျွန်တော်အဲဒီညက အိပ်တာတောင် ပက်လက်အိပ်ရတယ် နားတွေအပူလောင်ထားတော့ ခေါင်းအုံးနဲ့ထိရင်နာမှာစိုးလို့ပေါ့ဗျာ။

      အဲလိုနဲ့ နောက်နေ့ မနက်မှာ အမေကိုယ်တိုင် အရင်ကျူရှင်ဆရာဆီမှာ တစ်ဘာသာခြောက်ထောင် လေးဘာသာ ၁၂၀၀ဝ နဲ့ရှယ်ဝို်င်းပြန်ထားပေးပါလေရော။ အဲဒီတော့ ကျွန်တော့်မှာ ဟိုဘက်ကျူရှင်ကလဲ လတစ်ဝက်လောက်က တက်မယ်ဆိုသွားတက်လို့ရသေး ဒီဘက်မှာလဲ ကျွန်တော့်အထက်က အစ်မတွေ နှစ်ကတည်း ကအောင်ထားတဲ့ ကျူရှင် ကျွန်တော့်ရဲ့ ဆရာကောင်းလဲ ဖြစ်တဲ့ဆီမှာ နှစ်ခုဖြစ်နေတာပေါ့။  အဲဒီတော့ ဒီဘက်မှာ လဲအားကိုးရရော ဟိုဘက်ကျူရှင်မှာ စိတ်ကြိုက်သောင်းကျန်းတော့တာ။ ဟိုဘက်ကျူရှင်က အပျိုကြီးဆရာမနှစ်ယောက်က ယောက်ကျ်ားလေးတွေကို သူ့အိမ်မှာ အပေါ့အလေးသွားခွင့်မပြု ဘူးဆိုတော့ ကျွန်တော်ရယ် ကျူရှင်ကနေ ကျွန်တော့်အရင် ကျူရှင်ကိုတူတူပြောင်းမယ့် ကောင်ရယ်နှစ်ယောက် တာမွေ အဝို်င်းကြီးမှာ ၁ဝ တန်းရှယ်ဝိုင်းတွေကို ပတ်ပြီး စုံစမ်းတယ် ။ အဲဒီက လက်ကမ်းကြော်ငြာတွေကို ယူ ပြီး အဲဒီ အပျိုကြီးဆရာမနှစ်ယောက်ကျူရှင်မှာ ဝေပေးတယ် ။ အဲဒီဆရာမနှစ်ယောက်ကလဲ တစ်မျိုးဗျ သူတို့ညီအစ်မတွေရန်ဖြစ်ထားတဲ့နေ့ဆိုရင် စာမသင်ဘူး ကျွန်တော်တို့လဲ ပျော်သည်ပေါ့ စာနဲ့မတည့်တဲ့ အလက်ဂျစ် ရှိတာကိုး။ ကျူရှင်ဆင်းရင် အရင်လိုလဲမဟုတ်တော့ဘူး မှောင်တဲ့နေရာမှာ ရှူရှူဖလားဝါး မလုပ်တော့ဘူး ပေါ်တင်ပဲ တိုက်အောက် ကြုံတဲ့နေရာ ရှူရှူဖလားဝါးလိုက်တာ ။ ရိုင်းသွားလားတော့ မသိဘူးအဲဒီအချိန်က ကျွန်တော်တို့အဖွဲ့မှာ တစ်ယောက်ကသာစလိုက် အကုန်လိုက်လုပ်ပြီးသား ။ နောက်ဆုံးကုန်ကုန်ပြောရရင်တော့ ထွက်ခါနီး အဲဒီကျူရှင်က လစာလဲတစ်လစာမှ မဘုန်းလို်က်ရတော့ ရသလောက်တော့မွှေခဲ့တယ် ပေါ့ဗျာ။

          အရင်ကျူရှင်ကိုပြန်ရောက်ပါပြီ ဆရာကလဲ ကျူရှင်လခကို ဒါရိုက် စနစ်နဲ့ပဲ ကျွန်တော့်ကိုခွင့်ပြုပါတယ် အမေမှ တဆင့်ကျွန်တော် ၊ ကျွန်တော်မှ တဆင့် ဆရာ့လက်ထဲ အင်ဒါရိုက်စနစ်ကို မကျင့်သုံးတော့ဘူးခင်ဗျ ။

အဲဒီမှာ ကျွန်တော်တို့ဇာတ်လမ်းက နည်းနည်းပိုရှုပ်လာတယ် စိတ်ဝင်စားတယ်ဆိုရင်နောက်ပိုင်းတွေကို သေချာဖတ်ဖို့တော့ တောင်းဆိုချင်တယ်ခင်ဗျ ။

        ကျွန်တော်တို့ရဲ့ ကျူရှင်ဆရာကြီးရဲ့ တပည့်ဖြစ်ခဲ့ဘူးသော physics & chemistry ဆရာက သူကိုယ်တိုင်လဲ ဝိုင်းကျူရှင်ဖွင့်ထားတယ် ကျွန်တော်တို့ ကျူရှင်မှာလဲ လာသင်ပေးတယ် ။ သူ့သင်ပုံ သင်နည်းကတစ်မျိုးဗျ ကျွန်တော်တို့ တက်တဲ့ကျူရှင်မှာ သင်ခန်းစာတွေကို တစ်ခုပြီးတစ်ခု အမြန် သင်သွားတယ် အဲဒါကိုနားမလည်ရင် သူ့ဆီမှာ ဝိုင်းကျူရှင် အနီးကယ်ညဝိုင်းလာတက် သေချာ ရှယ်သင်ပေးတယ် ကျွန်တော်တို့မိဘတွေအတွက်တော့ နှစ်ခါကုန်ပေါ့ဗျာ ။ ကျွန်တော်ကလဲ အဲဒီလို သောက်ကျင့်ရှိတဲ့ဆရာကို ဘယ်လိုမှ ဆရာလို့စိတ်ထဲကသတ်မှတ်လို့မရဘူး။ အဲဒီတော့ဗြောင်ဘဲ သူ့အချိန် ကျွန်တော်တို့အဖွဲ့တွေ ဂိမ်းသွားနှိပ်တယ် ကျူရှင်နဲ့ ဝေးဝေးလက်ဖက်ရည်ဆိုင်မှာထိုင်ပြီး ဆေးလိပ်သောက်တယ်။ ကျွန်တော်တို့ အဲဒီလို သုံးရက်ဆက်တိုက်သူ့အချိန်တွေကို ပျက်ပေးလိုက်တာ ကျွန်တော်တို့ဆရာကြီးကို သူကတိုင်ပါလေရော။ အဲဒီအချိန်ကျွန်တော်တို့ အဖွဲ့တွေ ဂိမ်းဆိုင်မှာ ဂိမ်းဆော့နေတာပေါ့ Sony P1 ဂိမ်းပါ အဲဒီအချိန်က အဲဒါကနောက်ဆုံးပေါ်ပဲလေ ။ ကျွန်တော့်ရယ် တွဲနေကျသူငယ်ချင်းနှစ်ယောက်ရယ် ဂိမ်းဆိုင်မှာ ဘောလုံးကန်နေတဲ့အချိန် ဟိုနှစ်ကောင်ကန်နေတာကိုု နောက်ကနေ ကျွန်တော်က ခေါင်းပုတ်နေတာ ။ အဲဒီအချိန်မှာ ဆရာဝင်လာတာ ဆရာကကျွန်တော့်ကိုမတွေ့ ပဲ ဟိုနှစ်ကောင်ကို ဇက်ပိုးတွေ အုပ်လိုက်ပုံက “ဖြောင်း…ဖြောင်း.. ”  ဆိုပြီးအသံလေးကိုညီလို့ ။ ဟိုနှစ်ကောင်လဲ ဂိမ်းခလုတ်တွေ လွှတ်ချနောက်လှည့်ပြီး “ဟေ့ကောင် ….ီး ဖြစ်နေတာလား” ဆိုပြီးအလှည့် ဆရာ့ကိုတွေ့တော့ လက်အုပ်လေးတွေချီ  “ဟာကန်တော့ဆရာ ”   ဆရာကလဲ သူအဆဲခံရလို့နဲ့ထင်ပါတယ် နောက်ထပ်တစ်ချက်စီ ထပ်ဆွဲလိုက်ပါလေရောပြီးတော့ “ ဟေ့ကောင်တွေ ငါအခုစက်ဘီးနဲ့နောက်ကလိုက်ခဲ့မယ် ငါ့ထက်ကျူရှင်ကိုအရင်ရောက်အောင်ပြေး မရောက်ရင်ပိုနာပြီမှတ် ” ဆိုပြီးထွက်သွားတယ် ။ ကျွန်တော်လဲ ဘယ်ပြောကောင်းမလဲ ဆရာမတွေ့အောင်ဂိမ်းဆိုင်ဘေးက ဘုန်းကြီးကျောင်းထဲကဖြတ်အပြေး ဟိုသကောင့်သားနှစ်ကောင်က သေဖော်ညှိလိုက်ပုံက ဆရာကြားသွားအောင် “ သားကြီး မင်းကိုလဲဆရာကဘယ်ရောက်သွားလဲမေးနေတယ် ” ဆိုပြီးဆရာကြားအောင်လှမ်းအော်မှတော့ ကျွန်တော်လဲပါရပြီပေါ့။

          ကဲ လာမယ့်ပြေးမရှောင်တော့ဘူးဆိုပြီး စိတ်ကိုဒုံးဒုံးချပြီးလိုက်သွား ဟိုရောက်တော့ ကျွန်တော်နဲ့ တစက်မှ မျက်နှာကြောမတည့်တဲ့ ဆရာက ထားဝယ်ကြိမ် အော်ဒါမှာထားတာကို ၃ လုံးပူးထားတာကြီးနဲ့ တစ်ရွှမ်းရွှမ်းနဲ့ကို လေထဲမှာဝှေ့ပြပြီး ဆပ်ကပ်ထဲက ခြင်္သေ့ထိန်းတဲ့သခင်လို အို်က်တင်အပြည့် ကျွန်တော့်ရှေ့က သူငယ်ချင်းနှစ်ယောက် ကတော့ခြေသလုံးလေးတွေလှန်ပေးလို်က်တာ ဘားသုံးဘားရသွားတယ် ။ ဟီဟီး…… တပ်ကြပ်ကြီးပေါ့ အရှိုးရာကြီးတွေကိုထင်းလို့ ကျွန်တော့်အလှည့်ရောက်တော့ အဲဒီဆရာကိုတင်းနေတဲ့ စိတ်အခံရှိတာကြောင့် မိန်းကလေးတွေရှိတာတောင်မေ့သွားတယ် ၊ ခြေသလုံးတင်မကဘူး ဖင်ပါလှန်ပေးလိုက်တယ် ပြောင်လို့ အဲဒီတော့လဲ ကျွန်တော့်အလှည့်မှာလက်စ ပိုပြင်းသွားတယ်ထင်တယ် ခြေသလုံးမှာ သုံးချက်က အနာဖြစ်ပြီး အမာရွတ်တောင် ခြောက်လလောက်မှ ပျောက်သွားတယ် ။ ဖင်မှာတစ်ချက်အဆစ်ပေးလိုက်တဲ့ ပရဲဆင့် က တစ်ရက်လောက်ထိုင်လို့မရဘူး ။ အခုထိအဲဒီဆရာကို လမ်းတွေ့ရင်တောင် မနုတ်ဆက်ဘူး သူလဲသူဆရာ အရင်းကျွန်တော်တို့ သချင်္ာဆရာကြီးကိုပြိုင်ပြီး ဆရာကာပြန်တာကိုး ။

          အဲလိုနဲ့ physics နဲ့ chemistry ကို ကျွန်တော် နောက်လကစပြီး မသင်တော့ဘူး။ အမေက အဲဒီနှစ်ဘာသာ သီးသန့်အိမ်မှာ ဂိုက်ခေါ်ပေးတယ်။ စာမေးပွဲလဲ တစ်လလောက်ပဲလိုတော့တယ်  ။ ကျွန်တော့်စိတ်ထဲမှာတော့တစ်လကြီးများတောင်လိုသေးတယ် ပေါ့ ။ ဘောလုံးကန်လိုက် လက်ဖက်ရည်ဆိုင်ထိုင်လိုက်ဆေးလိပ်သောက်လိုက် ၊ ဖဲရိုက်လို်က် နောက်ပြီး ပညာတစ်ခုတောင်ထပ်တိုးသွားသေးတယ် ဘိလိယက်လေးပါ ထိုးတတ်လာတယ် ။ အိမ်ကထွက်ရင်တော့ စာအုပ်တွေ အပြည့်နဲ့ သူငယ်ချင်းအိမ်မှာ စာကူကျက်ပေးမယ့်ဂိုက်ခေါ်ထားလို့ သွားကျက်မယ်ပေါ့ဗျာ ။

 

စာမေးပွဲကြီးဖြေဖို့ တစ်လလောက်တောင်မလိုတော့တဲ့ အချိန်နဲ့ စာမေးပွဲရက် ကို စောင့်ပြီးဖတ်ပေးကြပါအုံးဗျာ။

စာအရမ်းရှည်ရင် ကျွန်တော်လဲ မဖတ်ချင်ဘူး သူများကိုလဲ ကိုယ်ချင်းစာလို့ ဒီမှာတင် တစ်ဖြတ်နော် ။  နောက်တစ်ပိုစ့်မှာ အပြီးရေးပြီး အပြီးမွှေခဲ့တာတွေပြောပြပါမယ် ။

3 comments

  • ဦးကြောင်ကြီး

    November 17, 2012 at 11:18 pm

    ဆယ်တန်း
    ဝယ်ဖြန်း
    မယ်ငမ်း
    ရှယ်နမ်း
    ဟယ်ကြမ်း
    နွယ်ဖမ်း
    ဒယ်ဗန်း
    ငယ်လန်း..။

  • လုံမလေးမွန်မွန်

    November 18, 2012 at 12:36 pm

    အောင်တယ်မို့လား…တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်…စောင့်ဖတ်နေပါတယ်နော်….

    စကားမစပ်..ဟိုဆရာကိုတော့ ပေါ်တင်တောင် သွားပြောလိုက်ချင်တယ်… 🙂

  • Thu Wai

    November 18, 2012 at 12:51 pm

    ပြီးအောင်တော့ဆက်ရေးပါ့မယ် လောလောဆယ် အင်တာနက်သုံးဖို့ဖုန်းဘီလ် လေးတော့ရှာလိုက်အုန်းမယ်

Leave a Reply