ရယ်ရယုံ (၁၇)

etoneJuly 15, 20101min602

တစ်ခါက လူသားစားသော လူမျိုးနွယ် အကြီးအကဲ တစ်ဦး လေယာဉ်ပျံစီးလေသည်။
လေယာဉ်မယ်……..”ဘာများသုံးဆောင်မလဲရှင်။”
အကြီးအကဲ………..”ခရီးသည်တွေရဲ့ နာမည်စာရင်းကို အရင်ပြစမ်းပါ။”

—————–
တစ်ခါက ချစ်သူနှစ်ဦး စကားများကြသည်။
မိန်းကလေး ” ရှင်ဟာ ဘာမှ အသုံးမကျတဲ့ အမှိုက်ပဲ”
ယောင်္ကျားလေး ” အမှိုက်မှန်းသိရက်နဲ့ ဘာလို့ ချစ်ခဲ့လဲ”
မိန်းကလေးမှာ ပိုဒေါသထွက်ပြီး ” ရှင်ဘာသိလို့လဲ ဒါကျွန်မ recycle
လုပ်နေတာရှင့်”

———————–
ကကြီး “ABCD … ၂၆ လုံးထဲမှာ ET မရှိရင် ဘယ်နှစ်လုံးကျန်မလဲ”
ခခွေး ” ၂၄ လုံးကျန်မယ်”
ကကြီး ” မှားတယ်… ၂၁ လုံးပဲ ကျန်မယ်”
ခခွေး ” ဘာဖြစ်လို့လဲ”
ကကြီး ” ET က UFO ကိုစီးသွားရမှာ မို့လို့ပါ။”

———————
ဖခင်……….သားကြီးလာရင် ဘယ်သူ့ကို ယူမလဲ
သား……….ဘွားဘွားက သားကို သိပ်ချစ်တယ်ဆိုတော့….သားကြီးလာ
ရင် ဘွားဘွားကိုယူမယ်။
ဖခင်………ဟာ….ဖေဖေ့ မေမေကို သားယူလို့ ဘယ်ရမလဲ။ အဲဒီလို ပြော
လို့မရဘူး သား..
သား…….. ဒါဆိုရင် ဘာဖြစ်လို့ သား မေမေကိုကျတော့ ဖေဖေယူလို့ရလဲ။
ဖခင်………^&!()%^$%!$”*(

—————-
ဖခင်………. ကျောင်းကောင်းကောင်းထားပေးတာ စာမကြိုးစားချင်ဘူး။ ဖေဖေ့
တုန်းက ဆင်းရဲလို့ ကျောင်းတက်ချင်တာတောင် မတက်ခဲ့ရဘူး။
သား……….. ဖေဖေ….သားတို့ ဘယ်တော့ ပြန်ဆင်းရဲမှာလဲဟင်….
ဖခင်…………&*!^”!%”!^%”!08

————–

2 comments

  • wunnakoko

    July 16, 2010 at 9:09 am

    ရယ်ရယုံ ၁၄၊၁၅၊၁၆ ကိုမတွေ့ဘူးခင်ဗျာ။ ဘယ်မှာရှာရမလဲ။ ပြောပေးပါဦး။ ကျေးဇူးတင်ပါတယ် ။

  • maypearl

    August 5, 2010 at 10:56 am

    ကျောင်းမတက်ချင်လို့ ဆင်းရဲချင်တယ်လို့ ရိုးရိုးလေးတွေးတဲ့ကလေးကို သဘောကျပါတယ်
    ဒီလိုအတွေးမျိုးက ကလေးတွေဆီမှာပဲရှိတယ်

Leave a Reply