ကိန်းသေ တွက်ချက်

ကာရံNovember 17, 20121min943

အက္ခရာတွေအောက်မှာ ငါမရောက်ချင်ပါဘူး

ကိန်းသေတွက်နည်းအောက်မှာ ငါကျရှုံးခြင်းတွေ ဖြစ်တည်နေပြီလား

သတ်မှတ်ချက်တွေကို ငါမလွန်ဆန်နိုင်သေးသမျှ

ဘဝမှာ ရင်မောခြင်းတွေ ပြည့်နှက်နေရော့မယ်ထင်ပါတယ်

တန်းဖိုးဆိုတာ လူအများသိတဲ့ သတ်မှတ်ချက်တွေပါ

ထိုသတ်မှတ်ချက်တွေကို ငါမုန်းတီးနေခဲ့တာ ဘဝထက်ဝက်ကျော်ပြီထင်တယ်နော်

ဘာကြောင့်ဘဲဖြစ်ဖြစ် ငါခံစားနေသမျှတော့ တွက်ကိန်းအောက်မှာ ခစားနေတုန်းဘဲနော်

အေသည် ဘီထက်ကြီးတာလား ဒါမှမဟုတ် ဘီက အေကိုတန်ပြန်ရိုက်နှတ်နေတာလားလေ

ငါ့ရဲ့တန်ပြန်ရိုက်ချက်ကတော့ ဘဝအမောတွေ သောကတွေကြားမှာ

ငါ့သစ္စာနဲ့ မာနတွေကို ကိန်းသေထားလိုက်ရင်

သေချာတယ် အကြွင်းက မုဒိတာလေးပါ

ပိတောက်မိုး

 

3 comments

  • အလင်းဆက်

    November 17, 2012 at 8:20 pm

    လန်းတယ် ။

    မတာမ ။
    ဟိုဘက်မှာ..ဆဲရတာ အားမရလို ့..။
    င်္ဒီမှာ..လာဆဲတာ ။
    ( ဘုရား…ဘုရား..အူးဗိုက်… မူးပြီး.ဝင် မလာပါစေနဲ ့…။ 🙂

  • မောင်ပေ

    November 17, 2012 at 8:36 pm

    ကိန်းသေတွက်
    ချိန်းရေစက်
    သိန်းငွေမြတ်
    မှိန်းလေနှပ်
    ထိန်းစေမပျက်

  • padauk moe

    November 17, 2012 at 8:44 pm

    ကိုပေကတော့ အားပေးချက်တွေလန်ထွက်နေတာဘဲ ထက်ပြီးဆက်လိုက်မယ်
    ထိန်းစေမပျက်ပါဘူး
    စိတ်တွေ မညှပ်ရအောင်
    အိပ်နေတဲ့ ကုတင်အောက်က
    ကြောင်လေးကို ခေါ်ပြီး
    ဟေ့ ကောင်မလေးလို့ မခေါ်လိုက်နဲ့နော် ဟီးဟီး

Leave a Reply