စဉ်းစားကြစေလိုပါတယ် ( ၄၁ ) ( ညံ့ကြေး )

Foreign ResidentNovember 21, 20125min22527

စဉ်းစားကြစေလိုပါတယ် ( ၄၁ ) ( ညံ့ကြေး )

 

အခု တစ်လော ၊

နဲနဲ Hot နေတဲ့ ၊

သတင်းတစ်ခုကို ၊

အင်္ဂလိပ်စာ နှင့် ၊

နိုင်ငံတကာ ဥပဒေ ကို ၊

သိပ် အကျွမ်းတဝင် မရှိတဲ့ ၊

ရွာသူားများအတွက် ၊

တင်ပြပေးလိုက်တာပါ ။

 

မူရင်း သတင်း Source ကတော့ ။

” Bangladesh dismisses Suu Kyi comments on Rohingya “

<http://sg.news.yahoo.com/bangladesh-dismisses-suu-kyi-comments-rohingya-162708166.html>

 

အမေစု ရဲ့ စကား ကို ၊ ဘင်္ဂလားဒေရှ် နိုင်ငံခြားရေး ဝန်ကြီးက တုန့်ပြန်ထားတာပါ ။

အဓိက အရေးကြီးတဲ့ အချက် ( ၃ ) ခုကိုပဲ ဘာသာပြန်ပြပါ့မယ် ။

———————————-

” The foreign ministry in Dhaka said the Rohingya Muslims

have been living in Myanmar’s western state of Rakhine for centuries and

they could not be Bangladeshi as the country was only founded in 1971. “

 

Bangladesh အစိုးရ ဆိုလိုတဲ့ အဓိပ္ပါယ်က ၊

၁၉၇၁ မှာ သူ့နိုင်ငံ စထောင်တယ် ။ ဒါကြောင့် ၊

၁၉၇၁ မှာ Bangladesh နယ်နမိတ်ထဲမှာ ရှိနေတဲ့လူတွေကိုသာ ၊

Bangladesh နိုင်ငံသားအဖြစ် အသိအမှတ်ပြုတယ် ။

 

၁၉၇၁ မတိုင်မှီ နယ်ကျော်ကိစ္စတွေဟာ သူနှင့် မဆိုင် ။

 

Rohingya တွေဟာ နိုင်ငံ မတည်ထောင်မှီ ၁၉၇၁ မတိုင်မှီ ကတည်းက

မြန်မာ နိုင်ငံထဲမှာ ရှိနေပြီးသားဖြစ်တဲ့အတွက်

Bangladesh နိုင်ငံသား ဖြစ်ကို မဖြစ်ခဲ့ဘူးလို့ ဆိုလိုတာပါ ။

 

Bangladesh နိုင်ငံသား ဖြစ်မှုကို ၊

၁၉၇၁ နယ်နမိတ်ထဲမှာ ရှိမှုနှင့် သတ်မှတ်လိုက်တာပါ ။

———————————-

“There is… no reason to ascribe Bangladesh nationality to these people,” it said,

adding that since 1971 there had been influxes of Rohingya into Bangladesh

from Myanmar due to “internal situations in their HOMELAND“.

 

ဘင်္ဂလားဒေရှ် နိုင်ငံခြားရေး ဝန်ကြီးက ၊ ၁၉၇၁ ကတည်းကနေ စပြီး ၊

Rohingya တွေဟာ သူတို့ရဲ့ HOMELAND မြန်မာ ပြည်ထဲက ပြဿနာတွေကြောင့် ၊

မြန်မာ ပြည်ထဲက Rohingya တွေ ကတောင် ၊

ဘင်္ဂလားဒေရှ် နိုင်ငံထဲကို အများအပြား ပြေးဝင်လာခဲ့ကြပါသေးတယ်တဲ့ ။

( HOMELAND ဆိုတဲ့ အသုံးအနှုန်းကို သတိထား ကြည့်ပါ )

———————————-

“The Ministry wishes to express surprise at such comments

since these are clearly at variance from the position of the Myanmar Government,”

it said in a statement.

 

အမေစု ပြောခဲ့တဲ့စကား ၊

( illegal crossing of the shared border with Bangladesh had to be stopped )

“ ဘင်္ဂလားဒေရှ် နိုင်ငံထဲကနေ ကူးဝင်နေတဲ့ Rohingya / ဘင်္ဂါလီ တွေကို ရပ်ရမယ် ” ဟာ ၊

မြန်မာ အစိုးရ လက်ခံထားတဲ့ သဘောထားနှင့် ကွဲပြားနေပါတယ်တဲ့ ။

 

သူ ဆိုလိုတာက Rohingya / ဘင်္ဂါလီ တွေဟာ ၊

ဘင်္ဂလားဒေရှ် နိုင်ငံထဲက ကူးဝင်လာတာ မဟုတ်ဘူး / မရှိဘူး လို့ငြင်းတာပါ ။

 

မြန်မာ အစိုးရ က ၊ ဘင်္ဂလားဒေရှ် အစိုးရ နှင့် ၊ နားလည်မှု Agreement တစ်ခု ရှိခဲ့ပြီးပုံ ပါပဲ ။

———————————-

 

ဒီ အောက်ပိုင်းက ဟာလေးကတော့ ၊ အဘ အမြင်ပေါ့လေ ။

 

အခုအချိန်မှာတော့ ၊

ရခိုင် နှင့် Rohingya / ဘင်္ဂါလီ တွေ ဆဲဆို သတ်ဖြတ် ကြတဲ့ အဆင့် ကနေ လွန်ပြီး ၊

အမေစု ၊ မြန်မာ အစိုးရ နှင့် ဘင်္ဂလားဒေရှ် အစိုးရ စကားစစ်ထိုးတဲ့ အဆင့်ကို ရောက်နေပါပြီ ။

ဆိုလိုတာက ကလေးတွေ တုတ်တပြက် ဓါးတပြက် ဖြစ်တဲ့အဆင့်ကနေ ၊

လူကြီးတွေ ပညာသားပါပါ ကိုင်တွယ်တဲ့ အဆင့်ကို ဝင်လာပါပြီ ။

 

အခုက Bangladesh အစိုးရ ရဲ့ Defending Ground ကို မြင်လိုက်ရပါပြီ ။

ဘင်္ဂလားဒေရှ်  နိုင်ငံ က ဘင်္ဂလားဒေရှ် နိုင်ငံသား ဖြစ်မှုကို ၊

သူတို့ နိုင်ငံ စ တည်ထောင်တဲ့ ၁၉၇၁ မှာ ၊

သူတို့ နိုင်ငံ နယ်နမိတ်ထဲမှာ ရှိမှုနှင့် သတ်မှတ်လိုက်တာပါ ။

( နိုင်ငံတကာ ) ဥပဒေကြောင်းအရ သူတို့ မမှားပါဘူး ။

 

အမှန်တော့ မြန်မာ အစိုးရ မှားသွားတာ ၊

၁၉၇၁ မှာ ဘင်္ဂလားဒေရှ်  နိုင်ငံ စထောင်တဲ့ အချိန်မှာ ၊

ဒီ ကိစ္စ ကို အပြတ်ရှင်းခဲ့ရမှာ ။

အခုတော့ နောက်ကျနေပြီ ။

 

အဘ အထင်

အဘတို့ မြန်မာအစိုးရ / အမေစု ဘက်က အရေးမသာနိုင်ဘူး ။

 

အဘ တို့ Marine လောက မှာတော့ ၊

ကုလားမှန်သမျှ / ဘယ်ကုလား မဆို ဟာ နိုင်ငံတကာ ဥပဒေ ကို အရမ်းကျွမ်းတယ် ။

အဘတို့က အဲလို အဖြစ်အပျက်တွေကို ၊

ပညာမှ မတတ်လို့ / ညံ့ လို့ ၊ ညံ့ကြေး ပေးရတယ်လို့ သုံးနှုန်းတယ် ။

 

အော် ၊ ပညာမှ မတတ်တာကိုး ။

 

ကြုံတုံးလေး မြန်မာတွေ နိုင်ငံတကာ ဥပဒေ ကို ကျွမ်းမကျွမ်း ၊

နိုင်ငံတကာ မှာ မျက်နှာ ရှိ မရှိ သိရအောင် ၊

( ပညာ မတတ်လို့ ၊ မျက်နှာ မရှိ လို့ ) ခံခဲ့ရတဲ့ အကြောင်းလေး ၊

ရွာသူားတွေကို ရှင်းပြချင်ပါတယ် ။

 

ပြီးခဲ့တဲ့ ၊ ဘင်္ဂလားဒေရှ် မြန်မာ ရေပိုင်နက် အငြင်းပွားမှုမှာပါ ။

 

ပုံ ( ၁ )

 

ပုံ ( ၁ ) ကိုကြည့်ပါ ။

M – 1 က မြန်မာ နိုင်ငံ ရဲ့ ကမ်းရိုးတန်း အခြေခံ မျဉ်းပါ ။

မြန်မာ ကမ်းရိုးတန်း နှင့်ကပ်ပြီး ၊ အပြိုင်ဆွဲထားတာကို တွေ့ရပါမယ် ။

 

ဘင်္ဂလားဒေရှ် နိုင်ငံ ကသာ တည်တည်ကြည်ကြည် ဆွဲကြမယ်ဆိုရင် ၊

ဘင်္ဂလားဒေရှ် နိုင်ငံ ရဲ့ ကမ်းရိုးတန်း အခြေခံ မျဉ်း ဟာ B – 1 အတိုင်း ဖြစ်ရပါမယ် ။

ဘင်္ဂလားဒေရှ် ကမ်းရိုးတန်း နှင့်ကပ်ပြီး ၊ အပြိုင်ဆွဲ သင့်တာပေါ့ ။

 

ဒါပေမယ့် ဘင်္ဂလားဒေရှ်က အိန္ဒိယ နိုင်ငံ နှင့် နယ်ခြား Point နှင့် လှမ်းယူလိုက်ပြီး ၊

ဘင်္ဂလားဒေရှ် နိုင်ငံ ရဲ့ ကမ်းရိုးတန်း အခြေခံ မျဉ်း ဟာ B – 2 ဖြစ်ပါတယ် ဆိုပြီးတင်ပြပါတယ် ။

 

အဲတော့ ဘာဖြစ်လာသလဲဆိုတော့ ။

ဘင်္ဂလားဒေရှ် နှင့် မြန်မာ နှစ်နိုင်ငံကြားက နယ်ခြားမျဉ်း ဟာ ၊

ဘင်္ဂလားဒေရှ် နှင့် မြန်မာ နှစ်နိုင်ငံ ရဲ့ ကမ်းရိုးတန်း အခြေခံ မျဉ်း နှစ်ခုကြား မှာ ၊

ကြားထောင့် နှစ်ခု ညီစွာ ( Equal Bi-Sector ) ဖြတ်ပြီး ဆွဲရတာပါ ။

 

အဲဒီမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကမ်းရိုးတန်း အခြေခံ မျဉ်း M – 1 နှင့် B – 1 သာဖြစ်ရင် ၊

ကြားထောင့် နှစ်ခု ညီစွာ ( Equal Bi-Sector ) သာ ဖြတ်လိုက်ရင် ၊

ဘင်္ဂလားဒေရှ် နှင့် မြန်မာ နှစ်နိုင်ငံကြားက နယ်ခြားမျဉ်း ဟာ A – 1 ဖြစ်လာရမှာပါ ။

 

အဲဒါကို ၊ မဖြစ်သင့် မဖြစ်ထိုက်စွာပဲ ၊

ကမ်းရိုးတန်း အခြေခံ မျဉ်း M – 1 နှင့် B – 2 ဆိုပြီး သတ်မှတ်လိုက်တော့ ၊

ဘင်္ဂလားဒေရှ် နှင့် မြန်မာ နှစ်နိုင်ငံကြားက နယ်ခြားမျဉ်း ဟာ A – 2 ဖြစ်သွားပါတယ် ။

 

ဒီပုံထဲမှာ ကြည့်လိုက်ရင်တော့ ၊

အော် ၊ တစ်ကြောင်း နှင့် တစ်ကြောင်း ၁ဝ ဒီကရီ လောက်ပဲကွာတဲ့ ၊

A – 1 နှင့် A – 2 မျဉ်းကြောင်းလေး နှစ်ကြောင်းလို့ ထင်စရာပါ ။

 

ဒါပေမယ့် ၊ အဲဒီမျဉ်းကြောင်း နှစ်ခု A – 1 နှင့် A – 2 ဟာ ဆက်ဆွဲသွားတဲ့ အခါ၊

သယံဇာတ ပိုင်ဆိုင်ခွင့်ရှိတဲ့ EEZ ( Exclusive Economic Zone ) အဆုံးနား ရောက်တဲ့အခါ ၊

အဲဒီ မျဉ်း နှစ်ကြောင်း A – 1 နှင့် A – 2 ဟာ ၊ တစ်ခု နှင့် တစ်ခု ရေမိုင် မိုင် ၁၀ဝ ကွာသွားပါပြီ ။

ကြီးမားလှတဲ့ သယံဇာတ ပိုင်ဆိုင်ခွင့် Zone တစ်ခု ကို ဆုံးရှုံးသွားတာပါ ။

 

နိုင်ငံတကာ တရားရုံးရဲ့ ဆုံးဖြတ်မှု အရ A – 2 ကို လက်ခံလိုက်ရပါတယ် ။

ထားပါတော့ ၊ မိအေး တစ်ခါ နာသွားပြီလို့ မှတ်လိုက်ပါ ။

 

ပုံ ( ၁ ) ကိုပဲ ဆက် ကြည့်ပါအုန်း ။

မျှား အနီ နှင့်ပြထားတာရဲ့ အဆုံးမှာ St. Martin ကျွန်း ရှိပါတယ် ။

အဘတို့ ( ကန်တော့ပါရဲ့ ၊ ဖင်ခံထားရတဲ့ ) နှစ်နိုင်ငံကြားက နယ်ခြားမျဉ်း A – 2 အရဆိုရင်တောင် ၊

အဲဒီ St. Martin ကျွန်းဟာ အဘတို့ မြန်မာ့ ရေပိုင်နက်ထဲမှာ ရှိနေရမှာပါ ။

 

ပုံ ( ၂ )

 

အဲဒီလို မိအေး တစ်ခါခံ ထားပြီးတဲ့ နယ်ခြားမျဉ်း A – 2 နှင့်

ခံခံကြီးနှင့်ပဲ ဆက်ပြီး တရားရင်ဆိုင် လိုက်ကြတာ ။

နိုင်ငံတကာ တရားရုံးရဲ့ နောက်ဆုံး ဆုံးဖြတ်မှု အရ ၊

St. Martin ကျွန်း ကိုပါ ဘင်္ဂလားဒေရှ် ကို ပေးလိုက်ရပြီး ၊

ဘင်္ဂလားဒေရှ် နှင့် မြန်မာ နှစ်နိုင်ငံကြားက နယ်ခြားမျဉ်း ဟာ ၊

ပုံ ( ၃ ) ထဲက ( Point A, B, C, D, E, F ) အတိုင်း ဖြစ်သွားပါလေရောကွယ် ။

ပုံ ( ၃ )

 

နိုင်ငံတကာ တရားရုံး ( International Tribunal for the Law of the Sea, ITLOS ) ရဲ့ ၊

ဆုံးဖြတ်ချက်ဟာ အဆင့် အမြင့်ဆုံး နှင့် နောက်ဆုံး အပြီးအပြတ် ပါ ။

ဘယ်ကိုမှလဲ လျှောက်လဲချက် ထပ်တင် ၊ အသနားခံစာ ထပ်တင် လို့ မရတော့ပါဘူး ။

 

ဆိုလိုတာက ၊ မိအေး ပြတ်ပြတ်သားသား နှစ်ခါ နာ သွားပြီလို့သာ မှတ်လိုက်ပေတော့ကွယ် ။

အဘ တို့ ခေတ်မှာတော့ မိအေး ခမျာ နှစ်ခါ နာ သွားပြီးပါပြီ ။

နောက်လူငယ်များ ခေတ်မှာသာ မိအေး ၃ ခါ ၊ ၄ ခါ ၊ အခါခါ မနာရအောင် ကြိုးစားကြပါတော့ကွယ် ။

 

အဘပြောလိုရင်းက ၊ မြန်မာတွေ နိုင်ငံတကာ ဥပဒေ ကို ဒီလိုကျွမ်း ပြီး ၊

နိုင်ငံတကာ မှာ မျက်နှာ ဒီလိုရှိ ကြတာကို ၊

ရွာသူားတွေ သိထားရလေအောင် ၊ ပြောလိုတာပါ ။

 

ဒီလို ၊ ပညာတတ်ပုံမျိုးနှင့် ကတော့ ရှေ့လျှောက် နိုင် ဦး မယ် ။

မထင် ။ မထင် ။ မထင် ။

 

တော်သေးဘီ ။

 

အဘ ဖေါ  ( FR ) ။

27 comments

  • ဦးဦးပါလေရာ

    November 21, 2012 at 8:25 am

    အဘ တို့ Marine လောက မှာတော့ ၊
    ကုလားမှန်သမျှ / ဘယ်ကုလား မဆို ဟာ နိုင်ငံတကာ ဥပဒေ ကို အရမ်းကျွမ်းတယ် ။

    တကယ်တော့ မရင်းလောကမှမဟုတ်ဘူး နယ်ပယ်တော်တော်များများမှာ ကုလားတွေက အင်မတန်တော်လဲတော် အထက်စီးကလဲ နေရာယူထားနိုင်ပါတယ်။

    ကျုပ်တို့တောသားတွေကသာ ကုလားဆိုရင် သန့်ရှင်းရေးလုပ်တဲ့ ဆင်းဆင်းရဲရဲ စုတ်စုတ်ပြတ်ပြတ်တွေလို့ အထင်ရှိထားတာ……..
    မြန်မာနိုင်ငံတွင်းမှာ တရုတ်တွေကြီးစိုးနေပါပြီ လက်ဝါးကြီးအုပ်နေပါပြီလို့ အော်နေစဉ်မှာပဲ
    ကုလားတွေက နေရာအနှံ့ ခြေချ ခြေကုပ်ယူ ကြီးစိုးထားနိုင်နေပါပြီ
    အဲဒါလဲ မမြင်ကြသေးဘူး
    ကျုပ်တို့ညံ့ကြောင်း သူများမပြောလဲ ကျုပ်တို့ရဲ့ နောက်မျိုးဆက်က ပြောပါလိမ့်မယ်..
    အဲ… သူတို့က စာတတ်သေးတယ် ဆိုရင်ပေါ့လေ….
    🙁

  • ခိုင်ဇာ

    November 21, 2012 at 8:41 am

    ဘဖော၊
    ဖတ်ဖြစ်ကြောင်း ဝင်ပြောတာ။
    ပထမကိစ္စကို အပြင်မှာ မနေ့ညက အထိ ငြင်းနေရတုန်းမို့ ဒီမှာတော့ ဝင်မပြောတော့ပါ။ ကောမန့်တွေကိုပဲ စောင့်ဖတ်ပါမယ်ဗျာ။

  • တိမ်မည်း (ခရီးသွားနေည်)

    November 21, 2012 at 9:11 am

    အဘဖောရေ…..

    အူတယ်လို ့ပဲပြောပြော အတယ်လို ့ပဲပြောပြောတခုတော့ မေးချင်ပါတယ်…………
    ဘင်္ဂလားဒေ့ရှ်ဆိုတာ ကြီး မဖြစ်ခင်က သူတို ့က ဘယ်မှာနေလဲဟင်………..
    ၁၉၇၁ မတိုင်ခင်ကပေါ့……..
    အဲ့လို ခွဲထုတ်တယ်လို ့ပြောချင်တိုင်းပြောလို ့ရလား…………….
    နောက်ပီး လူသားချင်းစာနာမှူကိုကော ဘယ်နားသွားထားမလဲ……………….

    နောက်ပီးမေးချင်တာ တခုက
    အဘဖောက မြန်မာညံ့ကြောင်း ပိန်းကြောင်း အကြောင်းပဲ ရေးတက်တယ်နော်…….
    လူမျိုးရေးသိပ်ဆန်တယ်လို ့ထင်တယ်……
    ဂေးဇာတ်မှာ အဲ့လို တဖတ်နင်းအရေးအသားကို ခွင့်ပြုလား………

    လေးစားလျက်
    တိမ်မည်း

  • aye.kk

    November 21, 2012 at 9:29 am

    အဘဖောရေ
    ဦးနေဝင်းအာဏာရှင်ယုတ်မာမှုကြောင့်
    ပညာမတတ်အောင်လက်နက်အားကိုးအကာကွယ်ပြုပုဆိန်ရိုး
    လုပ်ခဲ့လို ့(၈၈)အရေးခင်းဖြစ်ခဲ့ရပါတယ်။ဦးနေဝင်းကပညာမတတ်အောင်
    မျက်စိပိတ်နားပိတ်တံခါးပိတ်ထားပေမယ့်၊အဖေကတော့မျက်စိပွင့်
    လမ်းပွင့်အောင်စံပြနမူနာကောင်းဖြစ်အောင်သွန်သင်ပေးခဲ့ပါတယ်။
    စာစောင်အမေရိကန်သံရုံးကလစဉ်ထုတ်ဝေတဲ့တိုင်းမဂ္ဂဇင်းလစဉ်မှာယူဖတ်ရှုစေခဲ့တာ
    ကျမအတန်းပညာ(ပထမ)တန်းတက်စဉ်အရွယ်ထဲကပါဘဲ။နိုင်ငံခြားအသံလွှင့်ဌာနက
    လွင့်တဲ့သတင်းတွေလာရင်အဖေကအနားမှာနေပြီးဘာသာပြန်ပြပြီးသိရှိစေခဲ့တာ။
    ကျမ္မာရေးပိုင်း အတွေးအခေါ်ပိုင်း လူမှုဆက်ဆံရေးပိုင်း
    အားလုံးနားလည်အောင် သင်ယူမှုပြုခိုင်းပါတယ် ။ ဥပမာလေးတခုပြောချင်ပါတယ်။
    ကျမ(၉)နှစ်သမီးဝင်တဲ့အရွယ်တရုတ်ပြည်မှာရုပ်မြင်သံကြားစက်ထုတ်လွှင့်နိုင်
    တော့ကျမကကလေးပီပီကခုန်မိပါတယ်။လေဒီယိုအသံလွှင့်လိုင်းက
    နေနားထောင်ရတာမျိုးမဟုတ်တော့ဘဲရုပ်လည်းမြင်အသံကြားရမှာဆိုတော့အရမ်းပျော်လို ့ထခုန်မိတာ။
    အဖေကဘာပြောလည်းဆိုတော့စောင့်သုံးမကျတဲ့နေဝင်းလိုလူကလက်နက်အားကိုး
    ပုဆိမ်ရိုးလုပ်ပြီးတိုင်းပြည်ကိုသိမ်းပိုက်ခဲ့တဲ့အကျိုးဘဲ။မြန်မာပြည်သူသန်း(၃၀)လူတွေရဲ ့ဘဝ
    ကိုဗိုလ်ကျစိုးမိုးချယ်လှယ်ပြီးပညာမတတ်အောင်မျက်စိပိတ် နားပိတ် တံခါးပိတ်ထား
    လို ့နည်းပညာပိုင်းအတတ်ပညာပိုင်းအတွေးအခေါ်ပိုင်းဆိုင်ရာနောက်ကျနေလို ့နိုင်ငံတကာနဲ ့
    ယှဉ်လို ့မရတော့ဘူး။သ္မီးနောင်အသက်(၁၈)ပြည့်မှသာရုပ်မြင်သံကြားထုတ်လွှင့်မှုဆိုင်ရာမြင်ရနိုင်မှာ
    လို ့တွက်ချက်ပြခဲ့ပါတယ်။အာဏရှင်လောင်းရိပ်မိတဲ့ဆိုးကျိုးကြောင့်ပါ။နိုင်ငံခြားမှာနေထိုင်
    ဘို ့အဖေဆန္ဒပြင်းပြခဲ့သလိုကျမလည်းထို ့အတူပါ။အမေကထေရဝါဒဗုဒ္ဓဘာသာထွန်းကားနယ်မြေ မြန်မာနိုင်ငံမှာသာရှိတယ်။မြန်မာနိုင်ငံမှာဘဲစိတ်ချလက်ချခေါင်းချပါရစေလို ့တောင်းပန်ခဲ့တယ်။
    ကျမအမေပြောပြတာက၊က,ံကံ၏အကျိုး စေတနာနဲ ့ကံအကျိုးပြုမူမှုကတန်ပြန်သက်ရောက်နေတယ်။
    ထေရဝါဒဗုဒ္ဒဘာသာ ဝိပဿာနာပြန် ့ပွားရာ နိဗ္ဗာန်ရောက်ရောက်ကြောင်း အားထုတ်နိုင်ရာ သာသနာအစစ်ပြန် ့ပွားရာနယ်မြေ ကမ္ဘာမှာ မြန်မာနိုင်ငံတစ်ခုတည်း ရှိတယ်။ မြန်မာနိုင်ငံက
    သာသနာပြန် ့ပွားထွန်းကားအောင်သာ ဆောင်ရွက်ပေးနိုင်တဲ့ ဆရာတော်ကြီးများလည်းရှိတယ် ။ ဘယ်အတွေးအခေါ်ပညာရှင်မှလိုက်မမှီတဲ့ ကိုယ်တိုင်ကျင့်မှကိုယ်တိုင်သိရတဲ့ဝိပဿာနာ အကျိုးဟာ လောကမှာအဖိုးထိုက်တန်ဆုံး အရာသာဖြစ်တယ် ။ ဝိပဿာနာဉာဏ်ရှိမှ အမှားအမှန် ကိုဝေဖန်ပိုင်းခြား
    ကွဲပြားနိုင်တာ ငြင်းမရနိုင်တဲ့ သဘာဝတရား ဓမ္မစစ်စစ်ကို် နားလည်ဘို ့လိုအပ်တယ် ။ နားလည်ရင် အားလုံးချမ်းအေးမယ်လို ့အမေကပြောပြခဲ့ပါတယ်။ အဘရေ ခြစားနေတဲ့သူတွေ နောက်ချန်ခဲ့ရမယ့်အစား ရှေ့တင်ပြီး ဝိဒေဟရာဇ်မင်း အခစားဝင်တဲ့ ပုတ်သင်ညိုကိုရွှေဆွဲကြိုးပြားထပ်ပြီး တတ်ဆင်ပေးနေတာ ဟာလည်း မဖြစ်သင့်ဘူး လှည်းဘီးကို ရှေ့ရုန်းမထွက်နိုင်စေသလို ဖြစ်နေတာ သမ္မတကြီးသိသင့်လှပါတယ် ။ လူမှန်နေရာမှန်ပါရှိနေကြပါမှ အဘပြောတဲ့ မိအေး ၃ခါ ၄ခါ ၅ခါ မနာ နိုင်မှာ ဖြစ်ပါကြောင်း ရင်ဖွင့်ပါရစေ ။
    အဘရန်ကုန်လာရင်တွေ ့ချင်ပါသေးတယ်။
    ခင်မင်လေးစားစွာဖြင့်

    မအေးကေကေ။။

  • mingaung

    November 21, 2012 at 11:24 am

    နိုင်ငံတစ်ကာမှာ လူရာမဝင် အရည်အချင်းမရှိပဲ ဌာနတွေမှာ နေရာရချင်းတိုင်းရ ၊ အားအားရှိ ခိုးဖို့နဲ့ အာဏာပြဖို့ပဲစဉ်းစားနေတဲ့ ဌာန အကြီးအကဲဆိုသူများ ရှိနေသ၍ ဒီလိုပဲ ဖြစ်နေအုံးမည် ဖြစ်ကြောင်း။

  • ဘဲဥ

    November 21, 2012 at 12:38 pm

    မင်းတို့ ပဲ….. တော်တယ်
    မင်းတို့ ပဲ……တတ်တယ်
    မင်းတို့ပဲ……. လန်းတယ်
    နောက်ဆုံးတော့….
    မင်းတို့ပဲ …. ဂွမ်းမယ်….

  • ကိုရင်စည်သူ

    November 21, 2012 at 1:20 pm

    အဘရေ.. အစဆွဲထုတ်ပြီး ကြိုးဖြေမယ်ဆိုလည်း မြန်မာပြည်သူားတွေဟာ
    အဏာရှင်စနစ်ဆိုးကြောင့် ညံ့နေရတာပါ။ ပညာရေး နိမ့်ကျမှုနဲ့ ပညာရေး
    ဖြန့်ဝေမှုအားနည်းလို့ အဆင့်မြင့်ပညာရေးကို ရေပေါ်ဆီလူ့အသိုင်းအဝိုင်းသာ
    သင်ယူခွင့်ရှိမှုတွေကြောင့် ပညာတတ်မများခဲ့လို့ ယခုအခါမှာ
    သူများနိုင်ငံတွေ ဖင်ချတာ(ကန့်တော့ပါသေးရဲ့ဗျာ)
    ခံနေရတာပါဗျာ.. ကိုရင်တို့ သင်္ဘောပေါ်မှာလည်း အချို့သင်္ဘောသားတွေဟာ
    အင်္ဂလိပ်စာတော်တော်အားနည်းနေတာ တွေ့ရပါတယ်။ အဓိကအားဖြင့်
    အများနဲ့ ယှဉ်ဖိုက်တဲ့အခါ တော်ကီမလာတော့ သူများက ဂေါ်လီထည့်သမျှ
    ခံနေရတာပေါ့ဗျာ။ စိတ်မကောင်းပါဘူး။ ကိုရင်လည်း ဘာမှမလုပ်ပေးနိုင်ပါဘူး။
    ယခု သင်္ဘောတက်ဖို့ ကြိုးစားနေတဲ့ လူငယ်များလည်း ဂိမ်းနှိပ်၊ ကလပ်တက်၊ အပေါင်းအသင်းနဲ့မပျော်
    အင်္ဂလိပ်စာကိုကျွမ်းကျွမ်းကျင်ကျင်နဲ့ ပြောတတ်ဆိုတတ်ဖို့ သူများနိုင်ငံသား ကုလား (ဖြူ)နဲ့
    ပြောတဲ့အခါမှာ နင်မနေဘဲ ပြောနိုင်ဖိန့်နိုင်အောင် ကြိုးစားသင်ယူထားသင့်ပါတယ်။
    ကိုယ့်နိုုင်ငံကို ဘကုန်းလို ဆင်းရဲတယ်လို့ ကြေညာထားတဲ့ နိုင်ငံက ဂျင်းထည့်နေရင်
    တခြား ပညာတတ်နိုင်ငံကြီးတွေဆို ကိုရင်မတွေးရဲပါဘူး.. (ရိုးသားစွာလာတဲ့ ရင်ထဲကစကားပါဗျာ)

    ခင်မင်လေးစားတဲ့
    ကိုရင်စည်သူ

  • kai

    November 21, 2012 at 1:25 pm

    တခါတလေပေါ့လေ…
    တွေးတာပါ..
    ငတို့အဖနိုင်ငံများ စီးပွားရေးအင်အားကြီးပြီး စူပါဖြစ်လာရင်.. ပထမအင်္ဂလိပ်-မြန်မာစစ်ဖြစ်ပြီး.. အင်္ဂလိပ်လက်အောက်ကျသွားတဲ့.. အခု ဘင်္ဂလားဒေ့ရှ်ထဲရှိနေတဲ့မြေတွေ.. အိနိ္ဒယလက်အောက်ကျနေတဲ့မြေတွေ.. ပ၊ဒု၊တမြန်မာနိုင်ငံတော်မြေပုံအတိုင်း.. လာအို.. ထိုင်းထဲပါသွားတဲ့မြေတွေအကုန်.. ပြန်ကလိန်းမ်းလုပ်မယ်တွေးတွေးမိတယ်…

    မြန်မာဆိုတာ.. စစ်ကိုချစ်တဲ့လူမျိုးပဲ.. သိမ်းသာသိမ်းလို့.. တဖက်ကတွေးတယ်..။
    တဖက်က.. မြေဆိုတာ.. နိုင်ငံမြေပုံတခုဆိုတာ.. နှစ်၁၀ဝ ခိုင်မြဲပါ့မလား.. တွေးပြီး.. ဂေါတမဗုဒ္ဓရယ်(ရီ)တော်မူတဲ့.. မြေခွဲဝေခြင်းအကြောင်းပြန်တွေး.. ကိုယ်ပါရော.. ရယ်မိတယ်..
    သိမ်းမယ်.. ရယ်မယ်.. သိမ်းမယ်.. ရယ်မယ်..

    အင်း..
    အနိစ္စ…။ ဘယ်ဟာမှမတည်မြဲပါလား..
    ဘာမှမလုပ်တော့ပဲ.. တောထွက်တာ..ငါ့အတွက်ကျန်အောင်.. ဝိပဿနာလုပ်တာ.. ကောင်းမယ်ထင်တယ်..
    မိသားစုတွေ. ရွာထဲကလူတွေ.. ကျန်ရစ်ခဲ့ကြ…
    ဒန်တန်တန်…. :kwi:

    • ဦးဦးပါလေရာ

      November 21, 2012 at 8:11 pm

      စိတ်လျှော့ပါသူကြီး….
      မြေကို ဘယ်သူပိုင်သလဲ ဆိုတာကိုတော့ ကျုပ်တကယ်ဉာဏ်မမီလို့ မဆွေးနွေးနိုင်ပါဘူး…
      ဒါပေသိ…
      မြေရဲ့ အကျိုးကိုတော့ အဲဒီမြေပေါ်နေသူတွေက (ဘယ်ခြံစည်းရိုးထဲမှာပဲဖြစ်ဖြစ်) ခံစားထိုက်ပါတယ်…
      အဲဒါမကျေနပ်ရင် ကိုယ်လဲသွားနေပေါ့…

      အင်း … ကျုပ်လဲသိပ်မကျေနပ်လို့ အထုပ်ကလေးထုပ်ပြီး အယုဒ္ဒယမှာ သွားနေမလားလို့

      :kwi:

  • myanmarcitizen

    November 21, 2012 at 2:25 pm

    1971 (26 March 1971) ဆိုတော့ 41 နှစ်(နုနုနယ်နယ်လေး)သာရှိသေးတဲ့အတွက် ဒီလိုမျိုးနှင့် Bangladesh နိုင်ငံသား ဖြစ်မဖြစ်သတ်မှတ်တယ်ဆိုတာက လုံးဝကိုလက်ခံနိုင်စရာအကြောင်းမရှိပါဘူး။ တစ်ခုမေးစရာရှိတာက 1971 ခုနှစ်တုံးကကော Bangladesh နိုင်ငံက နယ်နိမိတ်ခြင်းထိစပ်နေတဲ့နိုင်ငံတိုင်း ကိုအဲ့ဒီ Rule ကိုအတည့်အလင်းပြောခဲ့လားဆိုတာလဲရှိ ပါသေးတယ်။
    ဒုတိယအချက်ကတော့ အနာဟောင်းကိုမှလာထိသမို့ တော်တော်ကြီးကိုအခံရခက်ပါတယ်။ တွေးမိရင်း အသဲနာသမို့ အမျိုးပါကလော်တုပ်ချင်မိတာပါ။ ဒီလိုအငြင်းပွားမှုမျိုးဟာသူများနိုင်ငံတွေမှာနှစ်ပေါင်း
    တော်တော်ကြာတယ်လို့ကြားဘူးပါတယ်။ ခုတော့သူ့အိပ်ကပ်ထဲကဟာမဟုတ်လို့လွယ်လွယ်နဲ့ အချော့ပေးခဲ့ပုံရတယ်။ မြန်မြန်ပြီး ပြီးရောကွာဆိုတဲ့စိတ်ဓါတ်နဲ့လုပ်ခဲ့ပုံရတယ်။ ပြန်လာတော့လဲ ရုပ်တည်ကြီးနဲ့ ဥပဒေနဲ့အကျွမ်းတဝင်မရှိတဲ့ နိုင်ငံသားတွေကို မနစ်နာပါဘူး မှန်မှန်ကန်ကန်ဖြစ်ပါတယ်ဆိုပြီးဖြီးသေးတယ်။

    နဝတ၊ နအဖ စတဲ့စစ်အစိုးရလက်ထက်မှာ အာဏာတည်မြဲဖို့၊ သူတို့အကျိုးစီးပွားဖြစ်ဖို့ အတွက်ဦးခေါင်း မဖော်နိုင်အောင်အမျိုးမျိုးနှိပ်ကွပ်ခဲ့ကြတယ်။ နိုင်ငံအတွက်စေတနာရှိတဲ့သူတွေနဲ့ပညာရှင်တွေက ထောင်ထဲမှာ နိုင်ငံခြားမှာ။ နိုင်ငံတွင်းမှာသင်ပေးတဲ့ပညာရေးဆိုတာကလဲ မလွှဲသာလိုသာသင်ကြားပေးနေတဲ့ ပညာရေး(ဖြစ်နိုင်ရင် ဒီကောင်တွေ တက္ကသိုလ်ဆိုတာတွေကိုတောင်ဖျက်ချင်နေအုန်းမှာ)။ အဲ့ဒီတော့ ကျွန်ုပ်တို့က အရာရာမှာချို့တဲ့ ပညာမတပ်၊ ပိုက်ဆံမရှိ၊ လူတော့မတိုး၊ လူဝင်မဆံ၊ ခပ်ပိန်းပိန်းလူတွေ ပဲဆိုပါတော့။ အဘဖောပြောတာကို ဆန်ရင်းနာနာဖွတ် တယ်လို့ပဲနားလည်ပါတယ်။
    ဒီတော့ ညံကြေးတွေထပ်ခါထပ်ခါ ပေးမနေရလေအောင် စဉ်းစားကြစေလိုပါကြောင်း …….

  • NAJA

    November 21, 2012 at 3:27 pm

    မြန်မာတွေ ညံ့တာမညံ့တာနဲ့ ပတ်သက်လို့ပြောရမယ်ဆိုရင်တော့..
    ကျွန်တော့်အမြင်တော့
    ဒေါ်အောင်ဆန်းစုကြည်ကပဲပြောပြော
    လမ်းဘေးက သူတောင်းစားကပဲပြောပြော ညံ့တယ်လို့လက်ခံတယ်ဗျာ
    ဘာလု့ိဆို ညံ့ချက်တွေက တစ်ပုံကြီးကိုး
    အသေးစိတ်သိချင်တော့ သဂျီး ကိုသာမေးပေတော့…
    ညံ့တာကို ညံ့တယ်လို့ လက်ခံပြီး ဆက်ကြိုးစားရင်
    တိုးတက်ဖို့ပဲရှိတယ်..
    အဲသလိုမှမဟုတ်ပဲ…
    သခင်မျိုးဟေ့ ဒို့ဗမာ..တွေ
    တို့ဗမာတွေ က ဘာကွ ညာကွ တွေနဲ့ မှိုင်းမိနေရင်တော့
    မလေး၊အင်ဒို သွားပြီးကျွန်ခံရတဲ့ ကျွန်တော်တို့ ညီငယ်တွေ များသထက်များလာဖို့ပဲရှိပါတယ်..

    စနစ်ကိုလွှဲချမယ်.. ဦးနေဝင်းကိုလက်ညှိုးထိုးမယ်..
    ဦးသန်းရွှေလက်ညှိုးထိုးမယ်ထားပါတော့..
    တွန်းလှန်ဖို့အတွက်တောင် သတ္တိမရှိသွေးကြောင်နေခဲ့ကြတာ ကျွန်တော်တို့မြန်မာတွေကိုး
    လို့ ညံ့တဲ့ဘက်ကပဲ ပြန်ခြေပချင်တယ်..
    (တစ်ကယ်တော့ လွှဲချတာ ဆင်ခြေပေးတာတွေဟာ အပြုသဘောမဆောင်သလို
    တစ်ကယ်အလုပ်မဖြစ်တဲ့အတွက် မလိုအပ်၊မရှိသင့်)

    နောက်တစ်ချက်က
    ဟိုဘက်ပို့စ်မှာ ဘဖော ပြောခဲ့တဲ့ တရုတ်တွေနဲ့ မြန်မာတွေ လက်ရည်ကွာတယ်
    ဆိုတဲ့ ကိစ္စကို ဟိုက်လိုက်လုပ်ပြီး ထောက်ခံပါတယ်..
    တစ်ကယ်တော့ ကျွန်တော့ သဘောကတော့ တရုတ်ရယ် မြန်မာရယ် ခွဲမပြောလိုပါ
    လူဟာ လူလို့ပဲ မြင်ချင်ပါတယ်..
    သို့သော် ဘက်တွေခွဲပြီး အသိုင်းအဝိုင်းတွေ ကွာနေကြတော့လဲ ခွဲပြီးပြောတာပိုမြင်သာပါလိ့မ်မယ်..
    မြစ်ဆုံကိစ္စအတွက်နဲ့ မြန်မာပြည်သားတရုတ်နဲ့ ရွှေလီတရုတ်တို့ စကားပြောရင်း အခြေအတင်
    စကားများကြတာ တောင် မြင်ဖူးပါတယ်..
    တရုတ်လို့ သိမ်းကြုံးရမ်းရင် မြန်မာပြည်ချစ်တဲ့ တရုတ်တွေပါ
    ငထွားကြားက ခါးနားတဲ့အတွက် အားနာပါတယ်…
    ကျွန်တော်က မန္တလေးကဖြစ်တဲ့အတွက်
    မန္တလေး မှာရှိတဲ့ တရုတ်အသိုင်းအဝိုင်း မြန်မာ အသိုင်းအဝိုင်းနဲ့ ထိစပ်နေမိသမျှ မြင်သမျှလောက်သာ
    ပြောပြချင်တာပါ..
    တစ်ကမ္ဘာလုံးအော့ကြောလန် လန့်နေရတဲ့ ပြည်ကြီးတရုတ်စီးပွားရေးဘူစွာတွေ အကြောင်းကတော့
    အများသိပြီးဖြစ်တဲ့အတိုင်း အထူးပြောစရာလိုမယ်မထင်…

    တရုတ်တွေဘာကြောင့် ချမ်းသာလဲ?
    ကျွန်တော်တို့တွေ ပြောကြပါတယ်..
    ဒီကောင်တွေက ကျောက်စိမ်း၊ဘိန်းဖြူလုပ်ပြီး ချမ်းသာလာတာပါကွာဆိုပြီးပဲ
    အခုထိလဲ လွယ်လွယ်ကူကူ အဲလိုပြောနေကြတုန်းပါပဲ..
    ကျွန်တော်ကိုယ်တိုင်လဲ တစ်ချိန်က အဲလိုပဲထင်ခဲ့ပြောခဲ့ပါတယ်..
    နောက်ပိုင်း ကျွန်တော် တရုတ်အပေါင်းအသင်းတွေ များများပေါင်းမိ
    သူတို့အသိုင်းအဝိုင်းတွေ အကြောင်း နဲနဲသိလာတော့မှ..
    ကျွန်တော်တို့မြန်မာတွေ ကိုယ်စား အားငယ်၊ ရှက်လာပါတယ်..

    ကျောင်းပြီးစ မြန်မာလူငယ် အများစု ယောင်နေကြတဲ့အချိန်မှာ
    တရုတ်အသိုင်းအဝိုင်းက လူငယ်တွေမှာ လုပ်စရာ အစီအစဉ်တွေရှိနေကြပါတယ်
    (အစကတည်းက မြန်မာ့ပညာရေးကို အားမကိုးတာပါမယ်ထင်ပါတယ်)
    ကျွန်တော့် မြန်မာသူငယ်ချင်းက
    တစ်သောင်းတန် ဖုန်းအင်တာနက်ကို တစ်သောင်းခွဲပေးခိုင်းတဲ့အချိန်မှာ
    တရုတ်စကားဝိုင်းဖက်မှာတော့
    အကောက်အခွန် ရုံးကနား တွေရဲ့ စည်းမျဉ်းတွေ နဲ့
    ဘယ်ပစ္စည်းဘယ်လို Inport လုပ်ရမလဲ Export လုပ်ရမလဲ
    ကြံနေကြပါပြီ..
    ကျွန်တော်မြင်မိတာတော့
    မြန်မာပြည်က ဥပဒေ စည်းမျဉ်းတွေကို မြန်မာတွေထက် ယဉ်ပါးတယ်ဆိုတာ
    မြင်လာရပါတယ်..
    (အဲဒိတော့လဲ လာဘ်ပေးစရာရှိရင်တောင် ထိထိရောက်ရောက်ပေးနိုင်တော့ ပိုစီးပွားဖြစ်တာပေါ့..
    ကျွန်တော်တို့ မြန်မာတွေကျတော့ အမှုအခင်းတစ်ခုဖြစ်ပြီဆိုတာနဲ့
    တွေ့သမျှရဲ ပိုက်ဆံလိုက်ပေးရပြီထင်ပါ့)
    နောက်တစ်ခုက
    တရုတ်တွေရဲ့ စီးပွားရေးဗီဇပဲပြောရမလားမသိ
    ကျွန်တော့် တရုတ်သူငယ်ချင်းနဲ့ အတူသွားရင်း KTV အသစ်တစ်ခု မြင်တယ်ဆိုပါစို့
    သူ့ရဲ့အမြင်က လမ်းအနေအထားကဘယ်လို
    ဘယ် service က ဘယ်လိုပေးထားတာ ကောင်းတယ် မကောင်းဘူး..
    သူသာဆို ဘယ်နား ဘာပြင်မယ် ဘာဆားဗစ်ပေးမယ် စသဖြင့် စီးပွားရေးအမြင်ကတွဲပါနေပါတယ်
    စားသုံးသူနေရာကနေတဲ့ အချိန်ထက် အရောင်းသမား မျက်စိနဲ့ ကြည့်တာပိုများမယ်ထင်မိပါတယ်

    နောက်တစ်ခုကတော့
    မြန်မာတွေရဲ့ မစ္ဆာရိယစိတ်များတယ်ဆိုတဲ့ အချက်ကိုပဲ ပေါ်လွင်စေသလားမသိပါ
    ကျွန်တော့သူငယ်ချင်း ရှေ့နေ့တစ်ယောက်က ပြောပါတယ်
    ပိုင်ဆိုင်မှုပြသနာတွေ.. အမွေပြသနာတွေ ပေါ်တိုင်း ရုံးရောက်လာတာ
    မြန်မာတွေက ရှစ်ဆယ်ရာနှုံးလောက်ဆိုပဲ..
    (ဟုတ်မဟုတ်တော့ တရားရုံးအသိုင်းအဝိုင်းမှ confirm လုပ်ကြပါ)
    အဲဒိအချက်ကို အသိတရုတ်အဖိုးကြီးကို မေးကြည့်တော့
    သူတု့ိ လဲ အမွေတွေ ပိုင်ဆိုင်မှုပြသနာတွေ မဖြစ်မဟုတ်ဖူး ဖြစ်ပါတယ်တဲ့
    ဒါပေမဲ့ အကြီးတစ်ယောက်ပါရင် အေးပါတယ်တဲ့
    ရုံးရောက်ဂတ်ရောက်တော့ နဲတယ်လို့ ဆိုပါတယ်…

    မြန်မာတွေ ဘာကြောင့် မွဲကြသလဲ ဆိုတာတော့
    အားလုံး အဖြေရှာနေတဲ့ ကိစ္စဖြစ်ပြီး..
    စနစ်ကိုသာလက်ညှိုးထိုးကြပါစို့…
    မြန်မာတစ်မျိုးသားလုံး တော်ရက်နဲ့ မွဲနေကြတာဖြစ်တဲ့အတွက်
    ကံ တရားကြောင့်သာဖြစ်နိုင်ကြောင်း.. ကောက်ချက်ဆွဲကြပါစို့…

    (ယခု comment ပါအကြောင်းအရာများမှာ မြင်မိသမျှ ထင်မိသမျှကို ရေးထားခြင်း
    ဖြစ်ပါသည်.. survey လဲ မဟုတ်တဲ့အတွက် မှားကောင်းလဲ မှားပါမည်..
    တရုတ်ချီးမွှန်းခန်း ဖွင့်သည်ဟု မမြင်စေလို… ကျွန်တော်တို့ လိုအပ်သည့်အရာများ
    ကိုမြင်စေလိုရင်းဖြစ်ပါသည်..)

    • NAJA

      November 21, 2012 at 3:30 pm

      ပို့နဲ့မဆိုင်သလိုတွေ မန့်မိတာ ဆောရီးပါဗျို ့ ဘဖောရေ..

    • ဦးဦးပါလေရာ

      November 21, 2012 at 7:58 pm

      ရော့…. ရော့….
      နောက်ဆို ဒီသံခမောက်လေး အရင်ဆောင်းပြီးမှပြောနော်
      မသိတာလဲ မဟုတ်ပဲနဲ့….

      :kwi:

      • Fall Guy

        November 22, 2012 at 12:28 am

        အဘဖော လဲ ဟိုဘက်ပိုစ့်ကတည်းကတော်တော်အပြောခံရပြီးပြီ..။ အမုန်းခံပြီးရေးနေသေးတဲ့
        အတွက်ကျေးဇူးလဲတင်ပါတယ်….။
        အဓိက ကတော့
        ညံ့ကြေးတွေထပ်မပေးရစေချင်တော့ပါဘူးဗျာ…။

  • MaMa

    November 21, 2012 at 4:36 pm

    ကိုယ်မသိခဲ့ မသိနိုင်တာတွေကို သိခွင့်ရလို့ ကျေးဇူးတင်ပါတယ်။
    ကိုယ့်ကိုယ်ကိုလည်း ဒါတွေကို မသိပဲ ညံ့ဖျင်းနေတယ် ဆိုတာကိုလည်း သိလိုက်ရတယ်။
    ဒါပေမယ့်………..
    ကိုယ်ညံ့တာကိုယ်မသိတာထက်စာရင် …
    သိတာက တော်သေးတယ်ဆိုပြီး….
    ကိုယ့်ကိုယ်ကို နှစ်သိမ့်ရသေးတယ်။ :harr:

  • နေဝန်းနီ

    November 21, 2012 at 6:51 pm

    အဘဖောရေ …။ ဗမာတွေဟာ ကျွန်တော့ အမြင်မှာတော့ တစ်ကယ်ကြီးကိုမညံ့ကြပါဘူး …။ အဲ ရွပ်ရွပ်ချွန်ချွန်နဲ့ ကိုယ်ကျိုးစွန့်ပြီး တော်တာ ပြသလားဆိုတော့လည်း မပြကြဘူးဗျ…။ များသောအားဖြင့် ကိုယ့်မှ တိုက်ရိုက်လာမထရင် ကိုယ်နဲ့မဆိုင်သလိုပဲ နေကြတယ်တယ်…။ တစ်ကယ်ကောင်းဆန်တဲ့စိတ်အားကြီးကြတာဗျ…။ ကိုယ်နဲ့မဆိုင်ဘူး ကိုယ်လုပ်ရမဲ့ကိစ္စ မဟုတ်ဘူး ကိုယ် မလုပ်လည်းဖြစ်တယ်ဆိုတဲ့စိတ်မျိုး မွေးနေကြတာဗျ…။ အဲဒါ အသုံးမဝင်တော့တဲ့ လူနေမှု စရိုက်လက္ခဏာ တစ်ခုပဲ…။ အဲဒိလိုစိတ်မျိုးကို မိဘတွေ ဆရာတွေကိုယ်၌ က သွပ်သွင်းပေးထားခဲ့တာ …။ အဲဒါတွေ အချိန်ရှိတုန်းပြင်နိုင်ရင်ပြင် မပြင်နိုင်ရင်တော့ လူညွန့်တုံး ဖို့ပဲ ရှိတော့တယ်

  • koyinmaung

    November 21, 2012 at 8:50 pm

    ဘဖေါ့ရေ…တကယ်တော့မြန်မာတွေတော်ကြပါတယ်…
    ဒါပေမဲ့ ဖေါက်ပြန်နေတဲ့ခေါင်းဆောင်တွေစဉ်ဆက်မပြတ်အုပ်ချုပ်လာတော့
    တကယ်တော်တဲ့သူတွေ နေရာမရဘဲ ကိုယ်နဲ့နီးစပ်ရာအရည်အချင်းမရှိတဲ့
    သူတွေဘဲနေရာရ လုပ်ပိုင်ခွင့်တွေရ ဖြစ်နေတော့ တိုင်းပြည်အရေးထဲ့
    ကိုယ်ကြီးပွားရေးသားလုပ်နေကြတာကို …
    ကြာလာတော့ ပြည်သူတွေလဲ လူညွန့်တုန်းကုန်တော့တာပေါ့…
    ကိုယ်တိုင်းပြည်နယ်နမိတ် ဘာဖြစ်လို့ဖြစ်မှန်မသိရ
    ပေးလိုက်ရတော့မှရင်နာစရာသတင်းတွေကြားရတော့တယ်
    အဲ့ဒီလောက်သတင်းအမှောင်ချထားတော့ ပြည်သူတွေလဲ
    ဘယ်လိုခံလိုက်ရမှန်းပြီးမှသိရတော့တယ်..
    ခုလိုရှင်းပြပေးတာကျေးဇူးတင်ပါတယ်…
    ရခိုင်ကရိုဟင်ဂျာကုလားတွေအရေးကတော့
    သူတို့နိုင်ငံထူထောင်တဲ့၁၉၇၁ခုနှစ်နဲ့ကိုင်ပြီးပြောတိုင်ဒီဘက်က
    ရှိသမျှဒီကုလားတွေကိုလက်ခံနိုင်စရာအကြောင်းမရှိပါ
    ကျနော်တို့ကလဲကျနော်တို့ဥပဒေနဲ့မကိုက်ညီတဲ့ကုလားတွေဆို
    သူ့ဘာသူနိုင်ငံမဲ့ဖြစ်ဖြစ်လက်ခံနိုင်စရာအကြောင်းမရှိဘူးလို့ထင်ပါတယ်…
    နောင်တချိန်..နယ်နမိတ်ကာပြီးကျော်လာတဲ့ကုလားမှန်သမျှ ပစ်မိန့်ပေးထားသင့်ပါတယ်..
    အခုရှိနေတဲ့ရိုဟင်ဂျာကုလားတွေကိုလဲ..ပါလက်စတိုင်တွေကိုအစ္စရေးထားသလို့စည်းခြားထားသင့်ပါတယ်
    ရေး ယင်းဒေါသတောင်ဖြစ်လာပြီ…..
    ရခိုင်ပြည်မှာကိုယ့်တိုင်းရင်းသားရခိုင်လူမျိုးတွေကိုဘဲဦးစားပေးကာကွယ်သင့်တယ်လို့ထင်ပါတယ်…..

  • မောင်သုည

    November 21, 2012 at 9:15 pm

    ွှ့the future of this country will be determined by the education of its youth.
    သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ်ထဲမှာ ပြောသွးတဲ့မိန့်ခွန်းထဲကပါ…
    ဒီပိုစ့်ရဲ့ ဆိုုရင်းကို ထပ်ဖြည့်ရမယ်ဆိုရင် နောင်(၅)နှစ်မှာ ကျနော်တို့တိုင်းပြည် တိုးတက်ကောင်းတိုးတက်လာမယ်..(ဒီအတိုင်းဆက်သွားမယ်ဆိုရင်ပေါ့လေ)…
    ယနေ့လူငယ်တွေကလည်း ဒီအတိုင်းလေးပဲ ဆက်နေသွားမယ်ဆိုရင်…လက်ရှိဘဝထက် ဆိုးတဲ့ ဘဝကိုရောက်သွားလိမ့်မယ်ဆိုတာမမေ့ပါနဲ့…
    အခွင့်ကောင်းရင် တရုတ်ရော၊ကုလားရော အလုံးအရင်းနဲ့ဝင်လာမှာပါ…ဝင်ဖို့လည်းတာဆူနေပြီ..တစ်ချို့ဆို ဖျာတောင်လာခင်းတားပြီးပီ…ရှေ့ကလူတွေခံခဲ့ရလို နောက်လူတွေလည်း ဆက်ပြီးခံနေရအုံးမယ်ဆိုရင်တော့…

  • Kyaw Myint

    November 21, 2012 at 10:28 pm

    First of all, taking a quote from random news articles does not make any credible point of view to draw some conclusion, or in this case merely just to think about. Why? Without going into clichés, simply in these times, it will be very hard to foolishly say something is right or worth to think about, without understanding wider background. The key word here is ‘context’. Even in our specific case it could be as wide as it can be, or we want it to be.
    The news agencies, their standings, their ideologies and influences are life time worth of study, if one wants to seek something, look closer that I do not say seek truth or so along the line. Simply to get an idea of what is going on. For instance, just try to do some exercise about CNN,BBC and Aljazeera, their background, standings and viewpoints they hold, value systems they subscribe or indoctrinated. Then analyze some news based on your knowledge, assuming you have some, altogether with time, resources and willingness to learn, willing to be open minded and generally to be well-informed, so to speak. After several hundred or thousands hours worth of real effort, after several thousand pages of widely accepted knowledge, and last but not least one’s own Grey matter provided it has sufficient healthy cells, one gains sizable credibility to talk something serious and note worthy, in certain place, situation or circles.
    Next I want to talk about less formal, there is a word, phenomenon or events fairly and frequently observed in, especially or exclusive to online forums, discussions and community. It is called ‘Trolling’. Elsewhere on the wire I may have roam, it is nevertheless not uncommon, and suffice to say, when I see one, I know it straight away and made me grin.
    But here, someone’s attempting it to my fellow folks.I rather declined to comment on this specific case’s successful rate, awesomeness, cool factor and degree of sophistication or any fancy vectors like such.
    But, a big ‘BUT’,I cannot simply watch and grin because, on one hand some clumsy clown, successful on some attempts, epic fail on many occasion,countered,thwarted by straight, honest and respectful homies.It it easy to bash someone being less unfortunate, lack of material, education or mere language skills and so forth. It is most difficult to engage in meaningful, credible, noteworthy and honest to goodness discussions, no matter what agendas, by-products or pragmatic values as outcomes.
    Apart from that, I simply compelled to make a point, because, I respect some folks and homies efforts to stand up and countered, at fair-go if you will.Regardless of intrinsic or extrinsic individual’s attributes, it is such a respectful of them. Not only because I am one of them, but also that is what it will make towards good fellows, no matter we lack of material possession or intangible assets like knowledge, education and language skills, to say the least.

  • မိုးတိမ်

    November 21, 2012 at 11:48 pm

    အဘရေ…..အစထပ်ဆွဲထုတ်လာပြန်ပေါ့။အခုတလော ဗမာတွေကိုသိပ်အမြင်ကပ်နေတယ်ထင်ပါ့။
    တင်လိုက်တိုင်းမကောင်းကြောင်းတွေချည်းပါပဲလား။ကျွန်တော်က သိပ်ညံ့ပါတယ်ခင်ည။
    အဘလောက်(မွန်၊တရုတ်စပ်)လောက်မတော်ပါဘူးခင်ဗျ။ကဲအဲဂဒါအရင်ပြောတာ ကျေနပ်ပြီလား။
    St. Martin ကျွန်း ကိုဘင်္ဂလားဒေရှ် ့ရသွားလို့ သူ့နိုင်ငံမှာ အောင်ပွဲတောင်ကျင်းပတဲ့ ပို(စ့်)တစ်ခုဖတ်ခဲ့ဖူးသလိုပဲ။အဲဒီမှာ ဒီဆိုဒ်က သူကြီးမန့်ခဲ့တာသွားပြန်ဖတ်နော်။ဘယ်သူသာတယ် ဘယ်သူနာတယ်ကျွန်တော်မပြောချင်တော့ပါဘူး။သဘာဝသယံဇာတပေါများတဲ့နေရာမှာသောက်ပြဿနာ
    တွေခဏခဏဖြစ်တယ်ဗျာ။ဒါဟာ သယံဇာတထောင်ခြောက်လို့ပြောရမလားပဲ။ပြီးတော့မြန်မာနိုင်ငံဟာ
    အင်အားကြီးပြီး၊လူဦးရေထူထပ်တဲ့နိုင်ငံတွေကြားမှာ အမှောင်ထဲနေလာခဲ့ရတာကြာပေါ့။ ပညာရေးနဲ့ပါတ်သက်လို့ကတော့ မပြောချင်တော့ဘူး။အခုတော့ပြန်ပြင်နေပါပြီ(အထင်)Y.I.T (R.I.T)
    က အခုနှစ်မှာ ဆေးမှတ်ထက်တောင်ပိုမြင့်နေတယ်ဗျ။မြန်မာတွေသိပ်ညံ့တယ်ထင်နေသော ပုဂ္ဂိုလ်များကိုလဲဒီနေရာကနေတစ်ခုပြောချင်ပါတယ်။ကျုပ်ကတော့ရှက်စရာလို့ကိုမမြင်ဘူး ပိုကောင်းအောင်
    ကြိုးစားဖို့လိုတယ်လို့သာမြင်တယ်။မိမိပါတ်ဝင်းကျင်မှာကောင်းအောင်အရင်လုပ်ကြရင်တစ်နိုင်ငံလုံးကောင်းသွားပါလိမ့်မယ်။ထပ်ပြောချင်တာက ဒီဆိုဒ်မှာကို(ကျွန်တော်မပါ)ဗမာလူတော်တွေအများကြီးပါ။သူများနိုင်ငံ
    မှာ PR ပဲယူပြီး နိုင်ငံသားအတင်းခံယူခိုင်းတာတောင် နှစ်နိုင်ငံကိုအခွန်ဆောင်နေတဲ့သူတွေအများကြီးပါ။
    လူမျိုးရေး၊ဘာသာရေးကို ကျွန်တော်တောင်အခုမရေးဘူး၊မတင်ဘူးခင်ဗျ။အဘရေ…နောက်ဆုံးပြောလိုက်ပါ
    ရစေ လူမျိုး၊ဘာသာ နဲ့မဆိုင်ဘူးခင်ဗျ။ကြိုးစားအားထုတ်မှု့ ဝိရိယ၊အသိညာဏ်ပညာ၊အတိတ်ကံ အဲဒါတွေ
    ကြောင့်ကွဲပြားတဲ့ဘဝတွေဖြစ်ကြရတာပါ။အခုကျွန်တော်ကဆိုဒ်ကားနင်းပြီး အဘကသဘောင်္ကပီတိန်ဂျီး
    ူဖြစ်လာတာရတာကလဲဖော်ပြပါအကြောင်းချင်းရာတွေကြောင့်ပဲထင်မိပါတယ်။ဒေါ်လာ ၁၀၀၀ဝလောက်မရှိတဲ့၊မဖြုန်းနှိုင်တဲ့အပြင် ကျုပ်မှာ ၁ ရက် ၅နာရီ သာသာပဲအိပ်ရတာတောင် တစ်ရက် ၁၅၀ဝ ထက်ပိုမရဘူးအဘရေ။မနက်အစောကြီးကားဂိတ်မှာ ပါစင်ဂျာသွားလုဆွဲမှ ခါနာမှန်တာခင်ည။
    ထပ်ပြောရရင် မြန်မာနိုင်ငံကလူတွေ မျက်ရည်ဘူးသီးလုံးလောက်ကျအောင်ပြောပြရမလား။သောက်သုံး
    မကျတဲ့ဗမာတွေ ငတ်တာတောင်နည်းသေးတယ်လို့အဘ ပြောချင်နေတာလား?????????????

    ဆိုက္ကားဆရာ(ဂိတ်မှုး)မောင်မိုးတိမ်…..

  • uncle gyi

    November 21, 2012 at 11:48 pm

    ကိုယ်ညံ့မှန်းသိရင်မညံ့အောင်လုပ်
    သိတဲ့အချိန်စပြင်
    နောက်ကျတယ်မရှိ
    မပြင်ရင်သာသွားရော့ချောက်ထဲ

    မြန်မာတွေဘာဖြစ်လို့ညံ့ကုန်ရတာလဲ
    ဒါလဲစိတ်ဝင်စားစရာ
    ပြန်လေ့လာသင့်တဲ့အကြောင်းအရာ
    ဖြစ်ပြီးတဲ့အကြောင်းအရာတွေကို
    သင်ခန်းစာမယူနိုင်လို့ကသွားရော့
    ပေးလိုက်နောက်ထပ်ညံ့ကြေး

  • kai

    November 22, 2012 at 12:49 am

    မြန်မာတွေညံ့လို့ဖြစ်ဖြစ်.. တော်လို့ဖြစ်ဖြစ်.. အချက်အလက်နဲ့ဝေဖန်တာကို.. အချက်အလက်နဲ့ပြန်မပြောပဲ.. ဆိုင်ရာပုဂ္ဂိုလ်ရဲ့.. ပါစင်နယ်(ပုဂ္ဂလိက)အခွင့်အရေး ဖြစ်တဲ့.. ..လူမျိုး. .ခံယူထားတဲ့နိုင်ငံသား.. နေထိုင်ရာနိုင်ငံ.. စတာတွေဖွင့်ပြောပြန်ငြင်းရင်.. ဂဇက်စည်းကမ်းနဲ့ညိသလို.. ငြင်းခုန်ခြင်းအနုပညာလည်းမမြောက်ပါ..။
    စာဖတ်သူတွေ.. အကျိုးကျေးဇူးတခုခုရတယ်လို့လည်း.. မမြင်မိပါ..

    =
    ကျုပ်အနေနဲ့ကတော့.. မြန်မာပြည်ပြင်ပနေထိုင်ပြီးမှ. ဒီရွာထဲ… လာရေးနေကြတဲ့.. ရွာသူားများဟာ… မြန်မာပြည်နဲ့..မြန်မာများအပေါ်စေတနာရှိပြီး.. မြန်မာစိတ်ရှိလို့သာ.ဒီမှာ.. ရေးနေ. .ဆွေးနွေးနေကြတာလို့.. ခံယူထားပါတယ်..။
    သူတို့အနေနဲ့.. ဘာမှမရေးမပြော(အပင်ပန်းခံ..ဝင်တောင်မဖတ်.)ပဲ..ယက်တောင်လေးခပ်.. ဟိတာလေးဖွင့်.. နေနိုင်သူများချည်းပါပဲ..။ :528:
    အဲဒီလိုမနေနိုင်ပဲ.. ရွာထဲရောက်လာ.. ရေးကြတာကို.. လွန်စွာကျေးဇူးတင်ပါကြောင်း.. ပြောပါရစေ..

    ဆိုတော့..
    ဟာ.. ပြည်တွင်းလူတွေကို.. ကျေးဇူးမတင်ဘူးလားဖြစ်မယ်..။
    လက်တွေ့ကျကျပါပဲ..
    .. ကျေးဇူးတင်လို့.. ပွိုင့်ပေးပြီး..ပေးတဲ့..ပွိုင့်..ငွေသားအဖြစ်ပြောင်းပေးပါကြောင်း… နိုင်ဂျံဂါးနေသူများခမြာ.. ဘယ်လောက်ရေးရေး.. ပွိုင့်ကငွေမဖြစ်ပါကြောင်း.. :kwi:

    • မိုးတိမ်

      November 22, 2012 at 1:44 am

      ဟုတ်ရား…သဂျီး အနော် ဆိုက္ကားမနင်းတော့ဘူးဗျာ။သဂျီးဆီက ချာမူခထုတ်မယ်ဂျာ။အရမ်းများနေဘီဗျ။
      ဘီအီးလေးသွားကစ်လိုက်ချင်လို့ပါ။7965 Kyats ဆိုတော့ အမှောက်ကစ်မယ်ဗျာ။စကားလုံး 9 လောက်ကြီးတွေကို မသိချင်တော့ဘူး။ဘီအီးလေးကို ဗမာပီပီကစ်ပြီး ဗမာပီပီညံ့ရင်း၊တုံးရင်းအိပ်တော့မယ်ဂျာ။ခင်ညားဂျီးအခုပေး မပေးရင် ကျုပ်မှာ တရားသူဂျီး မိုဟာမက်သဂျိုင်ခီးရှိဒယ် သူကလျှောက်လဲချက်သိပ်တော်တာနော…

      • kai

        November 22, 2012 at 5:17 am

        မန်းဂဇက်မှာ.. သာမန်အားဖြင့် တရက်ကော်မန့်၁၅ဝလောက်အတွက်.. တခု ၁၆x၁၅ဝ = ၂၄၀၀
        ကော်မန့်တခုကို.. ပို့စ်ပိုင်ရှင် ၂ပွိုင့်နဲ့.. = ၂၅ဝ x ၂ = ၅၀၀
        ပို့စ် တရက် ၅ခုနဲ့.. = ၄ဝ x ၅ = ၂၀၀
        ရွာသူားအသစ်.. တရက် ~၅ယောက်နဲ့ =၅၀၀ဝ x ၅ = ၂၅၀၀၀
        အကြမ်းအားဖြင့်..
        တရက်ကို.. ၂၈၁၀ဝ ..(နိုင်ငံခြားနေသူတွေနှုတ်ယင်..) ကျပ်၂သောင်းလောက်.. ကုန်နေတယ် သဘောထားရပါတယ်….

        ရွာသူား ၁သောင်းမှာ.. တယောက်ယောက်က ထဖောက်လို့.. ပြီးခဲ့တဲ့.. ၁-၂လက.. အပိုကုန်တာတင်.. ဒေါ်လာ ၄-၅ရာရှိတယ်…
        လစဉ် ဆာဗာဖိုး.. ပေးနေရတာရှိတယ်..

        မန်းဂဇက်ဟာ.. ဘယ်သူ့ဆီကမှ.. ဘယ်အဖွဲ့အစည်းဆီကမှ.. ငွေယူထောက်ပံ့ကြေးယူ.. လုပ်နေတာမဟုတ်ပါ..။
        မန်းဂဇက်ပုံနှိပ်သတင်းစာထဲ..အယ်ဒီတာချုပ်လုပ်နေတဲ့.. ကျုပ်တဦးထဲ… (တဦးထဲ)ရဲ့..ကိုယ်ပိုင်ငွေနဲ့.. လည်ပါတ်နေတာဖြစ်ပါတယ်..။
        အခါအားလျှော်စွာ.. ရွာသူားတချို့ဆီက.. အလှူငွေရပြီးအဲဒါတွေကို.. စာရင်းအတိအကျ.. ထုတ်ပြန်ပါတယ်..။
        ကြော်ငြာကနေ တရက် ၅ဆင့်လောက်ရတတ်ပြီး.. ထုတ်ပြန်ပါတယ်..။ မြန်မာလိုရေးကြတာမို့.. အင်္ဂလိပ်စာပဲအသိအမှတ်ပြုတဲ့ဂိုဂယ်က ကြော်ငြာခ ငွေပေးတာမရှိသလောက်ဖြစ်ပါတယ်..။
        တချို့များ.. (ထူးထူးဆန်းဆန်း..) နာမယ်မပေးပဲ.. ငွေတိုက်ရိုက်လှူတယ်..။
        ထရန်ပရန်စီရှိရှိ.. ထုတ်ပြန်ပေးပါတယ်..။
        နာမယ်မပေးပဲ.. ခက်ခက်ခဲခဲလှမ်းလှူတဲ့အထဲ.. မန်းလေးက.. ကော်မန့်အရမ်းတင်တဲ့ရွာသားတောင်ပါသေး..။
        ( အခုတော့ ဟက်ကာသမ,သွားသမို့.. အဲဒီစာရင်းတွေရေးတဲ့ဖိုရမ်လည်း.. ပါသွားရှာတယ်..) :buu:

        ဆိုတော့..
        ကိုရင့်အတွက်.. ၈ထောင်လောက်ငွေက နည်းချင်နည်းမယ်..
        ကျုပ်အတွက်တော့. မနည်းပါကြောင်း.. ရွာသူားရေးတဲ့..စေတနာ.. လုပ်အားနဲ့စက်ပြီး.. တပွိုင့်တမှတ်ချင်းစီ..လေးလေးနက်နက် တန်ဖိုးထားပါကြောင်း..။

        စေတနာရှိရင်.. ရွာအကျိုးမျှော်ကိုးပြီး.. ဘီအီးမသောက်ပဲ.. လှူလိုက်နိုင်ပါကြောင်း… :kwi:

        • စိုင်း ကွမ်းခေး

          November 22, 2012 at 5:54 am

          ထင်တော့ထင်သား… ငါ့ပွိုင့်တွေက ဘယ်လိုနေနေ မတိုးပါလားထင်နေတာ
          သူဂျီးက အဆင့်အတန်းခွဲထားတာကို…
          တစ်သိန်းလေးပြည့်ပါစေတော့လို့ မန့်ဟယ်၊ ရေးဟယ်နဲ့ ခေါင်းမီးတောက်အောင် စဉ်းစားနေလိုက်ရတာ..

          ခုမှအဖြေထွက်တော့တယ်

          လူဆိုး

        • ခင်ခ

          November 22, 2012 at 9:01 am

          ဒို့သူကြီးလည်း အခုတလော မီဒီယာရှင်းလင်းပွဲတွေ အတော်လုပ်နေရပါလား။
          ဒါကြောင့်ရွာထဲ သူကြီးအိမ်ရှေ့ အခုတလော စုရုံးစုရုံးနဲ့လို့မြင်နေတာကိုး။

  • Fall Guy

    November 22, 2012 at 8:59 am

    St. Martin ကျွန်းဆိုတာ ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲ ကို အစပြုစေခဲ့တဲ့ ရှင်မဖြူကျွန်းပါ…။
    အဲဒီကျွန်းအတွက် နဲ့ ညံ့ကြေးတွေပေးခဲ့ရတာများလှပြီ..။
    Personal narrative two years imprisonment in Burmah စာအုပ်ကိုဖတ်ကြည့်စေချင်ပါတယ်…။
    လင့်ကတော့ https://www.facebook.com/pages/Personal-narrative-two-years-imprisonment-in-Burmah/423040994426781
    ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲ ကို မြန်မာဘက်ကဘယ်လိုသုံးသပ်ပြီးတိုက်ခဲ့တာ၊
    ဗမာတွေအပေါ်ဘယ်လိုမြင်တယ်ဆိုတာမျိုးတွေ တွေ့ရမှာပါ..။
    သမိုင်း အချက်အလက် တွေ ဆိုတော့ရွာထဲက ကိုစံလှကြီး ၊ ဆရာမ
    ဝင်းပြုံးမြင့် တို့ သိပြီးဖြစ်မှာပါ..။ သမိုင်းနဲ့ပတ်သက်တဲ့ထင်မြင်ချက် တွေ ကိုလဲ ပိုစ့်တစ်ခုအနေနဲ့
    ဖတ်ချင်ပါသေးတယ်….။

Leave a Reply