အက္ခရာတွေအောက်မှာ ငါမရောက်ချင်ပါဘူး

ကိန်းသေတွက်နည်းအောက်မှာ ငါကျရှုံးခြင်းတွေ ဖြစ်တည်နေပြီလား

သတ်မှတ်ချက်တွေကို ငါမလွန်ဆန်နိုင်သေးသမျှ

ဘ၀မှာ ရင်မောခြင်းတွေ ပြည့်နှက်နေရော့မယ်ထင်ပါတယ်

တန်းဖိုးဆိုတာ လူအများသိတဲ့ သတ်မှတ်ချက်တွေပါ

ထိုသတ်မှတ်ချက်တွေကို ငါမုန်းတီးနေခဲ့တာ ဘ၀ထက်ဝက်ကျော်ပြီထင်တယ်နော်

ဘာကြောင့်ဘဲဖြစ်ဖြစ် ငါခံစားနေသမျှတော့ တွက်ကိန်းအောက်မှာ ခစားနေတုန်းဘဲနော်

အေသည် ဘီထက်ကြီးတာလား ဒါမှမဟုတ် ဘီက အေကိုတန်ပြန်ရိုက်နှတ်နေတာလားလေ

ငါ့ရဲ့တန်ပြန်ရိုက်ချက်ကတော့ ဘ၀အမောတွေ သောကတွေကြားမှာ

ငါ့သစ္စာနဲ့ မာနတွေကို ကိန်းသေထားလိုက်ရင်

သေချာတယ် အကြွင်းက မုဒိတာလေးပါ

ပိတောက်မိုး

 

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..