ယောင်ထုံးခေတ် ကုန်ခဲ့ပါပြီ

zaw winNovember 20, 20121min1577

သူများပြောတာ နားယောင်
ဟိုယောင်ယောင်
ဒီယောင်ယောင်
အတွေးအခေါ်တုံးတုံး
အကြံဉာဏ်တုံးတုံး
လုပ်ဆောင်ချက်တုံးတုံး
မင်းတို့ရဲ့ ယောင်ထုံးခေတ်ကုန်ဆုံး
မြန်မြန်ဆန်ဆန်
ထိထိရောက်ရောက်
သွက်သွက်လက်လက်
လုပ်ဆောင်ချက်ကောင်း အကျိုးရှိမဲ့
မြန်ကောင်းခေတ်ကို ရောက်ပါပြီ။

မင်းသုတ
22:55 PM
19.11.2012

7 comments

  • jullies cezer

    November 20, 2012 at 1:00 pm

    အားပေးသွားပါတယ် ကိုမင်းသုတ ရေ မြန်ကောင်းခေတ်ကိုရောက်ပေမဲ့
    အချို့အချို့တွေမှာ ပြန်ဟောင်းခေတ်ထဲကကို မထွက်နိုင်ကြသေးလို့
    ခေတ်မှီတိုးတက်တဲ့နိုင်ငံတော်သစ်ဆီကို ဖယောင်းတိုင်ကိုင်ချီတက်
    နေရတုန်းလေ ………..

  • မြန်ကောင်းခေတ်ဆိုပေမယ့် မမြန်တဲ့သူတွေမကောင်းနိုင်ပါဘူး။
    ခေတ်တိုင်းကတော့မြန်ကောင်းခေတ်ချည်းလို့ထင်ပါတယ်။
    ဟုတ်တယ်ဟုတ်?

  • တကယ်က ..
    ယောင်ထုံးခေတ် ကုန်တာ မဟုတ်
    သက်သမ်းတွေ ကျုံ့ …
    အလုပ်တွေနဲ့ တကုပ်ကုပ် ..
    ဇယ်ဆက်သလိုသာ ရှုပ် …

  • Mobile

    November 20, 2012 at 5:18 pm

    အားပေးသွားပါတယ်။
    ှုဂျူလီယက်ဆီဇာ ပြောတာလေးကိုလဲ ဖတ်သွားပါတယ်။

  • မိုးသောက်ချိန်

    November 20, 2012 at 5:31 pm

    မြန်တိုင်း မကောင်းပါဝူး
    တစ်ခြားဘက်ကနေမြင်ကြည့်တာပါ
    (တစ်ခြားဘက်ကဆိုလို့ ကိုယ်တွေးချင်သလိုတွေးကြပေါ့ ကျွန်တော်က ခင်ဗျားတို့တွေးတာနဲ့ တူရင်တူမယ် မတူရင် မတူဘူးပေါ့ဗျာ။ ကိုယ့်အကြောင်း ကိုယ်သာသိပေါ့။ ဟုတ်တယ်ဟုတ်) 😆

  • nature

    November 20, 2012 at 8:06 pm

    မြန်လည်းမြန်ကောင်းလည်းကောင်းဆိုမှတော့ဘာပြောစရာလိုသေးလဲ။ ဒါပေမဲ့ ခေါင်စဉ်နဲ့တင်ရပ်မနေပဲ မြန်တာကဘာလဲ။ ကောင်းတာကဘာလဲ။ အကျိုးရှိသောလုပ်ဆောင်ချက် ဘာတွေလုပ်မှာလည်းဆိုတာကတော့ သိဖို့လိုမယ်ထင်တယ်။

  • မောင်ပေ

    November 20, 2012 at 9:06 pm

    ယောင်ထုံး
    တန်ဆောင်မုန်း
    ကြောင်ပုန်း
    မောင်ပြုံး
    စောင်ဖုံး
    အောင်ကြုံး

Leave a Reply