ဘကြီးပြောပြသောရုပ်လက္ခဏာနှင့် သိကောင်းစရာများ အပိုင်း-(၈)

aye.kkNovember 18, 20121min16731

၈ ။ လက်ချောင်းများယိမ်းယိုင်နေပါက အသက်ရွယ်ကြီးမြင့်လာသည့်
အချိန်တွင် လေနာရောဂါဝေဒနာခံစားရသူ ။

မိန်းကလေးများ မွေးရာပါ လက်ဖဝါးပြင် လက်ချောင်းများ ဖြောင့်တန်းမနေပါဘဲအနည်းငယ် တစ်ချောင်းနှင့်တစ်ချောင်းမှီယိုင်နေပါက အသက်ရွယ်ကြီးပြင်းလာပါက လေနာရောဂါ ခံစားရသူ အမှန်ပင်ဖြစ်သည်ဟု ကျမအသက်ခပ်ငယ်ငယ်က ဘကြီးပြောပြခဲ့ပါသည် ။
ဘကြီးပြောပြစဉ် အချိန်က ကျမအသက် ခပ်ငယ်ငယ်မျှ ဖြစ်ပါတယ် ။ ထိုစဉ်က ကျမလက်၏ ဘယ်ဘက်လက်ဖဝါးပြင်နှင့် ညာဘက်လက်ဖဝါးပြင် နှစ်ဘက်စလုံးရှိ လက်ချောင်းလေးများအား ယိမ်းယိုင်မှု ရှိမရှိ သိလိုသဖြင့် ဖြန် ့ကြည့်မိခဲ့ပါတယ် ။ ဖြန် ့ကြည့်ပြီး ဘကြီးအားပြလျှင် ဘကြီးကအသက်ကြီးလာလျှင် လေရောဂါအား အနည်းငယ်ခံစားရနိုင်တယ်ဟု ပြောဆိုပါတယ် ။ လက်ချောင်းများအားလုံးက ဆိုရွားစွာယိမ်းယိုင်နေခြင်း မရှိပါ ။ အတော်အတန်သင့် အနည်းမျှယိုင်နေ၍ ဘကြီးက ကျမ၏ လက်ဖဝါးအား ကြည့်မြင်ကာ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ် ။

ကျမ္မာရေးအရ နွယ်မြက်သစ်ပင် ဆေးဖက်ဝင် ဆိုသည့် စာအုပ်အားဖတ်ရှူ ရန် ဘကြီးကဘီဒိုထဲက ထုတ်ယူလာပြီး စာကြည့်စားပွဲခုံတွင် ချထားပေးပြီး ဆေးပညာအသိ ဗဟုသုတရရှိနိုင်ရန်နှင့် နားလည်စေရန်အတွက် ပေးဖတ်ခဲ့ပါတယ် ။
ထိုစဉ်ကတည်းက လေနာရောဂါဆိုတာ မခံစားဘူး၍ ကျမနားမလည်ခဲ့ပါ ။ ကျမ္မာရေးလိုက်စားရန် ဘကြီးပြောပြထားတော့ အလယ်တန်းတက်သည့်အချိန် ဆောင်းဦးကာလ ဆိုပါက နံနက်(၅)နာရီအချိန် နေ ့စဉ် ပုံမှန် မြို ့တပါတ်ထပြီး အပြေးလေ့ကျင့် တတ်ခဲ့ပါတယ် ။
ကျောင်းပိတ်ရက်ရောက်တိုင်း ပုံမှန် ကြက်တောင်ရိုက် ။ ညညလသာသည့် ရက်မျိုးဆိုပါက ထုတ်ဆီးတိုးခြင်း စက်ဘီးစီးသင်ယူပြီး
စက်ဘီးစီးနင်း လေ့ကျင့်ခြင်းတို ့ပြုလုပ်ပါတယ် ။ လသာရက်ဟုဆိုရာတွင် နွေရာသီကျောင်းပိတ်ရက်ရှည် ကာလများ၌ ရာသီဥတုကောင်းမွန်သည့်ရက်များတွင် ညဖက် ၈နာရီ ၉နာရီ အချိန်များ၌သာ ကျမ္မာရေးအတွက် စက်ဘီးစီးနင်းသည့်
လေ့ကျင့်မှုတို ့ကို ပုံမှန်ပြုလုပ်ခဲ့ပါတယ် ။

ကျောင်းမှာလည်း အားကစားပြိုင်ပွဲများ ရှိပါက ပြုလုပ်သည့်အချိန်တိုင်း အပြေး ထုတ်ဆီးတိုး တန်းမြင့်ခုန် အခါအားလျှော်စွာ ဝင်ကစားတတ်ပါတယ် ။ ကိုယ့်ကိုကိုယ် ကျမ္မာရေးကောင်းမွန်ရန်နှင့် သက်လုံကောင်းစေရန် အမြဲလေ့ကျင့် ကစားခဲ့ပါတယ် ။ ဝါသနာမပါသော်လည်း အားကစားလုပ်ရတာ အရမ်းနှစ်ခြိုက် သဘောကျမိပါတယ် ။

ကျမလက်ချောင်းလေးများက လက်သူကြွယ်က လက်ခလယ်သို ့အနည်းငယ်မျှ ယိုင်လျှက်ရှိကာ ဖြောင့်တန်းနေမှု မရှိတာတွေ ့မြင်ရပါတယ် ။ လက်ခလယ်ချောင်းကလည်း တည့်မတ်ဖြောင့်တန်း မနေပါဘဲလက်သူကြွယ်ဘက်သို ့အနည်းငယ်ယိမ်းယိုင်ပါတယ် ။ လက်ညိုးလက်ချောင်းကလည်း လက်ခလယ်ဖက်သို ့တိမ်းနေတာတွေ ့ရှိရပါတယ် ။
ကျမ္မာရေးကတော့ တစ်အိမ်သားလုံးတွင် ကျမ၏အစ်ကိုဖြစ်သူနှင့် ကျမက ကျမ္မာရေး ဒေါင်ဒေါင်မည်အောင် ကောင်းတယ် ဆိုတာ ။ တစ်အိမ်သားလုံးတို ့၏ ချီးမွမ်းထောပနာ ပြုခြင်းကိုခံခဲ့ရပါတယ်။

ကျမအိမ်ထောင်ကျပြီး သားဦးမွေးပြီးသည့် နောက်ပိုင်း ယောက္ခမဖြစ်သူထံ လိုက်နေခဲ့ရပါတယ် ။ ယောက္ခမက အသက်ငါးဆယ်ကျော်
ဝန်းကျင်ပါ ။ ယောက္ခမဖြစ်သူ လက်ချောင်းလေးတွေ သတိထားကြည့်မိတော့ လက်ချောင်းများအားလုံးလိုလိုနီးပါး တည့်မတ်ဖြောင့်တန်းမှု ရှိမနေပါဘဲ လွန်စွာဆိုးရွားကာ ယိမ်းယိုင်လျှက်ရှိနေတာ တွေ ့မြင်ရပါတယ် ။

ကျမက ငယ်ငယ်တည်းကပင် ရုပ်လက္ခဏာအား လွန်စွာပင်ဝါသနာ ပိုးပါသူဖြစ်၍ မပြောရမနေနိုင် ဆိုသလို ယောက္ခမဖြစ်သူအား လေနာရောဂါ ဝေဒနာအားခံစား ရနိုင်ကြောင်း ။ လေစာများအားလည်း အတတ်နိုင်ဆုံး ရှောင်ရန် စေတနာဖြင့် အသိပေးခဲ့ပါတယ် ။ ယောက္ခမက ဆိုးဆိုးရွားရွားဖြစ်မယ် ဆိုတာကို သူလက်မခံချင်ခဲ့ပါဘူး အစားအသောက်လည်း မရှောင်ပါဘူး ။ လက်မခံဟုဆိုရာတွင် ရုပ်လက္ခဏာအပေါ် မယုံကြည်တာလည်း ပါပါတယ် ။ မိမိကတော့ ကောင်းတာဆိုးတာ ထပ်မပြောလိုပါ ။ ဝါသနာအရ လေ့လာခြင်သည့်စိတ်က သာရှိနေပါတယ် ။
ကိုယ်ယုံကြည်တော့ ကိုယ်ကိုတိုင် အားကစားကို လိုက်စားခဲ့ပါတယ် ။

မိမိကျမ္မာရေးအရ အစာလည်းဆေး ဆေးလည်းအစာ ဆိုသည့်အတိုင်း လေနှင့်ပတ်သက်သည့် ရောဂါအား ကာကွယ်လိုသဖြင့် ရှောက်သီး အား ရှောက်ယို ရှောက်သီးဂျယ်လီ ရှောက်သီးဆေးပြား မကြာမကြာ ကိုယ်တိုင်ပြုလုပ်ပြီး စားသုံးတတ်ပါတယ် ။
လေနှင့်ပတ်သက်လျှင် ရှောက်သီး တောရှောက်သီးနှင့် ပျားရည်က အနိုင်ဆုံးလို ့လည်း ဘကြီးက ကျမကို ပြောပြထားပါတယ် ။ ကျမကြီးပြင်းလာလို ့ လေရောဂါဝေဒနာခံစားရပါက တောရှောက်သီးနှင့်ပျားရည်အားသုံးစွဲရန် လိမ်းကျံရန် ပြောပြပါတယ် ။ ကျမ၏ရုပ်လက္ခဏာအရ ဆေးပညာဗဟုသုတ အသိပညာရှိမြင်စေရန် ဘကြီးက ဆေးစာအုပ်များသာ လျှင် အားလပ်သည့်အချိန်တိုင်း အမြဲတစေ ဖတ်ရှူခိုင်းခဲ့ပါတယ် ။

ကျမအနေနဲ ့လုပ်ငန်းတာဝန်အရ အခြားမြို ့ရွာကို ပြောင်းရွေ ့နေထိုင်ခဲ့ရပါတယ် ။ နောက်ပိုင်းတာဝန်ကျရာနေရာ သို ့ပြောင်းရွေ ့နေထိုင်ခဲ့သည် ဆိုသော်လည်း ယောက္ခမ ကျမ္မာရေး အသဲအသန် ဖြစ်သည့်အချိန်၌ ခွင့်ယူကာ ခင်ပွန်းဖြစ်သူနှင့်အတူ ယောက္ခမအား တတ်နိုင်သလောက် သွားရောက်ပြုစုခဲ့ပါတယ် ။ ထိုအချိန်ယောက္ခမမှာ လေဖြတ်သွား၍ စကားပြောဆိုနိုင်သည့် အခြေအနေ မရှိဘဲပါးတစ်ခြမ်း စောင်းရွဲ ့သွားပြီဖြစ်ပါတယ် ။ ကျမကိုယ်တိုင် စိတ်ထိခိုက်ခံစားမှုတို ့ အပြင်းအထန်ခံစားရပါတယ် ။ ကျမရင်ထဲမှာနာကျင်လျှက် မတတ်သာသည့် အခြေအနေ ဖြင့် ရင်ဆိုင်မြင်တွေ ့ခဲ့ရပါတယ် ။

မိမိစုဆောင်းထားသမျှ ငွေကြေးဥစ္စာ တတ်နိုင်သမျှဖြင့် ယောက္ခမအား ဆေးဝါးကုသ ပေးခဲ့ပါတယ် ။ နောက်ဆုံးလေရောဂါ ဝေဒနာဖြင့် ဆုံးပါးကွယ်လွန်သွားခဲ့ပါတယ် ။ ထိုအချိန် ယောက္ခမဖြစ်သူ အသက်(၆၉)နှစ်ရှိပြီ ဖြစ်ပါတယ် ။
အခုကျမလည်း အသက်အရွယ်အရ ငါးဆယ်ဝန်းကျင် ချည်းနင်းဝင်ရောက်ပြီး လေရောဂါနှင့် ထိတွေ ့ခံစားနေရပါတယ် ။ အဆိုးရွားကြီးမဆိုသာပါ ။ ကျောအောင့် ရင်အောင့် ထုံတာ ကျင်တာ တွေ ဖြစ်ပေါ်ခံစားရပါတယ် ။
ရုပ်လက္ခဏာအရ မွေးရာပါ လက်ဖဝါးပြင်ရှိ လက်ချောင်းများ တည့်မတ်ဖြောင့်တန်းမှု မရှိပါဘဲ ယိမ်းယိုင်မှုဖြစ်နေပါလျှင် လေရောဂါဝေဒနာအား ခံစားရသည်ကို ကိုင်တိုင်လေ့လာသိမြင်ခံစား ခဲ့ရသဖြင့် ဗဟုသုတ အနေဖြင့် ပြန်လည်မျှဝေအပ်ပါတယ်။။

31 comments

  • aye.kk

    November 18, 2012 at 1:16 pm

    အပိုင်း(၈)အားထပ်မံတင်ပေးလိုက်ပါတယ်။။

  • Hnin Hnin

    November 18, 2012 at 1:22 pm

    တီကေရေ…
    အခုမှ ပထမဆုံး စတူပါပြီ…တီကေရေးထားတာနဲ့ တစ်ထပ်တည်းပဲ..
    လက်ချောင်းတွေ ယိမ်းယိုင်နေပုံက..တော်သေးတယ်..ဆိုးဆိုးရွားရွား မယိမ်းယိုင်
    နေသေးတာ…ဖေဖေ့ အမွေ လက်ချောင်းပုံပါ..မေမေ့လက်ချောင်းတွေကတော့
    လက်ချောင်းတိုင်း တန်းဖြောင့်နေတာ သတိထားမိခဲ့တယ်…
    အသက်ကြီးရင်တော့ မသိပါဘူး..အခုတော့ အစာအိမ်လေနာရောဂါတော့
    ရှိတာ အမှန်ပါပဲ…အခုကစ အစားအသောက်၊အနေအထိုင် ပိုသတိထား ဆင်ခြင်ရ
    တော့မယ်…သိခွင့်ရတဲ့အတွက် ကျေးဇူးပါနော်..တီကေ..

  • aye.kk

    November 18, 2012 at 2:32 pm

    Hnin Hnin,ရေ
    ပထမဦးဆုံးအဖြစ်ဝင်ရောက်ဖတ်ရှူအားပေးတာ
    ကျေးဇူးတင်ဝမ်းသာမိပါတယ်။အစာအိမ်လေနာရောဂါရှိတော့
    ကျမ္မာရေးကိုတော့ကြိုကြိုတင်တင်ကာကွယ်ထားပါလို ့အန်တီသတိပေးလိုပါတယ် ။
    အန်တီညီမလေးသီလရှင်ကအစာအိမ်လေနာရောဂါဝေဒနာသည်ပါ ။
    အခုဝိပဿနာတရားအားထုတ်တော့ လုံးဝပြန်မဖြစ်တော့တာ အံ့ဩစရာအဖြစ် တွေ ့မြင်ရပါတယ်။
    သီလရှင်မဝတ်ခင်က ဆေးရုံတက်ပြီးကုသတာ သောက်ဆေးနဲ ့အသက်ရှင်နေရပါတယ် ။
    အစာအိမ်လေနာရောဂါဆေးက အင်မတန်ဈေးကြီးပါတယ် ။
    အန်တီသိရှိထားတဲ့ ဂျူးမြစ်ဟာ အစာအိမ်လေနာ ရောဂါအတွက် လွန်စွာကောင်းမွန် အကျိုးပြုတာကိုသိရှိထားပါတယ် ။ သီလရှင်မဝတ်ခင်က ဆေးရုံကဆင်းပြီး အစားအသောက်မှားတော့ ရောဂါကပြန်ထပါတယ် ။ အန်တီလည်း မတတ်သာတဲ့အဆုံး ဂျူးမြစ်ကို အစာလည်းဆေး ဆေးလည်းအစာဆိုသလို ဟင်းရည်သောက်ပြုလုပ်ပြီး တိုက်ကျွေးခဲ့ပါတယ် ။ လုံးဝသက်သာသွားတာ လက်တွေ ့သိမြင်ခဲ့ပါတယ် ။ အန်တီသိထားတာက အစာအိမ်လေနာရောဂါဟာ ဆေးရုုံတက်ပြီး ကုသပျောက်ကင်းပါသော်လည်း အစားအသောက်မဆင်ခြင်နိုင်ပါက အချိန်မရွေးပြန်ဖြစ်နိုင်တာကို သတိပြုဆင်ခြင်ရပါမယ် ။
    အန်တီဟင်းရည်သောက်ပြုလုပ်တာလေးနည်းပေးလိုက်ပါတယ် ။
    ၁။ဂျူးမြစ်ကို ပဉ္ဖငါးပါးမကျန် ရေစင်အောင်ဆေးပြီး အနေတော်လှီးဖြတ်ထားပါ ။
    ၂။ကြက်သွန်ဖြူ အနေတော်ကို အမွှာသင် ရေစင်အောင်ဆေး ပြီးဓါးပြားရိုက်ထားပါ။
    ၃။ငါး (ငါးရံ ့ငါးပနော် ငါးပုဏ္ဏား ငါးပုလွေ )တစ်မျိုးကိုကင်ပြီး အသားနွှင်ထားပါ ။
    ဟင်းရည်ချက်မယ့်အိုးမှာရေအလောတော်(ကြွေပုဂံလုံးကြီး)တခွက်စာ မှန်းပြီးရေကိုကျွက်ကျွက်ဆူအောင်
    တည်ပါ ။ ဆူနေသည့်အချိန် ဖော်ပြပါ သုံးမျိုးကို ထည့်ပြီး ဆယ်မိနစ်ခန် ့မျှကြာသည်အထိ တည်ပါ ။ ဆားအနည်းငယ်မျှခပ်ပြီး သုံးဆောင်ပါ ။ အစာအိမ်လေနာ အတွက် ရေရှည်သောက်သုံးနိုင်ရင်
    လက်တွေ ့သက်သာပျောက်ကင်းစေပါတယ် ။

    • ရွှေ ကြည်

      November 18, 2012 at 3:46 pm

      အန်တီအေးရေ ပို့စ်အတွက်ရော ဆေးနည်းအတွက်ပါကျေးဇူးအကြီးကြီးတင်ပါတယ်နော်
      အန်တီရဲ့ ရုပ်လက္ခဏာအကြောင်းတွေဖတ်ဖြစ်ပါတယ် မန့်သာမမန့်ဖြစ်တာ..နံပါတ် ၉ မျှော်နေမယ်။

      • aye.kk

        November 18, 2012 at 6:35 pm

        ရွှေကြည်ရေ..
        အားပေးနေတာသိရလို ့ဝမ်းသာပါတယ်။
        အပိုင်း(၉)လည်းတင်ပေးသွားပါမယ်။။

  • Hnin Hnin

    November 18, 2012 at 2:48 pm

    ဟုတ်ကဲ့ပါ..တီကေရေ…နှင်းနှင်းကလည်း ကျေးဇူးတင်ပါတယ်…

    အစားမဆင်ခြင်တတ်၊စားချင်ပြီဆိုရင် မတည့်လည်း စားပစ်လိုက်တတ်တဲ့
    ဖေဖေ့ကိုလည်း သတိပေးဖို့ ထပ်တိုးလာပြီ….

    အစာအိမ်လေနာအတွက် အကျိုးပြုတဲ့ ‘ ဂျူးမြစ်ပဉ္စငါးပါးဟင်းရည်သောက်နည်းလေး ‘
    ကိုလည်း လုပ်သောက်ကြည့်ပါအုံးမယ်….

    • aye.kk

      November 18, 2012 at 6:22 pm

      ့်Hnin Hnin
      လေရှိတဲ့သူက…
      သခွား၊လဖက်၊မုံညှင်းဖြူ၊မုံညှင်းခါး၊မျှစ်ရှောင်နိုင်ရင်ကောင်းတယ်။။

      • Hnin Hnin

        November 19, 2012 at 9:59 am

        တီကေပြောတဲ့ ၄မျိုးက စားခဲပါတယ်..
        မုန်ညင်းဖြူ၊ခါးနဲ့မျှစ်ကို လေစာမှန်း ခုမှသိရတာ..ကျေးဇူးပါနော်…
        မုန်ညင်းဖြူ/ခါးတော့ အစိမ်း စားကို မစားတာ…
        မုန်ညင်းခါးကတော့ ရှမ်းချဉ်ထဲ ပါတယ်ထင်တယ်..
        သက်သတ်လွတ်နေ့တွေတော့ စားဖြစ်တယ်..

  • pooch

    November 18, 2012 at 3:01 pm

    အန်တီအေး ရေ အနော့်လက်လည်း အန်တီအေး လက်လို နည်းနည်းလေး ယိုင်တဲ့ ဘက်ပါတယ်။
    ဆိုတော့ သတိထားသင့်တာပေါ့နော်။ အမေ့လက်ကတော့ ဖြောင့်တယ် တော်သေးတယ်။

    နောက်အနော်က အစာအိမ်လည်း ဖြစ်ဖူးတယ် ဆိုတော့ ဒီဆေးနည်းလေးက အသုံးဝင်ပါတယ်။
    သေချာမှတ်ထားလိုက်ပါ့မယ်။

  • aye.kk

    November 18, 2012 at 6:32 pm

    pooch
    ဝင်ရောက်ဖတ်ရှူသွားတာ
    သိရလို ့ဝမ်းသာမိရပါတယ်ကွယ် ။။

  • MaMa

    November 18, 2012 at 6:48 pm

    သတိပြုစရာပါပဲ။
    အခုလို သိထားတော့လည်း ဆင်ခြင်ရတာပေ့ါ။
    ကျမလည်း လက်ချောင်းတွေက သိသိသာသာ ယိုင်နေလို့ အနေအထိုင် အစားအသောက်ဆင်ခြင်ဖို့ သတိထားနေရတယ်။

    • aye.kk

      November 18, 2012 at 8:59 pm

      Ma Ma
      ဝင်ရောက်ဖတ်ရှူအားပေးတာဝမ်းသာမိပါတယ်။
      လေရောဂါဝေဒနာက ကာကွယ်ကုသပျောက်ကင်းနိုင်ပါတယ် ။
      ဝဋ်နာကံနာပါလာရင်တော့ ရှောင်လွှဲမရနိုင်တဲ့ သဘောကိုနားလည်ထားမိပါတယ် ။
      တရားထိုင်ခြင်း အကျိုးတရားက လက်တွေ ့ပျောက်ကင်းတာ သိမြင်မိပါတယ် ။။

  • မောင်ပေ

    November 18, 2012 at 6:56 pm

    လေနဲ ့ပတ်သက်ပြီးတော့ကတော့ ၊ အလျင်းပျောက်ချင်သပ ဆိုရင် ၊ မေမြို ့မှာ ပလောင်ဆေးဆရာ တစ်ယောက် ရှိတယ်ဗျ ၊ စပါးကြီးသည်းခြေ နဲ ့ ကုတာ ။ ကျုပ်အသိတစ်ယောက် မျက်နှာလေဖြတ် လို ့ရွဲ ့သွားတာကို သွားကုတာ ၂လကျော်တော့ကြာတယ် ၊ အခု ပကတိ ပြန်တည့်သွားပြီ
    ဆေးဖိုးကလဲ သဒ္ဒါသလောက်ပဲ ပေးရတယ် ။

    • aye.kk

      November 18, 2012 at 8:31 pm

      မောင်ပေ
      ကျေးဇူးတင်ဝမ်းသာမိပါတယ် ။
      စပါးကြီးသည်းခြေက ဆေးဘက်ဝင်ပါဘဲ ။ ခန္ဓာကိုယ်မှာ ဖြစ်တဲ့ရောဂါမှန်သမျှ ကာကွယ်နိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ် ။ စပါးကြီးသည်းခြေကို အနည်းငယ်မျှ စားသုံးပေးရင် ကင်ဆာမြစ်ပွားနာကို လျှော့ပါးစေတာ သက်သာလာတာ လက်တွေ ့သိရှိရပါတယ် ။ (အသိမိတ်ဆွေတယောက်က လက်တွေ ့သုံးစွဲပြီး စစ်ဆေးစမ်းသပ်ကြည့်လို ့သိထားပါတယ်)

  • စိန်ဗိုက်ဗိုက်

    November 18, 2012 at 7:09 pm

    အန်တီရေ..ကိုယ့်လက် ကိုကြည့်တော့ သိပ်မယိုင်သလို မြင်မိပါတယ်
    ဒါပေမဲ့ ညနေ ခြောက်နာရီဝန်းကျင်ဆို ကျနော် တဂွီဂွီနဲ ့ လေထတတ်ပါတယ်..အဲတာကြောင့် လက်အပြင် တခြား အစိတ်အပိုင်းတစ်ခုခုများ ယိုင်နေသလား သိပါရစေခင်ဗျား

    • aye.kk

      November 18, 2012 at 8:38 pm

      စိန်ဗိုက်ဗိုက်ရေ
      လေရောဂါဝေဒနာကိုသာပြောတာပါကွယ်။
      လေထတာ တဂွီဂွီက လူတိုင်းဖြစ်တတ်ပါတယ် ။
      မိမိလက်ဖဝါးပြင်က လက်ချောင်းများဖြောင့်တန်းနေရင် လေရောဂါဝေဒနာ ခံစားဘို ့မပါတာ ပြောလိုက်ပါရစေကွယ်။။

  • ဦးကြောင်ကြီး

    November 18, 2012 at 8:18 pm

    အနော့်လက်ချောင်းတွေလည်း အဖြောင့်ဂျီး ဟုတ်ဖူးဗျ…။အာနာပါန ပြင်းပြင်းရှုရင် ဝါယောဓာတ်လည်ပတ်မှုမှန်ပြီး လေဖြတ်တာတောင် ပျောက်ကင်းကြောင်း သဲအင်းဂူ ဆရာတော်ကြီးအကြောင်း ကိုယ်တွေ့ အသံဖိုင်မှာ လားရှိုးဆရာတော် ဦးဥတ္တရ ပြောပြထားတာရှိတယ်..။

  • aye.kk

    November 18, 2012 at 8:44 pm

    ကြောင်ကြီးရေ
    အန်တီကိုယ်တိုင်တရားထိုင်ဘူးတော့ လက်တွေ ့မှန်ကန်တာသိရပါတယ်။
    ကြောင်ကြီးပြောပြတာမှန်လို ့ အကောင်းဆုံး best comment ရွေးလိုက်ပါတယ်။။

  • မဟာရာဇာ အံစာတုံး

    November 19, 2012 at 12:26 am

    အခုလို ဗဟုသုတတွေ ဝေမျှပေးတဲ့ အန်တီအေးကို ကျေးဇူးပါပဲခင်ဗျာ။
    ကျွန်တော့် အနေနဲ့ လက်ချောင်းလေးတွေ ယိမ်းယိုင်တယ် ဆိုတာကို သိပ်ပြီး သတိမထားတတ်ဘူး ခင်ဗျ။
    လက်ချောင်းတွေ စုထားပြီး ခွဲခြားရတာလား။ ကားထား ကျဲထားပြီး ခွဲခြားရတာလား။
    ကျွန်တော့် လက်ချောင်းတွေကို လက်တွေ့ကြည့်တော့ အကုန်လုံးနီးပါးက ဖြောင့်နေသလိုလို၊ လက်သန်းနဲ့ လက်သန်းကြွယ်က လက်ခလယ်ဘက်ကိုပဲ ယိမ်းယိုင်နေသလိုလို ဖြစ်နေပါတယ်။
    ယိမ်းယိုင်တဲ့ပုံစံ ခွဲခြားပုံလေးကိုလည်း ပြောပြနိုင်မယ်ဆိုပါက သိချင်မိတယ် ခင်ဗျာ။

  • aye.kk

    November 19, 2012 at 5:53 am

    မဟာရာဇာ အံစာတုံး
    ဝင်ရောက်ဖတ်ရှုတာသိရလို ့ဝမ်းသာပါတယ်။
    မိမိလက်ဖဝါးပြင်ကိုစုထားပြီးဖြစ်စေ ခွဲခြားထားပြီး ဖြစ်စေ
    မိမိလက်ဖဝါးပြင်က လက်ချောင်းလေးတွေအားလုံး မိမိရဲ ့အမြင်မှာ တည့်မတ်ဖြောင့်တန်းမှု
    ရှိနေတာ မတွေ ့ရပဲ လက်ချောင်းများ လက်သန်းနဲ ့လက်သူကြွယ်က လက်ခလယ်ဖက် ယိမ်းယိုင်
    နေသလိုဖြစ်နေတာဟာ လေရောဂါဝေဒနာကို အသက်အရွယ်ကြီးမြင့်လာရင် ဒါမှမဟုတ် အသက်ရလာရင်
    ခံစားရနိုင်တယ်လို ့အန်တီကို ဘကြီးကပြောပြထားခဲ့ပါတယ်။
    တစ်ခုထပ်ပြောပြချင်တာက ထိမိခိုက်မိလို ့ကောက်တာရယ် မွေးရာပါ ကောက်လာတာရယ် မွေးရာပါ လက်ချောင်လေးများ ယိုင်နေတာဟာ မတူပါဘူး ။
    အဓိက မွေးရာပါ လက်သန်းကောက်တာဟာ တွေ ့ရှိရတာ များပြားပါတယ် ။ မွေးရာပါ လက်သန်းကောက်ရခြင်းဟာ ရုပ်လက္ခဏာမှာ သီးခြားအဓိပါယ်ဖွင့်ဆိုထားတာ သပ်သပ်ရှိပါတယ် ။ မွေးရာပါ လက်သန်းကောက်ခြင်းဟာ လေရောဂါ ဝေဒနာ မရရှိ မခံစားရနိုင်ပါဘူး ။ လက်သန်းဟာ ကိုင်ရိုလက္ခဏာ ဖွင့်ဆိုထားချက်အရ ဗုဒ္ဓဟူးဂြိုလ်ခုံပိုင်ဆိုင်တဲ့ လက်သန်းကို ဗုဒ္ဓဟူးဂြိုလ်ခုံဆိုင်ရာပိုင်လက်သန်း (ဝါ)စီးပွားရေးနဲ ့ သဘောတရားများသက်ဝင်ပိုင်ဆိုင်မှုရှိနေသောလက်သန်း လို ့လည်းခေါ်ဆိုပညတ်ပြုထားပါတယ် ။
    ဗုဒ္ဓဟူးလက်သန်း လို ့လွယ်လွယ်ခေါ်ဆိုတဲ့ မွေးရာပါရှိလာတဲ့ လက်သန်းကောက်နေခြင်းကို အန်တီလေ့လာမှတ်သား သိရှိထားတာ
    ဗဟုသုတအဖြစ်ထည့်ပြောပြချင်ပါတယ် ။ မိမိရဲ ့လက်သန်းဟာ မွေရာပါ ကောက်နေတာ မျက်မြင်တွေ ့ရရင် မိမိစိတ်သဘောဟာ စီးပွားရေး
    နဲ ့ပတ်သက်တဲ့ လူမှုဆက်ဆံရေးငွေကြေးဆိုင်ရာ ကိစ္စရပ်တွေမှာ မိမိအပေါ်စိတ်သဘောထားကောင်းသူတွေကို မိမိကအကောင်းမြင်သဘောထားပြီး ဆက်ဆံပါတယ် ။ မိမိအပေါ်မကောင်းအမြင်ရှိသူတွေကို မိမိက မကောင်းဘူးလို ့စိတ်ကခံယူထားသူတွေ အပေါ်မှာသဘောထားတစ်မျိုးနဲ ့ဆက်ဆံတတ်ခြင်းပါဘဲ ။
    မိမိစိတ်က နှစ်သက်မှု မရှိရင် ထိုသူတွေက မိမိဆီက အခက်ခဲဖြစ်လို ့ငွေကြေးဆိုင်ရာ ချေးငှားရင် မိမိလက်ထဲထိုသူချေးငှားတဲ့ပိုက်ဆံ လက်ထဲရှိနေ ချေးငှားပေးရင် ရနိုင်သော်လည်း မိမိစိတ်က သဘောမဖြောင့်နိုင်ပဲ မရှိဘူးလို ့ ငြင်းကွယ်ပြောဆိုတတ်တာဟာ မွေးရာပါ စီးပွားရေး ငွေကြေးဆက်ဆံမှုဆိုင်ရာ ပိုင်ဆိုင်နေတဲ့လက်သန်းချောင်း ကောက်နေလို ့ပဲဖြစ်ပါတယ် ။ မိမိလက်ချောင်းတွေ ယိမ်းယိုင်မှုရှိနေတာ လေရောဂါ
    ဝေဒနာခံစားရနိုင်တာ သိထားဘို ့လိုအပ်လှပါတယ် သိရင် မိမိကိုယ်ကို အနေအထိုင်အစားအသောက် ဆင်ခြင်မှုပြုနိုင်ပါတယ် ။
    မွေးရာပါ လူသားတွေရဲ ့ လက်သန်းဖြောင့်တန်းတည့်မတ် နေတာတွေ ့ရှိရပါက စီးပွားရေးဆိုင်ရာ သမာသမတ်စိတ် မျှတ မှန်ကန်မှု ရှိနေသည့် စိတ်နေသဘော စိတ်ထားဖြောင့်မတ်မှန်ကန်မှု ရှိတဲ့သူတွေဖြစ်ကြောင်း လေ့လာသိရှိထားပါတယ်။။

  • Foreign Resident

    November 19, 2012 at 6:11 am

    မှတ်ရတာများလို့ ခေါင်းရှုပ်လာပြီ ။
    မြန်မာပြည် ပြန်ရောက်မှ မ Aye KK ကိုဘဲ ၊
    တိုက်ရိုက် လက္ခဏာ လာမေးတာပိုကောင်းမယ် ထင်တယ် ။ 😛

  • aye.kk

    November 19, 2012 at 6:32 am

    Foreign Resident
    အဘဖောနဲ ့လည်း ကိုင်ရိုလက္ခဏာပညာ လေ့လာဖတ်ရှု မှတ်သားထားတာ
    ဗဟုသုတအဖြစ် ဖလှယ်ဆွေးနွေးတာမျိုး ပြုလုပ်ချင်ပါတယ်။မြန်မာပြည် ပြန်ရောက်ရင် တွေ ့ချင်ပါတယ် ။

  • ခိုင်ဇာ

    November 19, 2012 at 8:01 am

    လက်ချောင်း ဖြောင့်ဖြောင့်လှလှ က မတွေ့ဘူးသလောက် ရှားသလိုပဲနော် တီအေး။
    မင်းသမီး စိုးမြတ်သူဇာလက်မျိုးဆို ကောင်းသလား။
    ကျနော်တို့က ငယ်တုန်းက လက်ချိုးလို့လားမသိ။ မလှရတဲ့ အထဲ လက်ဆစ်တွေက ကြီးသေး။ 🙁

    • Foreign Resident

      November 19, 2012 at 9:13 am

      စိတ်သိပ်ပူမနေကြနှင့် ။
      လက္ခဏာဆိုတာ ၆ လ တစ်ကြိမ် ပြောင်းတယ် / ပြောင်းလို့ရတယ် ။

      မအောင်မြင် / မချမ်းသာစဉ် အခါက လက်ပုံစံ နှင့်
      အောင်မြင် / ချမ်းသာလာတဲ့အချိန် လက်ပုံစံ မတူဘူး ။
      ပြောင်းတယ် ။ ကိုယ်တွေ့ ။
      အဘ လည်း ငယ်စဉ်က လက်ကျဲ ၊ အဆစ်ကြီးတာပဲ ။
      အခု လက်ချောင်းတွေ ပြည့်ပြီး ၊ အဖျား ရှူးလာပြီ ။

      ဟိုးအရင်က အကြားအမြင် ET တို့ဘာတို့ ၊
      ဝေးလွန်းတဲ့ အနာဂါတ်ကို မှန်အောင် မဟောနိုင်ဘူးဆိုတာ အဲဒါပဲ ။
      ကြားထဲမှာ ကိုယ်ပြုသွားတဲ့ ကုသိုလ်ကံ အကုသိုလ်ကံ တွေက အားပြင်းရင် ၊
      ကိုယ့်ရဲ့ အနာဂါတ်ကော ၊ လက္ခဏာ ပါ လိုက်ပြောင်းပေးတယ် ။

      ကောင်းမှု ကုသိုလ် သာ များများ လုပ်ပေး ။
      ကောင်းမှု ကုသိုလ် ဆိုတာလည်း ငွေ ရှိမှရယ် မဟုတ်ဘူး ၊
      စိတ်ကောင်းမွေး မေတ္တာထားတတ်ရင်ကို ကုသိုလ် တွေ ရ လှ ပြီ ။

      • ခိုင်ဇာ

        November 19, 2012 at 9:19 am

        ဟုတ်။ မှတ်သားသွားပါတယ် ဘဖော။ တီအေးရော ဘဖောကို ရော ကျေးဇူးပါ။
        🙂

      • aye.kk

        November 19, 2012 at 9:22 am

        အဘဖောမှန်ပါတယ်။
        လက်ဖဝါးပြင်မှာပါရှိလာတဲ့လက္ခဏာအရေးအကြောင်းတွေဟာ
        (၆)လတစ်ကြိမ်ပြောင်းလဲတာကိုင်ရိုကအတိအကျဆိုထားပါတယ်။
        ရုပ်လက္ခဏာကမွေးရာပါပဋိသန္ဓေပါလာထဲကပြုခဲ့တဲ့ကံတွေအတိုင်းဖြစ်တည်လာတာပါ။
        ကိုင်ရိုလက္ခဏာပညာနဲ ့ရုပ်ဆင်းအင်္ဂါပညာ(ရုပ်လက္ခဏာပညာ)မတူပါကြောင်း။။။

  • aye.kk

    November 19, 2012 at 8:45 am

    ခိုင်ဇာ
    လက်ချောင်းရဲ ့လက်ဆစ်တွေကြီးတာ(မွေးရာပါ)
    ဆိုရင်တော့အင်မတန်ကောင်းမွန်တဲ့လက်ချောင်းပိုင်ရှင်ပါဘဲ။
    အလုပ်လုပ်နိုင်စွမ်းအားရှိတဲ့သူတွေပါဘဲ(ပျင်းရိခြင်းလုံးဝမရှိတာပေါ့နော်)။
    လက်ချောင်းတွေရှည်လျှားဖြောင့်တန်းနေမယ်ဆိုရင်တော့
    အလုပ်တခုလုပ်တဲ့အခါ သေချာတာ စေ့စပ်တာ စိတ်ရှည်တာ ဇွဲရှိတာ စသည့်
    အကြောင်းတရားတွေ ပိုင်ဆိုင်ထားတဲ့သူပါဘဲ ။(အောင်မြင်တဲ့ အကျိုးတရားတွေကို ခံစားရရှိနိုင်မယ့်သူပါဘဲ)။
    လက်ဆစ်ကြီးတာနဲ ့လက်ချောင်းရှည်လျားတာဟာမတူပါ။(နှစ်မျိုးကသီးခြားစီကွဲပြားပါတယ်)။။

  • Mon Kit

    November 19, 2012 at 9:26 am

    အန်တီအေးရေ…
    ဒီတစ်ချက်လည်း တူနေလို့ အထူးဂရုစိုက်ပါတော့မယ်…
    ရှောင်ရန်.. ဆောင်ရန်တွေလည်း သေချာမှတ်သွားပါတယ်နော်…
    အပိုင်း (၉) လည်း မျှော်နေပါ့မယ်…..

    • aye.kk

      November 19, 2012 at 7:10 pm

      Mon Kit
      အားပေးတာဝမ်းသာမိပါတယ်။
      အန်တီအပိုင်း(၉)တင်ပေးပါမယ်။။

  • မိုချို

    November 19, 2012 at 12:52 pm

    အန်တီအေး ရေ
    ရုပ်လက္ခဏာ သိကောင်းစရာ တွေ ကို ခါတိုင်း လည်း ဝင်ဖတ် ပေမယ့် ကိုယ်နဲ့ မတိုက် ဆိုက် သေး လို့ တခါ မှ မမန့် ဖြစ်ခဲ့ ဘူး။ ခုတော့ တိုက် ဆိုင် သွား ပြီ။
    မိုချို့ လက်ချောင်းတွေ က အန်တီအေး ရေးခဲ့ သလို ပဲ အကုန် ယိုင်နေ တာ ၊ လက်ညှိုး က လက် ခယ် ဘက်၊ လက်ခလယ်က လက် သူကြွယ် ဘက်၊ လက်သူကြွယ်က လက်ခလယ်ဘက် ၊ လက်သန်းတွေ က လည်း ကောက် နေသေး။
    အောင့် လိုက် တဲ့ ဗိုက် ၊ အစာအိမ်ရော၊ လေ နာ ကော မကြာ ခဏ ပဲ။ ဒီ အတိုင်း ဆို လေ ဖြတ် စေ မယ့် အနေအထိုင် ၊ အလေ့ အကျင့် တွေသတိထား ပြင် ရတော့ မှာ ပေါ့ ။ လက်သန်း ကောက် တဲ့ အဟော က လဲ ကွက် တိ ပဲ ။ စိတ်ထဲ ကိုယ့် အပေါ် မကောင်း ဘူး ထင် လို့ ကတော့ လုံး ဝ ဆော ရီး ပဲ။
    နောက်ရေး မှာတွေ လဲ စောင့် ဖတ် နေ မယ် နော်။

  • aye.kk

    November 19, 2012 at 7:29 pm

    မိုချို
    အပိုင်း(၉)ကိုထပ်မံတင်ပေးသွားပါမယ်။
    အန်တီကိုအားပေးနေတာသိရလို ့ကျေးဇူးတင်ဝမ်းသာမိပါကြောင်းပြောပြလိုက်ပါရစေ။။

Leave a Reply