ကယ်ကျပါဦး

 

အောင်မလေး ပူလိုက်တာနော် ပူလိုက်တာ။တစ်ကယ့်ကို ငါ့ခန္ဓာကိုယ်ကြီးပူထက်ပိုပူလာပါ လား။ဘာကြောင့်များ ဒီလောက်တောင်ပူလာတာပါလိမ့်။သြော်လက်စသတ်တော့ ငါ့ကိုယ်ပေါ်က အိုဇုန်းဆိုတဲ့ ချုံလွှာကြီး ပေါက်လို့ပြဲလို့ပါလား။

ဒါနဲ့ မင်းတို့ကို ငါမေးရဦးမယ်။မင်းတို့တွေ ပြောပြောနေတဲ့ မင်းတို့လူနေမှုစနစ်ကို တိုးတက်စေတယ်ဆိုတဲ့ စက်ရုံကြီးတွေ၊မော်တော်ယဉ်တွေက မင်းတို့ကိုတစ်ကယ်ရော အကျိုးပြုကျရဲ့လား။အေးလေ ပြုချင်လဲပြုကျမှာပေါ့။ငါ့ အ တွက်တော့ ဒီစက်ရုံတွေ ၊မော်တော်ယဉ်တွေကထွက်တဲ့ အငွေ့တွေက ငါ့ချုံလွှာကိုပါးလာအောင်လုပ်နေတာလို့ပဲထင်တယ်။

ထားပါလေ။အောင်မှာ မင်းတို့တွေက ငါ့ချုံလွှာကို ပါးလာအောင်လုပ်ရတာအားမရလို့ ငါ့ရဲ့အရေပြား(မြေလွှာ)ကို တောင်ဖျက်စီးနေကျပါ့လား။ဒီမယ် မင်းတို့လွှင့်ပြစ်လိုက်တဲ့ ကြွတ်ကြွတ်အိတ်တွေ၊မင်းတို့စွန့်ပြစ်လိုက်တဲ့ဓါတုဗေဒအညစ် ကြေးတွေ၊ကုန်ကုန်ပြောမယ်ကွာ မင်းတို့တွေကောင်းမယ်ထင်လို့ သုံးနေတဲ့ ဓါတ်မြေသြဇာဆိုတာတွေကိုက ငါ့အရေပြား ကိုပျက်စီးစေတယ်ကွ။

ပြီးတော့ ငါ့ရဲ့မွှေးညှင်းနုတွေနဲ့ချွေးစက်တွေလေ၊မင်းတို့စကားနဲ့ပြောရရင်တော့ သစ်ပင်တွေနဲ့မြစ်ပြင်တွေပေါ့ ဒါ တွေကိုလဲမင်းတို့က အန္တရာယ်ပေးနေတယ်နော် ။အေးအေးကောင်းပြီ။မင်းတို့ခုတ်နေတဲ့ သစ်ပင်တွေမျိုးးသုဉ်းသွားတဲ့အခါ၊ မင်းတို့ ဆည်ဖို့နေတဲ့ မြစ်ပြင်တွေကော်သွားတဲ့အခါ မင်းတို့ရဲ့ဘ၀ ဘာဖြစ်လာမလဲ ဘာတွေများထပ်ဖြစ်လာမလဲ။

။           ။           ။

 

ဟားဟား ဟားဟား အခုတော့မင်းတို့တွေလဲပူလာပြီမို့လား။မင်းတို့တွေ ရောဂါတွေရကုန် ကျပြီမို့လား။ဒီမယ်ငါ့ရဲ့ ချုံလွှာကြီးပါးလာရင်ဒီလိုတွေဖြစ်မယ်ဆိုတာ မင်းတို့တွေကြိုမတွေးမိ ဘူးလား။ဟင် ပြောစမ်းပါဦး။အခုငါ့ချုံလွှာကြီးပါးသ ထက်ပါးပြီး ပေါက်သထက်ပေါက်လာပြီလေ။ ဒီတော့မင်းတို့တွေ ပူသထက်ပိုပူလာပြီပေါ့။ပြီးတော့ရှိသေးတယ် အရင်ကငါ့ချုံ လွှာကြီး ကာကွယ်ပေးထားတဲ့ UVဆိုတဲ့နေရောင်ချည်ကို အခုမင်းတို့တွေတိုက်ရိုက်ခံစားလာရပြီးတော့ မင်းတို့မှာအရေပြား ကင်ဆာလိုရောဂါတွေရကုန်ပြီမို့လား။မရဘူးမပြောနဲ့နော် အနည်းဆုံးတော့ မျက်စိတွေမှုန်လာရပါပြီကွာ။

နေပါဦးကွ မင်းတို့တွေက မြေဆီလွှာတွေခန်းခြောက်လာလို့ မြေသြဇာတွေသုံးနေရတယ် ဟုတ်လား။ရီရတယ်။ဒီ မယ်ဒီလိုမြေဆီလွှာတွေခန်းခြောက်လာတာမင်းတို့ကြောင့်ကွ မင်းတို့ကြောင့်။ အခုကြည့်စမ်း ငါ့ရဲ့မြေဆီလွှာတွေအစား မင်း တို့တွေက အစားထိုး ဓါတ်မြေသြဇာတွေသုံးနေတယ်ဆို။ဘယ်လိုလဲ အဆင်ပြေရဲ့လား။အဲဒီ့အရာတွေကြောင့် သီးပွင့်လာတဲ့ သီးနှံတွေဟာ အရင်တုန်းကလောက် ဖွံ့ထွားရဲ့လား၊အာဟာရရှိရဲ့လား။ ကုန်ကုန်ပြောမယ်ကွာ ငါ့ရဲ့ပင်ကိုယ် အရေပြားလို့ ဆိုတဲ့ မြေပေါ်မှာပေါက်တုန်းကလောက် အန္တရာယ်ကင်းရဲ့လား။

မင်းတို့လဲ သိပါတယ် လူတွေက အောက်စီဂျင်(02)ကိုရှူပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2)ကိုထုတ်တယ်ဆိုတာ လေ။အေးပြောရဦးမယ် မင်းတို့တွေအလှဆင်ပစ္စည်းအဖြစ်သုံးနေတဲ့ သစ်ပင်တွေက အောက်စီဂျင်ကိုထုတ်ပြီးကာဗွန်ကိုရှူ တာနော်။အခုတော့ မင်းတို့တွေက မင်းတို့ရှူနေတဲ့အောက်စီဂျင် တိုတိုပြောရရင်တော့ လေကိုသန့်စင်ပေးနေတဲ့ သစ်ပင် တွေကိုဖျက်စီးနေကျပါ့လား။ဒါအကြမ်းဖျင်းပြောတာနော် သစ်ပင်တွေရဲ့ကောင်း ကြိုးကအများကြီးရှိသေးတယ်။ကျန်သေး တယ် မင်းတို့ကြည့်တက်ရင်တော့မြင်လိမ့်မယ်။ အခုမင်းတို့တွေအတွက် ရေချို၊ရေသန့်တွေဘယ်လောက်ရှားနေပြီလဲ။ဇွတ် အတင်းတော့ ညင်းဖို့မကျန်နဲ့ မင်းတို့ပြောချင်နေတဲ့ ပင်လယ်ဆိုတာရေငန်တွေကွ ငါမေးတာကရေချိုကွ ရေချိုကို။ ဒါဆိုဘာကြောင့်ရေချိုရှားလဲ။ရှင်းရှင်းလေး ပါ။ ရေချိုအဓိကထုတ်လွှတ်ရာဖြစ်တဲ့ မြစ်တွေ၊ချောင်းတွေမှာ ရေတွေနည်းကုန် လို့ပေါ့။ဘာကြောင့်နည်းလဲ ဒါတော့ငါမပြောချင်တော့ဘူး မင်းတို့သိပြီးသားမို့လား။                                                                                                        ။           ။           ။

ဟော ဟော တွေ့ကျပြီလား။ဆူနာမီတဲ့ဗျာ ဆူနာမီတဲ့၊ငလျှင်တဲ့ဗျာ ငလျှင်တဲ့။ဒါတွေကို မင်းတို့အရင်ကကောင်း ကောင်းမကြားဖူးလောက်ပါဘူး။

ဟားဟား နေရာအနှံမှာ မုန်တိုင်းတွေဝင်နေပါ့လား။နေရာအစုံမှာ ရေတွေကြီးလို့ပါလား ။ဟောဗျာ ဟိုနေရာမှာကျ တော့ရေရှာလို့တဲ့အမျိုးမျိုးပဲနော်။ကဲ ဒီလိုမျိုးမင်းတို့တွေအရင်က မကြုံဖူးဘူးထင်တယ်။

ဟဲဟဲ မိုးတွေလဲ ခေါင်လာပြီ။မြေတွေလဲပြိုနေပြီ။ဟ ရေခဲမြစ်တွေလဲ အရည်ပျော်ကုန်ပြီပဲ။ ဒင်းတို့တွေဒီလိုဖြစ် တက်တာ မင်းတို့သိလာပြီမို့လား။

ဘာ ဒါတွေဖြစ်ရတာ ငါ့ကြောင့်ဟုတ်လား။ဒီလိုတွေကြုံရတာ ငါ့အပြစ်ဟုတ်လား။ ဒင်းတို့တွေရဲ့ပြောင်းလဲမှုက ငါ့ ပယောဂ မကင်းဘူးဟုတ်လား။

အခုမှလာပြီး မင်းတို့တွေ စောဒကမတက်နဲ့။ဘာမှလည်း အပိုတွေပြောမနေနဲ့။ဒါ ငါ့အပြစ်မဟုတ်ဘူး၊လုံးဝကိုမ ဟုတ်ဘူး။မင်းတို့တွေ ကိုယ့်အပြစ်ကို ဖုံးချင်တိုင်း ငါ့အပေါ်ကို အပြစ်တွေလာ မပုံနဲ့။

မင်းတို့တွေဒီလိုခံစားရတာအခုမှကွ အခုမှ။ဒါ အကင်းပဲရှိသေးတယ်။နောက်ထပ် အများကြီးရှိသေးတယ်။မင်းတို့ရဲ့ အပြုအမူပေါ်မူတည်ပြီး မင်းတို့ခံစားရမယ့် ဒုက္ခတွေ အများကြီးကျန်သေးတယ်။

ဒီမယ် ငါတစ်ခုတော့ရှင်းအောင်ပြောခဲ့မယ်။မင်းတို့ မဆင်မချင်လုပ်ခဲ့လို့၊မင်းတို့တွေထင် ရာစိုင်းခဲ့လို့၊မင်းတို့ရမ်း ချင်တိုင်းရမ်းခဲ့လို့ ပျက်စီးခြင်းငါးပါးဆိုက်တဲ့ဒါဏ်ကို အရင်ဆုံးခံခဲ့ရတာ ငါကွ ငါ။

ငါဆိုတဲ့ ကမ္ဘာကြီးက အရင်ဆုံးခံစားနေခဲ့ရတာ … … … ။ ။

 

note- Please! save the world.

Too Much,

So Much,

Very Much,

Thanks.

Courage

About Courage

has written 47 post in this Website..