အားလပ်ရက် – ၅ Hard-Disk ကို မွှေနှောက်ခြင်း (ဓာတ်ပုံပိုစ့်)

Mလုလင္November 19, 20121min22826
သူ့အလှ နဲ့ သူ – ၁
ရွှေတိဂုံ ည မြင်ကွင်း
သူ့အလှ နဲ့ သူ – ၂
မဒမ် Mလုလင် ရဲ့ လက်ရာ

ဒီတစ်ပတ် အားလပ်ရက်ကတော့ လုပ်ကိုလုပ်ရမယ့် လချုပ်စာရင်း တွေလုပ်ရင်း အိမ်မှာပဲ အချိန်ကုန် သွားပါတော့တယ်။ ပိုစ့်လဲ တင်ချင်တာကြောင့် Hard Disk အဟောင်းလေးထဲ ပြန်ရှာရင်း ပုံလေးတွေ ပြန်တင် လိုက်ပါတယ် …။ ၃ ပုံ ပဲ ကြိုက်တော့လို့ ၃ ပုံ ပဲ တင်မယ် လုပ်တာ … မဒမ် Mလုလင် ရဲ့ ရှားရှားပါးပါး လက်ရာ တစ်ပုံ တွေ့တာ နဲ့ တင် ဖြစ်လိုက်ပါတယ် …..။ မန်းလေး ရောက်တုန်း က ဘုရားကြီး မှာ ရွှေချ နေတုန်း ရိုက်ထားတာပါ။
မှတ်ချက်။ ။ ရွှေချ တာဘာဖြစ်တယ် .. ညာဖြစ်တယ် လာမပြောရ …. (ဟို နှစ်ပိုစ့် က အတိုင်း ပဲ .. ကွိကွိ)

လေးစားစွာဖြင့်
Mလုလင်

26 comments

  • သကြားလုုံးကြော်

    November 19, 2012 at 5:40 am

    ” ရွှေချ တာဘာဖြစ်တယ် .. ညာဖြစ်တယ် လာမပြောရ” ဆိုုမှသိချင်သွားတယ်။ ရွှေချတာဘာဖြစ်လိုု့လဲဟင်

    • Khaing Khaing

      November 19, 2012 at 4:05 pm

      ဟုတ်တယ် … အခုတစ်လော မန်းလေးမဟာမြတ်မုနိတို့ဘာတို့မှာ ရွှေသင်္ကန်းကပ်တာနဲ့ပတ်သက်ပြီး သတင်းထွက်နေတယ် …… ဒါပေမယ့် ဘာသတင်းလဲဆိုတာသိဘူး …. လာမမေးနဲ့ …….

      • တောတွင်းပျော်

        November 19, 2012 at 7:46 pm

        ကျနော်သိတယ်….လာမမေးနဲ ့..

        • သကြားလုုံးကြော်

          November 20, 2012 at 2:15 am

          တိတွားဘီ။ မမေးတော့ဘူး။ ဟီဟိ

  • ခိုင်ဇာ

    November 19, 2012 at 7:56 am

    အဲ့ ပန်းက မြင်သာမြင်ဘူးတာ။ ဘာပန်းခေါ်လဲ မသိ။ ကိုင်းက စကားပန်းမျိုးနဲ့ တူတယ်နော်။
    မဟာမြတ်မုနိ ဘုရားကို မန်းလေး အလွမ်းပြေ ဖူးသွားတယ်။

    ရွှေသင်္ကန်းကပ်တာ ဘာဖြစ်လို့တုန်း။ 🙂

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      November 19, 2012 at 9:10 am

      အဲဒီကိစ္စမပေးရဘူးလေ…. ဘာလို့ရွှေသင်္ကန်းကပ်တာလဲလို့… သိချင်ရင် ဂျီတော့ကနေဖြေမယ်…
      တော်ကြာ သူကြီးငြင်းစရာရသွားဦးမယ်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

      • ခိုင်ဇာ

        November 19, 2012 at 9:15 am

        ဟင်။ ဘာလို့တုန်း။ (အဲ မေးမိပြန်ပြီ)။ ကျနော် ကိုကြောင်ဝတုတ်ရဲ့ အီးမေး သိဘူးထင်တယ်။ 🙂

        • Inz@ghi

          November 19, 2012 at 9:17 am

          သူ့မေးလ်လား ..
          kyaung-ah-si-pate@gmail.com လေဗျာ…
          ဟီဟိ..
          နောက်တာ အတည်…

  • ခိုင်ဇာ

    November 19, 2012 at 9:22 am

    ဟယ်။ ဂီဂီ လျှောက်ပြောပြန်ပြီ။
    မဟုတ်ပဲနဲ့။ 🙁

    • Mလုလင်

      November 19, 2012 at 10:49 am

      ရွှေသင်္ကန်း ကပ်တာ (ရွှေချတာ) ဆိုတာ ရိုးရာ ယုံကြည်မှု နဲ့ ဆိုင်ပါတယ်။ ငါ့လက်က လွတ် — ဗြွတ် .. အလှူ မျိုး လို့ ဆိုနိုင်ပေမယ့် . . . . . . လူကြီးမိဘ တွေ ရောက်တုန်းရောက်ခိုက် လှူမယ်၊ လှူရမှ ဖြစ်မယ် ဆိုတဲ့ စိတ်အခြေအနေ (ပထမဇော) လေး မပျက်စေချင်တာကြောင့် . . . . . . . . . . . (မခိုင်ဇာဝင်း ရွာသက်ရင့်လာတဲ့ အခါ များမှာ အလိုလို သိလာနိုင်မယ် ထင်ပါတယ်…)

      • ခိုင်ဇာ

        November 19, 2012 at 11:11 am

        ဟုတ်ကဲ့၊ ကိုလုလင်။ ကျေးဇူး။ :hee:

  • Thu Wai

    November 19, 2012 at 9:47 am

    ကို “က” လုလင် ပုံက ယောပုဆိုးအနက်နဲ့လို့ထင်ပါဂျောင်း

    • Mလုလင်

      November 19, 2012 at 10:56 am

      ဟုတ်ပါတယ် ကို Thu Wai ရေ …။ ယောပုဆိုး နဲ့ ကချင် ပုဆိုး က ကျုပ်ရဲ့ အကြိုက်ဆုံး တွေ ပေါ့ …။

  • Mobile

    November 19, 2012 at 10:06 am

    Hard-Disk ကို မွှေနှောက်ခြင်း ဆိုတော့ နဲနဲအထင်ကြီးသွားတယ်
    ပြီးတော့ဓာတ်ပုံက လေးပုံလောက်ပဲတင်ထားတယ်ဆိုတော့
    စိတ်ပျက်မိပါတယ်. . . . .

    • Mလုလင်

      November 19, 2012 at 6:33 pm

      အထင်ကြီး တယ် ……. အထင်သေး တယ်ဆိုုတာ .. တစ်ခုမှ မကောင်းပါဘူး …. နှစ်ခုလုံးက လက်ရှိ အမှန်တရားနဲ့ မှ မကိုက်ညီတာလေ နော့ …။ ဘာပဲဖြစ်ဖြစ် … ဓာတ်ပုံ လေးတွေ လာကြည့် လို့ ကျေးကျေးဗျာ …။

  • ဂန္ဓာရီ ဆြာအုပ်

    November 19, 2012 at 11:41 am

    ဟုတ်တယ်ဗျာ.. အားရပါးရကြည့်ရမယ်ဆိုပြီး ဝင်လို်က်ကာမှ ၃ ပုံတည်း
    ကလုလင်ကတော့ လုပ်ချလိုက်ပြန်ပြီ။
    သျှို ထားတယ်ပေါ့ လူကြီးနော် ဟွန်း

  • မောင်ပေ

    November 19, 2012 at 1:16 pm

    ဟက်ဒစ်မွှေနှောက်
    ကွက်သစ်တွေဖောက်
    ကပ်ရစ်လေဂေါက်
    ဆက်ပစ်ကြွေပေါက်
    ဖက်စစ်ရေသောက်

  • Mobile ရေ
    သူမှာပုံတွေအများကြီးရှိတယ်။
    ဒါပေမယ့် ကိုစိန်သော့ ရွှေမင်းသား မင်းလုလင် မှော်ဆရာ (ကျနော်နဲ့စကားပြောဘူးတဲ့သူတွေကိုပြောတာနော်)
    တို့က ဓါတ်ပုံပြိုင်ပွဲဘို့ ရိုက်နေတဲ့သူတွေ။
    အဲတော့ သူတို့က ဥထားပါတယ်သူတို့ပုံတွေကို။
    ကျနော်ကသာ ဘာပွဲမှမဝင်လို့ ကျနော်လက်ဆော့သမျှကို အမြဲတင်ပြီးဟိုနားရိုက်တာဒီနားရိုက်တာဆို
    အာချောင်တာပါ။
    ဓါတ်ပုံဆရာအတော်များများ က ဘယ်နားရိုက်တာလဲမေးရင် သိပ်မဖြေချင်ဘူးဗျ။
    ဒါကမန်းလေးမှာကိုယ်တွေ့။

    • ဂန္ဓာရီ ဆြာအုပ်

      November 20, 2012 at 5:45 pm

      ဟုတ်သဗျို့
      အနော်ကတော့ ရိုက်သမျှအကုန်ပြ
      တစ်ခုမှ ဥ မထား .. ပြိုင်လဲတစ်ခါမှမပြိုင်..မရမှန်းသိလို့
      အကြွားကသန်.. မန့်တာတွေကြည့်ပြီး သဘောကျနေတာ
      ဟိ

  • သီဟသူရချာလတာအာပေတူး

    November 19, 2012 at 2:17 pm

    ဒီဘုရားကို ဒီလိုအနီးကပ်ကြီးဖူးလို့ရတာ ဓာတ်ပုံပဲရှိမယ်ထင်တယ်

  • Khaing Khaing

    November 19, 2012 at 4:01 pm

    မဒမ်လုလင်ရဲ့လက်ရာလေးကို နောင်လာနောက်သားတွေကိုပြပေ့ါ ….. မေမေ ဗိုက်ဗိုက်နဲ့ဖေဖေ့ကိုရိုက်ထားပုံ ……….

    • Mလုလင်

      November 19, 2012 at 11:14 pm

      အဲ့ဒီ့ တုန်းက .. မဗိုက် သေးဘူးဗျ … 🙂

  • Mobile

    November 19, 2012 at 6:36 pm

    အပြစ်လဲ သိပ်မတင်ကြပါနဲ့ ခင်ဗျ
    သူဖက်ကလဲ ဝင်ပြီးတွေးကြည့်ကြပါဦး
    သူ Hard Disk က Capacity 1Mb လောက်ပဲ ရှိလို့နေမှာပေါ့

    • Mလုလင်

      November 19, 2012 at 11:36 pm

      ကိုရင် Mobile …. Photography အကြောင်း နဲနဲ တီးမိခေါက်မိ ရှိတဲ့ အခါကျ … ပြန်ဆွေးနွေးကြတာ ပေါ့ဗျာ …… comment နှစ်ခု အတွက် ကျေးကျေးပါဗျို ့ …။
      ဒါနဲ့ … စကားမစပ်

      သူ Hard Disk က

      အဲဒါလေး ပြောမလို့ဗျာ .. အမှန် ဖြစ်သင့်တာက ..

      သူ့ Hard Disk က

      … အဲ………. ဒါ …………… လေး ………………။

  • myanmar oscar

    November 20, 2012 at 2:24 am

    ယောပုဆိုးကြီးနဲ့ ရောမချနဲ့နော်
    ပုဆိုးမှာ ရွှေတွေကပ်သွားလို့
    ဘုရားလူကြီးက ချွတ်ခိုင်းနေဦးမယ်….(စိတ်ဆိုးရဘူးနော်)

Leave a Reply