ခရီးသွား … ခရီးသွား နဲ့ တသွား ထဲ သွား တစ်ခရီးထဲ ခရီး နေကြတဲ့ အချိန် ..
ဘက်စုံ ဒေါင့်စုံ က လုပ်ဖို့ မလွယ်ဘူး ဆိုတာ လည်း သဘောပေါက်မိပါရဲ့ ..
အဲ့ဒီ့ အထဲ က တစ်ခု ..ဘယ်သူမှ ဟ တာ မတွေ့မိသေးလို့ .. နဲနဲ လေး တော့ လျှာရှည် ကြည့် ပါရစေ။

ခရီးသွား ကျန်းမာရေး အာမခံ ပါ ။

နိုင်ငံခြားသားတွေ ခရီးသွားရင် အများစု က အာမခံ မထား မ၇ှိဘဲ မလာကြ ။ မသွားကြပါဘူး ။

အဲ မြန်မာပြည် သွားကြမယ်ဆိုတော့ ပို ထား ကြမှာ မလွဲပါဘူး ။ မြန်မာပြည် ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတာ ။ အရေးပေါ် ကုသ နိုင်စွမ်း မရှိတာ ။ ရပ်သိရွာသိ ကမ္ဘာသိ အားလုံး အသိပါ ။

ဒါပေမဲ့ မြန်မာတွေ ရဲ့ ဖော်ရွေမှု ၊ မြန်မာတွေရဲ့ အပြုံး ၊ မြန်မာတွေ ရဲ့ ကူညီတတ်မှု့ တွေ ကြောင့် မြန်မာပြည် လာ နေကြပါတယ် ။ လာသူ အများစုကလည်း အသက်ကြီးပိုင်းတွေ များပါတယ် ။ အသက်ကြီးပိုင်းတွေ ဖြစ်တဲ့ အတွက် ကျန်းမာရေးစောင့်ရှောက်မှု့ ပိုမိုလိုအပ်ပါတယ် ။

ကိုယ့်ဆီမှာ မလုပ်ပေးနိုင်ဘူး ၊ မကုသ ပေးနိုင်သေးဘူးထား ။ ကုသပေးနိုင်တဲ့ ဆီ ကို အမြန်ဆုံးရောက်ဖို့ လုပ်ပေး နိုင်သင့်ပါတယ် ။ ဘန်ကောက် က မြန်မာပြည် နဲ့ တစ်နာရီ အတွင်း သွားရောက်နိုင်တဲ့ နေရာပါ ။

ဒါကြောင့်သူတို့ တစ်ခုခု ဖြစ်ပြီဆို ရင် အာမခံကုမ္မဏီက ၀င်ရောက် ဆောင်ရွက် ကယ်ဆယ်ဖို့ အသင့်ပါဘဲ ။ အဆင်မသင့်တာက ကျွန်တော်တို့ တိုင်းပြည်ပါဘဲ ။ မြန်မာပြည်တွင်း ဖြစ်ပဟ ဆိုလျှင်တော့ လက်ပိုက်ကြည့်ရတဲ့ အဖြစ်တွေပါ ။

ဒီနှစ် ခရီးသွားရာသီမှာ ငပလီမှာ ခရီးသွား အဖိုးကြီးတစ်ဦး စက်ဘီး စီးရင်း မတော် တဆ ဖြစ်ပါတယ် ။ ကုန်းအဆင်းမှာ သူ့ ဟာသူ အရှိန်မထိန်းနိုင်ဘဲ မြောင်းထဲ ထိုးကျခဲ့ပါတယ် ။ ဒါဏ်ရာ သိပ်တော့ မပြင်းထန်ပေမဲ့ သူ စိတ်မချပါဘူး ။ ခရီးသွား အာမခံ ၀ယ်ထားသူမို့ သူ အာမခံထားတဲ့ ကုမ္မဏီက လေယာဉ် မှာ ပြီး ဘန်ကောက် ပြန် ဆေးစစ်နိုင်လိမ့်မယ်လို့ သူ ထင်ခဲ့ပါတယ် ။ အဲ့ဒီ့ ကုမ္မဏီနဲ့ ဆက်သွယ်ခဲ့ပါတယ် ။ သူ အာမခံဝယ်ထားတဲ့ ကုမ္မဏီကလည်း လေယာဉ်လွှတ်ပြီး သူ့ ကို လာခေါ်ပေးဖို့ အဆင်သင့် ပါဘဲ ။

ထုံးစံ အတိုင်း အဆင်မသင့်တာက တော့ ကျွန်တော် တို့ တိုင်းပြည် ရဲ့ လုပ်ထုံး လုပ်နည်းတွေပါဘဲ။ လေယာဉ် ဆင်းသက်ခွင့် ရဖို့ အနည်ဆဲုံး သုံးလေးရက် ကြာပါမယ်တဲ့ ။ နောက်ဆုံးတော့ ငပလီမှာ နှစ်ရက် သောင်တင် ၊ ရန်ကုန်ပြန်ပြီးမှ ပုံမှန် လေကြောင်းနဲ့ ဘန်ကောက် ပြန်သွားရရှာပါတယ် ။

ကံကောင်းထောက်မခဲ့လို့ သူ့မှာ ဒါဏ်ရာ ဒါဏ်ချက် မကြီး ကျယ်ခဲ့ပေမဲ့ သူ နောက် ဘယ်တော့မှ မြန်မာပြည် မလာ တော့ပါဘူးတဲ့ ။ မြန်မာပြည်လာရတာ ကို ကျေနပ်တယ် ။ နှစ်ခြိုက်တယ် ။ ပျော်မွေ့တယ် ။ ဒါပေမဲ့ မတော် တဆ အသက်အန္တရယ် နဲ့ ရင်ဆိုင်ရမဲ့ အရေးကြီးခဲ့ရင် လုံလောက်တဲ့ အကူ အညီ မရနိုင်တဲ့ အတွက် နုတ်ဆက်ခဲ့ပါတယ် တဲ့ …

အဲ့ဒီလိုပါဘဲ .. ပုဂံမှာ လည်း နိုင်ငံခြားသူ အမျိုးသမီးကြီး တစ်ဦး စက်ဘီး နဲ့ အလည်လွန်ပြီး အားအင်ကုန်ခန်း ပန်းဖျား ဖျားခဲ့ပါတယ် ။ ညောင်ဦး ဆေးရုံ နဲ့ သူတည်းတဲ့ ဟိုတယ်မှာဘဲ အတတ်နိုင်ဆုံး အနားယူ ကုသမှု ခံယူခဲ့ရပါတယ် ။

ထိုနည်း၎င်းပါဘဲ ။ ညောင်ရွှေမှာ အမျိုးသားတစ်ဦး အထက်လှန် အောက်လျှောဖြစ်ပါတယ် ။ ညောင်ရွှေ ကဆရာဝန် များနှင့် ကုသမှု ခံယူပေမဲ့ မထူးခြားလို့ တောင်ကြီးဆေးရုံ ကို ambulance မှာပြီး ပို့ပေးရပါတယ် ။ ambulance လို့ နံမည်တပ်ထားပေမဲ့ ပါဝင်တဲ့ စက်ကရိယာတွေကတော့ သိတဲ့ အတိုင်းမို့ သူပြောသွားတဲ့ မှတ်ချက်ကိုတော့ မပြောလိုတော့ပါဘူး ..

ဒါက ကျွန်တော် သိတာလေးတွေပါ ။ ကျွန်တော် မသိတဲ့ ဖြစ်စဉ်တွေ ရှိနိုင်သေးပါသည် ။

ပြောချင်တာကတော့ အရေး ပေါ်ခဲ့ပြီဆိုရင် ဘယ်လို အကူ အညီ ပေးနိုင်မယ် ဆိုတာ တွေကို ဟိုတယ် တွေ ၊ ခရီးသွားလုပ်ငန်း သမားတွေ ရှင်းလင်းလွယ်ကူစွာ သိနိုင်အောင် လုပ်ထားဖို့ နဲ့ ၊ သူတို့ ၀ယ်ထားတဲ့ ခရီးသွား အာမခံ ကိုယ်စားလှယ်များ နဲ့ အလျှင်အမြန်ဆက်သွယ် အကူ အညီရယူဖို့ ၊ လေယာဉ်ဆင်းသက်ပြီး လာခေါ်ဖို့ ကို နေရာ ဒေသ မရွေး နာရီပိုင်း အတွင်း ခွင့်ပြုမိန့် ရအောင် လုပ်ပေးဖို့ ၊ ၀န်ကြီးဌာန တစ်ခု ထဲမှ တစ်ဦးက အလျှင်အမြန်ဆောင်ရွက်နိုင်အောင် တာဝန်ပေး တာဝန်ခံ ထားနိုင်ဖို့ လဲ အမြန်စဉ်းစားပြုပြင် သင့် ပြီဖြစ်ပါကြောင်း ။

( ယနေ့ (၂၃-၁-၂၀၁၃) ငပလီမှာ ၇၉ နှစ် အရွယ် နော်ဝေး နိုင်ငံသား တစ်ဦး ရေနစ်သေဆုံးခဲ့ ကြောင်း ကြားသိခဲ့ရလို့ အရေးပေါ် ရေးသားလိုက်ကြောင်းပါ ။ )

About ကထူးဆန်း

has written 107 post in this Website..