ရန်ကုန်ညရှုခင်း ထဲက အိုဘားမား (ဓာတ်ပုံပိုစ့်)

Mလုလင္November 19, 20121min18114

Mလုလင် တစ်ယောက် ရွာထဲကို စဝင်လာတဲ့ ပိုစ့် က ရန်ကုန်မြို ့တွင်းညရှုခင်း နဲ့ပါ။ အခု ဒီည လဲ စာရင်းလုပ်ရင်း .. စိတ်က ဓာတ်ပုံ ရိုက်ချင်လာတာ နဲ့ ကင်မရာ လေးစွဲ ပြီး ရွှေဂုံတိုက် က ဂရက်ဖီတီ ပုံ ရှိရာကို ထွက် ခဲ့ရင်း .. ဓာတ်ပုံ ရိုက်ပါတော့တယ် ….။
လမ်းလယ် မြက်ခင်း မှာ Tripod ထောင်ပြီး အကျအန ရိုက်နေတာ .. ဖြတ်သွားဖြတ်လာ ကားတွေ က အထူးအဆန်း နဲ့ ကြည့်ကြတာ လဲ ခံရတယ် ဗျို ့ ….။

ရန်ကုန်အတွင်း ညရှုခင်း
-https://myanmargazette.net/85680/travel/local-guides-

အိုဘားမား

အရင်ပိုစ့် အဟောင်း လေး ပြန်ဖတ်ကြည့်ပြီး လွမ်းမိ တယ်ဗျို ့ ……။
Senior တွေရဲ့ မှတ်ချက် တွေ ပြန်ကြားချင်နေမိတယ်ဗျာ ….။

လေးစားစွာဖြင့်
Mလုလင်

14 comments

  • myanmar oscar

    November 20, 2012 at 1:13 am

    တစ်ပုံထဲလား ကိုရွှေရန်ကုန်သားရယ်…….
    ရန်ကုန်မှာရှိနေပြီးတော့ နှမြောလိုက်တာနော်

  • Mobile

    November 20, 2012 at 3:12 am

    အိုဘားမား ပုံအစစ်လေးများလားလို့ လက်စသတ်တော့
    ကြိုဆိုထားတဲ့ ပုံဖြစ်နေပါကရော့လာ

    • Mလုလင်

      November 20, 2012 at 10:26 am

      myanmar oscar နဲ့ ကိုရင်Mobile တို့ရေ … ကျုပ် အားတဲ့ အချိန်လေးထွက်ရိုက်ရတာ။ ဓာတ်ပုံ သတင်းထောက် တွေက ကြိုတင် ရွေးထားပြီးသားမို့ ….. ကျုပ် အနားကပ် ဖို့တောင် မလွယ်လောက်ပါဘူး .. သွားလဲ မသွားအားပါဘူးဗျာ …။ အခု graffiti တောင် … ညကြီးမိုးချုပ် 10 နာရီ ကျော်ကျော် လောက်မှ သွားရိုက်နိုင်တာရယ် … အဲ့ဒီတော့ မှတ်တမ်း တစ်ခု အနေနဲ့ ပဲ သတ်မှတ် ပါဗျို ့ ….။

  • kai

    November 20, 2012 at 5:43 am

    အဲဒီ graffiti ကြည့်ပြီး.. တခါက..ရွာထဲလာရေးဖူးတဲ့.. graffiti ဝါသနာပါတဲ့.. ရွာသူားတွေသတိရမိတယ်..
    သူတို့လည်း ငယ်ငယ်လေးတွေ…
    အခု.. အိုဘားမား graffitiပုံဆွဲတာ.. သူတို့အုပ်စုထဲကလားတောင်မသိ…

    ကမ္ဘာတော့ ကျော်သွားတာပဲ..။
    ဟေ့… လူငယ်တွေကြိုးစားကြ… :528:

  • blackchaw

    November 20, 2012 at 6:34 am

    ညီလေး Mလုလင်ရေ…
    ထုံးစံအတိုင်း ညီလေးလက်ရာက ကောင်းပြီးသားပါ…
    သမ္မတကြီး အိုဘားမားပုံ ကို ရိုက်ထားတာအတွက်လည်း ကျေးဇူးပါဗျာ…။

    • Mလုလင်

      November 22, 2012 at 1:19 am

      ဦးဘလက်ချော ရေ .. comment လေးအတွက် ကျေးကျေး ပါဗျာ ..

  • MaMa

    November 20, 2012 at 9:14 am

    လုင်ရဲ့ အားထုတ်မှုနဲ့ သမိုင်းဝင် graffiti ကို ရွာထဲမှာလည်း မှတ်တမ်းတင်ခွင့်ရသွားတာပေ့ါ။
    ကိုယ်တတ်ကျွမ်းတဲ့ အနုပညာနဲ့ နိုင်ငံသားတစ်ယောက်ရဲ့ ခံစားမှုကို ကမာ္ဘသိအောင် ဖော်ထုတ်ပြသနိုင်ခဲ့တဲ့ ( နာမယ်ကအာကာကျော် ထင်တယ်) လူငယ်အဖွဲ့ကိုလည်း ချီးကျူးလေးစားမိပါတယ်။

  • Mon Kit

    November 20, 2012 at 9:37 am

    အိုဘားမား ပုံရေးဆွဲတဲ့ သူလည်းချီးကျူးတယ်…
    ပုံတင်ပေးတဲ့ Mလုလင် ကိုလည်း ကျေးဇူးတင်ပါတယ်…

  • မောင်ပေ

    November 20, 2012 at 12:06 pm

    အဲဒီ graffiti ဆွဲတဲ့ လက်ရာရှင် ကို တက္ကသိုလ် အိုဘားမား မိန် ့ခွန်းပွဲ တက်ဖို ့ဖိတ်ခံရတယ်တဲ့
    အသိအမှတ်ပြုတဲ့သဘောပေါ့နော
    ပုံမှန်အချိန် သူများ အိမ်နံရံ မှာ တစ်ခြားပုံလျှောက်ဆွဲရင်တော့ ကွိုင်တက်မယ် မှတ်တယ်
    :528:

  • စိန်ဗိုက်ဗိုက်

    November 20, 2012 at 12:12 pm

    အဲဒီ ပုံရဖို ့ သုံးခါလောက် ဆွဲခဲ့ရတယ်ပြောတယ်..
    လစ်တဲ့အချိန် ဆေးတွေနဲ ့ပတ်ပြီး ဖျက်ဖျက်သွားကြလို ့ ခဏခဏ ပြန်ဆွဲခဲ့ရပြီး နောက်ဆုံး လုံခြုံရေးပါချထားခဲ့ရတယ်..

  • ကိုငြိမ်းချမ်း

    November 20, 2012 at 12:34 pm

    ဖြည်းဖြည်းတင်ဆရာ.. နားနားပြီးတင်.. မောနေပါ့မယ်
    အားပါးတရ အားပေးမယ်လို ့ကြည့်လိုက်တော့ တစ်ပုံတည်းရယ်.. 😛
    ွကွန် အခက်အခဲကြောင့်ထင်ပါ့…

  • pooch

    November 20, 2012 at 2:17 pm

    အမှန်က အဲ့လို graffiti ဆွဲတဲ့ အနုပညာကလည်း အဆင့်မြင့်တဲ့လက်ရာမျိုးပါ။ အိုင်ဒီယာ စိတ်ကူးဉာဏ်အတော်လေးကောင်းကြပါတယ်။ အုတ်တံတိုင်းတွေမှာပဲ ဆွဲမှ ပိုပြီး ကြည့်ရတာ အသက်ဝင်သလိုမျိုးဖြစ်နေတာ။
    အဲ့လို အနုပညာရှင်များ အိုင်ကျုမြင့်ကြတယ်လို့လည်း ပြောကြတယ်။

    လွတ်ရာကျွတ်ရာ ဆွဲရင်တော့ ပြသာနာမရှိပေမဲ့ သူများအုတ်တံတိုင်း သန့်သန့်ရှင်းရှင်း လှလှပပ လေးတွေဆို ရင်တော့ မကောင်းဘူးပေါ့ ။ အဆွဲခံရသူလည်း ကြိုက်မှာမဟုတ်ဖူး။

    သူကြီး တခါက ပြောဖူးသလို နေရာလေး သီးသန့်ပေးထားနိုင်ရင်တော့ ကောင်းတာပေါ့။
    ပထမတခါက ဆွဲတဲ့ ဦးသိန်းစိန်ပုံလည်း သဘောကျတယ် ။ ခုနောက်ပို်င်း မတွေ့တော့ဘူး ။

  • ဂန္ဓာရီ ဆြာအုပ်

    November 20, 2012 at 9:08 pm

    ကလုလင်တို့ကတော့ ဒီလိုဂျီးဘဲ
    ဟွန်း
    အားရပါးရကြည့်မယ်ဆိုဖွင့်လိုက်ရင်
    တစ်ပုံ နှစ်ပုံ
    သများကို သိပ်အသဲယားအောင်လုပ်တယ်နော်

  • Hnin Hnin

    November 22, 2012 at 1:41 am

    ‘ တစ်ပုံ တစ်ပုံ အိုဘားမားပုံ ‘ ပေါ့နော်..
    ရယ်နေတာ မျက်လုံးတောင် မပွင့်တော့ဘူး…
    မျက်နှာအရေးကြောင်းတွေကလည်း ပီပြင်လိုက်တာ…
    ဘာတွေများ ဒီလောက် သဘောကျနေပါလိမ့်…. 🙂

Leave a Reply