အလုပ်အကိုင်အခွင့်အလမ်းများ များစွာဖန်တီးပေးရန်လိုအပ်

aung layNovember 18, 20121min12810

မနက်ဖြန် ၁၉.11.2012 အမေရိကန်သမ္မတဘာရက်အိုဘားမား မြန်မာပြည်သို့ရောက်ရှိမည်ဟုသိရှိရသည်။ဒါကကျွန်တော်တို့ မြန်မာနိုင်ငံကို အမေရိကန်သမ္မတလာရောက်တာ ပထမဆုံးလို့သိရပါတယ် ဒါကတော့ ကျွန်တော်ကြားမိတာကိုပြောတာပါ ဒုသမ္မတကတော့လာခဲ့ဘူးတယ်လို့တော့ သိရှိရပါတယ် ဒါဟာစီးပွားရေးပိတ်ဆို့ခံထားရတဲ့ကျွန်တော်တို့နိုင်ငံအတွက် ကောင်းသောပြောင်းလဲမှုတွေဖြစ်လာလိမ့်မယ်လို့တော့မျှော်လင့်မိပါတယ်. ကျွန်တော်တို့နိုင်ငံမှာအလိုအပ်ဆုံးကတော့နိုင်ငံသားတိုင်းကိုအလုပ်အကိုင်များများပေးနိုင်ဖို့အရေးကြီးမယ်လို့ပြောခြင်ပါတယ်၊ဘာဖြစ်လို့လဲဆိုတော့ အလုပ်လက်မဲ့ဦးရေအရမ်းများပြားနေလို့ပါဘဲ။ ဘွဲ့ရပြီးအလုပ်မရှိတဲ့သူတွေရော၊ပညာရေးတစ်ပိုင်းတစ်စနဲ့လေနေတဲ့သူတွေရော၊ဘာဘွဲ့မှမရ၊ဘာအောင်လက်မှတ်မှမရှိဘဲ လေ့လာမှုကြောင့် လုပ်ငန်းကျွမ်းကျင်တဲ့သူတွေ အတတ်ပညာ၊လက်မှုပညာတတ်သူတွေလည်းတစ်ပုံကြီးပါ။ တစ်ချို့ဆိုရင်ဘွဲ့ရပေမဲ့လည်း ဝမ်းစာအတွက် ဆိုက္ကားနင်းသူတွေ၊ဆိုင်ကယ်ကယ်ရီဆွဲသူတွေ၊ကိုအများကြီးတွေ့နေရပါတယ် နိုင်ငံခြားတိုင်းပြည်တွေမှာလို အလုပ်အကိုင်ရှိသူများဟာ ပစ္စည်းများကိုအရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်တဲ့ အခွင့်အရေးရကြပါတယ် ကျွန်တော်တို့နိုင်ငံမှာတော့ကုမ္ပဏီတွေကရောင်းပေးခြင်အုံးတော့အလုပ်အကိုင်မရှိတော့အာမခံချက်မရှိလို့မရောင်းပေးနိုင်ပါဘူး ဒီနေ့ခေတ်မှာကအိမ်ရှိမိသားစုအကုန်အလုပ်လုပ်နိုင်မှမိသားစုစားဝတ်နေရေးပြေလည်နိုင်မှာပါ ဒါကြောင့် နိုင်ငံသားတိုင်းမှာအလုပ်ကိုယ်စီရှိမှ မိသားစုဘဝတွေပြည့်စုံပြီး နိုင်ငံတော်ကြီးပါတိုးတက်လာလိမ့်မယ်လို့ပြောခြင်ပါတယ်။ဒါကြောင့်နိုင်ငံတော်အစိုးရအနေနဲ့ရော စီးပွားရေးလုပ်ငန်းရှင်များကပါဒီအချက်ကိုအလေးထားပြီးစဉ်းစားပေးစေခြင်ပါတယ်။လူ့စွမ်းအားအရင်းအမြစ်များဖော်ထုတ်နိုင်ပါစေ။မြန်မာနို်င်ငံအားစီးပွားရေးပိတ်ဆို့မှုများမှလွတ်မြောက်နိုင်ပါစေလို့ဆန္ဒပြုလိုက်ရပါတယ်

10 comments

  • ဦးခင်ခ

    November 19, 2012 at 9:32 am

    aung lay ရေ စာရိုက်ရင် space လေးခြားရိုက်ပေးမှ ပိုစ့်ပေါ်မှာ ဖတ်ရတာ အဆင်ပြေနိုင်မယ်ဖြစ်ကြာင်း ခင်မင်စွာဖြင့် ပြောပါ၏။

  • jullies cezer

    November 19, 2012 at 11:50 am

    ဟုတ်ပါတယ်ဗျာ အလုပ်အကိုင်ရှိပြန်တော့လည်း ပညာနဲ့မတန်တဲ့လုပ်ခ
    လစာများကြောင့် ပညာတတ်တွေက နိုင်ငံခြားကိုအလုပ်ထွက်လုပ်ကြတဲ့
    အတွက် တိုင်းပြည်မှာ လူစွမ်းအားအရင်းအမြစ်တွေဆုံးရှုံးကြပြန်တယ်
    အလုပ်အကိုင်အခွင့်အလမ်းများစွာဖန်တီးပေးရန်လိုအပ်သလို တစ်ဖက်မှာ
    ထိုက်တန်တဲ့လုပ်ခစာများကို ရရှိနိုင်ဖို့ ဖန်တီးပေးရမှာဖြစ်ပါတယ် ……

  • ကထူးဆန်း

    November 19, 2012 at 12:10 pm

    ကျွန်တော်က တော့ ဒီလို တောင်းဆိုချင်ပါတယ် ။
    လူမှန် နေရာမှန် လစာ မှန် မြန်မြန်ဖြစ်ပါစေ လို့ ။
    သိသလောက် ကုမ္မဏီ တော်တော်များများမှာ လည်း အလုပ်သမား အလိုရှိပါတယ် ။
    ဒါပေမဲ့ နေရာမှန် အတွက်လူမှန် ရှာလို့ မရဘူးဖြစ်နေတယ် ။

  • Foreign Resident

    November 19, 2012 at 12:17 pm

    တဖြေးဖြေး နှင့်တော့ ၊
    အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာမှာပါ ။

    အောက်ကလင့်မှာ သွားကြည့်ပါအုန်း ။
    ရိုးရိုး သာမာန် သင်္ဘောသား ( AB ) တစ်ယောက်ကို ၊
    လစာ ၄၄၀ဝ US$ ပေးပြီး ခေါ်နေတယ် ။
    အဲဒီ လစာဟာ အရင်က Captain / Chief Officer လောက်မှ ရခဲ့တာပါ ။

    https://www.facebook.com/photo.php?fbid=429601223761014&set=a.388690541185416.90847.370043116383492&type=1&theater

  • etone

    November 19, 2012 at 2:15 pm

    aung lay ရေ …

    အိုဘားမားလာလို့ ကျွန်မတို့ နိုင်ငံမှာ အလုပ်ကိုင် အခွင့်ရေးတွေ ဖန်တီးဖြစ်ပေါ်စေတယ် ထားဦးတော့ ၊ အလုပ်လက်မဲ့တွေအတွက် ပဏာမအနေနဲ့ ဝမ်းသာစရာပေါ့လေ ။ ဒါပေမယ့်လည်း ……. ဖြစ်တည်လာတဲ့ အလုပ်ကိုင်အခွင့်ရေးတွေပေါ် ၊ ဝင်ဆံ့နိုင်တဲ့ အရည်ချင်းလည်း ရှိရဦးမယ်ဆိုတာ … မေ့ထားလို့ မရပါဘူး ။
    လစ်လပ်နေရာ ဘယ်လောက်ပဲရှိရှိ ၊ အခွင့်ရေးများစွာဖန်တီးဖြစ်ပေါ်လာပါစေဦး ၊ ကိုက်ညီတဲ့ အရည်ချင်းမရှိလျှင် ၊ အလုပ်ရလည်း မမြဲနိုင်ပါဘူးလေ ။

    အိုဘားမားလာတယ်ဆိုတာကလည်း မြန်မာ့ အကျိုးတစ်ခုတည်းအတွက် 100% ရည်ရွယ်ပါတယ်ဆိုတာမျိုးတော့ … တွက်ထားလို့ မရပါဘူး .. နှစ်နိုင်ငံ အကျိုးစီးပွား တွက်ဆပြီးမှ လာတာမျိုးဖြစ်မယ်လို့ ယုံကြည်ပါတယ် ။
    :gee:

  • မှန်ပါတယ် ကျွန်မတို့နိုင်ငံသားတွေမှာအရည်အချင်းပြည့်စုံနေရင် သူများနိုင်ငံတွေလိုအခြေအနေကောင်းလာမှာပါ။
    ကိုယ့်အရည်အသွေးကိုယ်ပြုပြင်မွမ်းမံထားကြဖို့လိုနေပါပြီ။
    အလုပ်အကိုင်အခွင့်အလမ်းတွေက လာပြီးရင်းလာတော့မှာလေ

    • တောတွင်းပျော်

      November 20, 2012 at 12:29 am

      အရည်အချင်း၊အရည်အသွေး မြှင် ့မယ်ဆို အဝေးသင်ရဲ ့ဘွဲ ့သမားတွေကျောင်းပြန်တက်…
      ကျနော်တို ့တုန်းက တစ်နှစ်မှာတစ်လ၊ တစ်လမှာ ၁ဝရက်သာကျောင်းတက်ရတဲ ့ အဝေးသင် စပေါ ့မေးခွန်းတွေနဲ ့ ခိုးကူးဖြေ၊ စာမေးပွဲချိန်အတွင်း အိမ်သာတွေထဲကိုလေ ့လာကြည် ့လိုက်..
      ဟူး..ပြောရတာမောတယ်။ ဘာတွေရနိုင်မလဲ.. စိတ်ပျက်တယ်။ အမေကြေနပ်အောင်တက်လိုက်ရတဲ ့ အဝေးသင်ဘွဲ ့ အလိုမရှိ ကျောင်းက တစ်ဝက်တစ်ပျက်နဲ ့ထွက်လိုက်တယ်။ ငွေပဲ အဓိကထားရှာတော ့မယ်။
      ကျောင်းက မဝယ်မနေ ဝယ်လိုက်ရတဲ ့စာအုပ်တထပ်ကြီးပဲရလိုက်တယ်။
      နောက်တစ်ခုက ၁ဝရက်လောက်သာမြင်လိုက်ရတဲ ့ ဆရာတွေကို ကန်တော ့ဖို ့။
      ဆရာတွေကိုမရိုသေလို ့မဟုတ်ပါဘူး။ ဆရာကန်တော ့ပွဲစီစဉ်တဲ ့ ကျောင်းသားတွေက ပြောင်ပြောင်ပဲပြောတယ်။
      စာမေးပွဲအတွက် ဆရာတွေကိုကန်တော ့ရမယ်ဆိုပဲ။

  • မောင်ပေ

    November 19, 2012 at 9:50 pm

    ကြားရသလောက်တော့ ၊ ရန်ကုန်စည်ပင်က သန် ့ရှင်းရေးဝန်ထမ်းတွေ တော်တော်အလုပ်များခဲ့ပုံပါပဲ
    အဲဒါအတွက် အပိုကြေး ရလား ဆိုတာတော့ မပြောတတ်ဘူး

  • အလုပ်လက်မဲ့ ရယ် အလုပ်မလုပ်ချင်လို့ တောင်းစားတဲ့ကောင်ရယ်ကတော့
    နိုင်ငံတိုင်းမှာ ဖြေရှင်းရခက်တဲ့ ပြဿနာတွေပါ
    သူလဲ သူ့အပူနဲ့သူနေမှာပါအေ့

  • myanmar oscar

    November 20, 2012 at 1:35 am

    မြန်မာ့အမြင့်ဆုံး(၃၈)ထပ်အဆောက်အအုံကို
    ရန်ကုန်မြို့ ကုန်သည်လမ်း ၃၅x၃၆ ကြားမှာဆောက်တော့မယ်…
    လူငယ်အလုပ်သမားတွေ (၅၀၀)လောက်ခေါ်မယ်တဲ့
    ထိုက်တန်တဲ့ လစာပေးမယ်လို့ ကြားရပါတယ်…..
    ဘယ်နိုင်ငံက အလုပ်သမားလဲတော့ မသိပေါင်ဗျာ….

Leave a Reply