ယောင်ခြောက်ဆယ်

jullies cezerNovember 20, 20121min13612

ကိုမင်းသုတရဲ့ ယောင်ထုံးခေတ်ကုန်ခဲ့ပါပြီ ဆိုတဲ့ Post လေးကိုဖတ်ပြီး ကြားဖူးတာလေးတစ်ခုကို သတိရသွားလို့
မျှဝေလိုက်ပါတယ် ။

တစ်ခါတုန်းက ရွာတစ်ရွာမှာရှိတဲ့ ချောင်းတစ်ခုရဲ့ဘေးတွင် မိန်းမတစ်ယောက်မှ အော်ဟစ်အကူအညီ
တောင်းသည်မှာ ” လာကြပါအုံး ကျွန်မယောကျာ်း ယောင်ခြောက်ဆယ်ရေနစ်နေလို့ ကယ်ကြပါအုံး”
အဲဒါနဲ့ လူတွေက ယောင်တစ်ခုထဲတောင်မနည်းထုံးရတယ် ဒီလူက ယောင်ခြောက်ဆယ်တောင်
ဘယ်လိုများထုံးလဲမသိ မြင်ဖူးတယ်ရှိအောင် ကယ်မှပဲ ဆိုပြီးကယ်လိုက်တယ်။
ရေပေါ်လည်းရောက်ရော ဘယ်မှာလဲ ခင်ဗျားပြောတော့ ခင်ဗျားယောကျာ်းယောင်ခြောက်ဆယ်ဆို
အခု ယောင်က ၁ ခုထဲပါလား ။ မိ်န်းမလုပ်တဲ့သူကပြန်ဖြေသည်မှာ ကျွန်မယောကျာ်းက ယောင်ခြောက်ဆယ်
ဆိုတာ ဘာအလုပ်အကိုင်မှမရှိ ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်တဲ့ ယောင်ခြောက်ဆယ်ကို
ပြောတာတဲ့လေ။

အားလုံးကိုခင်တဲ့

julliescezer

12 comments

  • weiwei

    November 20, 2012 at 1:23 pm

    ၁၀၉-၁၁ဝ ဆိုတာကရော … ????

    • MaMa

      November 22, 2012 at 8:40 am

      ၁၀၉-၁၁ဝ ဆိုတာ အင်္ဂလိပ်ခေတ်က အလုပ်မရှိ အကိုင်မရှိ တွေကို ဖမ်းတဲ့ ပုဒ်မနံပါတ်လို့ ကြားဖူးတာပဲ။

  • အိုက် ဇာတ်လမ်းလေး ကြားဖူးသဗျ ..
    ရီရဒယ် …
    ဒါနဲ့ .. စကားမစပ် ..
    ယောင်တာချင်း အတူတူ ..
    ဘာဖစ်လို့များ ခြောက်ဆယ်ကို သုံးတာပါလိမ့်နော် … 🙄
    ယောင်တစ်ဆယ်တို့၊ ယောင်နှစ်ဆယ်တို့ ..
    တစ်ယောင် နှစ်ယောင် လို့ သုံးဂျဘူးလား သိဘူးးးးးး

  • jullies cezer

    November 20, 2012 at 3:07 pm

    ခြောက်ဂဏန်းကြိုက်ကြလို့နေမှာပေ့ါ ကိုအံစာတုံးရဲ့ အံစာတုံးမှာဆို
    ခြောက်ဂဏန်းကအကြီးဆုံးမဟုတ်လား 🙂

  • ဦးခင်ခ

    November 20, 2012 at 3:59 pm

    တော်သေးတာပေါ့ ကယ်တဲ့သူက ကယ်ပြီးရေပေါ်ရောက်မှ ဘယ်မှာလဲ ခင်ဗျားပြောတော့ ခင်ဗျားယောကျာ်းယောင်ခြောက်ဆယ်ဆို ပြီးမေးလို့နော်။ ရေနစ်နေတာကယ်ရင်း တစ်ယောင် ထဲတွေ့သေးတယ် အရင်မကယ်သေးဘဲ သူသိချင်တဲ့ ကျန်တဲ့ယောင်တွေ မတွေ့သေးလို့ရှာအုံးမယ်ဆိုရင် ဘယ်လိုများဖြစ်မလဲနော်။

  • jullies cezer

    November 20, 2012 at 4:29 pm

    ဟုတ်ပါတယ် ကိုခင်ခ ရယ် သိချင်ဇောလေးနဲ့ကယ်ပေးတာကိုအရင်ကျေးဇူးတင်ရမယ် ………

  • စိန်ဗိုက်ဗိုက်

    November 20, 2012 at 4:33 pm

    ကျနုပ်သည် ယောင်ခြောက်ဆယ်ထက်မြင့်သော ယောင်ကိုးဆယ်ဖြစ်အိ

  • aanyar thar

    November 21, 2012 at 6:13 pm

    ယောင် sixty ပေါ့..ဒါနဲ့ ၁၀၉ ၁၁ဝ ဆိုတာလေး ဗဟုသု့တ အဖြစ်ရှင်းပြပေးပါ့လားဗျာ (ကျုပ် အဖွါးလိုတော့ ဖြေနဲ့နော်.လူမျိုး ၁၀၁ ပါး ခဏခဏပြောလို့ မေးမိ့တာ ငါ့မြေးရယ် အဖွါးတနေကုန်ပင်ပမ်းနေလို့ နားဦးမယ် နောက်နေ့ ဖြေပါ့မယ် ဒီလိုနဲ့ သူသာ အဖိုးနောက်လိုက်သွားတယ် ကျုပ်အခု့ထိ့ သူပြောတဲ့ လူမျိုး ၁၀၁ ပါးဆိုတာ ဘာတွေလဲ ခု့ထိ့ သိ့ခဲ့ရဘူးဗျ)

  • မောင်ပေ

    November 21, 2012 at 9:57 pm

    ယောင်ခြောက်ဆယ်
    စောင်အောက်ဝယ်
    မောင်သောက်မယ်
    ပြောင်နောက်ရှယ်
    ထောင်ဗြောက်သည်(သယ်)
    နောင်လျှောက်လယ်

  • jullies cezer

    November 22, 2012 at 9:19 am

    ၁၀၉ ၁၁ဝ ဘဝဆိုးလှတယ်
    ဒါမျိုးကကွယ် ဘယ်လိုပြောရမလဲ
    တို့လဲမသိကွယ် …..

Leave a Reply