1 တောင်သမန်နံနက်ခင်းအရုဏ်မှာမြင်ရတဲ့လှေ

 

2 အဖော်မဲ့ အထီးကျန်

 

3 တစ်ကိုယ်ရေ

 

4 အလင်းတန်းများအောက်မှ

5လှေအစုနဲ့ ရောင်နီ

 

6ပုစွန်ဆီရောင်နံနက်ခင်း

7 ပိုက်တန်းချ

 

8 တံတားပေါ်ကမြင်ရတဲ့လှေကလေးတွေ

 

 

9 အ၀ါရောင်ကောင်းကင်အောက်ကလှေကလေး

 

10 ခပ် ခပ် မမြုပ်ချင်ရင်ခပ်

11ရိုက်ကွာ………………….

12ဗွမ်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

13 ဘွမ်းးးးးးးးးးးးးးးးးးးးးးဗွမ်းးးးးးးးးးးးးးးးးးးးးးးးးးးး

14 ဗွမ်းးးးးးးးဘွမ်းးးးးးးးးးးးးးးဗွမ်းးးးးးးးးးးးးးးးးးးးးးးးးးး

 

15 လွင့် မျော…………..အိုတံငါ

16 အိုတစ်ယောက်တည်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

 

17 တစ်ကိုယ်တော် တံငါသည်

18 အရိပ်ယောင်ရေထဲ

 

19 ရေလည်ကလှေငယ်များ

20 ၀မ်းစာရေးပေမို့

 

“တောင်သမန်ရင်ခွင်ထဲက လှေ”

 

 

 

ငယ်စဉ်ကတည်းက လှေကလေးတွေကိုစိတ်ဝင်စားခဲ့။

ကလေးဘ၀က ကျောင်းသုံးဗလာစာအုပ်ကို ဆုတ်ပြီး စက္ကူလှေကလေးတွေလုပ်လို့

မိုးရွာလို့ဖြစ်လာခဲ့တဲ့ ရေစီးကြောင်းထဲမျောခဲ့။

သီတင်းကျွတ်ရက်များမှာ သွပ်ပြားနဲ့လုပ်ထားတဲ့ လှေကလေးကို ဖယောင်းတိုင်မီးအပူနဲ့

အိမ်ရှေ့ရေမြောင်းလေးထဲမှာမျောစေခဲ့။

အလယ်တန်းကျောင်းသားဘ၀ မိုးတွင်းရောက်ရင် ကျောင်းရဲ့အနောက်ဘက်က အင်းဘဲအင်းထဲမှာ

တစ်နာရီငါးမူးပေးလို့လှေစီးခဲ့ကြ။

အရွယ်ရောက်ချိန်မှာတော့ တောင်သမန်အင်းစပ်က မယ်ဇယ်ပင်ရိပ်မှထိုင်ရင်းတံငါလှေကလေးတွေကိုငေးမောခဲ့။

အခုအချိန်မှာတော့ မိုးရေတက်ရေ တဖွေးဖွေးအချိန်များမှာ ရှမ်းလေးကျွန်းဘက်မှာ တံငါလှေလေးတွေကိုသွားလို့

လက်ဆော့။

မနက်လမ်းလျောက်ရင်းကန်တော်ကြီးထဲမှာ လှော်ခတ်နေတဲ့လှေကလေးများအတူ ရေပြင်ကျယ်ထဲကို စိတ်ကူးနဲ့

လိုက်ပါခဲ့မိတာကလဲ အကြိမ်ကြိမ်အခါခါ။

မျှော်လင့်မထားပါတဲ့ ခရီးစဉ်တစ်ခုမှာ မြန်မာပြည်ရဲ့တောင်ပေါ်ရေကန်(၁၁)မိုင်အကျယ်

ရှိတယ်ဆိုတဲ့ အင်းလေးရေပြင်ကျယ်ထဲမှာ စက်တပ်လှေကလေးတစ်စင်း မောင်းသူတစ်

ကိုယ်ပါရမီဖြည့်ဖက်နဲ့ အတူ သွားနေကြရင်းသဘာဝအလှများကိုခံစားရင်း လှေကလေးများကို

လက်ဆော့ရင်းက စိုးရိမ်စိတ်များနဲ့အတူ ပျော်ရွှင်ကြည်နူးခဲ့။

နံနက်အရုဏ်တက်မှာ တောင်သမန်အင်းကိုရောက်အလာ နှစ်ပေါင်းများစွာ ရှည်ကြာ

အဖြစ်အပျက်ပေါင်းများစွာ ပျော်ရွှင်စရာ ရင်နာစရာ ဇာတ်လမ်းများကို သိမ်းဆည်းထားရာ

ဦးပိန်တံတားပေါ်ကနေ လှေကလေးများကိုလက်ဆော့ချိန် ……………………………….

နံက်ခင်းရဲ့ အ၀ါရောင် အလင်းများအောက်က တောင်သမန်ရင်ခွင်ထဲက တံငါ လှေကလေးများကို

လက်ဆော့မိတဲ့အခါ………………………………………………………..

 

 

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(20-11-2012)

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1610 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။