အုံးစားရတဲ့ ၂၀၃၂

ムラカミNovember 20, 20121min27133

အချိန်ကား သက္ကရာဇ် ၂၀၃၂ ခုနှစ်။ ရန်ကုန်မြို့ တွင်ဖြစ်သည်။

ခုတလော ဝက်သားဒိုင် သာထိန်းမကြီး ဒေါ်မာမာမွှေး တယောက် အလွန် စိတ်ညစ်နေလေသည်။

ဟုတ်သည်မညစ်ခံနိုင်မလား … သည်မိန်းကလေးတွေနှင့် ခက်သည်။

သူမသည် သားတော်မောင် ကလေး မောင် မာပျော် အတွက် အလွန် သောကရောက်နေရသည် ။

သူမတို့ ခေတ်တုန်းကတော့ ဒါမျိုးတွေ မပူခဲ့ရပါ…. အော် .. ခေတ်ပြောင်းသွားပြီကိုး …။

သည်ခေတ်ကြီး သားမွေးထားတာကပင် ရှုံးသလိုလို …။ ဟုတ်ပါသည် .. ရှင်းပြပါမည်။

ဒေါ် မာမာမွှေး၏ စိတ်အလျှင်သည် လွန်ခဲ့သော အနှစ်-၂ဝ ဝန်းကျင်သို့ ပြန်ရောက်သွားလေသည်။

ဟုတ်သည် … ထိုခေတ်က ခေတ်ပြောင်းကာစ ကာလ.. ပွင့်လင်းမြင်သာမှုနှင့်အတူ သူတို့

ရွှေပြည်ကြီးလည်း ဒီမိုကရေစီ ရရှိခဲ့လေသည် မဟုတ်ပါလား ..။ အဲ့သည့်နောက် ပွင့်လင်းမြင်သာ

မှုနှင့်အတူ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ ဒီရေအလား တိုးတက်ဝင်ရောက်လာခဲ့တော့လေသည်။

 

ထိုအချိန်က မမာမာမွှေးမှာ ..လမ်းဘေး ဝက်သားဒုတ်ထိုး ဗန်းလေး တစ်ဗန်းနှင့်

ဘဝကိုရုန်းကန်ရရှာသူတည်း …။ယခုလို ဖွံ့ဖြိုးတိုးတက်လာသော စီးပွားရေးလူမှုရေးနှင့်အတူ

လူတွေလည်း ဝက်သားဒုတ်ထိုး ပိုစားလာနိုင်လေရာ မမာမာမွှေးတယောက် ဟောတဗန်း

 

ဟောတဗန်း နှင့် အလွန်စီးပွားဖြစ်တော့သတည်း။

 

ရန်ကုန်မြို့ လူစည်ကားရာနေရာတိုင်းတွင် မမာမာမွှေး ဖရန်ချိုက်စ် ဝက်သားဒုတ်ထိုးဆိုင်တွေ

အလျိုလျိုပေါ်လာတော့သတည်း။ လုပ်ငန်းဦးစီးရန်အတွက် ယခင် စီးပွားရေးမကောင်းစဉ်က

ရေထဲက မတက်ရရှာသော ကိုလူပျော် ကိုပင် သင်္ဘောမစီးခိုင်းတော့ပဲ အတူတကွ စီမံခန့်ခွဲ

စေခဲ့လေတော့သည်။

 

ခေတ်အပြောင်းအလဲနှင့်အတူ လူတို့၏ စဉ်းစားပုံ စဉ်းစားနည်းများလည်း တိုးတက် ပြောင်းလဲ

ခဲ့လေသတည်း။ ဟုတ်ပေသည်။ အမျိုးသမီးခေါင်းဆောင်များ ပေါ်ထွန်းလာခြင်း တည်း…။

ထိုမှတဆင့် လေဒီးစ် ရီဗော်လူးရှင်းပင် ပေါ်ပေါက်လာခဲ့တော့သည်။ ဟုတ်သည် သမိုင်းတလျောက်

ဖြစ်ပွားခဲ့သမျှသော စစ်ပွဲကြီးများသည် ယောက်ျားသားများ ကြောင့် အဓိက ပင်မဟုတ်ပါလော။

ယခုမူ ပြောင်းလဲပြီ ...ပုခက်လွှဲသောလက်များက ကမာ္ဘကို ကိုင်စိုးပြီတည်း။ ခုလည်း ကြည့်လေ။

မမာမာမွှေးကသာ လုပ်ငန်းကို ဦးဆောင်သူဖြစ်ပီး ကိုပျော့်ကြီးမှာ စက္ကထရီ သာ ..။ ဟုတ်သည်

၂၀၁၅ အလွန် ယောက်ျားသားများ၏ တာဝန်မှာ အိမ်ထောင်မှု ကိစ္စများ သာဖြစ်ချေတော့သည်တည်း။

 

ဂလိုနှင့် ရက်မှ နှစ်သို့ ပြောင်းတဲ့အခါ မမာမာ မှ ဒေါ်မာမာ ဘဝ သို့ ရောက်သောအခါ

ဧရာမ ဝက်သားဆပ္ပလိုင်း ချိန်းကြီးကို ပိုင်ဆိုင်သော ကျိကျိတက် သူဌေးမကြီး ပင် ဖြစ်နေတော့လေ၏။

ယခု စိတ်ညစ်နေသောကိစ္စမှာ ထို အပြောင်းအလဲများ စတင်ချိန် တုန်းက မွေးဖွားခဲ့သော

သားတော်မောင် မောင်မာပျော် ကိစ္စ ပင်ဖြစ်သည်..။ သားကလေးက လိမ္မာရေးချား ရှိပြီး အိမ်မှု

ကိစ္စများနိုင်နင်းသလို ဗိုင်းကောင်းကျောက်ဖိ လေးဖြစ်ပြီး ယနေ့ခေတ် မိန်းမပျိုများအကြား

ရေပန်းစားသော လူငယ်တယောက်တည်း။ သို့သော် ခေတ်က ပြောင်းနေလေတော့ ကိုယ်က

သားရှင်မို့ ပူရသည်ချည်းသာ …။ ဖက်နဲ့ဆူး ပုံပြင်သည် ၂ဝရာစုတွင် ကျန်ခဲ့ပြီ ဖြစ်ပြီး

ယနေ့ ခေတ်က  ကြက်ဥနဲ့ ကျောက်ပြင်ေခတ် မဟုတ်ပါလား ..။ စိတ်ညစ်ရတဲ့အထဲမှာ

အဆိုးဆုံးကတော့ အသိအကျွမ်း တွေမှ ယင်းတို့၏ သမီးများနှင့် လာလာစပ်ကြသောကြောင့်တည်း။

ထိုအကြောင်း အကျယ် ရေးအံ့။

 

၁။ အိသဒ္ဒါမိုး

ငယ်သည်၊ ထက်သည်၊ သွက်သည်၊ ရဲသည်၊ ဇ-ပြင်းသည်။ ဟုတ်သည်။ ဒေါ်မာမာ့ ငယ်သူငယ်ချင်း

ဒေါ်ကြည်ပြာ ၏ သမီး ဖြစ်သည်။ ခေတ်ပြောင်းလာတော့ ဒေါ်ကြည်ပြာ တို့လည်း အရင်လို လစာလေး

တပဲခြောက်ပြားနှင့် သူများဝန်ထမ်းမလုပ်ရတော့ပေ။ ခေတ်အပြောင်းအလဲ တွင် အလုပ်ထွက်ပြီး

ဈေးထဲမှာ ပြောင်းဖူးဖုတ် ရောင်းရင်း စီးပွားတက်လာခြင်း ဖြစ်ပေသည်။ ယနေ့တော့ နှံစားသီးနှံ

အိပ်စပို့ ကန်ပနီကြီး ပိုင်ရှင် သာထိန်းမကြီးပေါ့။ ပြောင်းဖူးဖုတ်ရောင်းကာ စခဲ့ရသော ဘဝကို

မမေ့စိမ့်သောငှာ ကန်ပနီ နာမည်အား ဖုတ်ပြာပြာ အိပ်စပို့အင်န် အင်ပို့ ဟု မှည့်ခေါ်ထားလေသည်။

သူ၏ အအေးခန်း ပြောင်းဖူးဖုတ် ဆိုင်များမှာ အထူးအောင်မြင်လှပေသည်။

ဒေါ်မာမာ တယောက် ဒေါ်ကြည်ပြာ ၏ သမီးနဲ့တော့ သဘောမတူနိုင်ပေ။ ချာတိတ်မက ခေတ်ဆန်လွန်းသည်။

ဆိုင်ကယ်တစ်စီးနှင့် ဂန်းစတား ဆန်ဆန်နေလေ့ရှိသောကြောင့်လည်း မနှစ်သက်နိုင်ခြင်းဖြစ်လေသည်။

သို့သော် ငတိမ-ဇ ကို သိသောကြောင့် ပေါ်ပေါ်တင်တင်လည်း သဘောမတူကြောင်း မပြရဲပေ။

ဟိုက မထင်လို့ အိသဒ္ဒါမိုးလေးက ရှိတာ ထိုးကျွေးပီး အပျော်ကြံသွားမှဖြင့် သားတော်မောင် ရေတိမ်နစ်ရချည်ရဲ့..။

 

၂။ ဂျူလီယာသော်

 

သည်ကလေးမ ကျတော့ တမျိုးဖြစ်သည် ..။ လိမ္မာရေးခြားရှိသည် .. အလုပ်ကြိုးစားသည် .. ရိုးသားသည်..

သို့သော် ..သဘောမတူနိုင်ရသည့် အဓိက ပြဿနာမှာ သူမ၏ ဖခင်ဖြစ်သည်။ သူသည်လည်း ဒေါ်မာမာမွှေး၏

ငယ်သူငယ်ချင်းမို့ ..အတွင်းသိ အဆင်းသိ တွေသာ …။ ဟုတ်သည်.. သူ့နာမည်က ကိုကျော်သောင် ။

ငယ်စဉ်ကတည်းက အသောက်ကျူးသူဖြစ်သည်။ မူးမူးရူးရူးနှင့် ဇနီးသည်ဖြစ်သူ  ဒေါ်မမငယ် ကိုလည်း

အလွန်အကျူးနိုင်စားတတ်သူတည်း။  သို့သော် ကံနှင့် ဉာဏ်ကား အလွန်အင်မတန်ကောင်းသူ ဖြစ်သည်။

ကာလီဖိုးညားမှ ပန်းသီးများ တင်သွင်းရောင်းချခြင်းဖြင့် စီးပွားတက်လာသူတည်း …သို့သော်သူသည် အလုပ်ကို ဖိဖိစီးစီး မလုပ် ဟု

အကြမ်းဖျင်းဆိုနိုင်သော်လည်း

တခုခု ထ-ထ လုပ်လိုက်တိုင်း အောင်မြင်သည်ချည်းသာ။ ဥပမာ လွန်ခဲ့သော နှစ်အနည်းငယ်က  ပေါက်စီကို စမူစာ-အဆာသွပ်ြပီး

တရုတ်ပြည်သို့ တင်ပို့ရောင်းချခဲ့ရာ ဝက်ဝက်ကွဲ အောင်မြင်လေသည်။

သို့သော် ဘယ်အရာမျှ မတည်မြဲပါချေ။ ယခုမူကား ကို ကျော်သောင် တယောက် စိတ်ကြမ်းကိုယ်ကြမ်း

(သူ့ဟာသူလည်း ဝန်ခံထား) ခဲ့သမျှ ဇရာက နှိပ်စက်လေပြီ။ သူ အသစ် တီထွင်လိုက်သော အာပုံ ကို

ဂျပန်ဈေးကွက်သို့ တင်သွင်းသည့် အလုပ်မှာလည်း အောင်မြင်ခြင်းမရှိပေ ..

ကြော်ငြာစားရိတ်နှင့် သယ်ယူပို့ဆောင်ခများ အလွန်အမင်း ကုန်ကျနေပြီး မကြာမီပင်  ကျော်သောင်အာပုံ အင်တာပရိုက်ဇ်

တခုလုံး ဒေဝါလီပင်  ခံရတော့မလို အတွင်းသိများက ဆိုနေလေသည်။ တဖက်မှလည်း ပိုးကိုက်သော ပန်းသီးများ လည်း

အရောင်းထိုင်းလာသောကြောင့်ကိုကျော်သောင် တယောက် အရက်သာ ဖိသောက်နေသည်ဟု ကြားမိပြန်သည်။

မဖြစ်ချေ .. ကလေးမ ဘယ်လောက် ရိုးသားကြိုးစားသည်

ဆိုစေကာမူ ဒေါ်မာမာမွှေးတယောက် မိမိ၏ ဥစ္စာစည်းစိမ် ရော သားတော်မောင်ကိုပါ

အလောင်းအစားဆန်ဆန် မရင်းနှီးမြှုပ်နှံလိုပါပေ။

တွေးလိုက်တိုင်း ရင်မောစရာတွေချည်း …။

 

 

၃။ စီစီလီယာဇော်

သည်ချာတိတ်မ ကျ တမျိုးဖြစ်သည်။ အနေအေးပြီး သားတော်မောင် အပေါ် အလွန် သည်းခံ ခွင့်လွှတ် အလိုလိုက်လေ့ရှိသည်။

အသက်ကလေး မဆိုစလောက်ကြီးသော်လည်း ဒါက အပြစ်တခုတော့မဟုတ်။ ကြီးရင်ချီ ငယ်ရင်မီ မဟုတ်ပါလား ..။

(ရှေးကကဲ့သို့ မဟုတ်ပါ) အသက်ကြီးသော မိန်းမများသည် ခြေငြိမ်သောကြောင့် အပိုင်ချီ ထားရန် အမျိုးသားငယ်တို့ အား

တိုက်တွန်းစကားဖြစ်ပီး ငယ်သော ချာတိတ်မများ ဆိုပါက သူတို့နှင့် အမီလိုက်ရန် နှိုးဆော်ခြင်းသာ ဖြစ်၏။

သို့သော် သူမ၏ အားနည်းချက်မှာကား ဤသို့ဖြစ်သည်။ ဟုတ်သည် ငယ်ဘဝတုန်းက သူတို့မြို့မှ အလှမောင် ပြိုင်ပွဲမှ မစ္စတာ

အင်တာနေရှင်နယ် မြန်မာ ပြိုင်ပွဲဝင် အလှမောင် တစ်ယောက်နှင့် ငြိစွန်းဖူးခြင်းတည်း ။ ဖြစ်ပုံက သည်လို … သူမဖခင် ဆိုင်းဆရာ

ဦးမဟူရာဇော် ကြောင့်လို့ ဆိုနိုင်ပေသည်။ ထိုစဉ်အခါတုန်းက ပတ်မကြီးအငှားလိုက်ရင်း … ပွဲမှာ ဆုံကြ တွေ့ကြခြင်းဖြစ်သည်။

သိပ်ချစ်ရသော သားကလေးမို့ ဘယ်လောက် စိတ်ထား ကောင်းကောင်း အတိတ်ဆိုးရှိသော မိန်းမတယောက် လက်သို့ ဝကွက်

မအပ်လိုပါပေ။

 
၄။ ခင်ကုမုဒြာအုံ

သူတို့မိသားစု ကျတော့ တမျိုးဖြစ်လေသည်။ ကလေးမ၏မိခင် အန်တီအုံ သည်

အသားမည်းသော်လည်း နှလုံးသား ဖြူသူ ဖြစ်၏။ သူတို့ကြီးပွားချမ်းသာလာပုံမှာလည်း

တနည်း ဆန်းသည်။ အန်တီအုံတယောက် ဟန်းနီးမွန်းထွက်ရင်း ကမ်းခြေတွင်

ဘောကွင်း ငှားရာတွင် အဆင်မပြေဖြစ်ပြီးသကာလ လေထိုးကျွတ်ဖာလုပ်ငန်း လုပ်စားရသော်

ကောင်းလေစွတကား ဟု အကြံရခြင်းဖြစ်ပေသည်။ အပြောင်းအလဲ ကာလများတွင်

မော်တော်ကားများ လှိမ့်သွင်းခဲ့ကြသည် မဟုတ်ပါလား။ အန်တီအုံ၏  ရွှေမိုးငွေမိုး လေထိုးကျွတ်ဖာ

လုပ်ငန်းစုကြီး သည် ယနေ့တွင် အလွန်အောင်မြင် နေပြီ ဖြစ်တော့သည်။

ဤကလေးမ၏ အားနည်းချက်မှာကား အသားလွန်စွာမဲခြင်း ပင်ဖြစ်တော့သည်။ အမေတူ၍လား

မဆိုနိုင်ပါ။ လေကိုအရင်းတည်ပြီး ကြီးပွားချမ်းသာလာသောမိသားစု ဖြစ်သည့်အားလျှော်စွာ

ကလေးမသည် လွန်စွာလည်း စကားကြွယ်လေသည်။ မဖြစ်ချေ… ဒေါ်မာမာမွှေးတယောက်

သောကများရခြင်းပေတည်း။

 

၅။ အိန်ဂျယ်လီနာတုန်

သည်တယောက်ကျတော့ လည်း နာမည်ကသာ ဆန်းတာ လူက ပုံတုန်းလေသည်။ ပုံတုန်းဆို

သူ့အမေ ဒေါ်ဒေါ်တုန်တို့ စီးပွားရေးနှင့်လည်း ဆိုင်လေသည်။ ဒေါ်ဒေါ်တုန် အိမ်ထောင်ကျတော့

သူ့ အမျိုးသားဘက်မှ အညာအရပ်နေ အဒေါ်အပျိုကြီးက တောမှာ ရှိသမျှ သီးပင်စားပင် ခြံများကို

အမွေပေးခဲ့လေသည် ဟူသတတ်။ လူ့ကံတရားသည် ဆန်း၏။ စီးပွားကြံဖန် တက်ချင်တော့

သီးပင်စားပင်များထဲမှ အများဆုံး စိုက်ပျိုးထားသော ဂွေးချိုသီး သည် စိနတိုင်းတွင် အားတိုးဆေး

ဖော်ရာတွင် အလွန်စွမ်းသော ဒြပ်ပေါင်းများ ပါဝင်သည်ဟူ၍ နှစ်အနည်းငယ်အတွင်း လွန်စွာ

အဝယ်လိုက်လာသောကြောင့်တည်း။ ထို့ကြောင့် ဒေါ်ဒေါ်တုန် တို့သည် အညာဒေသ ပြောင်းရွှေ့အခြေချ

ပြီး စိုက်ပျိုးရေးလုပ်ငန်းကို ဇောက်ချ လုပ်ကိုင်ခဲ့ခြင်းပင်ဖြစ်လေသည်။ ကလေးမသည် ပွဲရုံလုပ်ငန်း ကျွမ်းကျင်

လိမ္မာသော်လည်း အညာလေ အညာဟန်နှင့် ဆိုတော့ မြို့သားကလေး မောင်မာပျော်နှင့် ရှေ့သွားနောက်လိုက်

မညီပေ။ သို့သော် တဖက်မှလည်း မြန်မာပြည်အလယ်ပိုင်း ဒေသတခွင်လုံးတွင် ဒေါ်ဒေါ်တုန်၏

မဟာဂွေး အင်တာနေရှင်နယ် ကန်ပနီ လိမိတက် ဟု ဆိုလိုက်ပါက ကြားရသူအပေါင်း ဖိန့်ဖိန့်တုန်သည်အထိ

ဩဇာတက္ကိမ ကြီးမားပြန်လေသည်။

 

အရွေးကောင်းရင်းကနေ သားတော်မောင် အရွယ်တော် တဆိတ်ဟိုင်းသွားမှာလည်း

စိုးရပေသည် …. ။ ခုတလော အလုပ်ထဲမလဲ ဒီစိတ်သာလွှမ်းမိုးနေလေ၏။ ခုလည်း

ပွဲရုံအလုပ်စားပွဲမှာ ထိုင်နေတုန်း ဒေါ်မာမာမွှေး ဒါတွေ တွေးမိခြင်း ဖြစ်သည်။

 

ကဲ မိတ်ဆွေတို့ရော ..ကူစဉ်းစားပေးကြပါဦးဗျာ …။

ဘယ်သူနဲ့ သင့်တော်မယ် ဆိုတာ…

 

:harr:

 

33 comments

  • Inz@ghi

    November 20, 2012 at 11:21 am

    ဒိုဇင်ပလွတ်က ဘော်ဒါတချို့ကို ဒီပိုစ့်နဲ့ ကြည်ဇယ်ပါသည်..

    :528:

  • ခိုင်ဇာ

    November 20, 2012 at 11:26 am

    နေဦး။ အရင် ဝအောင် ရီ လိုက်ဦးမယ်ဟဲ့။
    ကျုပ် ရုံးက လူတွေ ဝိုင်းကြည့်ကုန်ပြီအေ။ :harr: :harr: :harr:

    • Inz@ghi

      November 20, 2012 at 3:18 pm

      ဒီအကြောင်းတွေ ပြောရင် ဇာတ်လမ်းဟောင်းလေးတွေ ပြန်တူးမှ ဖြစ်မယ်..

      http://myanmargazette.net/143173/creative-writing
      http://myanmargazette.net/144266/creative-writing
      http://myanmargazette.net/144626/creative-writing
      http://myanmargazette.net/151498/creative-writing

      အဲ့လို အဲ့လို ရေးနေရင်းကနေ
      ဟိုဂျီးတော်ကနေ
      http://myanmargazette.net/151771/creative-writing

      သည်လို ကလိသဗျ…
      အဲ့လိုကလိတာကို သည်ပိုစ့်နဲ့ ပြန်ချေပထားတာ ဖြစ်ပါဂျောင်း..

      ဟီဟိ

      • ခိုင်ဇာ

        November 20, 2012 at 3:37 pm

        :harr: :harr: :harr:
        တစ်ခုဖတ်ပြီး ရီလို့မှ မအား ရသေးဘူး။ နောက်ဟာတွေလာပေးပြီ။ မာကက်တာ ပီသပါပေတယ်။
        ဘာပဲဖြစ်ဖြစ် အရင်က စာလေးတွေ ဖတ်ဖြစ်လိုက်တာပေါ့။ နည်းနည်း ဇာတ်ရည်လည်သွားတယ်။ ကျေးဇူး ဂီဂီ။

      • first last

        November 20, 2012 at 7:41 pm

        Forbidden

        You don’t have permission to access /about/contact-us on this server.

        I Don’t know why??????????????????????

      • Khaing Khaing

        November 21, 2012 at 2:11 pm

        စိတ်ပုပ်မကြီး မောင်မောင်ဂီ … ကိုယ့်ဟာကိုယ်ကြော်ငြာမလုပ်ဘူး … သူများဟာပါ ကြော်ငြာလုပ်တယ် ……….. အဲတုန်းက ပျင်းပျင်းနဲ့ရေးလိုက်တာ … အခုတော့ မသိသူတွေ သိကုန်တော့မယ် ….

  • စိန်ဗိုက်ဗိုက်

    November 20, 2012 at 11:31 am

    ကျန်တာတော့ မသိဘူး
    ဝက်သား ဒုတ်ထိုးတော့ ဘီအီးနဲ ့မြည်းချင်တယ်
    ဒါဗျဲ

  • Shwe Ei

    November 20, 2012 at 12:22 pm

    ဟတ်ကဲ့ တဖွတ်သက်လူရွေးပွဲရီး ကျင်းပနေတဲ့ ယောက်ခမလောင်းရီးကို
    ကန့်ကွက်တဲ့အနေနဲ့ ကျမသာဆိုရင်တော့ ကို့သာမီးလေးကို ဒီပွဲကနေ ဆွဲနှုတ် အဲလေ
    ဆွဲထုတ်ပါမယ်။ :chee:

    • Inz@ghi

      November 20, 2012 at 3:21 pm

      ကြည်
      ပြောင်းဖူးမီးဖုတ်
      ရရင် စားဂျင်ဒယ်

      :harr:

  • Mon Kit

    November 20, 2012 at 12:24 pm

    ဟား ဟား ဟား…
    :harr: :harr: :harr:

  • juu juu

    November 20, 2012 at 12:31 pm

    သားတော်မောင်ကို ကိုယ်တိုင်သာရှာပါတော့လို့ လွှတ်လို်က်ပါတော့လား ယောကျာ်းလေးပဲ သိပ်ပြီးတော့ ‘အ’ မယ်မထင်ပါဘူး။ ဟုတ်တယ်ဟုတ် ။သားရှာလာတာကိုပဲ အလေးတစားနဲ့ လက်ခံလိုက်ပေါ့။အဲဒါ ပိုကောင်းမယ်

  • Khaing Khaing

    November 20, 2012 at 12:53 pm

    အရွေးခံဖို့ စုံတွဲတစ်တွဲ ပျောက်နေတယ် … မနက်ကတောင် အင်ဂေ့လာလုပ်သေးတယ် ….. (သောက်ဖော် သောက်ဖက်ကြီးပေ့ါ သူ့ချစ်ချစ်က ဘာအပင်ဆိုလားပဲ) ……

    အခုရွေးခိုင်းတဲ့လူတွေအားလုံး အကြောင်းသိဓာတ်သိတွေဆိုတော့ကား …. မျက်နှာသိငါးပိမဝယ်နဲ့ ဆိုတဲ့စကားအရ … အပြင်လူကိုပဲ ရွေးရင်ကောင်းမလားလို့ ………

  • သကြားလုုံးကြော်

    November 20, 2012 at 1:06 pm

    “အိသဒ္ဒါမိုးလေးက ရှိတာ ထိုးကျွေးပီး အပျော်ကြံသွားမှဖြင့်” ရယ်လိုု့မဆုုံးနိုုင်အောင် ဖတ်လိုု့ကောင်းပ့ါ။
    ဒေါ်မာမာမွှေးရေ မြန်မြန်စဉ်းစား၊ ဗိုုင်းကောင်းကျောက်ဖိ ဆိုုတဲ့ မောင်မာပျော်က ကုုတ်ကမျင်းလေးဖြစ်ပြီး ကြုံရာမိန်းမနောက်ခိုုးရာလိုုက်ပြေးသွားမှ ဟုုတ်ပေ့ဖြစ်နေမယ်။ အိမ်တံခါးသော့လေးဘာလေး စစ်ပြီး၊ ဘော်ဒီဂတ်လေးတွေပါထားပေးထားပါလား။

  • pooch

    November 20, 2012 at 1:17 pm

    ပြောတော့ဖြင့် သူ့သားလေးက မိန်းကလေးဆို မကြိုက်ဖူး ယောက်ျားလေးပဲ ကြိုက်တာဆို 😆

    • Inz@ghi

      November 20, 2012 at 1:21 pm

      အေးဗျ … အဲ့အတွဲအကြောင်းတို့
      ဖိုးခြစ်ဇာတ်ထဲမှာ ဝါးလက်ခုတ်တီးရင်း လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားတဲ့
      ကိုမိုးတိုးမတ်တပ်ကြီးအကြောင်းတို့…. စစ်ကိုင်းချောင်က ယောဂီကြီး အမယ်ပူး တို့အကြောင်းတို့
      ထည့်မလားလို့ … ခိခိ..

      :harr:

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    November 20, 2012 at 2:37 pm

    ငါတော့ ဝင်မပြောဘူး…
    ဝင်ပြောရင် ကိုကျော်သောင်ဆိုတာ ငါဖြစ်မှန်းလူတွေသိကုန်လမ့်မယ်…ဟိဟိ

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • Thu Wai

    November 20, 2012 at 2:51 pm

    ဖုတ်ပြာပြာ အိပ်စပို့အင်န် အင်ပို့

    အဲဒီကုမ္ပဏီနာမည် အလွဲသုံးစားလုပ်ရင် တရားစွဲမှာလား ဗျ

    • Inz@ghi

      November 20, 2012 at 2:54 pm

      မကြည်ပြာ မူပိုင်ဖြစ်ပါကြောင်း …
      မကြည်ပြာရေ မေးနေပြီ … ဟီဟိ…

      :harr:

      • Shwe Ei

        November 20, 2012 at 3:30 pm

        ကတောက်စ် ဂီမဲတော့ များဘီ။
        အိုက်ဒီ ဂဂျိုးဂဂျောင်နံမယ်ရီးကိုတော့ မူပိုင်မယူပရဇီနဲ့အေ။
        ဒွတ်ခ။ 🙁

  • လုံမလေးမွန်မွန်

    November 20, 2012 at 3:01 pm

    ယောင်းမရေ..ပြောပါဦး..အနော်က ယောင်းမတော်ရမှာလား…ယောက်ခမတော်ရမှာလားလို့… ဒေါ်မာမာမွှေးလို့ သဘောကောင်း မနောကောင်း ချောချောလေးကို အမျိုးတော်ချင်လို့ပါ… အဟိ..အဟိ… :mrgreen:

  • kai

    November 20, 2012 at 3:02 pm

    နေစမ်းပါဦး..
    ကျုပ်သမီးက.. ဘယ်ရောက်သွားသလည်း..
    သူက.. မောင်မာပျော်ကို.. ၅ယောက်မြောက်လင်အဖြစ်.. သိမ်းယူမယ်ဆိုပြီး… အိမ်မှာ.. ယူပက်(၂၀၃၂ တွင်UPad သည် ဓါးထက်ကြောက်စရာကောင်းသည်။ ) ကြိမ်းကြိမ်းနေတာ..။ :buu:

  • P chogyi

    November 20, 2012 at 3:08 pm

    ၅ ယောက်လုံးပေးစားလိုက်၊
    ပြည့်စုံသွားတာပေါ့။

  • ခွိ .. ခွိ …
    ဖတ်ရင်း ရီလိုက်ရဒါ …
    ရေးလည်း ရေးတတ်ပါပေ့ ခညာ …

    ဒါနဲ့ .. ကမ်ပနီ နံမယ်တွေကဒေါ့ လန်းဒယ်ဂျ ..
    ဘာဒဲ့ …

    ဖုတ်ပြာပြာ အိပ်စပို့အင်န် အင်ပို့
    ကျော်သောင်အာပုံ အင်တာပရိုက်ဇ်
    ရွှေမိုးငွေမိုး လေထိုးကျွတ်ဖာ လုပ်ငန်းစုကြီး
    မဟာဂွေး အင်တာနေရှင်နယ် ကန်ပနီ လိမိတက် …… ဒဲ့ … :mrgreen:

  • Novy

    November 20, 2012 at 3:59 pm

    အမလေးမိဂီရယ်.. ညည်းလူရွေးပွဲမှာ
    ဂျူနီယာနိုဗွီလေး မပါလို့တော်သေးတာပေါ့အေ..

  • jullies cezer

    November 20, 2012 at 4:06 pm

    အိုရှုပ်ပါတယ် သားလေးကို လေလံပစ်လိုက်ပေါ့ ဒါမှမဟုတ် သူကြိုက်တာသူရွေးခို်င်းလို်က်
    ဒါပဲရှိတယ် ………

  • ရွာသူ jujuma .

    November 20, 2012 at 4:31 pm

    ရွေးချယ်မယ့် ဘိုးတော် ဂတိုးသားရဲ့ အရည်အချင်းလေးလဲ ထည့်ပါအုံးတော် ..
    လိုက်ဖက်မယ့် ဂတိုးသမီး နဲ့ ကိုက်အောင်ရွေးပေးမယ် … :kwi:

  • Mobile

    November 20, 2012 at 5:26 pm

    ခပ်ပျင်းပျင်းနဲ့ပဲ ဖတ်သွားပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 21, 2012 at 3:20 pm

    သားရေးသမီးရေးတော့သိဘူး
    ဥ ပေါ်ကျောက်ပျဉ်ကျ ဥကွဲမယ်
    ကျောက်ပျဉ်ပေါ် ဥ ကျရင်လည်း ဥကွဲမယ် ဆိုဒဲ့
    အဆိုကိုတော့ မှတ်သားထားရမယ်ဗျ

  • surmi

    November 21, 2012 at 4:21 pm

    အင်းးးးးးးးး ဒီလိုသာဆိုရင်ဖြင် ့ ကျုပ်သားလေးကိုလည်း
    အခုပဲ ရှာပေးစားထားမှတော်ပေမယ် ……..
    မဟုတ်ရင် …… ကျောက်ပျဉ်စာမိသွားမှဖြင် ့ …!!!!!!!

  • MaMa

    November 21, 2012 at 4:45 pm

    ရွေးမရရင် ကိုပေါက်ရေးတဲ့ `တစ်ချက်ပစ် ၂ယောက်ကြွေ ကျွန်တော့ဘိုးအေ´ (နာမည် မှတ်မိသလောက်ရေးထားသည်) ထဲကလိုမျိုး ၅ယောက်စလုံးကို ယူမယ်ဗျာလို့သာ ပြောလိုက်ပြီးရော။
    စဉ်းစားမိတာက …..
    ၂၀၃၂ ဆိုရင် မောင်ရင်လည်း သားရှင်ဖြစ်နေမလား။
    သမီးရှင်ဖြစ်နေမလား မသိနိုင်ဘူး။
    (မုန့်ဆီကြော် ဘယ်မှာနေမှန်းမသိ။ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလားလို့) ကြိုစဉ်းစားနေတာဖြစ်မယ်။ :harr:

  • Mr. MarGa

    November 21, 2012 at 8:18 pm

    ၅ယောက် ဆိုတာ နည်းတာပေါ့ကွယ်
    ယောက်ျားကောင်း မောင်းမတစ်ထောင် ကွယ့်
    ဦးမာဃကို နမူနာယူလေကွယ်
    :kwi:

  • uncle gyi

    November 21, 2012 at 11:09 pm

    ၂၀၃၂မှာမောင်ဇာသမီးမမွေးဖို့တော့လိုတယ်နော်

Leave a Reply