အင်တာနက်ဆိုင် ထိုင်သူများ သတိ

manawphyulayJuly 15, 20101min1189

မိန်းကလေးများအတွက် သတိပြုစရာများပါ။
မနေ့က ကျွန်တော် အင်တာနက် သုံးဖို့ဆိုင်ကိုသွားတယ်…ကြည့်မြင်တိုင်ဘက်က ဆိုင်တစ်ပေါ့ဗျာ….

ဆိုင်လေးက တော်တော်သန့်တယ်… ဆိုင်ရဲ့ဖွဲ့စည်းပုံရော … သုံးထားတဲ့အရောင်တွေရော… မိုက်တယ်ဆိုပါတော့ဗျာ။
ဒီလိုနဲ့သုံးနေရင်း နာရီဝက်လောက်ကြာတော့ ကျွန်တော့်ဘေးစက်ကိုလူတစ်ယောက် လာသုံးတယ်ဗျ….
သူဟာသူသုံးလိုက် ဆိုင်မှာရှိတဲ့သူနဲ့သိတဲ့ ကောင်လေးတွေကို သူသုံးနေတဲ့စက်ကိုခေါ်ပြလိုက်နဲ့….. အော်ကျယ်အော်ကျယ်နဲ့ပေါ့….
ကျွန်တော်လည်းကိုယ့်အာရုံနဲ့ ကိုယ်မို့လို့သူ့ကို ပထမတော့သတိမထားမိဘူး…. နောက်တော့ ကိုယ့်ဆရာကဘယ်ဟုတ်မလဲဗျ … vzo ကိုဖွင့်ပြီး web cam ကိုသူ့ခြေမ နဲ့ ခြေညှိုးကြားမှာညှပ်ပြီး အောက်ကနေ ရှေ့ကကောင်မလေးတွေကိုကြည့်နေတာကိုဗျ…. ကောင်မလေးတွေက စကပ်တိုလေးတွေနဲ့ဆိုတော့ ကိုယ့်ဆရာသမားက အကြိုက်တွေ့နေတော့တာပဲ….ဓါတ်ပုံတွေလဲရိုက်လိုက်တာတဖျပ်ဖျပ်နဲ့…..
နောက်တော့ ကောင်မလေးတွေပြန်သွားတယ်… ကျွန်တော်လည်းသူ့ကို သတိထားလိုက်မိတယ်… သူလုပ်တာကို ကိုယ်ကမြင်နေပေမယ့် ဟိုကောင်မလေးတွေက လုံးဝမသိဘူး… နောက်ထပ်ရောက်လာတဲ့ကောင်မလေးကတော့ ထမီတွေနဲ့ဆိုတော့ ငနဲကတွက်ချေမကိုက်တော့ဘူး… နောက်ကျွန်တော်လည်းသူ့ကို သေချာဘုရှိုးရှိုးလိုက်တယ်…
ခဏကြာတော့ငနဲထလစ်သွားတယ်…
ဒီဘဲက အင်တာနက်တောင်ဖြစ်ဖြစ်မြောက်သုံးတတ်တာမဟုတ်ဘူး….ဘာ web site မှကြည့်တာမဟုတ်ဘူး… vzo ကို full screen လုပ်ပြီးကြည့်တာ….vzo ကိုလည်းဆိုင်ကကောင်လေးတွေကိုဖွင့်ခိုင်းပြီးသုံးတာ… ဉာဏ်တော့ တော်တော်ကောင်းပဲ….
ကျွန်တော်လည်းယောကျာ်းလေးပါ… ဒါပေမယ့် ဒီဘဲလုပ်ပုံက တော်တော်အောက်တန်းကျတဲ့လုပ်ရပ်ပဲ…
ကျွန်တော့်သူငယ်ချင်းမလေးတွေလဲ သတိထားလို့ရအောင် သိထားအောင်လို့ သတိပေးလိုက်ပါတယ်နော်…..

9 comments

  • khinmintatthu

    July 15, 2010 at 11:55 am

    အခုလို သတိပေးတဲ့အတွက် မြန်မာမိန်းကလေးတွေအတွက် အကျိုးရှိပါတယ်။ မြန်မာမိန်းကလေးတွေရဲ့ အရှက်နဲ့သိက္ခာကို ကာကွယ်ပေးရာလည်း ရောက်ပါတယ်။ ကျေးဇူးလည်း တင်မိပါတယ်….

  • UMT

    July 15, 2010 at 1:13 pm

    အခုတလော ကလေကချေတွေ က ကိုယ်ကိုဟုတ်လှပြီထင်နေတာတွေလေ ဒါကိုဆိုင်ကလဲတားသင့်ပါတာ်။တချိုတို ဂိမ်းတွေနဲတွဲထားတဲဆိုင်ဆိုရင်အမြဲဆဲဆိုနေတာတွေလဲရှိတယ်နော်။မိန်ခလေးများသတိတောထားကြပါ။

  • etone

    July 16, 2010 at 2:47 am

    ဆိုင်နာမည်ပါထည့်ပြောပေးပါလား ဒါဆိုရင် သွားမိသည်တိုင်အောင် သတိထားဆင်ခြင်လို့ရတယ်လေ ။ သူများကိုလည်းပြောလို့ရတာပေါ့ ။ ကောင်မလေးတွေကလည်းခက်ပါတယ်ဘာလို့ စကတ်တိုဝတ်ချင်နေကြလဲမသိဘူး ။

  • gar

    July 16, 2010 at 4:23 am

    မြန်မာမိန်းကလေးတွေအတွက် အကျိုးရှိပါတယ်။

  • cobra

    July 16, 2010 at 5:48 am

    သတိပေးတဲ့အတွက်ကျေးဇူးပါ…..။ကျွန်တော့်ညီမတေါ..အသိမိန်းကလေးတွေကိုလည်းပြန်ပြောလို့ရတာပေါ့…….။

  • ghost

    July 16, 2010 at 8:21 am

    ဒီလိုရေးပေးတာ ကျေးဇူးတင်ပါတယ် နောက်အဲဒါမျိုးတွေ့ရင် webcam နဲ အဲဒီလူပုံရအောင် ယူခဲ့ပါ

  • manawphyulay

    July 16, 2010 at 8:24 am

    ဟုတ်တယ်နော်။ သူက ကောင်မလေးတွေကို ဝက်ကမ်နဲ့ကြည့်ရင် သူ့ပုံကို ဝက်ကမ်နဲ့ပြန်ဖမ်းခိုင်းရမယ်။ ဒါမှ ဒီလိုကောင်ကို လူတိုင်းရှောင်လို့ရမှာ….

  • winne

    July 16, 2010 at 9:36 am

    ဆိုင်သမားကလည်း ဒါမျိုးကို တွေ့ရင် တားရမှာ သူကလည်း အလိုတူအလိုပါဘဲနော်။ ဆိုင်တွေကိုက မရိုးသားဘူး

  • maypearl

    August 5, 2010 at 11:00 am

    တော်တော်ကိုအောက်တန်းကျတာပဲနော်
    မြန်မာလူမျိုးအချင်းချင်းအဲလိုမလုပ်သင့်ဘူး

Leave a Reply