သံတွဲမြေစာရင်း ဌာန စည်းပျက်ကမ်းပျက်လုပ်ချင်းတိုင်းလုပ်နေခြင်း Disabled by Mod7

than shwe mgNovember 20, 20121min101

သံတွဲမြေစာရင်းဌာနသည် ငပလီကမ်းခြေ နှင့်ကျိတ္တာ၊မြပြင်၊လင်းသာ၊ကျေးရွာများ မှ အမည်ပြောင်းလျှောက်ထားရာတွင် ငွေကြေးမြောက်များစွာ
ရယူကာ အမည်ပြောင်း ၊နာမည်ပြောင်း လုပ်ပြီးလုပ်ကိုင်စားသောက်နေကြပါသည်။ ယခုအခါလယ်ယာမြေ များကိုလည်း၎င်းတို့နှင့် လက်သင့်ရာ
လူများကို အမည်များပြောင်းပြီးလယ်ကွက်များစွာ ကို စိတ်ကြိုက်မည်သို့ပြောင်းလဲပြစ်ခဲ့ပါသည်။ သံတွဲ မြို့ရှိဗောဓိကုန်းဆည် ပတ်ဝန်းကျင်နှင့်
အနီးပတ်ဝန်ကျင် ရှိတောင်များကိုလည်း လက်သင့်ရာငွေပေးနိုင်သူများသိူ့လက်ညိုးထိုး ရောင်းချ၊အမည်ပြောင်းလျှက် လုပ်ကိုင်စားသောက်နေ
ပါသည်၊သံပုရာ၊ဇလွန်စသော ကျေးရွာများမှစားကျက်မြေများကိုလည်း၎င်းတို့နှင့်လက်သင့်ရာလူများကို ရောင်ချငှါးရမ်းထားသဖြင့် ကျေးရွာများမှ
ပြည်သူများလည်း အမြဲတစေ ပြဿနာများဖြစ်ပေါ်လျှက်ရှိပါသည်။ ထိုပြင်မတရားသိမ်းယူထားသောလယ်ယာမြေများကိုလည်း၊လက်ရှိပိုင်ရှင်များ
သို့ နှစ်နာကြေးများမပေးဘဲမတရားသိမ်းယူ လျှက် ပိုင်ရှင်(သို့) ဌာနများသို့ တရားမဝင် ငွေယူလျှက် အမည်ပြောင်းသိမ်းဆည်လျှက်ရှိပါသည်။
ကျီးကန်းရဲ၊ကျောက်ကြီးဇလွန်အစရှိသော နေရာများတွင်လည်း လယ်မြေများကို မတရားသိမ်းယူပြီးလယ်ပိုင်ရှင်များသို့ လျှော်ကြေးငွေမပေး
ဘဲ၊ဌာနများသို့အမည်ပြောင်းပေပြီး မြေစာရင်းမြို့နယ်မှုးနှင့်ခရိုင်မြေစာရင်းမှုးတို့မှ ငွေသိန်းပေါင်းရာနှင့်ချီအောင်လုပ်ကိုင်စားသောက်လျှက်ရှိပါ သည်။ နို်င်ငံတော်သို့ မဖြစ်စလောက်သောငွေကြေးများကို သာသွင်းပြီး ၎င်းတို့၏ အိပ်ထဲသို့သိန်းပေါင်းများစွာတိုင်အောင်ရရှိပြီးလုပ်ကိုင်စား
သောက်နေပါသည်။ယခုအခါဝန်ကြီးဌာန(၂၄)ခုတွင်တရားမဝင်ငွေကြေးဖျောက်ဖျက်မှု၊လဘ်စားမှုများပေါ်ပေါက်နေပါသည်။သို့ပါသောကြောင်း
နိုင်ငံတော်မှ သံတွဲမြေစာရင်းဌာနအားလည်းထိထိရောက်ရောက် စုံစမ်းစစ်ဆေးပြီးအရေးယူသင့်ပါကြောင်း တင်ပြအပ်ပါသည်။

One comment

  • kai

    November 20, 2012 at 4:38 pm

    မြန်မာပြည်အနောက်ဖက်ကမ်းဒေသက.. ရွာသူားများ.. ပစ်စာရေးခွင့်မရှိတော့ပါ..
    တိုင်စာရေးရင်.. ခွင့်ပြုနိုင်ပါတယ်..
    ဒါပေမယ့်.. ကိုယ်ဘယ်သူဆိုတာ.. တိတိကျကျဖေါ်ပြစေလိုပါတယ်..။

    ဒါမှမဟုတ်ရင်.. ပစ်စာယူဆပြီး.. ဖျက်မယ်ဖြစ်ပါတယ်လို့.. (အရင်ကတည်းက) သတိပေးစာတင်ထားကြောင်း…။

Comments are closed.