ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များပြီးခါနီးချိန်

မောင် ပေNovember 20, 20121min614

ကျွန်တော့်ပို ့စ်လာ စာဖတ်သူအားလုံး မင်္ဂလာပါ ခင်ဗျား
ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်များကို ကန်ခဲ့ကြရာမှာ အခုဆိုရင် ပွဲစဉ်၅ ကို ရောက်ပါပြီ
ဒါပြီးရင် အုပ်စုအဆင့်ပွဲစဉ်၆ ပဲကျန်ပါတော့တယ်
သည်နေ ့နဲ ့မနက်ဖန် ပွဲစဉ်တွေမှာ ၊ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ နောက်တစ်ဆင့်တက်ဖို ့အတွက် အမှတ်မလုံလောက်သေးတဲ့ အသင်းများနဲ ့၊ နောက်တစ်ဆင့်တက်ဖို ့မဖြစ်နိုင်တော့ သော်လည်း ၊ ယူရိုပါလိဂ် ကို ဆင်းကန်ဖို ့အတွက် အဆင့် ၃ နေရာကို လုကြရတော့မယ့် အသင်းများ အသည်းအသန်ဖြစ်လာပြီမို ့ ၊ ပွဲအားလုံးနီးပါးဟာ စိတ်ဝင်စားစရာပါပဲ ။
မြန်မာနိုင်ငံက ဘောလုံးဝါသနာရှင်တွေရဲ ့အသည်းကျော် မန်ချက် ကတော့ ပြီးခဲ့တဲ့ ၄ ပွဲကန်အပြီး တစ်သင်းထဲသော ပွဲတိုင်းနိုင် ပါ ။ မန်ယူ ဟာ နောက်တစ်ဆင့်ကို တက်နေပြီမို ့ ၊ သည်နေ ့ည ကန်မယ့် ပွဲ နဲ ့ ၊ နောက်တစ်ပွဲ မှာ ရလဒ်ဘယ်လိုထွက်ထွက် ကနေလို ့ရပါတယ် ။
သည်နေ ့မနက်ရတဲ့ သတင်းတွေအရ သည်နေ ့ည မန်ယူ ပွဲမှာ “ဗန်ပါစီ” နဲ ့“ရွန်နီ” ကို ဖာဂူဆန် အနားပေးပါပြီ ၊ တူရကီ ကို ခေါ်ကို ခေါ်မလာဘူး လို ့သိရပါတယ် ။
ပထမဦးဆုံးအနေနဲ ့ အုပ်စုအတွင်း ရပ်တည်မှုများကို ရေးပြပါမယ်

*** အုပ်စု အေ ***
၁။ ပေါ်တို ၃ နိုင် ၊ ၁ သရေ ၊ ဝ ရှုံး ၊ ရဂိုး ၆ ပေးဂိုး ၂ ၊ ၁ဝ မှတ်
၂။ ပီအက်စ်ဂျီ ၃ နိုင် ၊ ဝ သရေ ၊ ၁ ရှုံး ၊ ရဂိုး ၁ဝ ပေးဂိုး ၂ ၊ ၉ မှတ်
၃။ဒိုင်နမိုကိဗ် ၁ နိုင် ၊ ၁ သရေ ၊ ၂ ရှုံး ၊ ရဂိုး ၅ ပေးဂိုး ရ ၊ ၄ မှတ်
၄။ဒိုင်နမိုဇာဂရက် ဝ နိုင် ၊ ဝ သရေ ၊ ၄ ရှုံး ၊ ရဂိုး ဝ ပေးဂိုး ၁ဝ ၊ ဝ မှတ်

*** အုပ်စု ဘီ ***
၁။ရှော်ကေး ၂ နိုင် ၊ ၂ သရေ ၊ ဝ ရှုံး ၊ ရဂိုး ၈ ပေးဂိုး ၅ ၊ ၈ မှတ်
၂။အာဆင်နယ် ၂ နိုင် ၊ ၁ သရေ ၊ ၁ ရှုံး ၊ ရဂိုး ရ ပေးဂိုး ၆ ၊ ရ မှတ်
၃။အိုလံပီယာကို ့ ၂ နိုင် ၊ ဝ သရေ ၊ ၂ ရှုံး ၊ ရဂိုး ရ ပေးဂိုး ရ ၊ ၆ မှတ်
၄။မောင့်ပယ်လီယာ ဝ နိုင် ၊ ၁ သရေ ၊ ၃ ရှုံး ၊ ရဂိုး ၅ ပေးဂိုး ၉ ၊ ၁ မှတ်

*** အုပ်စု စီ ***
၁။မာလာဂါ ၃ နိုင် ၊ ၁ သရေ ၊ ဝ ရှုံး ၊ ရဂိုး ၈ ပေးဂိုး ၁ ၊ ၁ဝ မှတ်
၂။အေစီမီလန် ၁ နိုင် ၊ ၂ သရေ ၊ ၁ ရှုံး ၊ ရဂိုး ၄ ပေးဂိုး ၄ ၊ ၅ မှတ်
၃။အန်းဒါလက် ၁ နိုင် ၊ ၁ သရေ ၊ ၂ ရှုံး ၊ ရဂိုး ၁ ပေးဂိုး ၄ ၊ ၄ မှတ်
၄။ဇင်းနစ် ၁ နိုင် ၊ ဝ သရေ ၊ ၃ ရှုံး ၊ ရဂိုး ၃ ပေးဂိုး ရ ၊ ၃ မှတ်

*** အုပ်စု ဒီ ***
၁။ဒေါ့မွန် ၂ နိုင် ၊ ၂ သရေ ၊ ဝ ရှုံး ၊ ရဂိုး ၆ ပေးဂိုး ၄ ၊ ၈ မှတ်
၂။ရီးရဲမက်ဒရစ် ၂ နိုင် ၊ ၁ သရေ ၊ ၁ ရှုံး ၊ ရဂိုး ၁ဝ ပေးဂိုး ရ ၊ ရ မှတ်
၃။အေဂျက် ၁ နိုင် ၊ ၁ သရေ ၊ ၂ ရှုံး ၊ ရဂိုး ၆ ပေးဂိုး ၈ ၊ ၄ မှတ်
၄။မန်စီးတီး ဝ နိုင် ၊ ၂ သရေ ၊ ၂ ရှုံး ၊ ရဂိုး ၆ ပေးဂိုး ၉ ၊ ၂ မှတ်

*** အုပ်စု အီး ***
၁။ချဲဆီး ၂ နိုင် ၊ ၁ သရေ ၊ ၁ ရှုံး ၊ ရဂိုး ၁ဝ ပေးဂိုး ၆ ၊ ရ မှတ်
၂။ရှက်တာဒိုးနက် ၂ နိုင် ၊ ၁ သရေ ၊ ၁ ရှုံး ၊ ရဂိုး ရ ပေးဂိုး ၅ ၊ ရ မှတ်
၃။ဂျူဗင်တပ် ၁ နိုင် ၊ ၃ သရေ ၊ ဝ ရှုံး ၊ ရဂိုး ၈ ပေးဂိုး ၄ ၊ ၆ မှတ်
၄။နော့ဂျေးလန်း ဝ နိုင် ၊ ၁ သရေ ၊ ၃ ရှုံး ၊ ရဂိုး ၁ ပေးဂိုး ၁၁ ၊ ၁ မှတ်

*** အုပ်စု အက်ဖ် ***
၁။ဗလင်စီယာ ၃ နိုင် ၊ ဝ သရေ ၊ ၁ ရှုံး ၊ ရဂိုး ၁ဝ ပေးဂိုး ၄ ၊ ၉ မှတ်
၂။ဘိုင်ယန်မြူးနစ် ၃ နိုင် ၊ ဝ သရေ ၊ ၁ ရှုံး ၊ ရဂိုး ၁ဝ ပေးဂိုး ၅ ၊ ၉ မှတ်
၃။ဘိတ်ဘိုရီဆော့ ၂ နိုင် ၊ ဝ သရေ ၊ ၂ ရှုံး ၊ ရဂိုး ၈ ပေးဂိုး ၉ ၊ ၆ မှတ်
၄။လိုင်လီ ဝ နိုင် ၊ ဝ သရေ ၊ ၄ ရှုံး ၊ ရဂိုး ၂ ပေးဂိုး ၁၂ ၊ ဝ မှတ်

*** အုပ်စု ဂျီ ***
၁။ဘာစီလိုနာ ၃ နိုင် ၊ ဝ သရေ ၊ ၁ ရှုံး ၊ ရဂိုး ၈ ပေးဂိုး ၅ ၊ ၉ မှတ်
၂။ဆဲတစ် ၂ နိုင် ၊ ၁ သရေ ၊ ၁ ရှုံး ၊ ရဂိုး ၆ ပေးဂိုး ၅ ၊ ရ မှတ်
၃။ဘင်ဖီကာ ၁ နိုင် ၊ ၁ သရေ ၊ ၂ ရှုံး ၊ ရဂိုး ၃ ပေးဂိုး ၄ ၊ ၄ မှတ်
၄။စပါးတက် ၁ နိုင် ၊ ဝ သရေ ၊ ၃ ရှုံး ၊ ရဂိုး ၆ ပေးဂိုး ၉ ၊ ၃ မှတ်

*** အုပ်စု အိတ်ချ် ***
၁။မန်ယူ ၄ နိုင် ၊ ဝ သရေ ၊ ဝ ရှုံး ၊ ရဂိုး ၉ ပေးဂိုး ၄ ၊ ၁၂ မှတ်
၂။ကလုချ် ၁ နိုင် ၊ ၁ သရေ ၊ ၂ ရှုံး ၊ ရဂိုး ၅ ပေးဂိုး ၆ ၊ ၄ မှတ်
၃။ဂါလာတာစရေး ၁ နိုင် ၊ ၁ သရေ ၊ ၂ ရှုံး ၊ ရဂိုး ၄ ပေးဂိုး ၅ ၊ ၄ မှတ်
၄။ဘရာဂါ ၁ နိုင် ၊ ဝ သရေ ၊ ၃ ရှုံး ၊ ရဂိုး ၅ ပေးဂိုး ၈ ၊ ၃ မှတ်

********** * **********
ပွဲစဉ်များနဲ ့အချိန်များကတော့
11.30 ဘိတ်ဘိုရီဆော့ – လိုင်လီ
11.30 စပါးတပ်မော်စကို – ဘာစီလိုနာ
2.15 ဘင်ဖီကာ – ဆဲတစ်
2.15 ဂါလာတာစရေး – မန်ယူ
2.15 ကလု – ဘရာဂါ
2.15 ဗလင်စီယာ – ဘိုင်ယန်မြူးနစ်
2.15 နော့ဂျေးလန် – ရှက်တာဒိုးနက်
2.15 ဂျူဗင်တပ် – ချဲဆီး
********** * **********
““ ၁ နဲ ့ ၂ တွေ ့ကြတဲ့ အချိန် ၊ ၄ ထဲက ၃ ရသလောက် ယူမယ် ””

ဘိတ်ဘိုရီဆော့(၃) – လိုင်လီ(၄)

ဘိုရီဆော့ ကန်ခဲ့တဲ့ ချန်ပီယံလိဂ်ရှေ ့ပွဲရလဒ်တွေကတော့
လိုင်လီ ၁-၃ ဘိတ်ဘိုရီဆော့
ဘိတ်ဘိုရီဆော့ ၃-၁ ဘိုင်ယန်
ဘိတ်ဘိုရီဆော့ ဝ-၃ ဗလင်စီယာ
ဗလင်စီယာ ၄-၂ ဘိတ်ဘိုရီဆော့

လိုင်လီ ကန်ခဲ့တဲ့ ချန်ပီယံလိဂ်ရှေ ့ ပွဲရလဒ်တွေကတော့
လိုင်လီ ၁-၃ ဘိတ်ဘိုရီဆော့
ဗလင်စီယာ ၂-ဝ လိုင်လီ
လိုင်လီ ဝ-၁ ဘိုင်ယန်
ဘိုင်ယန် ၆-၁ လိုင်လီ

ဘိုင်ယန်မြူးနစ် ကို နှိပ်ကွပ်ခဲ့သည့် ဘိတ်ဘိုရီဆော့
ဘိုင်ယန်မြူးနစ် ကို နှိပ်ကွပ်ခဲ့သည့် ဘိတ်ဘိုရီဆော့

credit to www.goal.com

ဘိတ်ဘိုရီဆော့ ရဲ ့ ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Gorbunov
နောက် Radkov, Polyakov, Yurevich, Simic
လယ် Sivakov, Baga, Volodko, Olekhnovich
ရှေ ့ Rodionov, Mozolevski

လိုင်လီ ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Landreau
နောက် Debuchy, Basa, Chedjou, Bonnart
လယ် Balmont, Mavuba, Pedretti
ရှေ ့ Kalou, Roux, Payet

ဘိတ်ဘိုရီဆော့ ဟာ သည်ပွဲပြီးရင် ၊ အုပ်စုအဆင့် နောက်ဆုံးပွဲကို ဘိုင်ယန်မြူးနစ် အိမ်ကွင်းမှာ သွားကန်ရမှာမို ့၊ သည်ပွဲမှာ အနိုင်ရထားမယ်ဆိုရင် ၊ နောက်တစ်ဆင့်တက်ဖို ့ ၈၀%လောက် အခြေအနေကောင်းပါတယ် ။
လိုင်လီ အသင်းကတော့ ၊ အခုထိ တစ်ပွဲမှ မနိုင် ၊ ၄ပွဲကန်တာ ၄ပွဲလုံး ရှုံးထားလို ့ ၊ ဘာမျှော်လင့်ချက် မှ မရှိတော့ပါဘူး ။ တစ်ခုရှိတာက ဘာမျှော်လင့်ချက်မှ မရှိတော့တဲ့အတူတူ လုပ်ချင်ရာလျှောက်လုပ်မယ့် ပုံပါပဲ ။ နောက်ဆုံးပွဲကိုတော့ အိမ်ကွင်းမှာ ဗလင်စီယာ အသင်းကို လက်ခံကစားရမှာပါ
အိမ်ရှင် ဘိတ်ဘိုရီဆော့ အသင်းဟာ သူ ့ရဲ ့ ဘီလာရု ပြည်တွင်းလိဂ်မှာ အဆင့် ၁ ပါ ။ ၂၉ပွဲကန်အပြီး ၂ဝ နိုင် ၊ ၅ သရေ ၊ ၄ ရှုံး
ပထမအကျော့ လိုင်လီကွင်းမှာကန်ခဲ့တုန်းက ၃-၁ နဲ ့ ဘိတ်ဘိုရီဆော့က နိုင်ထားတာမို ့၊ ဘိတ်ဘိုရီဆော့ အိမ်ကွင်းပြန်တွေ ့တဲ့အချိန် မှာ ဂိုးများမယ့်ပွဲဆိုတာကို သေချာပေါက် ကောက်ချက်ချနိုင်ပါတယ်
ဈေးအနေအထားအရ ၊ ဘိတ်ဘိုရီဆော့ သရေဆိုရင် ၅ဝ အရှုံးကို သရေ ၆ဝ အရှုံး ဖွင့်လာပါတယ်
အဲဒါ အောက်ခေါ်ထားတာပါ
“““ ဘိတ်ဘိုရီဆော့ ””” မှ ဘိတ်ဘိုရီဆော့ ပါပဲ

********** * ***********
““ ဂိုးတွေ အပြန်အလှန်သွင်းကြရင်း သရေ ရလဒ်ဆီသို ့ဦးတည်နေသော ””

ဂျူဗင်တပ်(၃) – ချဲဆီး(၁)

ဂျူဗင်တပ် ကန်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲတွေကတော့

ချဲဆီး ၂-၂ ဂျူဗင်တပ်
ဂျူဗင်တပ် ၁-၁ ရှက်တာဒိုးနက်
နော့ဂျေးလန် ၁-၁ ဂျူဗင်တပ်
ဂျူဗင်တပ် ၄-ဝ နော့ဂျေးလန်

ချဲဆီး ကန်ခဲ့တဲ့ အုပ်စုအဆင့်ပွဲတွေကတော့

ချဲဆီး ၂-၂ ဂျူဗင်တပ်
နော့ဂျေးလန် ဝ-၄ ချဲဆီး
ရှက်တာဒိုးနက် ၂-၁ ချဲဆီး
ချဲဆီး ၃-၂ ရှက်တာဒိုးနက်

ချန်ပီယံဆုကို ရဖို ့သူဦးဆောင်ခဲ့တယ်
ချန်ပီယံဆုကို ရဖို ့သူဦးဆောင်ခဲ့တယ်

credit to www.goal.com

ဂျူဗင်တပ် အသင်းရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Buffon
နောက် Barzagli, Bonucci, Chiellini
လယ် Lichtsteiner, Marchisio, Pirlo, Vidal, Isla
ရှေ ့ Quagliarella, Giovinco

ချဲဆီး ရဲ ့ ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Cech
နောက် Ivanovic, Cahill, Luiz, Cole
လယ် Mikel, Ramires
လယ် Mata, Oscar, Hazard
ရှေ ့ Torres

ပထမအကျော့ ချဲဆီး အိမ်ကွင်းမှာ ကန်ခဲ့တုန်းက ၊ ချဲဆီးက အရင် ၂-ဝ နဲ ့ဦးဆောင်ခဲ့ပေမယ့် ၊ နောက်ပိုင်း ၂ ဂိုး ပြန်ပေးခဲ့ရပြီး သရေကျခဲ့ပါတယ်
ဂျူဗင်တပ် ရဲ ့တိုက်စစ်မှူး ဗူးချီးနစ် ဟာ ပြီးခဲ့တဲ့ လာဇီယို နဲ ့ဝ-ဝ သရေကျခဲ့တဲ့ ပွဲမှာ ဒဏ်ရာရသွားလို ့ သည်ပွဲကို လွဲပါပြီ
ဒါပေမယ့် ကွင်းလယ်ကစားသမား ပီယာလို ပြန်ကစားနိုင်တာက ဂျူဗင်တပ် အတွက် အင်အားပါ
ဂျီယိုဗင်ကို နဲ ့ပေါ့ဘာ တို ့ဟာလဲ သည်ပွဲမှာ မပါနိုင်ပါဘူး
ချဲဆီးမှာ ကပ်ပတိန် ဂျွန်တယ်ရီ နဲ ့လမ်းပတ် မပါနိုင်ပါဘူး
ချဲဆီးအသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်၄ပွဲဆက်တိုက်မှာ အနိုင်တစ်ပွဲမှ မကန်နိုင်ခဲ့ပါဘူး
ပြီးခဲ့တဲ့ ယူရို ၂၀၁၂ ဖိုင်နယ်ပွဲမှာ စပိန် နဲ ့အီတလီ ကန်ခဲ့ကြတုန်းက စပိန်က ၄-ဝ နဲ ့ ပြတ်သားစွာ နိုင်ခဲ့သလို ၊ ချဲဆီးအသင်းက တိုက်စစ်မှူး တောရက်စ် နဲ ့ ကွင်းလယ်လူ မာတာ တို ့ဟာ ၊ အခု ဂျူဗင်တပ် အသင်းရဲ ့ဂိုးသမား ဘူဖွန် ကာကွယ်တဲ့ ဂိုးပေါက်ကို တစ်ဂိုးဆီ သွင်းယူနိုင်ခဲ့ပါတယ်

ဂျူဗင်တပ် နဲ ့ချဲဆီး တို ့ ချန်ပီယံလိဂ်မှာ ၃ခါ တွေ ့ခဲ့ကြပြီး ဖြစ်ပြီး ၊ ရလဒ်များကတော့
19.9.2012 ချဲဆီး ၂-၂ ဂျူဗင်တပ်
10.3.2009 ဂျူဗင်တပ် ၂-၂ ချဲဆီး
25.2.2009 ချဲဆီး ၁-ဝ ဂျူဗင်တပ်

ဈေးအနေအထားအရ ဂျူဗင်တပ် တစ်ဂိုးသွင်းရင် ၅ဝ အနိုင် ကို တစ်ဂိုး ၅၅ အနိုင် နဲ ့ ဂိုးဈေးက သုံးဂိုး ကို ၅ဝ အနိုင် ဖွင့်လာပါတယ် ။ ဂျူဗင်တပ် ခေါ်ထားပါတယ်
ပထမ အကျော့ တွေ ့ဆုံမှု အတိုင်းပဲ ဖြစ်လာမယ့် ပွဲပါ။
“““ ချဲဆီး ””” + “““ ဂိုးအများ ””” = ၂သားစီး ၂သီးစား
********** * **********
******* အားလုံးပဲ အောင်မြင် ပျော်ရွှင်ပါစေ *******

4 comments

  • ရာဇဝင်လူဆိုး

    November 20, 2012 at 7:37 pm

    ဒါနဲ့ ဆဲတစ်လေး တစ်ပွဲလောက် ၊ဘင်ဖီင်္ကာ ၁/၃ဝ ။ အပေါ်ကပွဲတွေကတော့ အကြိုက်ချင်းတူနေပြန်ပြီ ကိုပေ ။ ကိုယ်ကြိုက်လို့ ကိုယ်လုပ်လိုက်တာ ကံဆိုးလို့ရှုံးသွားတော့လဲ ကုန်ပေါ့ဗျာ။ အဲ….ရွာမှာခေတ်စားနေတဲ့ ကံ ဆိုတာကြီး ပါသွားပါရောလား… အဟဲ။
    :kwi:

    • မောင်ပေ

      November 20, 2012 at 8:00 pm

      ကျုပ်ရဲ ့ဘောလုံးပို ့စ်တွေမှာ အမြဲတမ်း ကွန်မင့်ချီးမြှင့်ပေးတဲ့ ကိုလူဆိုးရေ ၊ ဝမ်းသာမိပါတယ် ၊ ကျေးဇူးလဲ တင်ပါတယ်
      ဘင်ဖီကာ နဲ ့ဆဲတစ် တွေ ့ဆုံမှုမှာ
      ဆဲတစ် က ရ မှတ် ဆိုတော့ သည်ပွဲ သရေကျရုံနဲ ့ နောက်တစ်ဆင့်တက်ဖို ့ အခြေအနေကောင်း
      ဘင်ဖီကာ ကတော့ ၄ မှတ်ပဲရှိသေးလို ့၊ သည်ပွဲကို အနိုင်ရမှကို နောက်တစ်ဆင့်တက်ဖို ့အခြေအနေ ကောင်းမှာပါ ။ နောက်ပြီး ဂိုးများများ သွင်းထားနိုင်ဖို ့လဲ လိုပါတယ် ။
      ဈေးအနေအထားအရ ဘင်ဖီကာ တစ်ဂိုးသွင်းရင် သရေ အနေအထားကို ၊ ဘင်ဖီကာ တစ်ဂိုးသွင်းရင် ၂ဝ အရှုံးဖွင့်လာပါတယ်
      သည်ဈေးဟာ “ဆဲတစ်” ဘက်ကို အားပေးဖို ့ခေါ်ထားတဲ့ အနေအထားပါ
      ဂိုးဈေးကတော့ သုံးဂိုး ၅ဝ အနိုင် ကို ၅၅ အနိုင်ထိ ပေးလာတာဆိုတော့ ၊ ဂိုးအများ ဘက် ကို အားပေးဖို ့ခေါ်ထားတာပါ
      ပထမအကျော့ ဆဲတစ် ကွင်းမှာ ကန်တုန်းက ဝ-ဝ သရေကျခဲ့ပါတယ်
      အခုပွဲမှာ
      ““ ဘင်ဖီကာ ”” နဲ ့ ““ ဂိုးအနဲ ”” ကို ရွေးမယ်ဆိုရင် ၊ စိတ်ချမ်းသာရမယ် လို ့ထင်မိပါတယ်

  • Mobile

    November 20, 2012 at 9:29 pm

    ကိုပေ ရဲ့ခန့်မှန်းမှုများမှ ဘိတ်ဘောရီဆော့ကိုတော့ မကြိုတ်ဘူးဗျ
    ဘာလို့လဲဆိုတော့ လိုင်လီက လေးပွဲကန် လေးပွဲရှုံး အရင်အကျော့ကလဲ
    အဝေးကွင်းမှာ ဘိုရီဆော့ကပဲ နိုင်ထားတယ် အခုပွဲမှာ ဖြစ်သင့်တဲ့ဈေးက
    သရေ အပြည့်ရှုံး ဒါမှမဟုတ် ဝမ်းပလပ် ဒီလောက်ပဲဖြစ်သင့်တယ်
    အခုဟာက သရေတောင်မဟုတ်ဘူး ဘိုရီဆော့ ရှုံးတောင်ရှုံးသွားနိုင်တယ်လို့ ထင်မိပါတယ်

    • မောင်ပေ

      November 20, 2012 at 9:35 pm

      မိုဘိုင်း ရဲ ့ထင်မြင်ချက် ကို ဖတ်ရတဲ့အတွက် ဝမ်းသာပါတယ်
      ပုံမှန်အတိုင်းတွေးရင် / ခပ်ရိုးရိုးရှင်းရှင်းတွေးရင်
      မိုဘိုင်း ပြောတာ အမှန်ပါပဲ
      အဝေးကွင်းတောင် ၃-၁ နဲ ့သိပ်လာတာ ၊ အိမ်ကွင်း ဈေးက နုလွန်းနေပါတယ်
      ဒါပေမယ့် လက်ရှိ ဖွင့်လာတဲ့ အာရှဈေးနဲ ့ဆိုရင်တော့ ၊ သည်နေ ့ည ဖွင့်လာတဲ့ ဈေးဟာ အောက်ခေါ်ထားတဲ့အနေအထား
      နောက်ပြီး ဘိုရီဆော့ အနေနဲ ့နောက်တစ်ဆင့်တက်ချင်တယ်ဆိုရင် ၊ သည်ပွဲကို အနိုင် ကန်ကို ကန်ရမယ့် အနေအထား ကို တွက်ပြီး ၊ ဘိုရီဆော့ ကို ရွေးတာပါ
      ကံကောင်းပါစေ

Leave a Reply